အမေရိကန်က အီရန်ကို B-52 ဗုံးကြဲလေယာဉ်တွေနဲ့ ပထမဆုံးအကြိမ်တိုက်ခိုက်

718

Pika (NP News) - မတ် ၄
အမေရိကန်စစ်တပ်ဟာ Operation Epic Fury စစ်ဆင်ရေးရဲ့ပထမဆုံး(၇၂)နာရီအတွင်း B-52 ဗုံးကြဲလေယာဉ်တွေကိုဖြန့်ကျက်ချထားခဲ့ပြီး အီရန်နိုင်ငံတစ်ဝှမ်းမှာရှိတဲ့ပစ်မှတ်ပေါင်း(၁၇၀၀)ကျော်ကို ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ အမေရိကန်အလယ်ပိုင်းကွပ်ကဲမှုဌာနချုပ် (CENTCOM) က ထုတ်ပြန်ပြောကြားခဲ့ပါတယ်။
အစောပိုင်းမှာ CENTCOM က ထုတ်ပြန်ခဲ့တဲ့သတင်းအချက်အလက်တွေအရ ၎င်းတို့ရဲ့စစ်ဆင်ရေး ပထမ(၄၈)နာရီအတွင်း တိုက်ခိုက်ခဲ့တဲ့ ပစ်မှတ်က(၁၂၀၀)ကျော်သာရှိခဲ့ပြီး နောက်ပိုင်းမှာ ယခုလိုပြန်လည်ပြောင်းလဲထုတ်ပြန်ခဲ့တာလည်းဖြစ်ပါတယ်။
ဒါပေမယ့်လည်း B-52 ဗုံးကြဲလေယာဉ်တွေကို ဘယ်အချိန်တွေမှာ အသုံးပြုခဲ့တယ်ဆိုတဲ့ အသေးစိတ်အချက် အလက်တွေကို CENTCOM က ထုတ်ပြန်ပြောဆိုခဲ့တာမျိုး မရှိခဲ့ဘူးလို့လည်း သိရပါတယ်။ ဒါ့ပြင် အမေရိကန်က နောက်ထပ်တပ်ဖွဲ့ဝင်တွေနဲ့စစ်ဘက်ဆိုင်ရာပိုင်ဆိုင်မှုတွေကို အရှေ့အလယ်ပိုင်းဒေသမှာ ထပ်မံဖြန့်ကျက်ချထား သွားမယ်လို့လည်း ဗိုလ်ချုပ်ကြီးဒန်ကိန်းက ထုတ်ပြန်ပြောကြားခဲ့ပါတယ်။ အမေရိကန်က အီရန်အပေါ် လုပ်ဆောင် ခဲ့တဲ့ ယခင်တိုက်ခိုက်မှုတွေမှာ B-2 နှင့် B-1 ကိုယ်ပျောက်ဗုံးကြဲလေယာဉ်တွေကို အသုံးပြုခဲ့ပြီးနောက် ယခုလိုမျိုး B-52 ဗုံးကြဲလေယာဉ်တွေကို အသုံးပြုခဲ့တာလည်းဖြစ်ပါတယ်။

Zawgyi Version;
အေမရိကန္က အီရန္ကို B-52 ဗုံးႀကဲေလယာဥ္ေတြနဲ႔ ပထမဆုံးအႀကိမ္တိုက္ခိုက္
Pika (NP News) - မတ္ ၄
အေမရိကန္စစ္တပ္ဟာ Operation Epic Fury စစ္ဆင္ေရးရဲ႕ပထမဆုံး(၇၂)နာရီအတြင္း B-52 ဗုံးႀကဲေလယာဥ္ေတြကိုျဖန႔္က်က္ခ်ထားခဲ့ၿပီး အီရန္ႏိုင္ငံတစ္ဝွမ္းမွာရွိတဲ့ပစ္မွတ္ေပါင္း(၁၇၀၀)ေက်ာ္ကို ပစ္ခတ္တိုက္ခိုက္ခဲ့တယ္လို႔ အေမရိကန္အလယ္ပိုင္းကြပ္ကဲမႈဌာနခ်ဳပ္ (CENTCOM) က ထုတ္ျပန္ေျပာၾကားခဲ့ပါတယ္။
အေစာပိုင္းမွာ CENTCOM က ထုတ္ျပန္ခဲ့တဲ့သတင္းအခ်က္အလက္ေတြအရ ၎တို႔ရဲ႕စစ္ဆင္ေရး ပထမ(၄၈)နာရီအတြင္း တိုက္ခိုက္ခဲ့တဲ့ ပစ္မွတ္က(၁၂၀၀)ေက်ာ္သာရွိခဲ့ၿပီး ေနာက္ပိုင္းမွာ ယခုလိုျပန္လည္ေျပာင္းလဲထုတ္ျပန္ခဲ့တာလည္းျဖစ္ပါတယ္။
ဒါေပမယ့္လည္း B-52 ဗုံးႀကဲေလယာဥ္ေတြကို ဘယ္အခ်ိန္ေတြမွာ အသုံးျပဳခဲ့တယ္ဆိုတဲ့ အေသးစိတ္အခ်က္ အလက္ေတြကို CENTCOM က ထုတ္ျပန္ေျပာဆိုခဲ့တာမ်ိဳး မရွိခဲ့ဘူးလို႔လည္း သိရပါတယ္။ ဒါ့ျပင္ အေမရိကန္က ေနာက္ထပ္တပ္ဖြဲ႕ဝင္ေတြနဲ႔စစ္ဘက္ဆိုင္ရာပိုင္ဆိုင္မႈေတြကို အေရွ႕အလယ္ပိုင္းေဒသမွာ ထပ္မံျဖန႔္က်က္ခ်ထား သြားမယ္လို႔လည္း ဗိုလ္ခ်ဳပ္ႀကီးဒန္ကိန္းက ထုတ္ျပန္ေျပာၾကားခဲ့ပါတယ္။ အေမရိကန္က အီရန္အေပၚ လုပ္ေဆာင္ ခဲ့တဲ့ ယခင္တိုက္ခိုက္မႈေတြမွာ B-2 ႏွင့္ B-1 ကိုယ္ေပ်ာက္ဗုံးႀကဲေလယာဥ္ေတြကို အသုံးျပဳခဲ့ၿပီးေနာက္ ယခုလိုမ်ိဳး B-52 ဗုံးႀကဲေလယာဥ္ေတြကို အသုံးျပဳခဲ့တာလည္းျဖစ္ပါတယ္။