အီရန်နှင့် အမေရိကန်ကြားဖြစ်ပွားနေသည့် စစ်ပွဲကြောင့် ရေနံစိမ်းတစ်စည်ကို အမေရိကန်ဒေါ်လာ (၁၀၀) အထိ ဈေးတက်လာဖွယ်ရှိနေဟုဆို

240

ဂျန်ဇက် (NP News)-မတ် ၄
အရှေ့အလယ်ပိုင်း စစ်မီးကြောင့် ကမ္ဘာ့စွမ်းအင်ဈေးကွက် တုန်လှုပ်၊ ရေနံဈေး ၁၅ ရာခိုင်နှုန်းနှင့် ဥရောပ သဘာဝဓာတ်ငွေ့ဈေး ၃၀ ရာခိုင်နှုန်းကျော် မြင့်တက်လာခဲ့ပြီး ရေနံစိမ်း တစ်စည် ပေါက်ဈေးသည် အမေရိကန်ဒေါ်လာ (၁၀၀) ကျော်လာနိုင်ကြောင်း ထင်ကြေးပေးသုံးသပ်မှုများရှိနေသည်။
အရှေ့အလယ်ပိုင်း စစ်ပွဲအတွင်း အီရန်က ကာတာနိုင်ငံရှိ သဘာဝဓာတ်ငွေ့ရည်စက်ရုံများကို ပစ်မှတ်ထား တိုက်ခိုက်လိုက်ခြင်းကြောင့် ကမ္ဘာ့စွမ်းအင်ဈေးကွက်တွင် ရေနံနှင့် သဘာဝဓာတ်ငွေ့ဈေးနှုန်းများ စံချိန်တင် မြင့်တက်လာခဲ့ပြီး ကမ္ဘာ့ရေနံဈေးနှုန်းမှာ (၁၅) ရာခိုင်နှုန်းကျော် ရုတ်တရက် ခုန်တက်သွားပြီး ရေနံစိမ်း တစ်စည်လျှင်အမေရိကန်ဒေါ်လာ (၈၄) ဒေါ်လာအထက်သို့ ရောက်ရှိသွားသလို၊ ဥရောပ သဘာဝဓာတ်ငွေ့ဈေးနှုန်းများမှာလည်း ၃၀ ရာခိုင်နှုန်းကျော်အထိ တဟုန်ထိုး မြင့်တက်သွားကြောင်းသိရသည်။
ကာတာနိုင်ငံသည် ကမ္ဘာ့အကြီးဆုံး LNG တင်ပိုသည့် နိုင်ငံများထဲတွင် ပါဝင်နေပြီး ၎င်း၏ စွမ်းအင်အခြေခံအဆောက်အအုံများ တိုက်ခိုက်ခံရခြင်းသည် ဥရောပနှင့် အာရှနိုင်ငံများအတွက် စွမ်းအင်ပြတ်လပ်မှု အန္တရာယ်ကို မီးမောင်းထိုးပြလိုက်ခြင်း ဖြစ်ပါသည်။ အထူးသဖြင့် ရုရှား-ယူကရိန်း စစ်ပွဲကြောင့် အရှေ့အလယ်ပိုင်းမှ သဘာဝဓာတ်ငွေ့ကို အဓိက အားကိုးနေရသော ဥရောပနိုင်ငံများအတွက် ယခုတိုက်ခိုက်မှုသည် စီးပွားရေးအရ ကြီးမားသော ထိုးနှက်ချက်တစ်ခု ဖြစ်လာခဲ့ကြောင်းသိရသည်။ အီရန် နှင့် အမေရိကန်နိုင်ငံကြားဖြစ်ပွားနေသည့် စစ်ပွဲသည် ဟော်မုဇ်ရေလက်ကြားပိတ်ဆို့သည်အထိ ဆက်လက်ပြင်းထန်နေပါက ရေနံဈေးမှာ တစ်စည်လျှင်ဒေါ်လာ (၁၀၀) အထက်သို့ အချိန်မရွေး ရောက်ရှိသွားနိုင်ကြောင်း စွမ်းအင်ကျွမ်းကျင်သူများ က သုံးသပ်နေသည်။
