မဟာမုနိဘုရားကြီးတွင် စိန်ဖူးတော်အသစ် တင်လှူပူဇော်

 310

စိမ့်စမ်းရေ (NP News) - မတ် ၄

မန္တလေးမြို့ရှိ မဟာမုနိဘုရားကြီးတွင် ဂန္ဓကုဋီတိုက် ရွှေကျောင်းတော်ကြီး၏ ရတနာစိန်ဖူးတော်၊ ငှက်မျက်နားတော်နှင့် ရွှေထီးတော်တို့ကို အသစ်ပြန်လည်တင်လှူပူဇော်ခြင်းနှင့် ဗုဒ္ဓဘိသေက နေကဇာတင်မင်္ဂလာအခမ်းအနားကို ယနေ့ (မတ်လ ၄ ရက်) တွင် ခမ်းနားစွာကျင်းပခဲ့ကြောင်း သိရသည်။
ယခု အသစ်တင်လှူသော စိန်ဖူးတော်သည် မူလထက် ပိုမိုကြီးမားပြီး ယခင်အချင်း (၁ဝ) လက်မခန့်ရှိရာမှ ယခုအချင်း (၁၁) လက်မရှိပြီး အလေးချိန်မှာလည်း (၃) ပိဿကျော်ရှိကြောင်း သိရသည်။
ထို့အပြင် ထီးတော် နှင့် ငှက်မျက်နားတော်များကိုလည်း ရောင်တော်ဖွင့်ကာ ပြန်လည်တင်လှူပူဇော်ခဲ့ကြောင်း သိရသည်။
ပြီးခဲ့သည့် ၂၀၂၅ ခုနှစ် မတ်လ ၂၈ ရက်က လှုပ်ခတ်ခဲ့သည့် မန္တလေးငလျင်ကြီးကြောင့် မဟာမုနိဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး၏ မကိုဋ်တော်စောင်းသွားခြင်း၊ ရွှေသားထီးတော်ကြီး၏ အနောက်ဘက်စောင်းသွားခြင်း၊ စိန်ဖူးတော်မြေခခြင်းများအပြင် မဟာမုနိဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး ကိန်းဝပ် စံပါယ်တော်မူသော ဂန္ဓကုဋိတိုက်၏ အရပ်လေးမျက်နှာရှိ စမြင်များ၊ တန်ဆောင်းနေရာများ နှင့် နေရာအချို့တွင်လည်း ပြိုကျပျက်စီးမှုများဖြစ်ပေါ်ခဲ့ကြောင်း သိရသည်။

ထို့နောက် အစိတ်အပိုင်းများအားလုံးကို မြေပြင်သို့ပင့်ဆောင်ကာ ပြန်လည်စစ်ဆေးပြုပြင်ပြီး ခိုင်ခံ့မှုအားနည်းနေသောအစိတ်အပိုင်းများကို ပြန်လည်ပြုပြင်ပြီး ရွှေထပ်ထည့်သင့်သည့်နေရာများတွင် ပြန်လည်ရွှေထည့်ကာ ပြုပြင်တည်ဆောက်ခဲ့ပြီးနောက် ယခုကဲ့သို့အသစ်တင်လှူပူဇော်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
လက်ရှိတွင် မဟာမုနိဘုရားကြီးကို နေ့စဉ် မနက်(၆)နာရီမှ ညနေ (၅) နာရီ ၃ဝ အထိ ပိတ်ရက်မရှိ ဖူးမြှော်နိုင်ပြီး ရွှေသင်္ကန်းများလည်း ကပ်လှူပူဇော်နိုင်ကြောင်း သိရသည်။

