State ဆိုတာ နိုင်ငံလား၊ ပြည်နယ်လား နဲ့ နိုင်ငံသားဗဟိုပြု အမျိုးသားရေးဝါဒ အစ (အတွေးအမြင်)

206

.HtayOung (NP News) - မတ် ၄
ယခင်တုန်းကတော့ မြို့ပြတစ်ခုဟာ City-State လို့ ခေါ်တဲ့ နိုင်ငံတစ်ခုဖြစ်တယ်၊ မြို့တစ်မြို့လောက်နဲ့ နိုင်ငံ တစ်ခုဖြစ်ရသလားဆိုတာ ဒီဘက်ခေတ်လူတွေအတွက် ရယ်စရာ ထင်ရပေမယ့် တောတောင် ပထဝီအနေ အ ထားနဲ့ လမ်းပန်းဆက်သွယ်ရေး ခက်ခဲမှု၊ လူ့အသိုင်းဝိုင်းကြီး တစ်ခုနဲ့တစ်ခု ထိတွေ့ဆက်ဆံရေး နည်းပါးမှုတို့ကြောင့် ဖြစ်တယ်။
ဦးအောင်ဇေယျက မုဆိုးဖိုနဲ့ ၄၆ ရွာကို ထန်းလုံးတပ်ကာပြီး ”ရတနာသိင်္ခ” နိုင်ငံတော်လို့ အမည်ပေးစဉ် ကန ဦးအစ ကာလမျိုးဖြစ်တယ်။ တစ်ချိန်တည်း ကမ္ဘာမှာလည်း အေသင်၊ စပါတန်၊ ဗင်းနစ်၊ ဖလော့ရင်စ် စသည်တို့ ဟာ သီးခြားနိုင်ငံအဖြစ် တည်ရှိတဲ့ မြို့ပြတွေဖြစ်တယ်။ တစ်ချို့ဆို ခရစ်တော် မပေါ်မီတည်းကဖြစ်ပြီး နှစ်ပါင်း ထောင်ချီသက်တမ်းရှိတယ်။
အဲ့ဒီခေတ် နိုင်ငံဆိုတာ တိုင်းပြည်တစ်ပြည်မှာ အကျုံးဝင်တဲ့ “နိုင်ငံသား” ဆိုတာထက် ဘုရင်-မင်းသား- မဟာ ရာဖာကို သစ္စာခံကြတယ်။ နောက်တော့ ရတနာသိင်္ခ နိုင်ငံတော်ထူထောင်တဲ့ အညာသား ဦးအောင်ဇေယျ လည်း အောက်မြန်မာနိုင်ငံကို တိုက်ခိုက်သိမ်းသွင်းတယ်။ ညောင်ရမ်းမင်းဆက်ရဲ့ ပျက်သုဉ်း သွားတဲ့ အင်းဝကို ပြန်လည်သိမ်းယူပြီး ၁၇၅၄-ခုနှစ်မှာ တတိယမြန်မာနိုင်ငံကို ထူတောင်တယ်။
ဥရောပ မြို့ပြနိုင်ငံအချင်းချင်းကြား နှစ် ၃၀ စစ်ပွဲကို ၁၆၄၈-ခုနှစ် “ဝက်စ်ဖာလီယာ ငြိမ်းချမ်းရေးစာချုပ်” နဲ့ ရပ် တန့်နိုင်ခဲ့တယ်။ နိုင်ငံတစ်နိုင်ငံဟာ အခြားနိုင်ငံရဲ့ အချုပ်အချာအာဏာပိုင်မှုကို စွက်ဖက်ကျုးကျော်ခြင်း မပြုရ ဆိုတဲ့ ဒီနေ့ခေတ် ကျင့်ဝတ်စည်းကမ်းတွေဟာ အဲ့ဒီက စတင်ပါတယ်။ အဲ့ဒီအချိန်ထိ Nation-Sate ဆိုတာ မဖြစ် သေးပဲ ရှင်ဘုရင်တွေ အုပ်ချုပ်တုန်းပဲ ရှိသေးတယ်။ နောက် ၁၇၈၉-ခုနှစ် ပြင်သစ်တော်လှန်ရေး ပေါ်ပေါက်လာ ပြီး “နိုင်ငံဆိုတာ ဘုရင်ပိုင် မဟုတ်ဖူး၊ ပြည်သူလူထုကို ကိုယ်စားပြုတယ်” လို့ ခံယူလာကြတယ်။ လူမျိုး-ဘာ သာစကား-ယဉ်ကျေးမှု တူညီရာများကို စုစည်းပြီး Nation နိုင်ငံဆိုတာ ဖြစ်လာတယ်။ ၁၈၆၁-ခုနှစ်မှာ အီတ လီ၊ ၁၈၇၁-ခုနှစ်မှာ ဂျာမနီတို့က မြို့ပြများ-ဘုရင့်နိုင်ငံဆိုသည်များကို စုစည်းပြီး တစ်ခုတည်းသော နိုင်ငံတော် Nation + State = Nation-State ဖြစ်သွားတယ်။
အဲ့ဒီကနေ အမျိုးသားရေးဝါဒ Nationalism ဆိုတာ ဖြစ်လာတယ်။
ဒါ့ကြောင့် အမျိုးသားရေးဝါဒ ဆိုတာ ဦးအောင်ဇေယျ ရွှေဘိုအင်ပါယာ ထူထောင်စခေတ်နဲ့ နောက်ပိုင်းခေတ် သူကိုယ်တိုင် မတူတော့ကြောင်း ထင်ရှားတယ်။ ဦးအောင်ဇေယျသူ့မတိုင်မီ အနော်ရထာ-ဘုရင့်နောင်တို့လဲ အဲ့ဒီလို ပြောင်းလဲတဲ့ အမြင်မျိုး မရှိခဲ့ရင် ဒီနေ့ခေတ် မြန်မာနိုင်ငံဆိုတာ ဖြစ်လာမှာ မဟုတ်တော့ပါ။
ဘုရင့်နောင် လက်ထက် မြန်မာအင်ပါယာဟာ ဒီနေ့ခေတ်ထက် ဧရိယာ ၂-ဆ ကျော်တယ်။ သိမ်းသွင်းခံရသူတွေ ကိုယ်တိုင် ကျေနပ်တယ်။ သူဘယ်လို စုစည်းခဲ့မယ်ထင်ပါသလဲ။
မတူညီတဲ့ ပြည်နယ်/မြို့ပြတွေကို စုစည်းပြီး Nation-State တိုင်းပြည်ကို ထူထောင်လိုလျင် Ethnic လူမျိုး Religeous ကိုးကွယ်ရာဘာသာကို အခြေခံရမလား၊ Civic နိုင်ငံသားဖြစ်မှုကို အခြေခံရမလား စဉ်းစားသူ များလာရင် ကျွန်တော်တို့ ရာစုနှစ်နီးပါး သက်တော်ရှည် ပြည်တွင်းစစ်ကြီး အမြန်ချုပ်ငြိမ်းမယ်။
