ကော့သောင်းတွင် နိုင်ငံတကာအဆင့်မီ ကုန်သွယ်ရေးဆိပ်ကမ်းတစ်ခု ဆောင်ရွက်သင့်ကြောင်း အကြံပြု

 116

Pearl (NP News) - မတ် ၃

ထိုင်း-မြန်မာ နယ်စပ်ကုန်သွယ်ရေးမြို့ဖြစ် သည့် တနင်္သာရီတိုင်းဒေသကြီး ကော့သောင်းမြို့တွင် နိုင်ငံတကာအဆင့်မီ ကုန်သွယ်ရေးဆိပ်ကမ်း တစ်ခုဆောင်ရွက်သင့်ကြောင်း စီးပွားရေးလုပ်ငန်းရှင် တစ်ဦးက NP News ကတစ်ဆင့် အကြံပြုပြောကြားသည်။
ကော့သောင်း-ရနောင်း နယ်စပ်ကုန်သွယ်ရေးဂိတ်မှတစ်ဆင့် ရေထွက်ကုန်အပါအဝင် ဒေသ ထွက်ကုန်များ၊ ရော်ဘာနှင့် CMP စနစ်ဖြင့်ချုပ်လုပ်သည့်အထည်အလိပ်များကို ထိုင်းနိုင်ငံ ရနောင်းသို့ ပို့ဆောင်နေပြီး ထိုင်းနိုင်ငံဘက်မှ လူသုံးကုန်များ၊ ဆောက်လုပ်ရေးပစ္စည်းများ၊ စက်သုံးဆီများကို ပြန် လည်တင်သွင်းနေကြောင်းသိရသည်။
“ကော့သောင်းမှာ နိုင်ငံတကာအဆင့်မီ ကုန်သွယ်ရေးဆိပ်ကမ်းတစ်ခုပေါ်ဖို့ Public နဲ့ အစိုးရနဲ့ ပေါင်းပြီးလုပ်သင့်တယ်။ မြန်မြန်လုပ်ရင်တော့ မြန်မြန်ဖြစ်တာပေါ့။ (၂)နှစ်၊ (၃)နှစ်ဆိုရတာပဲ။ ဒေသခံ တွေအတွက်တော့ကောင်းတာပေါ့။ Free Trade Zone လုပ်လို့ရတယ်။ ပစ္စည်းမှန်သမျှ ကိုယ့်ဆီမှာပဲ တင်ထား။ အဲဒီအခါကျတော့ ကိုယ်ရဲ့ Custom လက်အောက်မှာလည်းရှိတဲ့အခါကျတော့ ပစ္စည်းလည်း မပျောက်သွားဘူး။ အခုကကျတော့ ရနောင်း ဘက်ဆိုတော့ ထိုင်းဘက်ကပဲအကျိုးရှိသွားတာ”ဟု ပြော သည်။ လက်ရှိတွင် ကုန်သွယ်‌ရေးအတွက် ထိုင်း နိုင်ငံ၊ ရနောင်းဘက်ခြမ်းကသာ အကျိုးအမြတ်များ ရရှိ နေပြီး ကော့သောင်းမြို့တွင် နိုင်ငံတကာအဆင့်မီ ကုန်သွယ်ရေးဆိပ်ကမ်းတစ်ခုဆောင်ရွက်နိုင်ပါက ဒေသခံများကို အလုပ်အကိုင်များဖန်တီးပေးနိုင်မည် ဖြစ်သည့်အပြင် နိုင်ငံတော်အနေဖြင့်လည်း အခွန် ဘဏ္ဍာများ ပိုမိုရရှိနိုင်ကြောင်း သိရသည်။
“ကိုယ့်ဘက်မှာ ဆိပ်ကမ်းကြီးသာထားနိုင်တယ် ၊ Free Zone လေးသာ လုပ်ပေးနိုင်ရင်တော့ အနယ်နယ်အရပ်ရပ်ကသင်္ဘောတွေလည်း လာနိုင်မှာလေ။ Free Zone ထားတော့ ပစ္စည်းထားခလည်း ရတယ်လေ။ အခု ဆိပ်ကမ်းကြီးအဆင့်ဖြစ်ဖို့က လိုဦးမယ်။ တော်ဝင်တံတားက မြို့ထဲမှာဖြစ်နေတာကိုး။ ကားကြီးတွေလှည့်ဖို့ ပြုဖို့ကခက်တယ်။ သီးခြားဇုန်လေး သတ်မှတ်ပြီးတော့လုပ်ရင်တော့ အဆင်ပြေတာ ပေါ့” ဟု ၎င်းကပြောသည်။ မြန်မာ့ကမ်းရိုးတန်းတစ်လျှောက်တွင် ရန်ကုန်ဆိပ်ကမ်းအပါအဝင် စစ်တွေ၊ ကျောက်ဖြူ၊ သံတွဲ၊ ပုသိမ်၊ မော်လမြိုင်၊ ထားဝယ်၊ မြိတ်၊ ကော့သောင်း စသည့် ဆိပ်ကမ်း (၉)ခုရှိသည့် အနက် ရန်ကုန်ဆိပ်ကမ်းသည် အဓိကဆိပ်ကမ်းကြီးဖြစ်ကြောင်းသိရသည်။
လက်ရှိတွင် မွန်ပြည်နယ် မော်လမြိုင်မြို့အနီး၌ နိုင်ငံတကာအဆင့်မီ အပြည်ပြည်ဆိုင်ရာဆိပ် ကမ်းတစ်ခုတည်ဆောက်ရန် ပြင်ဆင်နေပြီး၊ တနင်္သာရီတိုင်းဒေသကြီး ထားဝယ်မြို့နှင့် ရခိုင်ပြည်နယ် ကျောက်ဖြူမြို့တွင် ရေနက်ဆိပ်ကမ်းများဆောင်ရွက်ရန် ပြင်ဆင်နေကြာင်းလည်း သိရသည်။

