အီရန်လေတပ်နှင့် ရေတပ်ကို အမေရိကန် အပြတ်အသတ်ချေမှုန်းနိုင်ခဲ့ဟုဆို

298

ဂျန်ဇက်(NP News)-မတ် ၅
အမေရိကန်ကာကွယ်ရေစဝန်ကြီး ပီတီဟတ်ဆီက အီရန်ကိုတိုက်ခိုက်နေသည့် Operation Epic Fury စစ်ဆင်ရေး ၅ ရက်မြောက်နေ့တွင် အီရန်လေတပ်နှင့် ရေတပ်တို့ကို အပြတ်အသတ် ချေမှုန်းနိုင်ခဲ့ပြီဖြစ်ကြောင်း ပင်တဂွန်စစ်ဌာနချုပ် သတင်းစာရှင်းလင်းပွဲ၌ တရားဝင် ကြေညာလိုက်သည်။ အမေရိကန်နှင့် အစ္စရေး ပူးပေါင်းတပ်ဖွဲ့များသည် အီရန်၏ လေပိုင်နက်နှင့် ရေပြင်ကို အပြည့်အဝ ထိန်းချုပ်လိုက်ပြီဖြစ်ပြီး အီရန်စစ်တပ်၏ တုံ့ပြန်နိုင်စွမ်းမှာ အလျင်အမြန် ကျဆင်းနေကြောင်း သိရသည်။အမေရိကန် ကာကွယ်ရေးဝန်ကြီးကအီရန်လေတပ်မှာ လုံးဝပျက်စီးသွားပြီဖြစ်ကာ "၁၉၉၆ ခုနှစ်က တည်ဆောက်ခဲ့ပြီး ၂၀၂၆ တွင် အဆုံးသတ်သွားပြီ" ဟု ဆိုသည်။အီရန်ရေတပ်သည် ပါရှားပင်လယ်ကွေ့ အောက်ခြေသို့ ရောက်ရှိသွားပြီဖြစ်ကာ၊ အိန္ဒိယသမုဒ္ဒရာအတွင်း၌လည်း အမေရိကန် နျူကလီးယား ရေငုပ်သင်္ဘောက တော်ပီဒိုဖြင့် ပစ်ခတ်မှုကြောင့် အီရန်စစ်သင်္ဘော တစ်စင်း နစ်မြုပ်သွားခဲ့ပြီး စုစုပေါင်း အီရန်ရေတပ်သင်္ဘော အစင်း နှစိဆယ်ကျော် ဖျက်ဆီးခံခဲ့ရကြောင်းသိရသည်။
ဒါအပြင် ပူးတွဲစစ်ဦးစီးချုပ်များအဖွဲ့ ဥက္ကဋ္ဌ Gen. Dan Caine က အီရန်၏ ပဲ့ထိန်းဒုံးကျည် ပစ်ခတ်နိုင်စွမ်းသည် ပထမဆုံးနေ့ကထက် ၈၆ ရာခိုင်နှုန်းနှင့် ဒရုန်းတိုက်ခိုက်မှု ၇၃ ရာခိုင်နှုန်းအထိ ကျဆင်းသွားခဲ့ကြောင်း အတည်ပြုပြောဆိုထားသည်။အီရန်သည် တရုတ်နှင့် ရုရှားနိုင်ငံထံမှ ခေတ်မီလေကြောင်းရန်ကာကွယ်ရေးစနစ်များ ဝယ်ယူအားဖြည့်ထားသော်လည်း လက်တွေ့စစ်ပွဲတွင် အဆိုပါ လေကြောင်းရန် ကာကွယ်ရေး စနစ်များက အမေရိကန်စစ်လေယာဥ်များ၏ တိုက်ခိုက်မှုကို ထိရောက်စွာ ဟန့်တားနိုင်ခြင်း မရှိကြောင်း သိရသည်။