အထက်မှာ ဖော်ပြခဲ့တဲ့ အေသင်၊ စပါတန်၊ ဗင်းနစ်၊ ဖလော့ရင်စ် ဥရောပမြို့ပြနိုင်ငံတွေဟာ ဒီဘက်ခေတ် အီတလီ ဂရိနိုင်ငံအတွင်း မြို့ကြီးတွေဖြစ်နေကြောင်း တွေ့ရပါလိမ့်မယ်။ ဒါပေမယ့် ဒီဘက်ခေတ် စင်္ကာပူ၊ မိုနာကို၊ ဗာတီကန်စီးတီးတို့ဟာ City-State မြို့တစ်မြို့တည်းကို နိုင်ငံလုပ်ထားပေမယ့် "တိုင်း ပြည်/နိုင်ငံတစ်ခု"အဖြစ် အချုပ်အချာအာဏာပိုင်တယ်။
ဒါကြောင့် ဒီဘက်ခေတ် State ဆိုတာ “ပြည်နယ်” ဖြစ်သွားပြီး “နိုင်ငံ” လို့ မယူဆကြတော့ပါ ဥပမာ United States of America အမေရိကန်ပြည်ထောင်စု။
State City ဆိုတာ တရားဝင်နိုင်ငံရေး ဝေါဟာရ မရှိပါ။ ဒါပေမယ့် တမင် ရေးလျင်တော့ ပြည်နယ် သို့မဟုတ် နိုင်ငံရဲ့ မြို့တော်ဖြစ်သွားတယ်၊ ဥပမာ တိုကျို၊ နယူးယောက်စီးတီး ဆိုလျင် အမေရိကန် နယူးယောက် ပြည် နယ်ရဲ့ မြို့တော်ဖြစ်တယ်။
Capital ဆိုတာ မြို့တော်ဖြစ်ပြီး နေပြည်တော် ဆိုတာ မြန်မာနိုင်ငံရဲ့ မြို့တော်၊ ရန်ကုန်ကို စီးပွားရေး မြို့တော်၊ မန္တလေးကို ယဉ်ကျေးမှု မြို့တော် လို့ ပြောဆိုနိုင်ပါတယ်။

Zawgyi Version:
State ဆိုတာ ႏိုင္ငံလား၊ ျပည္နယ္လား နဲ႔ ႏိုင္ငံသားဗဟိုျပဳ အမ်ိဳးသားေရးဝါဒ အစ
.HtayOung (NP News) - မတ္ ၄
ယခင္တုန္းကေတာ့ ၿမိဳ႕ျပတစ္ခုဟာ City-State လို႔ ေခၚတဲ့ ႏိုင္ငံတစ္ခုျဖစ္တယ္၊ ၿမိဳ႕တစ္ၿမိဳ႕ေလာက္နဲ႔ ႏိုင္ငံ တစ္ခုျဖစ္ရသလားဆိုတာ ဒီဘက္ေခတ္လူေတြအတြက္ ရယ္စရာ ထင္ရေပမယ့္ ေတာေတာင္ ပထဝီအေန အ ထားနဲ႔ လမ္းပန္းဆက္သြယ္ေရး ခက္ခဲမႈ၊ လူ႔အသိုင္းဝိုင္းႀကီး တစ္ခုနဲ႔တစ္ခု ထိေတြ႕ဆက္ဆံေရး နည္းပါးမႈတို႔ေၾကာင့္ ျဖစ္တယ္။
ဦးေအာင္ေဇယ်က မုဆိုးဖိုနဲ႔ ၄၆ ႐ြာကို ထန္းလုံးတပ္ကာၿပီး ”ရတနာသိခၤ” ႏိုင္ငံေတာ္လို႔ အမည္ေပးစဥ္ ကန ဦးအစ ကာလမ်ိဳးျဖစ္တယ္။ တစ္ခ်ိန္တည္း ကမာၻမွာလည္း ေအသင္၊ စပါတန္၊ ဗင္းနစ္၊ ဖေလာ့ရင္စ္ စသည္တို႔ ဟာ သီးျခားႏိုင္ငံအျဖစ္ တည္ရွိတဲ့ ၿမိဳ႕ျပေတြျဖစ္တယ္။ တစ္ခ်ိဳ႕ဆို ခရစ္ေတာ္ မေပၚမီတည္းကျဖစ္ၿပီး ႏွစ္ပါင္း ေထာင္ခ်ီသက္တမ္းရွိတယ္။
