မန္တလေး - ဂန့်ဂေါ - ဟားခါး (သို့မဟုတ်) တန်ဖိုးမြင့် ခရီး (လမ်းခရီးဆောင်းပါး)

394

သုတကျော် (NP News) - မတ်လ ၅
" ဟားခါးကနေ မန္တလေးအထိဆင်းတာ။ တစ် ထောင်တန်ချည်းပဲ သုံးသိန်းမလောက်ဘူး" ဟု လမ်း တွင်ပေးရသောအလှူငွေနှင့်ပတ်သက်၍ဆိုလာသူ က ကိုယ်ပိုင်ကားဖြင့် ခရီးသွားခဲ့သူတစ်ဦး ဖြစ်သည်။
မန္တလေးမှထွက်လျှင် စစ်ကိုင်းမြို့ကို ဖြတ်၊ ချောင်းဦးမှလမ်းခွဲပြီး ပုလဲ၊ ကျော၊ ဂန့်ဂေါ စသည်ဖြင့် နေရာများကို ဖြတ်သန်းသွားသော မန္တလေး-ဟားခါး လမ်းသည် (၈)နာရီ(၃၇)မိနစ်ကြာမြင့်သော ခရီးတစ် ခုဖြစ်ခဲ့ပြီး မြေပြန့်နှင့်တောင်တန်းကိုဆက်သွယ်ရာ အချက်အချာလမ်းတစ်လမ်းလည်း ဖြစ်ခဲ့ပေသည်။
လမ်းတွင် အတားအဆီးမရှိ ဥဒဟိုသွားလာနိုင် ခဲ့ကြသော အဆိုပါလမ်းသည် အမြဲတမ်း ကောင်းနေ ခြင်းတော့ မဟုတ်ပါ။ ရံဖန်ရံခါ လမ်းအခြေအနေအရ ပြောင်းလဲသွားလာရခြင်းမျိုးရှိခဲ့သော်လည်း အသက် ဘေးကို စိုးရိမ်ရန်မလိုခဲ့ကြချေ။ ယူနီဖောင်းမဝတ်ထား သော မည်သူမည်ဝါမှန်းမသိရသည့်လက်နက်ကိုင် များ၏ဘေးရန်ကိုလည်း စိုးရိမ်ရန်မလိုခဲ့ကြချေ။
မန္တလေးတိုင်းဒေသကြီး၏မြို့တော်ဖြစ်သည့် မန္တလေးမြို့မှ ချင်းပြည်နယ်၏မြို့တော် ဟားခါးသို့ ကုန်သွယ်သည်။ လူအများသွားလာကြသည်။ သာ ရေး၊ နာရေးကိစ္စရပ်များအတွက် အဆိုပါလမ်းသည် တံခါးမရှိ၊ ဓားမရှိလမ်းတစ်လမ်းဖြစ်ခဲ့သော်လည်း ယခုအခါ ဒေသခံတို့က
"လူငယ်"ဟု အမည်နာမ တပ်ခေါ်ဝေါ်သည့် လက်နက်ကိုင်များရှိလာပြီးသည့် နောက်တွင် ခရီးလမ်း မချောမွေ့တော့ချေ။
ထို့ပြင် ယခင်က မြို့တော်ဟားခါးမှ အခြား မြို့များသို့သွားလာရေးမှာလည်း လွယ်ကူသောအခြေ အနေမဟုတ်သေးပေ။ ထန်တလန်နှင့် ဖလမ်းမြို့တို့ သို့သွားလာရာတွင်လည်း သတိထားနေရသောအခြေ အနေဖြစ်နေပြီး ယခင် ဟားခါးမြေပြိုစဉ်က လမ်းတစ် လမ်းဖောက်ခဲ့ဖူးသော်လည်း အဆိုပါလမ်းမှာ သုံးမရ သောအခြေအနေဖြစ်ကြောင်းသိရသည်။
" NLD လက်ထက်က ဟားခါးမှာ မြေပြိုပြီး လမ်းတွေပိတ်သွားဖူးတော့ တစ်လမ်းဖောက်ထား တယ်။ ကလေး - ဂန့်ဂေါဘက်ကိုပေါက်သွားတာပေါ့။ အဲဒါလည်းသုံးမရတော့ဘူး။ နောက်တစ်ခုက ဖလမ်း -ကလေးလမ်းရှိတယ်။ ဒါပေမဲ့ ဖလမ်း လမ်းကလည်း ပိတ်ထားတာ နှစ်တော်တော်ကြာပြီ"ဟု ဟားခါးမြို့ ခံတစ်ဦးကဆိုသည်။ ဟားခါးမှကလေးမြို့သို့ လေ ယာဉ်စီးရန်သွားနိုင်သော်လည်း ယင်းလမ်းမှာလည်း PDF တို့၏စစ်ဆေးမှုက ထူပြောလှသည်။
