အရှေ့အလယ်ပိုင်းစစ်ပွဲဂယက်ကြောင့် မြန်မာနိုင်ငံသားများ မဲဆောက်ဘက်သို့ သွားရောက်ဆီဖြည့်မှု များပြားနေ

 205

ALynn (NP News)- မတ် ၄

အရှေ့အလယ်ပိုင်းဒေသတွင် ဖြစ်ပွားနေသော စစ်ပွဲများကြောင့် စက်သုံးဆီဈေးနှုန်းများ စတင်မြင့်တက်လာရာ မြန်မာနိုင်ငံသားအများအပြားသည် တာ့ခ်ခရိုင်၊ မဲဆောက်မြို့ဘက်သို့ အုပ်စုလိုက်ဝင်ရောက်ကာ ၎င်းတို့၏ မော်တော်ယာဉ်များကို ဆီဖြည့်နေကြကြောင်း Bangkok Post သတင်းဌာန၏ ဖော်ပြချက်အရ သိရသည်။

ကရင်ပြည်နယ်၊ မြဝတီမြို့ဘက်မှ ဝင်ရောက်လာသော မော်တော်ယာဉ်အများစုမှာ ခရီးသည်တင်ဗန်ကားများဖြစ်ပြီး အမှတ် (၁) ထိုင်း-မြန်မာ ချစ်ကြည်ရေးတံတားမှတစ်ဆင့် ဝင်ရောက်လာကြခြင်းဖြစ်ကြောင်း သိရသည်။

ထိုသို့ မြန်မာနိုင်ငံသားများ အလုံးအရင်းနှင့် ဝင်ရောက်လာမှုကြောင့် မဲဆောက်ဒေသခံများအကြားတွင်လည်း စက်သုံးဆီ ပြတ်လပ်သွားနိုင်သည်ဟု စိုးရိမ်ပူပန်မှုများ မြင့်တက်လာပြီး ၎င်းတို့၏ ကားများကိုပါ အပြိုင်အဆိုင် သွားရောက်ဖြည့်တင်းခဲ့ကြသည်ဟုလည်း ဆိုသည်။

ထိုင်းနိုင်ငံရှိ PTT နှင့် Bangchak ကုမ္ပဏီတို့က ပြည်တွင်းအရန်ဆီ လုံလောက်မှုရှိသောကြောင့် လက်ရှိတွင် ဆီဈေးနှုန်းကို ထိန်းထားဦးမည်ဟု ပြောကြားထားသော်လည်း အခြားပြိုင်ဘက် ကုမ္ပဏီအချို့မှာမူ ဈေးနှုန်းများ စတင်တိုးမြှင့်နေပြီဖြစ်သည်။

ပြီးခဲ့သည့် စနေနေ့က အီရန်အပေါ် အမေရိကန်နှင့် အစ္စရေးတို့၏ တိုက်ခိုက်မှုများ စတင်ခဲ့ပြီးနောက် ကမ္ဘာ့ရေနံစိမ်းဈေးနှုန်း (၁၀) ရာခိုင်နှုန်းမှ (၁၅) ရာခိုင်နှုန်းအထိ မြင့်တက်လာမှုကြောင့် ရှေ့လျှောက် ဆီဈေးနှုန်းများ ပိုမိုမြင့်တက်လာနိုင်ကြောင်း အများက ခန့်မှန်းနေကြသည်။

မဲဆောက်ရှိ ဆီဆိုင်များတွင်လည်း ဆီဖြည့်ရန် စောင့်ဆိုင်းနေသည့် ကားတန်းကြီးများ ဖြစ်ပေါ်နေကြောင်း သိရသည်။ ထိုကားတန်းများတွင် မြန်မာလိုင်စင်ရ ကားများသာမက ထိုင်းပုဂ္ဂလိကကားများနှင့် ကုန်တင်ကားများပါ တန်းစီနေကြခြင်းဖြစ်သည်။

တာ့ခ်ခရိုင်အတွင်းရှိ ထိုင်း-မြန်မာနယ်စပ်ဒေသသည် အွန်လိုင်းလိမ်လည်ဂိုဏ်းများက လျှပ်စစ်မီးထုတ်လုပ်ရန် စက်သုံးဆီ အသုံးပြုခြင်းကို တားဆီးနိုင်ရန်အတွက် အစိုးရ၏ "ဖြတ်သုံးဖြတ်" မူဝါဒအောက်တွင် ရှိနေဆဲဖြစ်ပြီး မြန်မာနိုင်ငံသို့ စက်သုံးဆီ တင်ပို့မှုကို ပိတ်ပင်ထားသည်။

သို့သော်လည်း မြန်မာနိုင်ငံသားများအနေဖြင့် ၎င်းတို့၏ ကိုယ်ပိုင်ယာဉ်များဖြင့် နယ်စပ်ဖြတ်ကျော်ကာ လာရောက်ဆီဖြည့်ခြင်းကိုမူ ခွင့်ပြုထားဆဲဖြစ်ကြောင်း သိရသည်။

Zawgyi version:

