BGF မှ တပ်ဖွဲ့အချို့ KNA ပြောင်းပြီးနောက် စောချစ်သူ လူမြင်ကွင်း ထွက်ခြင်းကို ရှောင်နေ

144

သုတကျော် (NP News) - မတ် ၃
BGF မှတပ်ဖွဲ့အချို့ KNA ပြောင်းပြီးနောက် မည်သူခေါင်းဆောင်နေမှန်းမသိရသေးဘဲ စောချစ်သူ လည်း လူမြင်ကွင်းထွက်ခြင်းကိုရှောင်နေကြောင်း KNA နှင့်နီးစပ်သူ သတင်းရင်းမြစ်တစ်ဦး က NP News သို့ပြောသည်။
ယခုနှစ်အစောပိုင်းတွင် စောချစ်သူနှင့် စောတင်ဝင်းဦးဆောင်သော BGF တပ်ဖွဲ့ဝင်အချို့ က KNA ဘက်တံဆိပ် ပြောင်းလဲတပ်ဆင်လိုက်ကြခြင်းဖြစ်ပြီး တပ်မတော်က မြဝတီမြို့တွင်မနေရန်ပြော ထားပြီးသည့်နောက် မြို့ပေါ်တွင်မတွေ့ရတော့ကြောင်းသိရသည်။
“မြို့ထဲတော့ မဝင်တော့ဘူးပေါ့။ ဘာပြဿနာမှလည်း ကြီးကြီးမားမားမဖြစ်ဘူး။ ငြိမ်နေတယ်။ သူ့ဘာသာသူ လုပ်ရိုးလုပ်စဉ် ပုံမှန်အနေအထားပုံစံမျိုးပဲ။ KNA ပြောင်းသွားတယ်။ ပြောင်းသွား တဲ့ KNA က မပြောင်းတဲ့သူတွေကို ပွတ်တိုက်တာ မျိုးလည်းမရှိဘူး” ဟု ၎င်းကဆိုသည်။
BGF မှ KNA ပြောင်းသော်လည်း နေမြဲ BGF နှင့် KNA အကြား ပြဿနာဖြစ်သည့်အသံ မကြားရ ကြောင်းလည်း ၎င်းက ထပ်မံပြောသည်။
“KNA ဘက်က ဗိုလ်ချစ်သူဘက်ကတွေး ရင်လည်း ဒီကောင်တွေက ငါ့အောက်မှာနေပြီး ငါ သွား တာကိုမလိုက်လာဘူး သိတယ်မဟုတ်လား။ ဟိုဟာတို့ကလည်း ငါတို့က ဒီမှာ တစ်စင်ထောင်မယ် မင်း တို့ ဒိုးတော့ အဲဒီလိုကိုမဖြစ်ဘူး ဖြစ်နေတာ။ ထူးထူးခြားခြားတော့မပြောင်းဘူး။ KNA က ပြောင်းတော့ ပြောင်းတာ ဟိုးအရင်တည်းက။ ဟိုဘက်လည်း မတိုက်ဘူး ဒီဘက်လည်းမတိုက်ဘူး။ ကြားထဲကညှိ မယ်။ သူတို့က တိုက်ပွဲမဖြစ်စေချင်ဘူးပေါ့” ဟု၎င်းက ဆိုသည်။
လက်ရှိတွင် စောချစ်သူအနေဖြင့် ယခင် ကဲ့သို့ ပေါ်ပေါ်ထင်ထင်နေခြင်းမျိုးမရှိတော့ကြောင်း လည်း ၎င်းကဆိုသည်။
“ဗိုလ်ချစ်သူကလည်း အရင်လို ပေါ်ပေါ် ထင်ထင်မနေတော့ဘူး။ အပြင်လည်းငြိမ်တယ်။ အတွင်း လည်းငြိမ်နေကြတယလ်။ အရင်ကတော့ ပေါ်ပေါ်ထင်ထင်နေကြတယ်လေ။ နည်းနည်း ငုပ်နေ တာပေါ့ ဗျာ။ ပေါ်ပေါ်ထင်ထင်တွေ သူကမနေတော့ဘူး။ ခေါင်းဆောင်မှုကတော့ ဘာမှမသိသေးဘူး။ ခေါင်း ဆောင်မှုက ဘယ်သူမှမသိဘူးဖြစ်နေတယ်။ အတွင်းမှာလည်း ကြိတ်ပြီးငြိမ်နေကြတာ။ ဗိုလ်ချစ်သူ၊ စော တင်ဝင်း ခေါင်ဘယ်သူလဲဆိုတာ အတွင်းကြိတ် ဖြစ်ရမှာ။ အကုန်လုံးကငြိမ်နေတာ”ဟု ၎င်းက ဆိုသည်။

