အရန်စက်သုံးဆီ ရက် (၄၀) စာ နှင့် ဆိပ်ကမ်းတွင် မချရသေးသည့် ဆီသင်္ဘော(၂)စင်း ရှိသည့်အပြင် ဆီသင်္ဘော (၁၄) စင်း ယခုရက်ပိုင်းအတွင်း ရောက်ရှိမည်

768

Pearl (NP News) - မတ် ၄
အရန် စက်သုံးဆီ ရက် ၄၀ စာ နှင့် ဆိပ်ကမ်းတွင် မချရသေးသည့် ဆီသင်္ဘော(၂)စင်း ရှိသည့်အပြင် ဆီသင်္ဘော ၁၄ စင်း ရက်ပိုင်းအတွင်းရောက်ရန်ရှိကြောင်း အမျိုးသား ကာကွယ်ရေးနှင့် လုံခြုံရေး ကောင်စီ ၏ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောသည်။
လက်ရှိကမ္ဘာ့နိုင်ငံရေးအခြေအနေများအရ အရှေ့အလယ်ပိုင်းဒေသအတွင်း၌ စစ်ရေး ပဋိပက္ခများကြောင့် လောင်စာဆီတင်သွင်းသည့်သင်္ဘောများဖြင့် သယ်ယူပို့ဆောင်ရာ ရေလမ်းကြောင်း တစ်လျှောက်တွင် အတားအဆီး၊ အဟန့်အတားပိတ်ဆို့မှုများ ဖြစ်ပေါ်လျက်ရှိသည့်အတွက် ပြည်တွင်း၌ စက်သုံးဆီ ခြိုးခြံချွေတာသုံးစွဲရေးအတွက် စည်းကမ်းသတ်မှတ်ချက်များကို အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီက ယမန်နေ့ (မတ်လ ၃ ရက်) ညပိုင်းတွင် ထုတ်ပြန်ခဲ့ရာ အဆိုပါ ထုတ်ပြန်ချက်သည်ပြည်တွင်း၌ စက်သုံးဆီမရှိ၍ မဟုတ်ဘဲ ရေရှည်ဖြစ်လာနိုင်မည့်ကိစ္စများကို တွက်ဆထုတ်ပြန်ခြင်းဖြစ်ကြောင်း ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောသည်။
"ရေရှည်ဖြစ်လာနိုင်မယ့် ကိစ္စတွေကိုတွက်ဆပြီးတော့ ကျွန်တော်တို့ခြိုးခြံချွေတာရေးအတွက်သာ ထုတ်ပြန်ခဲ့ခြင်းဖြစ်ပါတယ်။ စနစ်တကျအသုံးပြုပြီးတော့ ကမ္ဘာမှာကြုံတွေ့နေရတဲ့ လောင်စာဆီအခက်အခဲကို မြန်မာနိုင်ငံအနေနဲ့ စနစ်တကျဖြက်သန်းနိုင်ဖို့ ရည်ရွယ်ပြီး ထုတ်ပြန်ခဲ့ရခြင်းဖြစ်ပါတယ်" ဟု ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောသည်။
မြန်မာနိုင်ငံ၏ စက်သုံးဆီသုံးစွဲမှုသည် တစ်ရက်လျှင် ဓာတ်ဆီ ၁ ဒသမ ၅ သန်းဂါလံ၊ ဒီဇယ်ဆီ ၁ ဒသမ ၇ သန်း ဂါလံခန့် စုစုပေါင်းတစ်ရက်လျှင် ဆီဂါလံ ၃ ဒသမ ၂ သန်းခန့်ဖြစ်ပြီး လက်ရှိမြန်မာနိုင်ငံတွင် ဓာတ်ဆီဂါလံသန်း ၆၀ နှင့် ဒီဇယ်ဆီဂါလံသန်း ၇၀ နီးပါး စုပုံထားပြီးဖြစ်သည့်အတွက် အရန်ဆီအနေဖြင့် ရက် (၄၀) စာ ရှိနေကြောင်း သိရသည်။