လက်ရှိတွင် ရေနံတင်သင်္ဘောများနှင့် LNG တင်သင်္ဘောများမှာ အရှေ့အလယ်ပိုင်း ဒေသတွင်းသို့ ဝင်ရောက်ရန် လုံခြုံရေးအရ စိုးရိမ်နေကြသဖြင့် ကမ္ဘာ့ကုန်သွယ်ရေး လမ်းကြောင်းများမှာလည်း ကစဉ့် ကလျား ဖြစ်နေပါသည်။အမေရိကန်နှင့် အီရန်တို့အကြား စစ်ရေးပဋိပက္ခများ အမြင့်ဆုံးအခြေအနေသို့ ရောက်ရှိနေချိန်တွင်၊ ကမ္ဘာ့ရေနံထောက်ပံ့မှု၏ အသက်သွေးကြောဖြစ်သော ဟော်မုဇ်ရေလက်ကြား အတွင်း လုံခြုံရေးအခြေအနေမှာ ကမ္ဘာတစ်ဝှမ်းလုံး၏ စိုးရိမ်တကြီး စောင့်ကြည့်ရမည့် အဓိကအကြောင်းအရာ ဖြစ်လာခဲ့ကြောင်းသိရသည်။ အမေရိကန်ရေတပ်သည် အီရန်ရေပြင်တွင် စစ်ရေးအရ လုံးဝအသာစီးရယူထားသည်မှာ ယုံမှားသံသယဖြစ်ဖွယ် မရှိသော်လည်းဖေဖော်ဝါရီလကုန်ခါနီးတွင် စတင်ခဲ့သော ပူးပေါင်းတိုက်ခိုက်မှုများကြောင့် အီရန်တော်လှန်ရေးအစောင့်တပ် (IRGC) ၏ ရေတပ်စွမ်းရည်များစွာ ထိခိုက်ပျက်စီးခဲ့ရကြောင်းသိရသည်။ဟောမုဇ့် ရေလက်ကြားဖြတ်သန်းမည့် သင်္ဘောတိုင်းကို အမေရိကန်ရေတပ်က အစောင့်အရှောက် ပေးနေသည်ဟုသတင်းများထွက်ပေါ်နေသော်လည်း လက်ရှိအချိန်အထိ အပြည့်အဝ မှန်ကန်မှု မရှိသေးကြောင်းသိရသည်။မတ်လ ၃ ရက်နေ့တွင် အမေရိကန် သမ္မတ ဒေါ်နယ်ထရမ့်က အမေရိကန်ရေတပ်အနေဖြင့် ကုန်သွယ်ရေးသင်္ဘောများကို "လိုအပ်လာပါကအစောင့်အရှောက် ပေးသွားမည်ဟုသာ အတည်ပြု ကြေညာထားခြင်း ဖြစ်သည်။
အီရန်ဘက်မှ သင်္ဘောများကို ပစ်မှတ်ထား တိုက်ခိုက်မည်ဟု ခြိမ်းခြောက်ထားဆဲဖြစ်ရာ၊ လက်ရှိတွင် ဟောမုဇ့် ရေလက်ကြားအတွင်း သင်္ဘောသွားလာမှု ၇၀ ရာခိုင်နှုန်းအထိ ရပ်တန့်လုနီးပါး ဖြစ်နေဆဲဖြစ်ကြောင်းသိရသည်။အမေရိကန်ပြည်တွင်း ဓာတ်ဆီဈေးနှုန်း သည် တစ်ရက်တည်းဖြင့် ၁၁ ဆင့် (11 cents) အထိ ခုန်တက်သွားခြင်းသည် ဈေးကွက်၏ အကြောင်းမဲ့ ထိတ်လန့်မှု