ဟော်မုဇ်ရေလက်ကြားမှာ ဘေးကင်းလုံခြုံရေးကို ထိန်းသိမ်းထားဖို့ နိုင်ငံအားလုံးကို တရုတ်တိုက်တွန်း

 379

Pika (NP News) - မတ် ၄

ရေနံနဲ့ သဘာဝဓါတ်ငွေ့အတွက် အရေးပါတဲ့သင်္ဘောလမ်းကြောင်းတစ်ခုဖြစ်တဲ့ ဟော်မုဇ်ရေလက် ကြားမှာ ဘေးကင်းလုံခြုံမှုကိုထိန်းသိမ်းဖို့ အရှေ့အလယ်ပိုင်းဒေသစစ်ပွဲမှာ ပါဝင်တဲ့ နိုင်ငံတွေအားလုံးကို တရုတ်က တိုက်တွန်းခဲ့တယ်လို့ သိရပါတယ်။
ဒါ့ပြင် တရုတ်ရဲ့စွမ်းအင်လုံခြုံရေးကို သေချာစေဖို့အတွက် အရေးယူမှုတွေလုပ်ဆောင်သွားမယ်လို့လည်း တရုတ်အစိုးရက ကတိပြုပြောဆိုခဲ့ပါတယ်။
ကုန်စည်အများအပြားအပြင် ကမ္ဘာလုံးဆိုင်ရာရေကြောင်း ရေနံထောက်ပံ့မှုရဲ့လေးပုံပုံ တစ်ပုံနီးပါးဟာ ဟော်မုဇ်ရေလက်ကြားကို ဖြတ်သန်းသွားလာနေရတာလည်းဖြစ်ပါတယ်။
ဟော်မုဇ်ရေလက်ကြားကို ပိတ်ပစ်လိုက်ပြီလို့ အီရန်စစ်တပ်က ထုတ်ပြန်ကြေညာခဲ့ပြီးနောက် နိုင်ငံတကာသင်္ဘောအဖွဲ့များစွာဟာ ရေလမ်းကြောင်းကနေတစ်ဆင့် ဖြတ်သန်းသွားလာမှုတွေကို ရပ်တန့်ခဲ့ရတယ်လို့လည်း သိရပါတယ်။
တရုတ်အစိုးရက "စစ်ဘက်ဆိုင်ရာစစ်ဆင်ရေးတွေကို လျှော့ချဖို့၊ တင်းမာမှုတွေ မြင့်တက်လာတာကို ရှောင်ရှားဖို့၊ ဟော်မုဇ်ရေလက်ကြားမှာရှိတဲ့သင်္ဘောလမ်းကြောင်းတွေရဲ့ဘေးကင်းလုံခြုံမှုကို ထိန်းသိမ်းထားဖို့နဲ့ ကမ္ဘာလုံးဆိုင်ရာစီးပွားအပေါ်ကြီးမားတဲ့သက်ရောက်မှုတစ်ခုရှိလာမှာကို ကာကွယ်ဖို့ ပါတီဝင်အားလုံးကို ကျွန်တော်တို့ တိုက်တွန်းထားပါတယ်” လို့ ပြောခဲ့ပါတယ်။

Zawgyi Version;
ေဟာ္မုဇ္ေရလက္ၾကားမွာ ေဘးကင္းလုံၿခဳံေရးကို ထိန္းသိမ္းထားဖို႔ ႏိုင္ငံအားလုံးကို တ႐ုတ္တိုက္တြန္း
Pika (NP News) - မတ္ ၄
ေရနံနဲ႔ သဘာဝဓါတ္ေငြ႕အတြက္ အေရးပါတဲ့သေဘၤာလမ္းေၾကာင္းတစ္ခုျဖစ္တဲ့ ေဟာ္မုဇ္ေရလက္ ၾကားမွာ ေဘးကင္းလုံၿခဳံမႈကိုထိန္းသိမ္းဖို႔ အေရွ႕အလယ္ပိုင္းေဒသစစ္ပြဲမွာ ပါဝင္တဲ့ ႏိုင္ငံေတြအားလုံးကို တ႐ုတ္က တိုက္တြန္းခဲ့တယ္လို႔ သိရပါတယ္။
ဒါ့ျပင္ တ႐ုတ္ရဲ႕စြမ္းအင္လုံၿခဳံေရးကို ေသခ်ာေစဖို႔အတြက္ အေရးယူမႈေတြလုပ္ေဆာင္သြားမယ္လို႔လည္း တ႐ုတ္အစိုးရက ကတိျပဳေျပာဆိုခဲ့ပါတယ္။
ကုန္စည္အမ်ားအျပားအျပင္ ကမာၻလုံးဆိုင္ရာေရေၾကာင္း ေရနံေထာက္ပံ့မႈရဲ႕ေလးပုံပုံ တစ္ပုံနီးပါးဟာ ေဟာ္မုဇ္ေရလက္ၾကားကို ျဖတ္သန္းသြားလာေနရတာလည္းျဖစ္ပါတယ္။
ေဟာ္မုဇ္ေရလက္ၾကားကို ပိတ္ပစ္လိုက္ၿပီလို႔ အီရန္စစ္တပ္က ထုတ္ျပန္ေၾကညာခဲ့ၿပီးေနာက္ ႏိုင္ငံတကာသေဘၤာအဖြဲ႕မ်ားစြာဟာ ေရလမ္းေၾကာင္းကေနတစ္ဆင့္ ျဖတ္သန္းသြားလာမႈေတြကို ရပ္တန႔္ခဲ့ရတယ္လို႔လည္း သိရပါတယ္။
တ႐ုတ္အစိုးရက "စစ္ဘက္ဆိုင္ရာစစ္ဆင္ေရးေတြကို ေလွ်ာ့ခ်ဖို႔၊ တင္းမာမႈေတြ ျမင့္တက္လာတာကို ေရွာင္ရွားဖို႔၊ ေဟာ္မုဇ္ေရလက္ၾကားမွာရွိတဲ့သေဘၤာလမ္းေၾကာင္းေတြရဲ႕ေဘးကင္းလုံၿခဳံမႈကို ထိန္းသိမ္းထားဖို႔နဲ႔ ကမာၻလုံးဆိုင္ရာစီးပြားအေပၚႀကီးမားတဲ့သက္ေရာက္မႈတစ္ခုရွိလာမွာကို ကာကြယ္ဖို႔ ပါတီဝင္အားလုံးကို ကြၽန္ေတာ္တို႔ တိုက္တြန္းထားပါတယ္” လို႔ ေျပာခဲ့ပါတယ္။

Related news

© 2021. All rights reserved.