Zawgyi Version;
မဟာမုနိဘုရားႀကီးတြင္ စိန္ဖူးေတာ္အသစ္ တင္လႉပူေဇာ္
စိမ့္စမ္းေရ (NP News) - မတ္ ၄
မႏၲေလးၿမိဳ႕ရွိ မဟာမုနိဘုရားႀကီးတြင္ ဂႏၶကုဋီတိုက္ ေ႐ႊေက်ာင္းေတာ္ႀကီး၏ ရတနာစိန္ဖူးေတာ္၊ ငွက္မ်က္နားေတာ္ႏွင့္ ေ႐ႊထီးေတာ္တို႔ကို အသစ္ျပန္လည္တင္လႉပူေဇာ္ျခင္းႏွင့္ ဗုဒၶဘိေသက ေနကဇာတင္မဂၤလာအခမ္းအနားကို ယေန႔ (မတ္လ ၄ ရက္) တြင္ ခမ္းနားစြာက်င္းပခဲ့ေၾကာင္း သိရသည္။
ယခု အသစ္တင္လႉေသာ စိန္ဖူးေတာ္သည္ မူလထက္ ပိုမိုႀကီးမားၿပီး ယခင္အခ်င္း (၁ဝ) လက္မခန႔္ရွိရာမွ ယခုအခ်င္း (၁၁) လက္မရွိၿပီး အေလးခ်ိန္မွာလည္း (၃) ပိႆေက်ာ္ရွိေၾကာင္း သိရသည္။
ထို႔အျပင္ ထီးေတာ္ ႏွင့္ ငွက္မ်က္နားေတာ္မ်ားကိုလည္း ေရာင္ေတာ္ဖြင့္ကာ ျပန္လည္တင္လႉပူေဇာ္ခဲ့ေၾကာင္း သိရသည္။
ၿပီးခဲ့သည့္ ၂၀၂၅ ခုႏွစ္ မတ္လ ၂၈ ရက္က လႈပ္ခတ္ခဲ့သည့္ မႏၲေလးငလ်င္ႀကီးေၾကာင့္ မဟာမုနိဗုဒၶ႐ုပ္ပြားေတာ္ျမတ္ႀကီး၏ မကိုဋ္ေတာ္ေစာင္းသြားျခင္း၊ ေ႐ႊသားထီးေတာ္ႀကီး၏ အေနာက္ဘက္ေစာင္းသြားျခင္း၊ စိန္ဖူးေတာ္ေျမချခင္းမ်ားအျပင္ မဟာမုနိဗုဒၶ႐ုပ္ပြားေတာ္ျမတ္ႀကီး ကိန္းဝပ္ စံပါယ္ေတာ္မူေသာ ဂႏၶကုဋိတိုက္၏ အရပ္ေလးမ်က္ႏွာရွိ စျမင္မ်ား၊ တန္ေဆာင္းေနရာမ်ား ႏွင့္ ေနရာအခ်ိဳ႕တြင္လည္း ၿပိဳက်ပ်က္စီးမႈမ်ားျဖစ္ေပၚခဲ့ေၾကာင္း သိရသည္။

ထို႔ေနာက္ အစိတ္အပိုင္းမ်ားအားလုံးကို ေျမျပင္သို႔ပင့္ေဆာင္ကာ ျပန္လည္စစ္ေဆးျပဳျပင္ၿပီး ခိုင္ခံ့မႈအားနည္းေနေသာအစိတ္အပိုင္းမ်ားကို ျပန္လည္ျပဳျပင္ၿပီး ေ႐ႊထပ္ထည့္သင့္သည့္ေနရာမ်ားတြင္ ျပန္လည္ေ႐ႊထည့္ကာ ျပဳျပင္တည္ေဆာက္ခဲ့ၿပီးေနာက္ ယခုကဲ့သို႔အသစ္တင္လႉပူေဇာ္ခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။
လက္ရွိတြင္ မဟာမုနိဘုရားႀကီးကို ေန႔စဥ္ မနက္(၆)နာရီမွ ညေန (၅) နာရီ ၃ဝ အထိ ပိတ္ရက္မရွိ ဖူးေျမႇာ္ႏိုင္ၿပီး ေ႐ႊသကၤန္းမ်ားလည္း ကပ္လႉပူေဇာ္ႏိုင္ေၾကာင္း သိရသည္။

Related news

© 2021. All rights reserved.