Zawgyi Version;
BGF မွ တပ္ဖြဲ႕အခ်ိဳ႕ KNA ေျပာင္းၿပီးေနာက္ ေစာခ်စ္သူ လူျမင္ကြင္း ထြက္ျခင္းကို ေရွာင္ေန
သုတေက်ာ္ (NP News) - မတ္ ၃
BGF မွတပ္ဖြဲ႕အခ်ိဳ႕ KNA ေျပာင္းၿပီးေနာက္ မည္သူေခါင္းေဆာင္ေနမွန္းမသိရေသးဘဲ ေစာခ်စ္သူ လည္း လူျမင္ကြင္းထြက္ျခင္းကိုေရွာင္ေနေၾကာင္း KNA ႏွင့္နီးစပ္သူ သတင္းရင္းျမစ္တစ္ဦး က NP News သို႔ေျပာသည္။
ယခုႏွစ္အေစာပိုင္းတြင္ ေစာခ်စ္သူႏွင့္ ေစာတင္ဝင္းဦးေဆာင္ေသာ BGF တပ္ဖြဲ႕ဝင္အခ်ိဳ႕ က KNA ဘက္တံဆိပ္ ေျပာင္းလဲတပ္ဆင္လိုက္ၾကျခင္းျဖစ္ၿပီး တပ္မေတာ္က ျမဝတီၿမိဳ႕တြင္မေနရန္ေျပာ ထားၿပီးသည့္ေနာက္ ၿမိဳ႕ေပၚတြင္မေတြ႕ရေတာ့ေၾကာင္းသိရသည္။
“ၿမိဳ႕ထဲေတာ့ မဝင္ေတာ့ဘူးေပါ့။ ဘာျပႆနာမွလည္း ႀကီးႀကီးမားမားမျဖစ္ဘူး။ ၿငိမ္ေနတယ္။ သူ႔ဘာသာသူ လုပ္႐ိုးလုပ္စဥ္ ပုံမွန္အေနအထားပုံစံမ်ိဳးပဲ။ KNA ေျပာင္းသြားတယ္။ ေျပာင္းသြား တဲ့ KNA က မေျပာင္းတဲ့သူေတြကို ပြတ္တိုက္တာ မ်ိဳးလည္းမရွိဘူး” ဟု ၎ကဆိုသည္။
BGF မွ KNA ေျပာင္းေသာ္လည္း ေနၿမဲ BGF ႏွင့္ KNA အၾကား ျပႆနာျဖစ္သည့္အသံ မၾကားရ ေၾကာင္းလည္း ၎က ထပ္မံေျပာသည္။
“KNA ဘက္က ဗိုလ္ခ်စ္သူဘက္ကေတြး ရင္လည္း ဒီေကာင္ေတြက ငါ့ေအာက္မွာေနၿပီး ငါ သြား တာကိုမလိုက္လာဘူး သိတယ္မဟုတ္လား။ ဟိုဟာတို႔ကလည္း ငါတို႔က ဒီမွာ တစ္စင္ေထာင္မယ္ မင္း တို႔ ဒိုးေတာ့ အဲဒီလိုကိုမျဖစ္ဘူး ျဖစ္ေနတာ။ ထူးထူးျခားျခားေတာ့မေျပာင္းဘူး။ KNA က ေျပာင္းေတာ့ ေျပာင္းတာ ဟိုးအရင္တည္းက။ ဟိုဘက္လည္း မတိုက္ဘူး ဒီဘက္လည္းမတိုက္ဘူး။ ၾကားထဲကညႇိ မယ္။ သူတို႔က တိုက္ပြဲမျဖစ္ေစခ်င္ဘူးေပါ့” ဟု၎က ဆိုသည္။
လက္ရွိတြင္ ေစာခ်စ္သူအေနျဖင့္ ယခင္ ကဲ့သို႔ ေပၚေပၚထင္ထင္ေနျခင္းမ်ိဳးမရွိေတာ့ေၾကာင္း လည္း ၎ကဆိုသည္။
“ဗိုလ္ခ်စ္သူကလည္း အရင္လို ေပၚေပၚ ထင္ထင္မေနေတာ့ဘူး။ အျပင္လည္းၿငိမ္တယ္။ အတြင္း လည္းၿငိမ္ေနၾကတယလ္။ အရင္ကေတာ့ ေပၚေပၚထင္ထင္ေနၾကတယ္ေလ။ နည္းနည္း ငုပ္ေန တာေပါ့ ဗ်ာ။ ေပၚေပၚထင္ထင္ေတြ သူကမေနေတာ့ဘူး။ ေခါင္းေဆာင္မႈကေတာ့ ဘာမွမသိေသးဘူး။ ေခါင္း ေဆာင္မႈက ဘယ္သူမွမသိဘူးျဖစ္ေနတယ္။ အတြင္းမွာလည္း ႀကိတ္ၿပီးၿငိမ္ေနၾကတာ။ ဗိုလ္ခ်စ္သူ၊ ေစာ တင္ဝင္း ေခါင္ဘယ္သူလဲဆိုတာ အတြင္းႀကိတ္ ျဖစ္ရမွာ။ အကုန္လုံးကၿငိမ္ေနတာ”ဟု ၎က ဆိုသည္။