ထို့ပြင် ဆိပ်ကမ်းတွင် ဆီမချရသေးဘဲ ကပ်ထားသည့်သင်္ဘောနှစ်စီးရောက်ရှိနေသည့်အပြင် ဝယ်ယူထားပြီး လမ်းတွင်ရှိနေသည့် စက်သုံးဆီ သင်္ဘော ၁၄ စင်းရှိပြီး အဆိုပါသင်္ဘော ၁၄ စင်းသည်လည်း ယခုရက်ပိုင်းအတွင်း ဆိုက်ကပ်လာမည်ဖြစ်ကြောင်းလည်း သိရသည်။
" အိမ်နီးနားချင်းထိုင်းနိုင်ငံအနေနဲ့ သူတို့နိုင်ငံကနေ ဆီတင်ပို့တာပိတ်သိမ်းလိုက်ပြီးဆိုတာကို ကြေညာတာနဲ့ ပတ်သက်ပြီးတော့ ဒါကောလာဟလသတင်းတွေထုတ်လွှင့်နေတာရှိပါတယ်။ ကျွန်တော်အနေနဲ့ ပြောချင်တာက ကျွန်တော်တို့သည် ဆီတင်သွင်းတာက အရှေ့တောင်အာရှနိုင်ငံတွေထဲကဆိုရင် စင်ကာပူနဲ့ မလေးရှားကနေပြီး တင်သွင်းနေတာဖြစ်ပါတယ်။ စင်ကာပူတို့၊ မလေးရှားတို့မှာလည်း ဒီဆီနဲ့ပတ်သက်လာရင် ရေနံချက်စက်ရုံတွေရှိပြီးဖြစ်ပါတယ်။ သူတို့နိုင်ငံတွေအနေနဲ့လည်း သူတို့ရေနံချက်စက်ရုံတွေကို ရပ်ပြီးနေမှာမဟုတ်ပါဘူး။ သူတို့အနေနဲ့ အရှေ့အလယ်ပိုင်းက ရေနံမရလည်း ရတဲ့နိုင်ငံကနေ ရေနံတင်သွင်းပြီးတော့ လည်ပတ်မှာဖြစ်ပါတယ်။ ဘာကြောင့်လဲဆိုတော့ သူတို့အနေနဲ့က ဒီဟာသည် သူတို့ရဲ့လှုပ်ရှားရမယ့် စီးပွားရေးဖြစ်တဲ့အတွက် ကြောင့် လည်ပတ်မှုရပ်တန့်စရာမရှိပါဘူး" ဟု ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောသည်။
လက်ရှိတွင် စက်သုံးဆီဆိုင်များတွင် ပြည်သူများတန်းစီဝယ်ယူမှုများရှိနေကြောင်းသိရပြီး စက်သုံးဆီပြတ်လက်ရန်မရှိသည့်အတွက် စနစ်တကျဝယ်ယူကြရန်လည်း ပြောသည်။
"ဒါကြောင့် ကျွန်တော်အနေနဲ့ပြောချင်တာက ဒီစက်သုံးဆီနဲ့ပတ်သက်ပြီး ကျွန်တော်တို့နိုင်ငံမှာ ပြတ်လပ်သွားစရာအကြောင်းမရှိပါဘူး။ သို့သော်ကမ္ဘာမှာဖြစ်ပေါ်နေတဲ့ အခြေအနေအရ ကမ္ဘာဈေးနှုန်းနဲ့အညီတော့ စက်သုံးဆီများက ဈေးနှုန်းများဖြစ်လာနိုင်စရာအကြောင်းရှိပါတယ်" ဟု ပြောသည်။
ထို့ပြင် စက်သုံးဆီဆိုင်များကိုဖွင့်လှစ်ထားမည်ဖြစ်ပြီး မရောင်းချသည့်ဆီဆိုင်များကို တိုင်ကြားနိုင်မည့် ဖုန်းနံပါတ်များကိုလည်း စွမ်းအင်ဝန်ကြီးဌာနက ထုတ်ပြန်ပေးမည်ဖြစ်ကြောင်း သိရသည်။