သက်သက်မဟုတ်ဘဲခိုင်လုံသောစီးပွားရေးအကြောင်းပြချက်များ ရှိနေသည်။ဟော်မုဇ်ရေလက်ကြားသည် ကမ္ဘာ့ရေနံတင်ပို့မှု၏ ၂၀ ရာခိုင်နှုန်း ခန့် သို့မဟုတ် တစ်နေ့လျှင် ရေနံစည်ပေါင်း သန်း ၂၀ ခန့် ဖြတ်သန်းသွားလာရာ လမ်းကြောင်းဖြစ်ရာ ရေလက်ကြား လမ်းကြောင်း ပိတ်ဆို့သွားမည်ဆိုလျှင် ကမ္ဘာ့စွမ်းအင်ဈေးကွက်ကြီးတစ်ခုလုံး လှုပ်ခတ်သွားမည်ဖြစ်သည်။
စစ်ပွဲအန္တရာယ်ကြောင့် ပုဂ္ဂလိက ရေကြောင်းအာမခံကုမ္ပဏီများက အာမခံကြေးများ အဆမတန် တိုးမြှင့်ခြင်း (သို့မဟုတ်) အာမခံပေးရန် ငြင်းဆန်ခြင်းများ ပြုလုပ်လာနေကြောင်းသတင်းများထွက်ပေါ်နေသည်။ အမေရိကန်အနေဖြင့် အီရန်၏ အစွန်းရောက် ခြိမ်းခြောက်မှုများကို တုံ့ပြန်ရာတွင် စစ်ရေးအရ အသာစီးရနေသော်လည်း၊ ကမ္ဘာ့စီးပွားရေးနှင့် စွမ်းအင်ဈေးကွက် တည်ငြိမ်ရေးအတွက်မူ ဟော်မုဇ်ရေလက်ကြားကို
အမြန်ဆုံးနှင့် အလုံခြုံဆုံး ပြန်လည်ဖွင့်လှစ်နိုင်ရန် အရေးတကြီး လိုအပ်နေသေးကြောင်း သိရသည်။

Zawgyi Version:
အီရန္ႏွင့္ အေမရိကန္ၾကားျဖစ္ပြားေနသည့္ စစ္ပြဲေၾကာင့္ ေရနံစိမ္းတစ္စည္ကို အေမရိကန္ေဒၚလာ (၁၀၀) အထိ ေဈးတက္လာဖြယ္ရွိေနဟုဆို
ဂ်န္ဇက္ (NP News)
အေရွ႕အလယ္ပိုင္း စစ္မီးေၾကာင့္ ကမာၻ႔စြမ္းအင္ေဈးကြက္ တုန္လႈပ္၊ ေရနံေဈး ၁၅ ရာခိုင္ႏႈန္းႏွင့္ ဥေရာပ သဘာဝဓာတ္ေငြ႕ေဈး ၃၀ ရာခိုင္ႏႈန္းေက်ာ္ ျမင့္တက္လာခဲ့ၿပီး ေရနံစိမ္း တစ္စည္ ေပါက္ေဈးသည္ အေမရိကန္ေဒၚလာ (၁၀၀) ေက်ာ္လာႏိုင္ေၾကာင္း ထင္ေၾကးေပးသုံးသပ္မႈမ်ားရွိေနသည္။
အေရွ႕အလယ္ပိုင္း စစ္ပြဲအတြင္း အီရန္က ကာတာႏိုင္ငံရွိ သဘာဝဓာတ္ေငြ႕ရည္စက္႐ုံမ်ားကို ပစ္မွတ္ထား တိုက္ခိုက္လိုက္ျခင္းေၾကာင့္ ကမာၻ႔စြမ္းအင္ေဈးကြက္တြင္ ေရနံႏွင့္ သဘာဝဓာတ္ေငြ႕ေဈးႏႈန္းမ်ား စံခ်ိန္တင္ ျမင့္တက္လာခဲ့ၿပီး ကမာၻ႔ေရနံေဈးႏႈန္းမွာ (၁၅) ရာခိုင္ႏႈန္းေက်ာ္ ႐ုတ္တရက္ ခုန္တက္သြားၿပီး ေရနံစိမ္း တစ္စည္လွ်င္အေမရိကန္ေဒၚလာ (၈၄) ေဒၚလာအထက္သို႔ ေရာက္ရွိသြားသလို၊ ဥေရာပ သဘာဝဓာတ္ေငြ႕ေဈးႏႈန္းမ်ားမွာလည္း ၃၀ ရာခိုင္ႏႈန္းေက်ာ္အထိ တဟုန္ထိုး ျမင့္တက္သြားေၾကာင္းသိရသည္။