အဲ့ဒီေခတ္ ႏိုင္ငံဆိုတာ တိုင္းျပည္တစ္ျပည္မွာ အက်ဳံးဝင္တဲ့ “ႏိုင္ငံသား” ဆိုတာထက္ ဘုရင္-မင္းသား- မဟာ ရာဖာကို သစၥာခံၾကတယ္။ ေနာက္ေတာ့ ရတနာသိခၤ ႏိုင္ငံေတာ္ထူေထာင္တဲ့ အညာသား ဦးေအာင္ေဇယ် လည္း ေအာက္ျမန္မာႏိုင္ငံကို တိုက္ခိုက္သိမ္းသြင္းတယ္။ ေညာင္ရမ္းမင္းဆက္ရဲ႕ ပ်က္သုဥ္း သြားတဲ့ အင္းဝကို ျပန္လည္သိမ္းယူၿပီး ၁၇၅၄-ခုႏွစ္မွာ တတိယျမန္မာႏိုင္ငံကို ထူေတာင္တယ္။
ဥေရာပ ၿမိဳ႕ျပႏိုင္ငံအခ်င္းခ်င္းၾကား ႏွစ္ ၃၀ စစ္ပြဲကို ၁၆၄၈-ခုႏွစ္ “ဝက္စ္ဖာလီယာ ၿငိမ္းခ်မ္းေရးစာခ်ဳပ္” နဲ႔ ရပ္ တန႔္ႏိုင္ခဲ့တယ္။ ႏိုင္ငံတစ္ႏိုင္ငံဟာ အျခားႏိုင္ငံရဲ႕ အခ်ဳပ္အခ်ာအာဏာပိုင္မႈကို စြက္ဖက္က်ဳးေက်ာ္ျခင္း မျပဳရ ဆိုတဲ့ ဒီေန႔ေခတ္ က်င့္ဝတ္စည္းကမ္းေတြဟာ အဲ့ဒီက စတင္ပါတယ္။ အဲ့ဒီအခ်ိန္ထိ Nation-Sate ဆိုတာ မျဖစ္ ေသးပဲ ရွင္ဘုရင္ေတြ အုပ္ခ်ဳပ္တုန္းပဲ ရွိေသးတယ္။ ေနာက္ ၁၇၈၉-ခုႏွစ္ ျပင္သစ္ေတာ္လွန္ေရး ေပၚေပါက္လာ ၿပီး “ႏိုင္ငံဆိုတာ ဘုရင္ပိုင္ မဟုတ္ဖူး၊ ျပည္သူလူထုကို ကိုယ္စားျပဳတယ္” လို႔ ခံယူလာၾကတယ္။ လူမ်ိဳး-ဘာ သာစကား-ယဥ္ေက်းမႈ တူညီရာမ်ားကို စုစည္းၿပီး Nation ႏိုင္ငံဆိုတာ ျဖစ္လာတယ္။ ၁၈၆၁-ခုႏွစ္မွာ အီတ လီ၊ ၁၈၇၁-ခုႏွစ္မွာ ဂ်ာမနီတို႔က ၿမိဳ႕ျပမ်ား-ဘုရင့္ႏိုင္ငံဆိုသည္မ်ားကို စုစည္းၿပီး တစ္ခုတည္းေသာ ႏိုင္ငံေတာ္ Nation + State = Nation-State ျဖစ္သြားတယ္။
အဲ့ဒီကေန အမ်ိဳးသားေရးဝါဒ Nationalism ဆိုတာ ျဖစ္လာတယ္။
ဒါ့ေၾကာင့္ အမ်ိဳးသားေရးဝါဒ ဆိုတာ ဦးေအာင္ေဇယ် ေ႐ႊဘိုအင္ပါယာ ထူေထာင္စေခတ္နဲ႔ ေနာက္ပိုင္းေခတ္ သူကိုယ္တိုင္ မတူေတာ့ေၾကာင္း ထင္ရွားတယ္။ ဦးေအာင္ေဇယ်သူ႔မတိုင္မီ အေနာ္ရထာ-ဘုရင့္ေနာင္တို႔လဲ အဲ့ဒီလို ေျပာင္းလဲတဲ့ အျမင္မ်ိဳး မရွိခဲ့ရင္ ဒီေန႔ေခတ္ ျမန္မာႏိုင္ငံဆိုတာ ျဖစ္လာမွာ မဟုတ္ေတာ့ပါ။
