တာချီလိတ်တွင် လိုင်စင်မဲ့ ဟိုတယ်အတွင်း အွန်လိုင်း လောင်းကစား သတင်းအရ ရှာဖွေစစ်ဆေးရာ ပြည်ပနိုင်ငံသား (၃၀၀)ကျော် ဖမ်းမိ

 165

ထိုက်စံ (NP News) - မတ် ၄

ရှမ်းပြည်နယ် ၊ တာချီလိတ်မြို့ တွင် လိုင်စင်မဲ့ ဟိုတယ်အတွင်း အွန်လိုင်း လောင်းကစား သတင်းအရ ရှာဖွေစစ်ဆေးရာ ပြည်ပနိုင်ငံသား(၃၀၀)ကျော်ကို ဖမ်းမိခဲ့ကြောင်း နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေး ကော်မရှင်၏ ထုတ်ပြန်ချက်အရ သိရသည်။

တာချီ လိတ်မြို့ နယ်အတွင်း လုံခြုံရေး ဆောင်ရွက်နေသော ပူးပေါင်း အဖွဲ့များသည် မယ်ခေါင်(၂) ရပ်ကွက်၊ မယ်ခေါင် (၂)လမ်း ရှိဟိုတယ်လိုင်စင်ရယူထားခြင်း မရှိသော အပြည်ပြည်ဆိုင်ရာ ဟိုတယ်အမည်ရှိ အဆောက်အအုံ၌ တရားမဝင် အွန်လိုင်းလိမ်လည် လောင်းကစားမှုများ လုပ်ကိုင်နေကြောင်း သတင်းရရှိသဖြင့် ယမန်နေ့ (မတ်လ ၃ရက်) ၊ မွန်းလွဲပိုင်း အချိန်က ဝင်ရောက် ရှာဖွေစစ်ဆေးခဲ့ကြောင်း သိရသည်။

ထိုသို့ စစ်ဆေးခဲ့ရာ အွန်လိုင်းလိမ်လည်လောင်းကစားလုပ်ငန်း လုပ်ကိုင်သည့် တရားမဝင် တရုတ်နိုင်ငံသား အမျိုးသား (၂၈၉) ဦး၊ အမျိုးသမီး (၈)ဦး ၊ မလေးရှားနိုင်ငံသား အမျိုးသား (၃၁) ဦး ၊ အမျိုးသမီး (၇)ဦး ၊ ဗီယက်နမ်နိုင်ငံ သား အမျိုးသား (၄၆) ဦး၊ အမျိုးသမီး (၁၁) ဦး နှင့် ဖိလစ်ပိုင် နိုင်ငံသား အမျိုးသမီး (၁)ဦး စုစုပေါင်း (၃၉၃) ဦးတို့အား ဖမ်းဆီးမိခဲ့ကြောင်း သိရသည်။

ထို့ပြင် လုပ်ငန်းဆက်စပ်ပစ္စည်းများဖြစ်သည့် ကွန်ပျူတာ (၁၇၄) လုံး ၊ CPU အလုံး (၇၀) ၊ Starlink (၉)လုံး ၊ ဖုန်းမျိုးစုံ (၂၃၃)လုံး တို့အား ဖမ်းဆီးရမိခဲ့ပြီး ဖော်ထုတ် ရှင်းလင်းခြင်းများကို ဆက်လက် ဆောင်ရွက်လျက်ရှိ ကြောင်း သိရသည်။

အဆိုပါ ဖမ်းဆီးရမိသည့် ပြည်ပ နိုင်ငံသားများအား သက်ဆိုင်ရာ နိုင်ငံများသို့ အမြန်ဆုံးပြန်လည် လွှဲပြောင်းပေးအပ်နိုင်ရေး လုပ်ထုံး လုပ်နည်းများနှင့်အညီ ဆောင် ရွက်သွားမည်ဖြစ်ပြီး သိမ်းဆည်း ရမိသည့် အွန်လိုင်းလိမ်လည် လောင်းကစားမှု ကျူးလွန်ရာတွင် အသုံးပြုခဲ့သော ပစ္စည်းများအား ထပ်မံအသုံးပြုနိုင်ခြင်း မရှိစေရေး စနစ်တကျ ဖျက်ဆီးသွားမည်ဖြစ်ကြောင်း သိရသည်။

Zawgyi version:

