စက်သုံးဆီ ခြိုးခြံချွေတာသုံးစွဲရေးအတွက် ပြည်သူသို့ အသိပေးကြေညာချက်အား ဖြည့်စွက်ထုတ်ပြန်

 1303

ပီယ (NP News) - မတ် ၄

စက်သုံးဆီ ခြိုးခြံချွေတာသုံးစွဲရေးအတွက် ပြည်သူသို့ အသိပေးကြေညာချက်အား ယမန်နေ့ (မတ်လ ၃) ရက်က ထုတ်ပြန်ခဲ့ပြီးသည့်နောက် ယင်းထုတ်ပြန်ချက်နှင့်ပတ်သက်၍ ဖြည့်စွက်ထုတ်ပြန်ချက်ကို အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီက ယနေ့ (မတ်လ ၄) ရက်တွင် ထုတ်ပြန်ခဲ့သည်။

ပြည်သူများသွားလာရေး အဆင်ပြေချောမွေ့စေရန် နှင့် စီးပွားရေးလုပ်ငန်းများ အရှိန်အဟုန်မပျက် လည်ပတ်နိုင်စေရန်အတွက် အဆိုပါ အသိပေးကြေညာချက်၏ အပိုဒ် ၂၊ အပိုဒ်ခွဲ (ခ)တွင် ဖော်ပြထားသည့် နေ့စဉ်အသုံးပြုနိုင်သည့် မော်တော်ယာဉ်များတွင် နေ့စဉ် အများပြည်သူသယ်ယူပို့ဆောင် ရေးမော်တော်ယာဉ်များ၊ အငှားယာဉ်များ၊ စက်သုံးဆီသယ်ယူပို့ဆောင်သည့်ယာဉ်များ၊ ဆောက်လုပ်ရေးလုပ်ငန်းသုံးယာဉ်များ၊ ကုန်စည်ပို့ဆောင်ရေးယာဉ်များ၊ လူနာတင်ယာဉ်/နိဗ္ဗာန်ယာဉ်များနှင့် စည်ပင်အမှိုက်သိမ်း ယာဉ်များ အသုံးပြုနိုင်ကြောင်း ဖော်ပြထားခြင်းဖြစ်သည်။
ထို့နောက် အချက်အတွင်း စက်ရုံ၊ အလုပ်ရုံ၊ အလုပ်ဌာနများအတွက် ဝန်ထမ်းကြိုပို့ယာဉ်များ ၊ ကုန်စည်ဖြန့်ဖြူးရေးတွင်အသုံးပြုသည့်ယာဉ်များ၊ စက်ရုံ၊ အလုပ်ရုံ၊ အလုပ်ဌာနများအတွက် ရုံးလုပ်ငန်းအသုံးပြုသည့်ယာဉ်များ၊ ကျောင်းကြို/ပို့ယာဉ်များ ကို ဖြည့်စွက်ထုတ်ပြန်ချက်တွင် ထည့်သွင်းထားသည်။
နေ့စဉ်အသုံးပြုသည့် မော်တော်ယာဉ်များအနေဖြင့်လည်း သုံးစွဲသည့်အခေါက်ရေ အနည်းဆုံး နှင့် သုံးစွဲသည့်ယာဉ်စီးရေ အနည်းဆုံးဖြစ်အောင် ကန့်သတ်ခြိုးခြံဆောင်ရွက်ကြရန်နှင့် အထက်ပါ အကြောင်းကိစ္စများအတွက် သုံးစွဲသည်မှာ မှန်ကန်ကြောင်း ယာဉ်ပေါ်တွင် စီးနင်းလိုက်ပါသူများတွင် လည်းကောင်း၊ ယာဉ်များတွင်လည်းကောင်း သက်ဆိုင်ရာအလုပ်ဌာနများ၏ ခိုင်လုံသည့်အထောက် အထား သို့မဟုတ် ထောက်ခံချက်များ ပါရှိရမည်ဖြစ်ကြောင်း ဖြည့်စွက်အသိပေးကြေညာထားသည်။