ကာတာႏိုင္ငံသည္ ကမာၻ႔အႀကီးဆုံး LNG တင္ပိုသည့္ ႏိုင္ငံမ်ားထဲတြင္ ပါဝင္ေနၿပီး ၎၏ စြမ္းအင္အေျခခံအေဆာက္အအုံမ်ား တိုက္ခိုက္ခံရျခင္းသည္ ဥေရာပႏွင့္ အာရွႏိုင္ငံမ်ားအတြက္ စြမ္းအင္ျပတ္လပ္မႈ အႏၲရာယ္ကို မီးေမာင္းထိုးျပလိုက္ျခင္း ျဖစ္ပါသည္။ အထူးသျဖင့္ ႐ုရွား-ယူကရိန္း စစ္ပြဲေၾကာင့္ အေရွ႕အလယ္ပိုင္းမွ သဘာဝဓာတ္ေငြ႕ကို အဓိက အားကိုးေနရေသာ ဥေရာပႏိုင္ငံမ်ားအတြက္ ယခုတိုက္ခိုက္မႈသည္ စီးပြားေရးအရ ႀကီးမားေသာ ထိုးႏွက္ခ်က္တစ္ခု ျဖစ္လာခဲ့ေၾကာင္းသိရသည္။ အီရန္ ႏွင့္ အေမရိကန္ႏိုင္ငံၾကားျဖစ္ပြားေနသည့္ စစ္ပြဲသည္ ေဟာ္မုဇ္ေရလက္ၾကားပိတ္ဆို႔သည္အထိ ဆက္လက္ျပင္းထန္ေနပါက ေရနံေဈးမွာ တစ္စည္လွ်င္ေဒၚလာ (၁၀၀) အထက္သို႔ အခ်ိန္မေ႐ြး ေရာက္ရွိသြားႏိုင္ေၾကာင္း စြမ္းအင္ကြၽမ္းက်င္သူမ်ား က သုံးသပ္ေနသည္။
လက္ရွိတြင္ ေရနံတင္သေဘၤာမ်ားႏွင့္ LNG တင္သေဘၤာမ်ားမွာ အေရွ႕အလယ္ပိုင္း ေဒသတြင္းသို႔ ဝင္ေရာက္ရန္ လုံၿခဳံေရးအရ စိုးရိမ္ေနၾကသျဖင့္ ကမာၻ႔ကုန္သြယ္ေရး လမ္းေၾကာင္းမ်ားမွာလည္း ကစဥ့္ ကလ်ား ျဖစ္ေနပါသည္။အေမရိကန္ႏွင့္ အီရန္တို႔အၾကား စစ္ေရးပဋိပကၡမ်ား အျမင့္ဆုံးအေျခအေနသို႔ ေရာက္ရွိေနခ်ိန္တြင္၊ ကမာၻ႔ေရနံေထာက္ပံ့မႈ၏ အသက္ေသြးေၾကာျဖစ္ေသာ ေဟာ္မုဇ္ေရလက္ၾကား အတြင္း လုံၿခဳံေရးအေျခအေနမွာ ကမာၻတစ္ဝွမ္းလုံး၏ စိုးရိမ္တႀကီး ေစာင့္ၾကည့္ရမည့္ အဓိကအေၾကာင္းအရာ ျဖစ္လာခဲ့ေၾကာင္းသိရသည္။ အေမရိကန္ေရတပ္သည္ အီရန္ေရျပင္တြင္ စစ္ေရးအရ လုံးဝအသာစီးရယူထားသည္မွာ ယုံမွားသံသယျဖစ္ဖြယ္ မရွိေသာ္လည္းေဖေဖာ္ဝါရီလကုန္ခါနီးတြင္ စတင္ခဲ့ေသာ ပူးေပါင္းတိုက္ခိုက္မႈမ်ားေၾကာင့္ အီရန္ေတာ္လွန္ေရးအေစာင့္တပ္ (IRGC) ၏ ေရတပ္စြမ္းရည္မ်ားစြာ ထိခိုက္ပ်က္စီးခဲ့ရေၾကာင္းသိရသည္။ေဟာမုဇ့္ ေရလက္ၾကားျဖတ္သန္းမည့္ သေဘၤာတိုင္းကို အေမရိကန္ေရတပ္က အေစာင့္အေရွာက္ ေပးေနသည္ဟုသတင္းမ်ားထြက္ေပၚေနေသာ္လည္း လက္ရွိအခ်ိန္အထိ အျပည့္အဝ မွန္ကန္မႈ မရွိေသးေၾကာင္းသိရသည္။မတ္လ ၃ ရက္ေန႔တြင္ အေမရိကန္ သမၼတ ေဒၚနယ္ထရမ့္က အေမရိကန္ေရတပ္အေနျဖင့္ ကုန္သြယ္ေရးသေဘၤာမ်ားကို "လိုအပ္လာပါကအေစာင့္အေရွာက္ ေပးသြားမည္ဟုသာ အတည္ျပဳ ေၾကညာထားျခင္း ျဖစ္သည္။
အီရန္ဘက္မွ သေဘၤာမ်ားကို ပစ္မွတ္ထား တိုက္ခိုက္မည္ဟု ၿခိမ္းေျခာက္ထားဆဲျဖစ္ရာ၊ လက္ရွိတြင္ ေဟာမုဇ့္ ေရလက္ၾကားအတြင္း သေဘၤာသြားလာမႈ ၇၀ ရာခိုင္ႏႈန္းအထိ ရပ္တန႔္လုနီးပါး ျဖစ္ေနဆဲျဖစ္ေၾကာင္းသိရသည္။အေမရိကန္ျပည္တြင္း ဓာတ္ဆီေဈးႏႈန္း သည္ တစ္ရက္တည္းျဖင့္ ၁၁ ဆင့္ (11 cents) အထိ ခုန္တက္သြားျခင္းသည္ ေဈးကြက္၏ အေၾကာင္းမဲ့ ထိတ္လန႔္မႈ သက္သက္မဟုတ္ဘဲခိုင္လုံေသာစီးပြားေရးအေၾကာင္းျပခ်က္မ်ား ရွိေနသည္။ေဟာ္မုဇ္ေရလက္ၾကားသည္ ကမာၻ႔ေရနံတင္ပို႔မႈ၏ ၂၀ ရာခိုင္ႏႈန္း ခန႔္ သို႔မဟုတ္ တစ္ေန႔လွ်င္ ေရနံစည္ေပါင္း သန္း ၂၀ ခန႔္ ျဖတ္သန္းသြားလာရာ လမ္းေၾကာင္းျဖစ္ရာ ေရလက္ၾကား လမ္းေၾကာင္း ပိတ္ဆို႔သြားမည္ဆိုလွ်င္ ကမာၻ႔စြမ္းအင္ေဈးကြက္ႀကီးတစ္ခုလုံး လႈပ္ခတ္သြားမည္ျဖစ္သည္။
စစ္ပြဲအႏၲရာယ္ေၾကာင့္ ပုဂၢလိက ေရေၾကာင္းအာမခံကုမၸဏီမ်ားက အာမခံေၾကးမ်ား အဆမတန္ တိုးျမႇင့္ျခင္း (သို႔မဟုတ္) အာမခံေပးရန္ ျငင္းဆန္ျခင္းမ်ား ျပဳလုပ္လာေနေၾကာင္းသတင္းမ်ားထြက္ေပၚေနသည္။ အေမရိကန္အေနျဖင့္ အီရန္၏ အစြန္းေရာက္ ၿခိမ္းေျခာက္မႈမ်ားကို တုံ႔ျပန္ရာတြင္ စစ္ေရးအရ အသာစီးရေနေသာ္လည္း၊ ကမာၻ႔စီးပြားေရးႏွင့္ စြမ္းအင္ေဈးကြက္ တည္ၿငိမ္ေရးအတြက္မူ ေဟာ္မုဇ္ေရလက္ၾကားကို
အျမန္ဆုံးႏွင့္ အလုံၿခဳံဆုံး ျပန္လည္ဖြင့္လွစ္ႏိုင္ရန္ အေရးတႀကီး လိုအပ္ေနေသးေၾကာင္း သိရသည္။