ဇနီးသည်အားခေါင်းဖြတ်သတ်ဖြတ်ခဲ့သည့် အမျိုးသားကို မှော်ဘီမြို့နယ်တရားရုံးက သေဒဏ်ချမှတ်

 820

သန့်ဇင်(NP News)-မတ် ၄
ရန်ကုန်တိုင်းဒေသကြီး၊ မှော်ဘီမြို့နယ်တွင် ဇနီးသည်အားခေါင်းဖြတ်သတ်ဖြတ်ခဲ့သည့် အမျိုးသားကို မှော်ဘီမြို့နယ်တရားရုံးက ယနေ့ (မတ် ၄ ရက်) တွင် သေဒဏ်ချမှတ်ခဲ့ကြောင်း သိရသည်။
ဖြစ်စဥ်မှာ ပြီးခဲသည့် ဇန်နဝါရီ ၂၄ ရက်၊ နံနက်ပိုင်းက မှော်ဘီမြို့နယ်၊ ဆတ်သွားတော၊ ပေတရာမြောက်ပိုင်းရပ်ကွက်တွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး လင်မယား(၂) ဦးစကားများစဉ် အမျိုးသားက ၎င်း၏ ဇနီးဖြစ်သူအား ခေါင်းဖြတ်သတ်ဖြတ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ထို့နောက် ၎င်းမှာ ဦးခေါင်းပြတ်အားကိုင်၍ လမ်းပေါ်တွင် သွားလာနေစဉ် ရဲတပ်ဖွဲ့က နာရီပိုင်းအတွင်းဖမ်းဆီးနိုင်ခဲ့ကြောင်း သိရသည်။
ထို့ကြောင်း ၎င်းအားဖမ်းဆီးပြီးနောက် တစ်လကျော်အကြာတွင် ရာဇသတ်ကြီး ဥပဒေပုဒ်မ ၃၀၂ ( ၁) အရ သေဒဏ်ချမှတ်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
သေဆုံးသူအမျိုးသမီးမှာ အသက် (၃၃) နှစ်အရွယ်ရှိကာ သား၊ သမီး (၂) ဦးရှိသူဖြစ်ပြီး သတ်ဖြတ်သူအမျိုးသားမှာ အာဠာဝကဆေးကြွပြီး ပြုလုပ်မိသည်ဟု ထွက်ဆိုခဲ့ကြောင်းလည်း သတင်းများထွက်ပေါ်ခဲ့သည်။

Zawgyi Version:
ဇနီးသည္အားေခါင္းျဖတ္သတ္ျဖတ္ခဲ့သည့္ အမ်ိဳးသားကို ေမွာ္ဘီၿမိဳ႕နယ္တရား႐ုံးက ေသဒဏ္ခ်မွတ္
သန႔္ဇင္(NP News)-မတ္ ၄
ရန္ကုန္တိုင္းေဒသႀကီး၊ ေမွာ္ဘီၿမိဳ႕နယ္တြင္ ဇနီးသည္အားေခါင္းျဖတ္သတ္ျဖတ္ခဲ့သည့္ အမ်ိဳးသားကို ေမွာ္ဘီၿမိဳ႕နယ္တရား႐ုံးက ယေန႔ (မတ္ ၄ ရက္) တြင္ ေသဒဏ္ခ်မွတ္ခဲ့ေၾကာင္း သိရသည္။
ျဖစ္စဥ္မွာ ၿပီးခဲသည့္ ဇန္နဝါရီ ၂၄ ရက္၊ နံနက္ပိုင္းက ေမွာ္ဘီၿမိဳ႕နယ္၊ ဆတ္သြားေတာ၊ ေပတရာေျမာက္ပိုင္းရပ္ကြက္တြင္ ျဖစ္ပြားခဲ့ျခင္းျဖစ္ၿပီး လင္မယား(၂) ဦးစကားစဥ္ အမ်ိဳးသားက ၎၏ ဇနီးျဖစ္သူအား ေခါင္းျဖတ္သတ္ျဖတ္ခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။
ထို႔ေနာက္ ၎မွာ ဦးေခါင္းျပတ္အားကိုင္၍ လမ္းေပၚတြင္ သြားလာေနစဥ္ ရဲတပ္ဖြဲ႕က နာရီပိုင္းအတြင္းဖမ္းဆီးႏိုင္ခဲ့ေၾကာင္း သိရသည္။
ထို႔ေၾကာင္း ၎အားဖမ္းဆီးၿပီးေနာက္ တစ္လေက်ာ္အၾကာတြင္ ရာဇသတ္ႀကီး ဥပေဒပုဒ္မ ၃၀၂ ( ၁) အရ ေသဒဏ္ခ်မွတ္ခဲ့ျခင္း ျဖစ္ေၾကာင္း သိရသည္။
ေသဆုံးသူအမ်ိဳးသမီးမွာ အသက္ (၃၃) ႏွစ္အ႐ြယ္ရွိကာ သား၊ သမီး (၂) ဦးရွိသူျဖစ္ၿပီး သတ္ျဖတ္သူအမ်ိဳးသားမွာ အာဠာဝကေဆးႂကြၿပီး ျပဳလုပ္မိသည္ဟု ထြက္ဆိုခဲ့ေၾကာင္းလည္း သတင္းမ်ားထြက္ေပၚခဲ့သည္။

Related news

© 2021. All rights reserved.