အထက်ပါအခြေအနေများကြောင့် စက်သုံးဆီခြိုးခြံချွေတာရေး နှင့် ဖူလုံမှုရှိစေရေးအတွက် ၂ဝ၂၆ ခုနှစ်၊ မတ်လ ၇ ရက်မှစတင်၍ ပုဂ္ဂလိကယာဉ်များ၊ လုပ်ငန်းသုံးယာဉ်များနှင့် သယ်ယူပို့ဆောင်ရေးယာဉ်များအတွက် စည်းကမ်းသတ်မှတ်ချက်များ ထုတ်ပြန်ခဲ့သည်။
လစဉ် "စုံ" ရက်များတွင် စုံနံပါတ်အက္ခရာပါသောယာဉ်များ (ဥပမာ- 2A/---- 4A/---စသည်ဖြင့်)၊ “မ” ရက်များတွင် မနံပါတ်အက္ခရာပါသောယာဉ်များ (ဥပမာ-1A/----3A/---- စသည်ဖြင့်) စသည့် ပုဂ္ဂလိကပိုင်ယာဉ်များသာ မောင်းနှင်အသုံးပြုရန် ဖြစ်ပြီးEV မော်တော်ယာဉ်/EV မော်တော်ဆိုင်ကယ်များ နေ့စဉ်မောင်းနှင်နိုင်ကြောင်း ဖော်ပြထားသည်။
စက်သုံးဆီလုပ်ငန်းရှင်များသာမက အများပြည်သူအနေဖြင့် စက်သုံးဆီများ ဝယ်ယူ စုဆောင်းခြင်းနှင့် ဈေးနှုန်းမြှင့်တင်၍ ရောင်းချခြင်းများ လုံးဝမပြုလုပ်ရန်၊ အထက်ပါစည်းကမ်းသတ်မှတ်ချက်များသည် ထပ်မံ၍ တစ်စုံတစ်ရာ ထုတ်ပြန်မှု မရှိသည့်အချိန်အထိ အတည်ဖြစ်ကြောင်းနှင့် အဆိုပါစည်းကမ်းသတ်မှတ်ချက်များအား ဖောက်ဖျက် ကျူးလွန်ပါက တည်ဆဲဥပဒေများနှင့်အညီ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

Zawgyi Version;
စက္သုံးဆီ ၿခိဳးၿခံေခြၽတာသုံးစြဲေရးအတြက္ ျပည္သူသို႔ အသိေပးေၾကညာခ်က္အား ျဖည့္စြက္ထုတ္ျပန္
ပီယ (NP News) - မတ္ ၄
စက္သုံးဆီ ၿခိဳးၿခံေခြၽတာသုံးစြဲေရးအတြက္ ျပည္သူသို႔ အသိေပးေၾကညာခ်က္အား ယမန္ေန႔ (မတ္လ ၃) ရက္က ထုတ္ျပန္ခဲ့ၿပီးသည့္ေနာက္ ယင္းထုတ္ျပန္ခ်က္ႏွင့္ပတ္သက္၍ ျဖည့္စြက္ထုတ္ျပန္ခ်က္ကို အမ်ိဳးသားကာကြယ္ေရးႏွင့္လုံၿခဳံေရးေကာင္စီက ယေန႔ (မတ္လ ၄) ရက္တြင္ ထုတ္ျပန္ခဲ့သည္။