ဘုရင့္ေနာင္ လက္ထက္ ျမန္မာအင္ပါယာဟာ ဒီေန႔ေခတ္ထက္ ဧရိယာ ၂-ဆ ေက်ာ္တယ္။ သိမ္းသြင္းခံရသူေတြ ကိုယ္တိုင္ ေက်နပ္တယ္။ သူဘယ္လို စုစည္းခဲ့မယ္ထင္ပါသလဲ။
မတူညီတဲ့ ျပည္နယ္/ၿမိဳ႕ျပေတြကို စုစည္းၿပီး Nation-State တိုင္းျပည္ကို ထူေထာင္လိုလ်င္ Ethnic လူမ်ိဳး Religeous ကိုးကြယ္ရာဘာသာကို အေျခခံရမလား၊ Civic ႏိုင္ငံသားျဖစ္မႈကို အေျခခံရမလား စဥ္းစားသူ မ်ားလာရင္ ကြၽန္ေတာ္တို႔ ရာစုႏွစ္နီးပါး သက္ေတာ္ရွည္ ျပည္တြင္းစစ္ႀကီး အျမန္ခ်ဳပ္ၿငိမ္းမယ္။
အထက္မွာ ေဖာ္ျပခဲ့တဲ့ ေအသင္၊ စပါတန္၊ ဗင္းနစ္၊ ဖေလာ့ရင္စ္ ဥေရာပၿမိဳ႕ျပႏိုင္ငံေတြဟာ ဒီဘက္ေခတ္ အီတလီ ဂရိႏိုင္ငံအတြင္း ၿမိဳ႕ႀကီးေတြျဖစ္ေနေၾကာင္း ေတြ႕ရပါလိမ့္မယ္။ ဒါေပမယ့္ ဒီဘက္ေခတ္ စကၤာပူ၊ မိုနာကို၊ ဗာတီကန္စီးတီးတို႔ဟာ City-State ၿမိဳ႕တစ္ၿမိဳ႕တည္းကို ႏိုင္ငံလုပ္ထားေပမယ့္ "တိုင္း ျပည္/ႏိုင္ငံတစ္ခု"အျဖစ္ အခ်ဳပ္အခ်ာအာဏာပိုင္တယ္။
ဒါေၾကာင့္ ဒီဘက္ေခတ္ State ဆိုတာ “ျပည္နယ္” ျဖစ္သြားၿပီး “ႏိုင္ငံ” လို႔ မယူဆၾကေတာ့ပါ ဥပမာ United States of America အေမရိကန္ျပည္ေထာင္စု။
State City ဆိုတာ တရားဝင္ႏိုင္ငံေရး ေဝါဟာရ မရွိပါ။ ဒါေပမယ့္ တမင္ ေရးလ်င္ေတာ့ ျပည္နယ္ သို႔မဟုတ္ ႏိုင္ငံရဲ႕ ၿမိဳ႕ေတာ္ျဖစ္သြားတယ္၊ ဥပမာ တိုက်ိဳ၊ နယူးေယာက္စီးတီး ဆိုလ်င္ အေမရိကန္ နယူးေယာက္ ျပည္ နယ္ရဲ႕ ၿမိဳ႕ေတာ္ျဖစ္တယ္။
Capital ဆိုတာ ၿမိဳ႕ေတာ္ျဖစ္ၿပီး ေနျပည္ေတာ္ ဆိုတာ ျမန္မာႏိုင္ငံရဲ႕ ၿမိဳ႕ေတာ္၊ ရန္ကုန္ကို စီးပြားေရး ၿမိဳ႕ေတာ္၊ မႏၲေလးကို ယဥ္ေက်းမႈ ၿမိဳ႕ေတာ္ လို႔ ေျပာဆိုႏိုင္ပါတယ္။