အေရွ႕အလယ္ပိုင္းေဒသတြင္ ျဖစ္ပြားေနေသာ စစ္ပြဲမ်ားေၾကာင့္ စက္သုံးဆီေဈးႏႈန္းမ်ား စတင္ျမင့္တက္လာရာ ျမန္မာႏိုင္ငံသားအမ်ားအျပားသည္ တာ့ခ္ခ႐ိုင္၊ မဲေဆာက္ၿမိဳ႕ဘက္သို႔ အုပ္စုလိုက္ဝင္ေရာက္ကာ ၎တို႔၏ ေမာ္ေတာ္ယာဥ္မ်ားကို ဆီျဖည့္ေနၾကေၾကာင္း Bangkok Post သတင္းဌာန၏ ေဖာ္ျပခ်က္အရ သိရသည္။

ကရင္ျပည္နယ္၊ ျမဝတီၿမိဳ႕ဘက္မွ ဝင္ေရာက္လာေသာ ေမာ္ေတာ္ယာဥ္အမ်ားစုမွာ ခရီးသည္တင္ဗန္ကားမ်ားျဖစ္ၿပီး အမွတ္ (၁) ထိုင္း-ျမန္မာ ခ်စ္ၾကည္ေရးတံတားမွတစ္ဆင့္ ဝင္ေရာက္လာၾကျခင္းျဖစ္ေၾကာင္း သိရသည္။

ထိုသို႔ ျမန္မာႏိုင္ငံသားမ်ား အလုံးအရင္းႏွင့္ ဝင္ေရာက္လာမႈေၾကာင့္ မဲေဆာက္ေဒသခံမ်ားအၾကားတြင္လည္း စက္သုံးဆီ ျပတ္လပ္သြားႏိုင္သည္ဟု စိုးရိမ္ပူပန္မႈမ်ား ျမင့္တက္လာၿပီး ၎တို႔၏ ကားမ်ားကိုပါ အၿပိဳင္အဆိုင္ သြားေရာက္ျဖည့္တင္းခဲ့ၾကသည္ဟုလည္း ဆိုသည္။

ထိုင္းႏိုင္ငံရွိ PTT ႏွင့္ Bangchak ကုမၸဏီတို႔က ျပည္တြင္းအရန္ဆီ လုံေလာက္မႈရွိေသာေၾကာင့္ လက္ရွိတြင္ ဆီေဈးႏႈန္းကို ထိန္းထားဦးမည္ဟု ေျပာၾကားထားေသာ္လည္း အျခားၿပိဳင္ဘက္ ကုမၸဏီအခ်ိဳ႕မွာမူ ေဈးႏႈန္းမ်ား စတင္တိုးျမႇင့္ေနၿပီျဖစ္သည္။

ၿပီးခဲ့သည့္ စေနေန႔က အီရန္အေပၚ အေမရိကန္ႏွင့္ အစၥေရးတို႔၏ တိုက္ခိုက္မႈမ်ား စတင္ခဲ့ၿပီးေနာက္ ကမာၻ႔ေရနံစိမ္းေဈးႏႈန္း (၁၀) ရာခိုင္ႏႈန္းမွ (၁၅) ရာခိုင္ႏႈန္းအထိ ျမင့္တက္လာမႈေၾကာင့္ ေရွ႕ေလွ်ာက္ ဆီေဈးႏႈန္းမ်ား ပိုမိုျမင့္တက္လာႏိုင္ေၾကာင္း အမ်ားက ခန႔္မွန္းေနၾကသည္။

မဲေဆာက္ရွိ ဆီဆိုင္မ်ားတြင္လည္း ဆီျဖည့္ရန္ ေစာင့္ဆိုင္းေနသည့္ ကားတန္းႀကီးမ်ား ျဖစ္ေပၚေနေၾကာင္း သိရသည္။ ထိုကားတန္းမ်ားတြင္ ျမန္မာလိုင္စင္ရ ကားမ်ားသာမက ထိုင္းပုဂၢလိကကားမ်ားႏွင့္ ကုန္တင္ကားမ်ားပါ တန္းစီေနၾကျခင္းျဖစ္သည္။

တာ့ခ္ခ႐ိုင္အတြင္းရွိ ထိုင္း-ျမန္မာနယ္စပ္ေဒသသည္ အြန္လိုင္းလိမ္လည္ဂိုဏ္းမ်ားက လွ်ပ္စစ္မီးထုတ္လုပ္ရန္ စက္သုံးဆီ အသုံးျပဳျခင္းကို တားဆီးႏိုင္ရန္အတြက္ အစိုးရ၏ "ျဖတ္သုံးျဖတ္" မူဝါဒေအာက္တြင္ ရွိေနဆဲျဖစ္ၿပီး ျမန္မာႏိုင္ငံသို႔ စက္သုံးဆီ တင္ပို႔မႈကို ပိတ္ပင္ထားသည္။

သို႔ေသာ္လည္း ျမန္မာႏိုင္ငံသားမ်ားအေနျဖင့္ ၎တို႔၏ ကိုယ္ပိုင္ယာဥ္မ်ားျဖင့္ နယ္စပ္ျဖတ္ေက်ာ္ကာ လာေရာက္ဆီျဖည့္ျခင္းကိုမူ ခြင့္ျပဳထားဆဲျဖစ္ေၾကာင္း သိရသည္။

Related news

© 2021. All rights reserved.