" ရံဖန်ရံခါတော့ ကလေးဘက်သွားကြတယ်။ ဖလမ်းကနေ ရိဒ်၊ ရိဒ် ကနေ တီးတိန်။ တီးတိန်ကနေ ကလေး တောလမ်းတွေပေါ့။ အဲဒီလိုတော့ သွားကြ တယ်။ ခါတိုင်းဆိုရင် မနက်(၇)နာရီထွက်ရင် နေ့ခင်း (၃)နာရီဆို ကလေးရောက်တယ်။ အခုက တစ်ည အိပ်ပဲ"ဟု ၎င်းကပြောသည်။
ထို့ကြောင့် ဟားခါးမြို့အတွက် ကုန်သွယ်ရေး ဝင်ပေါက်၊ ထွက်ပေါက်မှာ ဂန့်ဂေါမှတစ်ဆင့် မန္တလေး သွားရသည့် အဆိုပါလမ်းကိုသာ မှီခိုနေရသည်။
" ဟားခါးကနေ ရန်ကုန်ဖြစ်ဖြစ်၊ မန္တလေးဖြစ်ဖြစ် သွားမယ်ဆိုရင် ဂန့်ဂေါကတစ်ဆင့်သွားရတာလေ။ ဂန့်ဂေါကနေတစ်ဆင့်သွားတဲ့အခါ ဂိတ်တွေက တ အားများတယ်"ဟု ဟားခါးမြို့ခံတစ်ဦးကဆိုသည်။
ယခင်က ရှစ်နာရီသာကြာသောခရီးသည် ယခု အခါ အနည်းဆုံး တစ်ညအိပ်ခရီးအဖြစ် အသွင် ပြောင်းသွားသည်။ ဟားခါးမှလာလျှင် ကျော သို့မ ဟုတ် ဂန့်ဂေါတွင် တစ်ညအိပ်ရပြီး အသွား၊ အပြန် မည်သို့ပင်ဆိုစေကာမူ အလားတူဖြစ်သည်။
မန္တလေးမှဟားခါးသို့ လာမည်ဆိုပါက လမ်းတွင် ကြန့်ကြာစေသောအချက်မှာ PDF အမျိုးမျိုးတို့၏ စစ်ဆေးရေးဂိတ်များကြောင့်ဖြစ်ကြောင်း ၎င်းကဆို သည်။ အထူးသဖြင့် ဂန့်ဂေါနှင့်ဟားခါးကြားတွင်ဖြစ် ပြီး မူလက နှစ်နာရီကျော်မျှသာကြာမြင့်သောခရီး သည် နာရီပေါင်းများစွာကြာသည်။ စစ်ဆေး၍မဝသော ကြောင့်ပေလော မပြောတတ်ပေ။
ထိုသို့စစ်ဆေးရာတွင် ချင်း PDF များလည်းပါ သည်။ ဗမာ PDF ပင်ပါလိုက်သေး၏။ အလှူငွေ ကောက်ခံခြင်းမျိုးလည်းရှိနေပြီး စစ်ဆေးခြင်းနှင့် အခွန်ကောက်ခြင်းသည် လက်နက်ကိုင်ကြီးစိုးသော နယ်မြေတွင် ညီမျှခြင်းကျနေပေသည်။
" လက်နက်ကိုင်က ယောအဖွဲ့ရှိမယ်။ ဟားခါး- ကလေး-ဂန့်ဂေါဆိုရင် ယော PDF ။ အဲဒီကနေ နည်းနည်းကျော်လာပြီဆိုရင် ဘယ်ကအဖွဲ့မှန်းမသိ ဘူး။ သူတို့ကိုယ်သူတို့ ဗမာလို့ပြောတာပဲ။ အဲဒါပြီး တော့ PDF အဖွဲ့ရှိပြန်ရော။ အဲဒီကနေ တောက် လျှောက် ဝင်လာရင် CDF ဟားခါးရဲ့ဂိတ်တွေချည်းပဲ တောက်လျှောက် ဖြတ်လာပြီးတော့မှ ဟားခါးကနေ (၁၅)မိုင်လောက်ရှိမယ်။ အဲဒီမှာတော့ ပြန်ကြာပြန် ရော"ဟု ၎င်းကဆိုသည်။
ယင်းသို့ကြာမြင့်ခြင်းမှာ ခရီးသည်တင်ကားများ အတွက်ဖြစ်ပြီး အိမ်စီးကားများအတွက်မူ ပိုမြန် ကြောင်းသိရသည်။ ယင်းသို့စစ်ဆေးရာတွင် အသေး စိတ်ကအစစစ်ဆေးခြင်းဖြစ်ပြီး ဆင်းကတ်ကိုပင်စစ် ကြောင်းလည်း ၎င်းကပြောသည်။