Zawgyi Version:
အရန္စက္သုံးဆီ ရက္ (၄၀) စာ ႏွင့္ ဆိပ္ကမ္းတြင္ မခ်ရေသးသည့္ ဆီသေဘၤာ(၂)စင္း ရွိသည့္အျပင္ ဆီသေဘၤာ (၁၄) စင္း ယခုရက္ပိုင္းအတြင္း ေရာက္ရွိမည္
Pearl (NP News) - မတ္ ၄
အရန္ စက္သုံးဆီ ရက္ ၄၀ စာ ႏွင့္ ဆိပ္ကမ္းတြင္ မခ်ရေသးသည့္ ဆီသေဘၤာ(၂)စင္း ရွိသည့္အျပင္ ဆီသေဘၤာ ၁၄ စင္း ရက္ပိုင္းအတြင္းေရာက္ရန္ရွိေၾကာင္း အမ်ိဳးသား ကာကြယ္ေရးႏွင့္ လုံၿခဳံေရး ေကာင္စီ ၏ ေျပာေရးဆိုခြင့္ရွိသူ ဗိုလ္ခ်ဳပ္ေဇာ္မင္းထြန္းက ေျပာသည္။
လက္ရွိကမာၻ႔ႏိုင္ငံေရးအေျခအေနမ်ားအရ အေရွ႕အလယ္ပိုင္းေဒသအတြင္း၌ စစ္ေရး ပဋိပကၡမ်ားေၾကာင့္ ေလာင္စာဆီတင္သြင္းသည့္သေဘၤာမ်ားျဖင့္ သယ္ယူပို႔ေဆာင္ရာ ေရလမ္းေၾကာင္း တစ္ေလွ်ာက္တြင္ အတားအဆီး၊ အဟန႔္အတားပိတ္ဆို႔မႈမ်ား ျဖစ္ေပၚလ်က္ရွိသည့္အတြက္ ျပည္တြင္း၌ စက္သုံးဆီ ၿခိဳးၿခံေခြၽတာသုံးစြဲေရးအတြက္ စည္းကမ္းသတ္မွတ္ခ်က္မ်ားကို အမ်ိဳးသားကာကြယ္ေရးႏွင့္လုံၿခဳံေရးေကာင္စီက ယမန္ေန႔ (မတ္လ ၃ ရက္) ညပိုင္းတြင္ ထုတ္ျပန္ခဲ့ရာ အဆိုပါ ထုတ္ျပန္ခ်က္သည္ျပည္တြင္း၌ စက္သုံးဆီမရွိ၍ မဟုတ္ဘဲ ေရရွည္ျဖစ္လာႏိုင္မည့္ကိစၥမ်ားကို တြက္ဆထုတ္ျပန္ျခင္းျဖစ္ေၾကာင္း ဗိုလ္ခ်ဳပ္ေဇာ္မင္းထြန္းက ေျပာသည္။
"ေရရွည္ျဖစ္လာႏိုင္မယ့္ ကိစၥေတြကိုတြက္ဆၿပီးေတာ့ ကြၽန္ေတာ္တို႔ၿခိဳးၿခံေခြၽတာေရးအတြက္သာ ထုတ္ျပန္ခဲ့ျခင္းျဖစ္ပါတယ္။ စနစ္တက်အသုံးျပဳၿပီးေတာ့ ကမာၻမွာႀကဳံေတြ႕ေနရတဲ့ ေလာင္စာဆီအခက္အခဲကို ျမန္မာႏိုင္ငံအေနနဲ႔ စနစ္တက်ျဖက္သန္းႏိုင္ဖို႔ ရည္႐ြယ္ၿပီး ထုတ္ျပန္ခဲ့ရျခင္းျဖစ္ပါတယ္" ဟု ဗိုလ္ခ်ဳပ္ေဇာ္မင္းထြန္းက ေျပာသည္။
ျမန္မာႏိုင္ငံ၏ စက္သုံးဆီသုံးစြဲမႈသည္ တစ္ရက္လွ်င္ ဓာတ္ဆီ ၁ ဒသမ ၅ သန္းဂါလံ၊ ဒီဇယ္ဆီ ၁ ဒသမ ၇ သန္း ဂါလံခန႔္ စုစုေပါင္းတစ္ရက္လွ်င္ ဆီဂါလံ ၃ ဒသမ ၂ သန္းခန႔္ျဖစ္ၿပီး လက္ရွိျမန္မာႏိုင္ငံတြင္ ဓာတ္ဆီဂါလံသန္း ၆၀ ႏွင့္ ဒီဇယ္ဆီဂါလံသန္း ၇၀ နီးပါး စုပုံထားၿပီးျဖစ္သည့္အတြက္ အရန္ဆီအေနျဖင့္ ရက္ (၄၀) စာ ရွိေနေၾကာင္း သိရသည္။