ျပည္သူမ်ားသြားလာေရး အဆင္ေျပေခ်ာေမြ႕ေစရန္ ႏွင့္ စီးပြားေရးလုပ္ငန္းမ်ား အရွိန္အဟုန္မပ်က္ လည္ပတ္ႏိုင္ေစရန္အတြက္ အဆိုပါ အသိေပးေၾကညာခ်က္၏ အပိုဒ္ ၂၊ အပိုဒ္ခြဲ (ခ)တြင္ ေဖာ္ျပထားသည့္ ေန႔စဥ္အသုံးျပဳႏိုင္သည့္ ေမာ္ေတာ္ယာဥ္မ်ားတြင္ ေန႔စဥ္ အမ်ားျပည္သူသယ္ယူပို႔ေဆာင္ ေရးေမာ္ေတာ္ယာဥ္မ်ား၊ အငွားယာဥ္မ်ား၊ စက္သုံးဆီသယ္ယူပို႔ေဆာင္သည့္ယာဥ္မ်ား၊ ေဆာက္လုပ္ေရးလုပ္ငန္းသုံးယာဥ္မ်ား၊ ကုန္စည္ပို႔ေဆာင္ေရးယာဥ္မ်ား၊ လူနာတင္ယာဥ္/နိဗၺာန္ယာဥ္မ်ားႏွင့္ စည္ပင္အမႈိက္သိမ္း ယာဥ္မ်ား အသုံးျပဳႏိုင္ေၾကာင္း ေဖာ္ျပထားျခင္းျဖစ္သည္။
ထို႔ေနာက္ အခ်က္အတြင္း စက္႐ုံ၊ အလုပ္႐ုံ၊ အလုပ္ဌာနမ်ားအတြက္ ဝန္ထမ္းႀကိဳပို႔ယာဥ္မ်ား ၊ ကုန္စည္ျဖန႔္ျဖဴးေရးတြင္အသုံးျပဳသည့္ယာဥ္မ်ား၊ စက္႐ုံ၊ အလုပ္႐ုံ၊ အလုပ္ဌာနမ်ားအတြက္ ႐ုံးလုပ္ငန္းအသုံးျပဳသည့္ယာဥ္မ်ား၊ ေက်ာင္းႀကိဳ/ပို႔ယာဥ္မ်ား ကို ျဖည့္စြက္ထုတ္ျပန္ခ်က္တြင္ ထည့္သြင္းထားသည္။
ေန႔စဥ္အသုံးျပဳသည့္ ေမာ္ေတာ္ယာဥ္မ်ားအေနျဖင့္လည္း သုံးစြဲသည့္အေခါက္ေရ အနည္းဆုံး ႏွင့္ သုံးစြဲသည့္ယာဥ္စီးေရ အနည္းဆုံးျဖစ္ေအာင္ ကန႔္သတ္ၿခိဳးၿခံေဆာင္႐ြက္ၾကရန္ႏွင့္ အထက္ပါ အေၾကာင္းကိစၥမ်ားအတြက္ သုံးစြဲသည္မွာ မွန္ကန္ေၾကာင္း ယာဥ္ေပၚတြင္ စီးနင္းလိုက္ပါသူမ်ားတြင္ လည္းေကာင္း၊ ယာဥ္မ်ားတြင္လည္းေကာင္း သက္ဆိုင္ရာအလုပ္ဌာနမ်ား၏ ခိုင္လုံသည့္အေထာက္ အထား သို႔မဟုတ္ ေထာက္ခံခ်က္မ်ား ပါရွိရမည္ျဖစ္ေၾကာင္း ျဖည့္စြက္အသိေပးေၾကညာထားသည္။

အထက္ပါအေျခအေနမ်ားေၾကာင့္ စက္သုံးဆီၿခိဳးၿခံေခြၽတာေရး ႏွင့္ ဖူလုံမႈရွိေစေရးအတြက္ ၂ဝ၂၆ ခုႏွစ္၊ မတ္လ ၇ ရက္မွစတင္၍ ပုဂၢလိကယာဥ္မ်ား၊ လုပ္ငန္းသုံးယာဥ္မ်ားႏွင့္ သယ္ယူပို႔ေဆာင္ေရးယာဥ္မ်ားအတြက္ စည္းကမ္းသတ္မွတ္ခ်က္မ်ား ထုတ္ျပန္ခဲ့သည္။
လစဥ္ "စုံ" ရက္မ်ားတြင္ စုံနံပါတ္အကၡရာပါေသာယာဥ္မ်ား (ဥပမာ- 2A/---- 4A/---စသည္ျဖင့္)၊ “မ” ရက္မ်ားတြင္ မနံပါတ္အကၡရာပါေသာယာဥ္မ်ား (ဥပမာ-1A/----3A/---- စသည္ျဖင့္) စသည့္ ပုဂၢလိကပိုင္ယာဥ္မ်ားသာ ေမာင္းႏွင္အသုံးျပဳရန္ ျဖစ္ၿပီးEV ေမာ္ေတာ္ယာဥ္/EV ေမာ္ေတာ္ဆိုင္ကယ္မ်ား ေန႔စဥ္ေမာင္းႏွင္ႏိုင္ေၾကာင္း ေဖာ္ျပထားသည္။
စက္သုံးဆီလုပ္ငန္းရွင္မ်ားသာမက အမ်ားျပည္သူအေနျဖင့္ စက္သုံးဆီမ်ား ဝယ္ယူ စုေဆာင္းျခင္းႏွင့္ ေဈးႏႈန္းျမႇင့္တင္၍ ေရာင္းခ်ျခင္းမ်ား လုံးဝမျပဳလုပ္ရန္၊ အထက္ပါစည္းကမ္းသတ္မွတ္ခ်က္မ်ားသည္ ထပ္မံ၍ တစ္စုံတစ္ရာ ထုတ္ျပန္မႈ မရွိသည့္အခ်ိန္အထိ အတည္ျဖစ္ေၾကာင္းႏွင့္ အဆိုပါစည္းကမ္းသတ္မွတ္ခ်က္မ်ားအား ေဖာက္ဖ်က္ က်ဴးလြန္ပါက တည္ဆဲဥပေဒမ်ားႏွင့္အညီ အေရးယူေဆာင္႐ြက္သြားမည္ျဖစ္ေၾကာင္း သိရသည္။

Related news

© 2021. All rights reserved.