" ခေတ်ကာလကိုက သူ့တစ်လူ ကိုယ်တစ်မင်း ဆရာတွေချည်းပဲလေ။ အဓိကတော့ ပုံတွေစစ်တယ်။ ဖုန်းနံပါတ်ဆိုရင် My Tel ဖုန်းနံပါတ် လက်မခံဘူး လေ။ သူတို့မကြိုက်တာဆိုရင် ထိုင်ထလုပ်ခိုင်းတာ တို့၊ ဒဏ်ရိုက်တာတို့ပေါ့"ဟု အခြေအနေကိုရှင်းပြ သည်။
အဆိုပါ ပြစ်ဒဏ်မျိုးမှာ အပျော့စားပြစ်ဒဏ်များ ဖြစ်ပြီး ထို့ထက်ပိုဆိုးပါက အသက်အန္တရာယ်အထိ ရန်ရှာလာနိုင်သောအခြေအနေရှိသည်။ လက်နက် ကိုင်ထားသော အနှီလူငယ်ဆိုသော PDF အဖွဲ့တို့ ၏အာဏာမှာ သေနတ်ပြောင်းဝပေါ်တင်ထားခြင်း ဖြစ်ရာ ပြည်သူများအတွက် ရင်မောစရာခရီးလည်း ဖြစ်နေပြန်သည်။
" ကျွန်တော်တောင် တစ်ခါတလေ စိတ်တိုရင် ပြောမိတယ်။ ငါတို့လည်း တစ်ဖာလုံစာယူပြီးတော့ ဝါးတားထားမယ်လို့"ဟု ၎င်းကပြောသည်။
အလှူငွေကောက်ခံရာတွင် ကလေးမြို့နှင့် ဂန့် ဂေါမြို့အကြားတွင်သာဖြစ်ပြီး ဂိတ်ပေါင်းများစွာမှာ များပြားကြောင်းသိရသည်။ ထိုမှကျော်လျှင် အခြား PDF တို့ကရှိပြန်သေးသည်။ အလှူခံရာတွင် အတင်း အကြပ်မဟုတ်သော်လည်း စိုးရိမ်စိတ်ကြောင့် အလှူ ငွေထည့်ကြရသည်။
" စစ်ဆေးရေးဂိတ်က သတ်သတ်ရှိတယ်။ ဖလားခံတောင်းတဲ့ဂိတ်ကရှိတယ်။ မတူဘူး။ စေတနာ ရှိသလောက်ပဲ။ အိမ်စီးကားဖြစ်ဖြစ် ခရီးသွားယာဉ် ဖြစ်ဖြစ်။ ခရီးသွားယာဉ်က အပေါ်တက်တောင်းတာ။ ပိုက်ဆံတောင်းတဲ့ဂိတ်ကအများကြီးပဲ။ တစ်ခုတော့ရှိ တယ်။ ကျွန်တော်ဆင်းတုန်းက ဟားခါးကနေ မန္တလေးအထိဆင်းတာ။ တစ်ထောင်တန်ချည်းပဲ သုံး သိန်းမလောက်ဘူး"ဟု အခြား ဟားခါးဒေသခံတစ်ဦး က ကိုယ်ပိုင်ကားဖြင့်သွားခဲ့ရသောခရီးစဉ်အကြောင်း ဆိုသည်။
ယင်းပိုက်ဆံပမာဏမှာ တစ်ဂိတ်တစ်ထောင်နှုန်း ဖြင့် အတိအကျထည့်သွားခြင်းဖြစ်ကြောင်း ၎င်းက ဆိုသည်။ " မှားပြီး နှစ်ထောင်ပေးတဲ့ဂိတ်တောင် မရှိ ဘူးနော်။ တစ်ထောင် တစ်ထောင်ပဲပေးတာ"ဟု ၎င်းကဆိုသည်။
ယင်းသို့သွားရာတွင် ယခင်သွားရိုးအတိုင်း အဆင်မပြေသောကြောင့် အဆင်ပြေသောလမ်းပိုင်း များကိုအသုံးပြုရသည်။ လမ်းကောင်းအတိုင်း စိတ် အေးလက်အေးသွားရန်မလွယ်သောကြောင့် " ရောက် လျှင်ပြီးရော " ဆိုသည့် လမ်းပိုင်းအနေအထားမျိုး ဖြစ်သည်။
" ဟားခါးကနေဂန့်ဂေါ၊ ဂန့်ဂေါကနေ ကျောမှာ အိပ်တယ်။ ဆားလင်းကြီးဘေးကနေ ဇက်နဲ့ကူးရတာ။ ဇက်နဲ့ကူးပြီး မုံရွာရောက် အဲဒီလိုသွားရတာ"ဟု ၎င်းကဆိုသည်။
ယင်းမှာ တရားသေသတ်မှတ်ထားသော လမ်း တစ်လမ်း မဟုတ်ပေ။ အဆိုပါလမ်းသည် အဆင်ပြေ သည့်အတွက် အသုံးပြုရသောလမ်းတို့အနက် လမ်း တစ်ခုသာဖြစ်ပြီး ဟားခါးမှမန္တလေးသို့သွားရန်အတွက် အဆင်ပြေသောလမ်းအမျိုးမျိုးကို ရွေးချယ်သွားလာ ရသည်။