ရွမ္းျပည္နယ္ ၊ တာခ်ီလိတ္ၿမိဳ႕ တြင္ လိုင္စင္မဲ့ ဟိုတယ္အတြင္း အြန္လိုင္း ေလာင္းကစား သတင္းအရ ရွာေဖြစစ္ေဆးရာ ျပည္ပႏိုင္ငံသား(၃၀၀)ေက်ာ္ကို ဖမ္းမိခဲ့ေၾကာင္း ႏိုင္ငံေတာ္လုံၿခဳံေရးႏွင့္ ေအးခ်မ္းသာယာေရး ေကာ္မရွင္၏ ထုတ္ျပန္ခ်က္အရ သိရသည္။
တာခ်ီ လိတ္ၿမိဳ႕ နယ္အတြင္း လုံၿခဳံေရး ေဆာင္႐ြက္ေနေသာ ပူးေပါင္း အဖြဲ႕မ်ားသည္ မယ္ေခါင္(၂) ရပ္ကြက္၊ မယ္ေခါင္ (၂)လမ္း ရွိဟိုတယ္လိုင္စင္ရယူထားျခင္း မရွိေသာ အျပည္ျပည္ဆိုင္ရာ ဟိုတယ္အမည္ရွိ အေဆာက္အအုံ၌ တရားမဝင္ အြန္လိုင္းလိမ္လည္ ေလာင္းကစားမႈမ်ား လုပ္ကိုင္ေနေၾကာင္း သတင္းရရွိသျဖင့္ ယမန္ေန႔ (မတ္လ ၃ရက္) ၊ မြန္းလြဲပိုင္း အခ်ိန္က ဝင္ေရာက္ ရွာေဖြစစ္ေဆးခဲ့ေၾကာင္း သိရသည္။
ထိုသို႔ စစ္ေဆးခဲ့ရာ အြန္လိုင္းလိမ္လည္ေလာင္းကစားလုပ္ငန္း လုပ္ကိုင္သည့္ တရားမဝင္ တ႐ုတ္ႏိုင္ငံသား အမ်ိဳးသား (၂၈၉) ဦး၊ အမ်ိဳးသမီး (၈)ဦး ၊ မေလးရွားႏိုင္ငံသား အမ်ိဳးသား (၃၁) ဦး ၊ အမ်ိဳးသမီး (၇)ဦး ၊ ဗီယက္နမ္ႏိုင္ငံ သား အမ်ိဳးသား (၄၆) ဦး၊ အမ်ိဳးသမီး (၁၁) ဦး ႏွင့္ ဖိလစ္ပိုင္ ႏိုင္ငံသား အမ်ိဳးသမီး (၁)ဦး စုစုေပါင္း (၃၉၃) ဦးတို႔အား ဖမ္းဆီးမိခဲ့ေၾကာင္း သိရသည္။
ထို႔ျပင္ လုပ္ငန္းဆက္စပ္ပစၥည္းမ်ားျဖစ္သည့္ ကြန္ပ်ဴတာ (၁၇၄) လုံး ၊ CPU အလုံး (၇၀) ၊ Starlink (၉)လုံး ၊ ဖုန္းမ်ိဳးစုံ (၂၃၃)လုံး တို႔အား ဖမ္းဆီးရမိခဲ့ၿပီး ေဖာ္ထုတ္ ရွင္းလင္းျခင္းမ်ားကို ဆက္လက္ ေဆာင္႐ြက္လ်က္ရွိ ေၾကာင္း သိရသည္။
အဆိုပါ ဖမ္းဆီးရမိသည့္ ျပည္ပ ႏိုင္ငံသားမ်ားအား သက္ဆိုင္ရာ ႏိုင္ငံမ်ားသို႔ အျမန္ဆုံးျပန္လည္ လႊဲေျပာင္းေပးအပ္ႏိုင္ေရး လုပ္ထုံး လုပ္နည္းမ်ားႏွင့္အညီ ေဆာင္ ႐ြက္သြားမည္ျဖစ္ၿပီး သိမ္းဆည္း ရမိသည့္ အြန္လိုင္းလိမ္လည္ ေလာင္းကစားမႈ က်ဴးလြန္ရာတြင္ အသုံးျပဳခဲ့ေသာ ပစၥည္းမ်ားအား ထပ္မံအသုံးျပဳႏိုင္ျခင္း မရွိေစေရး စနစ္တက် ဖ်က္ဆီးသြားမည္ျဖစ္ေၾကာင္း သိရသည္။

Related news

© 2021. All rights reserved.