Zawgyi Version;
ေကာ့ေသာင္းတြင္ ႏိုင္ငံတကာအဆင့္မီ ကုန္သြယ္ေရးဆိပ္ကမ္းတစ္ခု ေဆာင္႐ြက္သင့္ေၾကာင္း အႀကံျပဳ
Pearl (NP News) - မတ္ ၃
ထိုင္း-ျမန္မာ နယ္စပ္ကုန္သြယ္ေရးၿမိဳ႕ျဖစ္ သည့္ တနသၤာရီတိုင္းေဒသႀကီး ေကာ့ေသာင္းၿမိဳ႕တြင္ ႏိုင္ငံတကာအဆင့္မီ ကုန္သြယ္ေရးဆိပ္ကမ္း တစ္ခုေဆာင္႐ြက္သင့္ေၾကာင္း စီးပြားေရးလုပ္ငန္းရွင္ တစ္ဦးက NP News ကတစ္ဆင့္ အႀကံျပဳေျပာၾကားသည္။
ေကာ့ေသာင္း-ရေနာင္း နယ္စပ္ကုန္သြယ္ေရးဂိတ္မွတစ္ဆင့္ ေရထြက္ကုန္အပါအဝင္ ေဒသ ထြက္ကုန္မ်ား၊ ေရာ္ဘာႏွင့္ CMP စနစ္ျဖင့္ခ်ဳပ္လုပ္သည့္အထည္အလိပ္မ်ားကို ထိုင္းႏိုင္ငံ ရေနာင္းသို႔ ပို႔ေဆာင္ေနၿပီး ထိုင္းႏိုင္ငံဘက္မွ လူသုံးကုန္မ်ား၊ ေဆာက္လုပ္ေရးပစၥည္းမ်ား၊ စက္သုံးဆီမ်ားကို ျပန္ လည္တင္သြင္းေနေၾကာင္းသိရသည္။
“ေကာ့ေသာင္းမွာ ႏိုင္ငံတကာအဆင့္မီ ကုန္သြယ္ေရးဆိပ္ကမ္းတစ္ခုေပၚဖို႔ Public နဲ႔ အစိုးရနဲ႔ ေပါင္းၿပီးလုပ္သင့္တယ္။ ျမန္ျမန္လုပ္ရင္ေတာ့ ျမန္ျမန္ျဖစ္တာေပါ့။ (၂)ႏွစ္၊ (၃)ႏွစ္ဆိုရတာပဲ။ ေဒသခံ ေတြအတြက္ေတာ့ေကာင္းတာေပါ့။ Free Trade Zone လုပ္လို႔ရတယ္။ ပစၥည္းမွန္သမွ် ကိုယ့္ဆီမွာပဲ တင္ထား။ အဲဒီအခါက်ေတာ့ ကိုယ္ရဲ႕ Custom လက္ေအာက္မွာလည္းရွိတဲ့အခါက်ေတာ့ ပစၥည္းလည္း မေပ်ာက္သြားဘူး။ အခုကက်ေတာ့ ရေနာင္း ဘက္ဆိုေတာ့ ထိုင္းဘက္ကပဲအက်ိဳးရွိသြားတာ”ဟု ေျပာ သည္။ လက္ရွိတြင္ ကုန္သြယ္‌ေရးအတြက္ ထိုင္း ႏိုင္ငံ၊ ရေနာင္းဘက္ျခမ္းကသာ အက်ိဳးအျမတ္မ်ား ရရွိ ေနၿပီး ေကာ့ေသာင္းၿမိဳ႕တြင္ ႏိုင္ငံတကာအဆင့္မီ ကုန္သြယ္ေရးဆိပ္ကမ္းတစ္ခုေဆာင္႐ြက္ႏိုင္ပါက ေဒသခံမ်ားကို အလုပ္အကိုင္မ်ားဖန္တီးေပးႏိုင္မည္ ျဖစ္သည့္အျပင္ ႏိုင္ငံေတာ္အေနျဖင့္လည္း အခြန္ ဘ႑ာမ်ား ပိုမိုရရွိႏိုင္ေၾကာင္း သိရသည္။
“ကိုယ့္ဘက္မွာ ဆိပ္ကမ္းႀကီးသာထားႏိုင္တယ္ ၊ Free Zone ေလးသာ လုပ္ေပးႏိုင္ရင္ေတာ့ အနယ္နယ္အရပ္ရပ္ကသေဘၤာေတြလည္း လာႏိုင္မွာေလ။ Free Zone ထားေတာ့ ပစၥည္းထားခလည္း ရတယ္ေလ။ အခု ဆိပ္ကမ္းႀကီးအဆင့္ျဖစ္ဖို႔က လိုဦးမယ္။ ေတာ္ဝင္တံတားက ၿမိဳ႕ထဲမွာျဖစ္ေနတာကိုး။ ကားႀကီးေတြလွည့္ဖို႔ ျပဳဖို႔ကခက္တယ္။ သီးျခားဇုန္ေလး သတ္မွတ္ၿပီးေတာ့လုပ္ရင္ေတာ့ အဆင္ေျပတာ ေပါ့” ဟု ၎ကေျပာသည္။ ျမန္မာ့ကမ္း႐ိုးတန္းတစ္ေလွ်ာက္တြင္ ရန္ကုန္ဆိပ္ကမ္းအပါအဝင္ စစ္ေတြ၊ ေက်ာက္ျဖဴ၊ သံတြဲ၊ ပုသိမ္၊ ေမာ္လၿမိဳင္၊ ထားဝယ္၊ ၿမိတ္၊ ေကာ့ေသာင္း စသည့္ ဆိပ္ကမ္း (၉)ခုရွိသည့္ အနက္ ရန္ကုန္ဆိပ္ကမ္းသည္ အဓိကဆိပ္ကမ္းႀကီးျဖစ္ေၾကာင္းသိရသည္။
လက္ရွိတြင္ မြန္ျပည္နယ္ ေမာ္လၿမိဳင္ၿမိဳ႕အနီး၌ ႏိုင္ငံတကာအဆင့္မီ အျပည္ျပည္ဆိုင္ရာဆိပ္ ကမ္းတစ္ခုတည္ေဆာက္ရန္ ျပင္ဆင္ေနၿပီး၊ တနသၤာရီတိုင္းေဒသႀကီး ထားဝယ္ၿမိဳ႕ႏွင့္ ရခိုင္ျပည္နယ္ ေက်ာက္ျဖဴၿမိဳ႕တြင္ ေရနက္ဆိပ္ကမ္းမ်ားေဆာင္႐ြက္ရန္ ျပင္ဆင္ေနၾကာင္းလည္း သိရသည္။

Related news

© 2021. All rights reserved.