ထိုသို့သွားလာရာတွင် ယခင်ကကဲ့သို့ လုံခြုံ သောအခြေအနေမျိုးကိုကား ခံစားရန်မလွယ်ပါ။ ထိုသို့သောအခြေအနေတွင် ခရီးသွားရင် ဖြစ်ချင်ရာ ဖြစ် သဘောထားခဲ့သည်ဟု အဆိုပါဒေသခံကဆို သည်။
" စိုးရိမ်တာပေါ့ဗျာ။ တစ်ခါတလေကျ မှန်တင်ပြီး မောင်းတာ။ ပစ်ချင်ပစ် မှန်ကွဲရင် ကွဲ၊ လူမထိ ပြီးတာ ပဲဆိုပြီး မောင်းတာ။ မုံရွာ-မန္တလေးကြားဆိုရင် လက် ပစ်ဗုံးပါ ပါတယ်။ ပိုက်ဆံတောင်းတာလေ။ အဲဒီလို တွေရှိတယ်။ သူတို့ တိုက်ပွဲကြားရောက်ရင်လည်း ကြားညပ်မှာလေ"ဟု ၎င်းကပြောသည်။
ယင်းသို့သွားရာတွင် ယာဉ်မောင်းကိုငှားပြီး သွား သူများလည်းရှိသည်။ ယာဉ်မောင်းပါမှ မည်သည့်နေ ရာတွင် အရှိန်လျှော့ရမည်၊ မည်သည့်နေရာတွင် ဂိတ် ရှိမည်ဆိုသောအချက်ကို သိရလိမ့်မည်ဖြစ်ကြောင်း ၎င်းကပြောသည်။
" တစ်ခုရှိတာက ကျွန်တော့်မှာ ကားရှိတယ်။ ကျွန်တော်ကိုယ်တိုင်မောင်းတာမဟုတ်ဘူး။ မန္တလေး အထိ ငါးသိန်းပေးရတယ်။ ကိုယ်ပိုင်ကားကို ကိုယ် တိုင်မောင်းသွားကြည့်ပါလား ပစ်လွှတ်မှာပေါ့။ သူတို့ ဂိတ်ရှိတာ ကျွန်တော်တို့မသိဘူးလေ။ အဲဒီလိုမျိုးရှိ တယ်။ ဒါက လွန်ခဲ့တဲ့တစ်နှစ်လောက်ကပါ" ဟု ၎င်းကပြောသည်။
ယင်းသို့ လမ်းပန်းဆက်သွယ်ရေးတွင် ဂိတ် ကြေးများပေးရခြင်းနှင့် လမ်းခရီးအဆင်မပြေခြင်းက ကုန်ဈေးနှုန်းကို အကျိုးသက်ရောက်မှုရှိစေသည်။ မြန်မာနိုင်ငံ၏ အခြားလက်နက်ကိုင်တို့ကို ဖြတ်သွားရ သောမြို့များနည်းတူ ဟားခါးတွင်လည်း ဈေးတက် သည်။
" ကျန်တဲ့ စားသောက်ကုန်တွေကိုတော့ မမေး နဲ့ဦးဗျာ။ တိုက်ဂါးဘီယာ ဘူးရှည် တစ်ဘူးကို (၇၅၀ဝ)ပဲ။ အေဘီစီဘီယာ ဘူးရှည်တစ်ဘူးကို (၇၅၀ဝ)ပဲ။ ွမညေိ ပြာ တစ်တောင့်ကို သုံးသောင်း။ သောင်းဂဏန်းပေါက်တယ်"ဟု ၎င်းကပြောသည်။ (၁၂)ဘီးကုန်ကားတစ်စီးအနေဖြင့် တစ်ခေါက်လျှင် လမ်းကြေးအပါ ကျပ်သိန်း(၁၂၀)အထိဖြစ်နေ ကြောင်းလည်း ၎င်းကဆိုသည်။
ထိုသို့အခြေအနေရှိသော်လည်း ဟားခါးမြို့၏ အခြေအနေမှာကား ပြည်နယ်မြို့တော်တစ်ခု၏ အဆင့်အတန်းမျိုးကား ရှိနေဆဲဖြစ်သည်။ " ပြည် နယ်မြို့ အဆင်တန်ဆာက ရှိသေးတယ်။ လက်နက် ကြီး ကျတာမျိုးမရှိဘူး"ဟု ၎င်းကဆိုသည်။
လက်နက်ကိုင်တို့ကြီးစိုးသောလမ်းများအ ကြောင်းကား NP News တွင် အပတ် စဉ် ဖော်ပြနေကျဖြစ်ပါသည်။ တူညီသောအချက်ကား ပြည်သူများ စိတ်ဆင်းရဲ ဒုက္ခရောက်၊ စိတ်မလုံခြုံကြခြင်းပင်ဖြစ်ပါသည်။