Zawgyi Version:
အီရန္ေလတပ္ႏွင့္ ေရတပ္ကို အေမရိကန္ အျပတ္အသတ္ေခ်မႈန္းႏိုင္ခဲ့ဟုဆို
ဂ်န္ဇက္(NP News)-မတ္ ၅
အေမရိကန္ကာကြယ္ေရစဝန္ႀကီး ပီတီဟတ္ဆီက အီရန္ကိုတိုက္ခိုက္ေနသည့္ Operation Epic Fury စစ္ဆင္ေရး ၅ ရက္ေျမာက္ေန႔တြင္ အီရန္ေလတပ္ႏွင့္ ေရတပ္တို႔ကို အျပတ္အသတ္ ေခ်မႈန္းႏိုင္ခဲ့ၿပီျဖစ္ေၾကာင္း ပင္တဂြန္စစ္ဌာနခ်ဳပ္ သတင္းစာရွင္းလင္းပြဲ၌ တရားဝင္ ေၾကညာလိုက္သည္။ အေမရိကန္ႏွင့္ အစၥေရး ပူးေပါင္းတပ္ဖြဲ႕မ်ားသည္ အီရန္၏ ေလပိုင္နက္ႏွင့္ ေရျပင္ကို အျပည့္အဝ ထိန္းခ်ဳပ္လိုက္ၿပီျဖစ္ၿပီး အီရန္စစ္တပ္၏ တုံ႔ျပန္ႏိုင္စြမ္းမွာ အလ်င္အျမန္ က်ဆင္းေနေၾကာင္း သိရသည္။အေမရိကန္ ကာကြယ္ေရးဝန္ႀကီးကအီရန္ေလတပ္မွာ လုံးဝပ်က္စီးသြားၿပီျဖစ္ကာ "၁၉၉၆ ခုႏွစ္က တည္ေဆာက္ခဲ့ၿပီး ၂၀၂၆ တြင္ အဆုံးသတ္သြားၿပီ" ဟု ဆိုသည္။အီရန္ေရတပ္သည္ ပါရွားပင္လယ္ေကြ႕ ေအာက္ေျခသို႔ ေရာက္ရွိသြားၿပီျဖစ္ကာ၊ အိႏၵိယသမုဒၵရာအတြင္း၌လည္း အေမရိကန္ န်ဴကလီးယား ေရငုပ္သေဘၤာက ေတာ္ပီဒိုျဖင့္ ပစ္ခတ္မႈေၾကာင့္ အီရန္စစ္သေဘၤာ တစ္စင္း နစ္ျမဳပ္သြားခဲ့ၿပီး စုစုေပါင္း အီရန္ေရတပ္သေဘၤာ အစင္း ႏွစိဆယ္ေက်ာ္ ဖ်က္ဆီးခံခဲ့ရေၾကာင္းသိရသည္။
ဒါအျပင္ ပူးတြဲစစ္ဦးစီးခ်ဳပ္မ်ားအဖြဲ႕ ဥကၠ႒ Gen. Dan Caine က အီရန္၏ ပဲ့ထိန္းဒုံးက်ည္ ပစ္ခတ္ႏိုင္စြမ္းသည္ ပထမဆုံးေန႔ကထက္ ၈၆ ရာခိုင္ႏႈန္းႏွင့္ ဒ႐ုန္းတိုက္ခိုက္မႈ ၇၃ ရာခိုင္ႏႈန္းအထိ က်ဆင္းသြားခဲ့ေၾကာင္း အတည္ျပဳေျပာဆိုထားသည္။အီရန္သည္ တ႐ုတ္ႏွင့္ ႐ုရွားႏိုင္ငံထံမွ ေခတ္မီေလေၾကာင္းရန္ကာကြယ္ေရးစနစ္မ်ား ဝယ္ယူအားျဖည့္ထားေသာ္လည္း လက္ေတြ႕စစ္ပြဲတြင္ အဆိုပါ ေလေၾကာင္းရန္ ကာကြယ္ေရး စနစ္မ်ားက အေမရိကန္စစ္ေလယာဥ္မ်ား၏ တိုက္ခိုက္မႈကို ထိေရာက္စြာ ဟန္႔တားႏိုင္ျခင္း မရွိေၾကာင္း သိရသည္။