ထို႔ျပင္ ဆိပ္ကမ္းတြင္ ဆီမခ်ရေသးဘဲ ကပ္ထားသည့္သေဘၤာႏွစ္စီးေရာက္ရွိေနသည့္အျပင္ ဝယ္ယူထားၿပီး လမ္းတြင္ရွိေနသည့္ စက္သုံးဆီ သေဘၤာ ၁၄ စင္းရွိၿပီး အဆိုပါသေဘၤာ ၁၄ စင္းသည္လည္း ယခုရက္ပိုင္းအတြင္း ဆိုက္ကပ္လာမည္ျဖစ္ေၾကာင္းလည္း သိရသည္။
" အိမ္နီးနားခ်င္းထိုင္းႏိုင္ငံအေနနဲ႔ သူတို႔ႏိုင္ငံကေန ဆီတင္ပို႔တာပိတ္သိမ္းလိုက္ၿပီးဆိုတာကို ေၾကညာတာနဲ႔ ပတ္သက္ၿပီးေတာ့ ဒါေကာလာဟလသတင္းေတြထုတ္လႊင့္ေနတာရွိပါတယ္။ ကြၽန္ေတာ္အေနနဲ႔ ေျပာခ်င္တာက ကြၽန္ေတာ္တို႔သည္ ဆီတင္သြင္းတာက အေရွ႕ေတာင္အာရွႏိုင္ငံေတြထဲကဆိုရင္ စင္ကာပူနဲ႔ မေလးရွားကေနၿပီး တင္သြင္းေနတာျဖစ္ပါတယ္။ စင္ကာပူတို႔၊ မေလးရွားတို႔မွာလည္း ဒီဆီနဲ႔ပတ္သက္လာရင္ ေရနံခ်က္စက္႐ုံေတြရွိၿပီးျဖစ္ပါတယ္။ သူတို႔ႏိုင္ငံေတြအေနနဲ႔လည္း သူတို႔ေရနံခ်က္စက္႐ုံေတြကို ရပ္ၿပီးေနမွာမဟုတ္ပါဘူး။ သူတို႔အေနနဲ႔ အေရွ႕အလယ္ပိုင္းက ေရနံမရလည္း ရတဲ့ႏိုင္ငံကေန ေရနံတင္သြင္းၿပီးေတာ့ လည္ပတ္မွာျဖစ္ပါတယ္။ ဘာေၾကာင့္လဲဆိုေတာ့ သူတို႔အေနနဲ႔က ဒီဟာသည္ သူတို႔ရဲ႕လႈပ္ရွားရမယ့္ စီးပြားေရးျဖစ္တဲ့အတြက္ ေၾကာင့္ လည္ပတ္မႈရပ္တန႔္စရာမရွိပါဘူး" ဟု ဗိုလ္ခ်ဳပ္ေဇာ္မင္းထြန္းက ေျပာသည္။
လက္ရွိတြင္ စက္သုံးဆီဆိုင္မ်ားတြင္ ျပည္သူမ်ားတန္းစီဝယ္ယူမႈမ်ားရွိေနေၾကာင္းသိရၿပီး စက္သုံးဆီျပတ္လက္ရန္မရွိသည့္အတြက္ စနစ္တက်ဝယ္ယူၾကရန္လည္း ေျပာသည္။
"ဒါေၾကာင့္ ကြၽန္ေတာ္အေနနဲ႔ေျပာခ်င္တာက ဒီစက္သုံးဆီနဲ႔ပတ္သက္ၿပီး ကြၽန္ေတာ္တို႔ႏိုင္ငံမွာ ျပတ္လပ္သြားစရာအေၾကာင္းမရွိပါဘူး။ သို႔ေသာ္ကမာၻမွာျဖစ္ေပၚေနတဲ့ အေျခအေနအရ ကမာၻေဈးႏႈန္းနဲ႔အညီေတာ့ စက္သုံးဆီမ်ားက ေဈးႏႈန္းမ်ားျဖစ္လာႏိုင္စရာအေၾကာင္းရွိပါတယ္" ဟု ေျပာသည္။
ထို႔ျပင္ စက္သုံးဆီဆိုင္မ်ားကိုဖြင့္လွစ္ထားမည္ျဖစ္ၿပီး မေရာင္းခ်သည့္ဆီဆိုင္မ်ားကို တိုင္ၾကားႏိုင္မည့္ ဖုန္းနံပါတ္မ်ားကိုလည္း စြမ္းအင္ဝန္ႀကီးဌာနက ထုတ္ျပန္ေပးမည္ျဖစ္ေၾကာင္း သိရသည္။