Zawgyi Version:
မႏၲေလး - ဂန႔္ေဂါ - ဟားခါး (သို႔မဟုတ္) တန္ဖိုးျမင့္ ခရီး
သုတေက်ာ္ (NP News) - မတ္လ ၅
" ဟားခါးကေန မႏၲေလးအထိဆင္းတာ။ တစ္ ေထာင္တန္ခ်ည္းပဲ သုံးသိန္းမေလာက္ဘူး" ဟု လမ္း တြင္ေပးရေသာအလႉေငြႏွင့္ပတ္သက္၍ဆိုလာသူ က ကိုယ္ပိုင္ကားျဖင့္ ခရီးသြားခဲ့သူတစ္ဦး ျဖစ္သည္။
မႏၲေလးမွထြက္လွ်င္ စစ္ကိုင္းၿမိဳ႕ကို ျဖတ္၊ ေခ်ာင္းဦးမွလမ္းခြဲၿပီး ပုလဲ၊ ေက်ာ၊ ဂန႔္ေဂါ စသည္ျဖင့္ ေနရာမ်ားကို ျဖတ္သန္းသြားေသာ မႏၲေလး-ဟားခါး လမ္းသည္ (၈)နာရီ(၃၇)မိနစ္ၾကာျမင့္ေသာ ခရီးတစ္ ခုျဖစ္ခဲ့ၿပီး ေျမျပန႔္ႏွင့္ေတာင္တန္းကိုဆက္သြယ္ရာ အခ်က္အခ်ာလမ္းတစ္လမ္းလည္း ျဖစ္ခဲ့ေပသည္။
လမ္းတြင္ အတားအဆီးမရွိ ဥဒဟိုသြားလာႏိုင္ ခဲ့ၾကေသာ အဆိုပါလမ္းသည္ အၿမဲတမ္း ေကာင္းေန ျခင္းေတာ့ မဟုတ္ပါ။ ရံဖန္ရံခါ လမ္းအေျခအေနအရ ေျပာင္းလဲသြားလာရျခင္းမ်ိဳးရွိခဲ့ေသာ္လည္း အသက္ ေဘးကို စိုးရိမ္ရန္မလိုခဲ့ၾကေခ်။ ယူနီေဖာင္းမဝတ္ထား ေသာ မည္သူမည္ဝါမွန္းမသိရသည့္လက္နက္ကိုင္ မ်ား၏ေဘးရန္ကိုလည္း စိုးရိမ္ရန္မလိုခဲ့ၾကေခ်။
မႏၲေလးတိုင္းေဒသႀကီး၏ၿမိဳ႕ေတာ္ျဖစ္သည့္ မႏၲေလးၿမိဳ႕မွ ခ်င္းျပည္နယ္၏ၿမိဳ႕ေတာ္ ဟားခါးသို႔ ကုန္သြယ္သည္။ လူအမ်ားသြားလာၾကသည္။ သာ ေရး၊ နာေရးကိစၥရပ္မ်ားအတြက္ အဆိုပါလမ္းသည္ တံခါးမရွိ၊ ဓားမရွိလမ္းတစ္လမ္းျဖစ္ခဲ့ေသာ္လည္း ယခုအခါ ေဒသခံတို႔က
"လူငယ္"ဟု အမည္နာမ တပ္ေခၚေဝၚသည့္ လက္နက္ကိုင္မ်ားရွိလာၿပီးသည့္ ေနာက္တြင္ ခရီးလမ္း မေခ်ာေမြ႕ေတာ့ေခ်။
ထို႔ျပင္ ယခင္က ၿမိဳ႕ေတာ္ဟားခါးမွ အျခား ၿမိဳ႕မ်ားသို႔သြားလာေရးမွာလည္း လြယ္ကူေသာအေျခ အေနမဟုတ္ေသးေပ။ ထန္တလန္ႏွင့္ ဖလမ္းၿမိဳ႕တို႔ သို႔သြားလာရာတြင္လည္း သတိထားေနရေသာအေျခ အေနျဖစ္ေနၿပီး ယခင္ ဟားခါးေျမၿပိဳစဥ္က လမ္းတစ္ လမ္းေဖာက္ခဲ့ဖူးေသာ္လည္း အဆိုပါလမ္းမွာ သုံးမရ ေသာအေျခအေနျဖစ္ေၾကာင္းသိရသည္။
" NLD လက္ထက္က ဟားခါးမွာ ေျမၿပိဳၿပီး လမ္းေတြပိတ္သြားဖူးေတာ့ တစ္လမ္းေဖာက္ထား တယ္။ ကေလး - ဂန႔္ေဂါဘက္ကိုေပါက္သြားတာေပါ့။ အဲဒါလည္းသုံးမရေတာ့ဘူး။ ေနာက္တစ္ခုက ဖလမ္း -ကေလးလမ္းရွိတယ္။ ဒါေပမဲ့ ဖလမ္း လမ္းကလည္း ပိတ္ထားတာ ႏွစ္ေတာ္ေတာ္ၾကာၿပီ"ဟု ဟားခါးၿမိဳ႕ ခံတစ္ဦးကဆိုသည္။ ဟားခါးမွကေလးၿမိဳ႕သို႔ ေလ ယာဥ္စီးရန္သြားႏိုင္ေသာ္လည္း ယင္းလမ္းမွာလည္း PDF တို႔၏စစ္ေဆးမႈက ထူေျပာလွသည္။
" ရံဖန္ရံခါေတာ့ ကေလးဘက္သြားၾကတယ္။ ဖလမ္းကေန ရိဒ္၊ ရိဒ္ ကေန တီးတိန္။ တီးတိန္ကေန ကေလး ေတာလမ္းေတြေပါ့။ အဲဒီလိုေတာ့ သြားၾက တယ္။ ခါတိုင္းဆိုရင္ မနက္(၇)နာရီထြက္ရင္ ေန႔ခင္း (၃)နာရီဆို ကေလးေရာက္တယ္။ အခုက တစ္ည အိပ္ပဲ"ဟု ၎ကေျပာသည္။
ထို႔ေၾကာင့္ ဟားခါးၿမိဳ႕အတြက္ ကုန္သြယ္ေရး ဝင္ေပါက္၊ ထြက္ေပါက္မွာ ဂန႔္ေဂါမွတစ္ဆင့္ မႏၲေလး သြားရသည့္ အဆိုပါလမ္းကိုသာ မွီခိုေနရသည္။
" ဟားခါးကေန ရန္ကုန္ျဖစ္ျဖစ္၊ မႏၲေလးျဖစ္ျဖစ္ သြားမယ္ဆိုရင္ ဂန႔္ေဂါကတစ္ဆင့္သြားရတာေလ။ ဂန႔္ေဂါကေနတစ္ဆင့္သြားတဲ့အခါ ဂိတ္ေတြက တ အားမ်ားတယ္"ဟု ဟားခါးၿမိဳ႕ခံတစ္ဦးကဆိုသည္။
ယခင္က ရွစ္နာရီသာၾကာေသာခရီးသည္ ယခု အခါ အနည္းဆုံး တစ္ညအိပ္ခရီးအျဖစ္ အသြင္ ေျပာင္းသြားသည္။ ဟားခါးမွလာလွ်င္ ေက်ာ သို႔မ ဟုတ္ ဂန႔္ေဂါတြင္ တစ္ညအိပ္ရၿပီး အသြား၊ အျပန္ မည္သို႔ပင္ဆိုေစကာမူ အလားတူျဖစ္သည္။
မႏၲေလးမွဟားခါးသို႔ လာမည္ဆိုပါက လမ္းတြင္ ၾကန႔္ၾကာေစေသာအခ်က္မွာ PDF အမ်ိဳးမ်ိဳးတို႔၏ စစ္ေဆးေရးဂိတ္မ်ားေၾကာင့္ျဖစ္ေၾကာင္း ၎ကဆို သည္။ အထူးသျဖင့္ ဂန႔္ေဂါႏွင့္ဟားခါးၾကားတြင္ျဖစ္ ၿပီး မူလက ႏွစ္နာရီေက်ာ္မွ်သာၾကာျမင့္ေသာခရီး သည္ နာရီေပါင္းမ်ားစြာၾကာသည္။ စစ္ေဆး၍မဝေသာ ေၾကာင့္ေပေလာ မေျပာတတ္ေပ။
ထိုသို႔စစ္ေဆးရာတြင္ ခ်င္း PDF မ်ားလည္းပါ သည္။ ဗမာ PDF ပင္ပါလိုက္ေသး၏။ အလႉေငြ ေကာက္ခံျခင္းမ်ိဳးလည္းရွိေနၿပီး စစ္ေဆးျခင္းႏွင့္ အခြန္ေကာက္ျခင္းသည္ လက္နက္ကိုင္ႀကီးစိုးေသာ နယ္ေျမတြင္ ညီမွ်ျခင္းက်ေနေပသည္။
" လက္နက္ကိုင္က ေယာအဖြဲ႕ရွိမယ္။ ဟားခါး- ကေလး-ဂန႔္ေဂါဆိုရင္ ေယာ PDF ။ အဲဒီကေန နည္းနည္းေက်ာ္လာၿပီဆိုရင္ ဘယ္ကအဖြဲ႕မွန္းမသိ ဘူး။ သူတို႔ကိုယ္သူတို႔ ဗမာလို႔ေျပာတာပဲ။ အဲဒါၿပီး ေတာ့ PDF အဖြဲ႕ရွိျပန္ေရာ။ အဲဒီကေန ေတာက္ ေလွ်ာက္ ဝင္လာရင္ CDF ဟားခါးရဲ႕ဂိတ္ေတြခ်ည္းပဲ ေတာက္ေလွ်ာက္ ျဖတ္လာၿပီးေတာ့မွ ဟားခါးကေန (၁၅)မိုင္ေလာက္ရွိမယ္။ အဲဒီမွာေတာ့ ျပန္ၾကာျပန္ ေရာ"ဟု ၎ကဆိုသည္။
ယင္းသို႔ၾကာျမင့္ျခင္းမွာ ခရီးသည္တင္ကားမ်ား အတြက္ျဖစ္ၿပီး အိမ္စီးကားမ်ားအတြက္မူ ပိုျမန္ ေၾကာင္းသိရသည္။ ယင္းသို႔စစ္ေဆးရာတြင္ အေသး စိတ္ကအစစစ္ေဆးျခင္းျဖစ္ၿပီး ဆင္းကတ္ကိုပင္စစ္ ေၾကာင္းလည္း ၎ကေျပာသည္။
" ေခတ္ကာလကိုက သူ႔တစ္လူ ကိုယ္တစ္မင္း ဆရာေတြခ်ည္းပဲေလ။ အဓိကေတာ့ ပုံေတြစစ္တယ္။ ဖုန္းနံပါတ္ဆိုရင္ My Tel ဖုန္းနံပါတ္ လက္မခံဘူး ေလ။ သူတို႔မႀကိဳက္တာဆိုရင္ ထိုင္ထလုပ္ခိုင္းတာ တို႔၊ ဒဏ္႐ိုက္တာတို႔ေပါ့"ဟု အေျခအေနကိုရွင္းျပ သည္။
အဆိုပါ ျပစ္ဒဏ္မ်ိဳးမွာ အေပ်ာ့စားျပစ္ဒဏ္မ်ား ျဖစ္ၿပီး ထို႔ထက္ပိုဆိုးပါက အသက္အႏၲရာယ္အထိ ရန္ရွာလာႏိုင္ေသာအေျခအေနရွိသည္။ လက္နက္ ကိုင္ထားေသာ အႏွီလူငယ္ဆိုေသာ PDF အဖြဲ႕တို႔ ၏အာဏာမွာ ေသနတ္ေျပာင္းဝေပၚတင္ထားျခင္း ျဖစ္ရာ ျပည္သူမ်ားအတြက္ ရင္ေမာစရာခရီးလည္း ျဖစ္ေနျပန္သည္။
" ကြၽန္ေတာ္ေတာင္ တစ္ခါတေလ စိတ္တိုရင္ ေျပာမိတယ္။ ငါတို႔လည္း တစ္ဖာလုံစာယူၿပီးေတာ့ ဝါးတားထားမယ္လို႔"ဟု ၎ကေျပာသည္။
အလႉေငြေကာက္ခံရာတြင္ ကေလးၿမိဳ႕ႏွင့္ ဂန႔္ ေဂါၿမိဳ႕အၾကားတြင္သာျဖစ္ၿပီး ဂိတ္ေပါင္းမ်ားစြာမွာ မ်ားျပားေၾကာင္းသိရသည္။ ထိုမွေက်ာ္လွ်င္ အျခား PDF တို႔ကရွိျပန္ေသးသည္။ အလႉခံရာတြင္ အတင္း အၾကပ္မဟုတ္ေသာ္လည္း စိုးရိမ္စိတ္ေၾကာင့္ အလႉ ေငြထည့္ၾကရသည္။
" စစ္ေဆးေရးဂိတ္က သတ္သတ္ရွိတယ္။ ဖလားခံေတာင္းတဲ့ဂိတ္ကရွိတယ္။ မတူဘူး။ ေစတနာ ရွိသေလာက္ပဲ။ အိမ္စီးကားျဖစ္ျဖစ္ ခရီးသြားယာဥ္ ျဖစ္ျဖစ္။ ခရီးသြားယာဥ္က အေပၚတက္ေတာင္းတာ။ ပိုက္ဆံေတာင္းတဲ့ဂိတ္ကအမ်ားႀကီးပဲ။ တစ္ခုေတာ့ရွိ တယ္။ ကြၽန္ေတာ္ဆင္းတုန္းက ဟားခါးကေန မႏၲေလးအထိဆင္းတာ။ တစ္ေထာင္တန္ခ်ည္းပဲ သုံး သိန္းမေလာက္ဘူး"ဟု အျခား ဟားခါးေဒသခံတစ္ဦး က ကိုယ္ပိုင္ကားျဖင့္သြားခဲ့ရေသာခရီးစဥ္အေၾကာင္း ဆိုသည္။
ယင္းပိုက္ဆံပမာဏမွာ တစ္ဂိတ္တစ္ေထာင္ႏႈန္း ျဖင့္ အတိအက်ထည့္သြားျခင္းျဖစ္ေၾကာင္း ၎က ဆိုသည္။ " မွားၿပီး ႏွစ္ေထာင္ေပးတဲ့ဂိတ္ေတာင္ မရွိ ဘူးေနာ္။ တစ္ေထာင္ တစ္ေထာင္ပဲေပးတာ"ဟု ၎ကဆိုသည္။
ယင္းသို႔သြားရာတြင္ ယခင္သြား႐ိုးအတိုင္း အဆင္မေျပေသာေၾကာင့္ အဆင္ေျပေသာလမ္းပိုင္း မ်ားကိုအသုံးျပဳရသည္။ လမ္းေကာင္းအတိုင္း စိတ္ ေအးလက္ေအးသြားရန္မလြယ္ေသာေၾကာင့္ " ေရာက္ လွ်င္ၿပီးေရာ " ဆိုသည့္ လမ္းပိုင္းအေနအထားမ်ိဳး ျဖစ္သည္။
" ဟားခါးကေနဂန႔္ေဂါ၊ ဂန႔္ေဂါကေန ေက်ာမွာ အိပ္တယ္။ ဆားလင္းႀကီးေဘးကေန ဇက္နဲ႔ကူးရတာ။ ဇက္နဲ႔ကူးၿပီး မုံ႐ြာေရာက္ အဲဒီလိုသြားရတာ"ဟု ၎ကဆိုသည္။
ယင္းမွာ တရားေသသတ္မွတ္ထားေသာ လမ္း တစ္လမ္း မဟုတ္ေပ။ အဆိုပါလမ္းသည္ အဆင္ေျပ သည့္အတြက္ အသုံးျပဳရေသာလမ္းတို႔အနက္ လမ္း တစ္ခုသာျဖစ္ၿပီး ဟားခါးမွမႏၲေလးသို႔သြားရန္အတြက္ အဆင္ေျပေသာလမ္းအမ်ိဳးမ်ိဳးကို ေ႐ြးခ်ယ္သြားလာ ရသည္။
ထိုသို႔သြားလာရာတြင္ ယခင္ကကဲ့သို႔ လုံၿခဳံ ေသာအေျခအေနမ်ိဳးကိုကား ခံစားရန္မလြယ္ပါ။ ထိုသို႔ေသာအေျခအေနတြင္ ခရီးသြားရင္ ျဖစ္ခ်င္ရာ ျဖစ္ သေဘာထားခဲ့သည္ဟု အဆိုပါေဒသခံကဆို သည္။
" စိုးရိမ္တာေပါ့ဗ်ာ။ တစ္ခါတေလက် မွန္တင္ၿပီး ေမာင္းတာ။ ပစ္ခ်င္ပစ္ မွန္ကြဲရင္ ကြဲ၊ လူမထိ ၿပီးတာ ပဲဆိုၿပီး ေမာင္းတာ။ မုံ႐ြာ-မႏၲေလးၾကားဆိုရင္ လက္ ပစ္ဗုံးပါ ပါတယ္။ ပိုက္ဆံေတာင္းတာေလ။ အဲဒီလို ေတြရွိတယ္။ သူတို႔ တိုက္ပြဲၾကားေရာက္ရင္လည္း ၾကားညပ္မွာေလ"ဟု ၎ကေျပာသည္။
ယင္းသို႔သြားရာတြင္ ယာဥ္ေမာင္းကိုငွားၿပီး သြား သူမ်ားလည္းရွိသည္။ ယာဥ္ေမာင္းပါမွ မည္သည့္ေန ရာတြင္ အရွိန္ေလွ်ာ့ရမည္၊ မည္သည့္ေနရာတြင္ ဂိတ္ ရွိမည္ဆိုေသာအခ်က္ကို သိရလိမ့္မည္ျဖစ္ေၾကာင္း ၎ကေျပာသည္။
" တစ္ခုရွိတာက ကြၽန္ေတာ့္မွာ ကားရွိတယ္။ ကြၽန္ေတာ္ကိုယ္တိုင္ေမာင္းတာမဟုတ္ဘူး။ မႏၲေလး အထိ ငါးသိန္းေပးရတယ္။ ကိုယ္ပိုင္ကားကို ကိုယ္ တိုင္ေမာင္းသြားၾကည့္ပါလား ပစ္လႊတ္မွာေပါ့။ သူတို႔ ဂိတ္ရွိတာ ကြၽန္ေတာ္တို႔မသိဘူးေလ။ အဲဒီလိုမ်ိဳးရွိ တယ္။ ဒါက လြန္ခဲ့တဲ့တစ္ႏွစ္ေလာက္ကပါ" ဟု ၎ကေျပာသည္။
ယင္းသို႔ လမ္းပန္းဆက္သြယ္ေရးတြင္ ဂိတ္ ေၾကးမ်ားေပးရျခင္းႏွင့္ လမ္းခရီးအဆင္မေျပျခင္းက ကုန္ေဈးႏႈန္းကို အက်ိဳးသက္ေရာက္မႈရွိေစသည္။ ျမန္မာႏိုင္ငံ၏ အျခားလက္နက္ကိုင္တို႔ကို ျဖတ္သြားရ ေသာၿမိဳ႕မ်ားနည္းတူ ဟားခါးတြင္လည္း ေဈးတက္ သည္။
" က်န္တဲ့ စားေသာက္ကုန္ေတြကိုေတာ့ မေမး နဲ႔ဦးဗ်ာ။ တိုက္ဂါးဘီယာ ဘူးရွည္ တစ္ဘူးကို (၇၅၀ဝ)ပဲ။ ေအဘီစီဘီယာ ဘူးရွည္တစ္ဘူးကို (၇၅၀ဝ)ပဲ။ ြမေညိ ျပာ တစ္ေတာင့္ကို သုံးေသာင္း။ ေသာင္းဂဏန္းေပါက္တယ္"ဟု ၎ကေျပာသည္။ (၁၂)ဘီးကုန္ကားတစ္စီးအေနျဖင့္ တစ္ေခါက္လွ်င္ လမ္းေၾကးအပါ က်ပ္သိန္း(၁၂၀)အထိျဖစ္ေန ေၾကာင္းလည္း ၎ကဆိုသည္။
ထိုသို႔အေျခအေနရွိေသာ္လည္း ဟားခါးၿမိဳ႕၏ အေျခအေနမွာကား ျပည္နယ္ၿမိဳ႕ေတာ္တစ္ခု၏ အဆင့္အတန္းမ်ိဳးကား ရွိေနဆဲျဖစ္သည္။ " ျပည္ နယ္ၿမိဳ႕ အဆင္တန္ဆာက ရွိေသးတယ္။ လက္နက္ ႀကီး က်တာမ်ိဳးမရွိဘူး"ဟု ၎ကဆိုသည္။
လက္နက္ကိုင္တို႔ႀကီးစိုးေသာလမ္းမ်ားအ ေၾကာင္းကား NP News တြင္ အပတ္ စဥ္ ေဖာ္ျပေနက်ျဖစ္ပါသည္။ တူညီေသာအခ်က္ကား ျပည္သူမ်ား စိတ္ဆင္းရဲ ဒုကၡေရာက္၊ စိတ္မလုံၿခဳံၾကျခင္းပင္ျဖစ္ပါသည္။