ဟိုပင်တွင် ကလေးငယ် (၃) ဦးအပါအဝင် မိသားစုဝင် (၆) ဦး သတ်ဖြတ်ခံရမှုဖြစ်ပွား

328

သန့်ဇင်(NP News)-မတ် ၅
ကချင်ပြည်နယ်၊ ဟိုပင်မြို့တွင် ကလေးငယ် (၃) ဦးအပါအဝင် မိသားစုဝင် (၆) ဦး သတ်ဖြတ်ခံရမှုဖြစ်ပွားခဲ့ကြောင်း ဒေသတွင်း သတင်းမီဒီယာများ၏ ဖော်ပြရေးသားချက်များအရ သိရသည်။
ဖြစ်စဉ်မှာ ပြီးခဲ့သည့် မတ်လ ၄ ရက်၊ ည ၁၁ နာရီဝန်းကျင်အချိန်ခန့်က ဟိုပင်မြို့၊ မြသာယာရပ်ကွက်ရှိ နေအိမ်တွင်ဖြစ်ပွားခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
အခင်းဖြစ်ပွားစဉ်ညက အဆိုပါနေအိမ်တွင် အော်ဟစ်သံများကြားရသော်လည်း ပတ်ဝန်းကျင်မှ လင်မယားချင်းရန်ဖြစ်သည်ပင် ထင်မှတ်ခဲ့ကြောင်းနှင့် နံနက်ပိုင်းရောက်မှသာ နေအိမ်တွင် ကလေးငယ် (၃) ဦးအပါအဝင် (၆) ဦးလုံးသတ်ဖြတ်ခံထားရသည်ကို တွေ့ရှိခဲ့ရကြောင်း သိရသည်။
သတ်ဖြတ်ခံရမှုကြောင့် အမျိုးသားတွင် ဦးခေါင်းနှင့်လက်တို့တွင် ထိခိုက်ဒဏ်ရာများဖြင့်လည်းကောင်း အမျိုးသမီးဖြစ်သူမှာ နေအိမ်အိပ်ခန်းအတွင်းတွင်လည်းကောင်း (၁) နှစ်အရွယ် သမီးငယ်နှင့် သားသမီး (၃)ဦးတို့မှာ မီးဖိုခန်းတွင် ထိခိုက်ဒဏ်ရာများဖြင့် လည်းကောင်း သေဆုံးနေခဲ့ကြောင်း သိရသည်။နောက်ထပ် ခြောက်ဦးမြောက် သေဆုံးသူမှာ ယင်းအိမ်တွင် ထမင်းချက်သည့် အမျိုးသမီးဖြစ်ကြောင်း ဒေသခံများက ပြောသည်။
လက်ရှိတွင် ယင်းဖြစ်စဉ်နှင့်ပတ်သက်၍ ပြစ်မှုကျူးလွန်သူအား ဖော်ထုတ်ဖမ်းဆီးရမိရေး စုံစမ်းစစ်ဆေးလျက်ရှိကြောင်း သိရသည်။

Zawgyi Version:
ဟိုပင္တြင္ ကေလးငယ္ (၃) ဦးအပါအဝင္ မိသားစုဝင္ (၆) ဦး သတ္ျဖတ္ခံရမႈျဖစ္ပြား
သန႔္ဇင္(NP News)-မတ္ ၅
ကခ်င္ျပည္နယ္၊ ဟိုပင္ၿမိဳ႕တြင္ ကေလးငယ္ (၃) ဦးအပါအဝင္ မိသားစုဝင္ (၆) ဦး သတ္ျဖတ္ခံရမႈျဖစ္ပြားခဲ့ေၾကာင္း ေဒသတြင္း သတင္းမီဒီယာမ်ား၏ ေဖာ္ျပေရးသားခ်က္မ်ားအရ သိရသည္။
ျဖစ္စဥ္မွာ ၿပီးခဲ့သည့္ မတ္လ ၄ ရက္၊ ည ၁၁ နာရီဝန္းက်င္အခ်ိန္ခန႔္က ဟိုပင္ၿမိဳ႕၊ ျမသာယာရပ္ကြက္ရွိ ေနအိမ္တြင္ျဖစ္ပြားခဲ့ျခင္း ျဖစ္ေၾကာင္း သိရသည္။
အခင္းျဖစ္ပြားစဥ္ညက အဆိုပါေနအိမ္တြင္ ေအာ္ဟစ္သံမ်ားၾကားရေသာ္လည္း ပတ္ဝန္းက်င္မွ လင္မယားခ်င္းရန္ျဖစ္သည္ပင္ ထင္မွတ္ခဲ့ေၾကာင္းႏွင့္ နံနက္ပိုင္းေရာက္မွသာ ေနအိမ္တြင္ ကေလးငယ္ (၃) ဦးအပါအဝင္ (၆) ဦးလုံးသတ္ျဖတ္ခံထားရသည္ကို ေတြ႕ရွိခဲ့ရေၾကာင္း သိရသည္။
သတ္ျဖတ္ခံရမႈေၾကာင့္ အမ်ိဳးသားတြင္ ဦးေခါင္းႏွင့္လက္တို႔တြင္ ထိခိုက္ဒဏ္ရာမ်ားျဖင့္လည္းေကာင္း အမ်ိဳးသမီးျဖစ္သူမွာ ေနအိမ္အိပ္ခန္းအတြင္းတြင္လည္းေကာင္း (၁) ႏွစ္အ႐ြယ္ သမီးငယ္ႏွင့္ သားသမီး (၃)ဦးတို႔မွာ မီးဖိုခန္းတြင္ ထိခိုက္ဒဏ္ရာမ်ားျဖင့္ လည္းေကာင္း ေသဆုံးေနခဲ့ေၾကာင္း သိရသည္။ေနာက္ထပ္ ေျခာက္ဦးေျမာက္ ေသဆုံးသူမွာ ယင္းအိမ္တြင္ ထမင္းခ်က္သည့္ အမ်ိဳးသမီးျဖစ္ေၾကာင္း ေဒသခံမ်ားက ေျပာသည္။
လက္ရွိတြင္ ယင္းျဖစ္စဥ္ႏွင့္ပတ္သက္၍ ျပစ္မႈက်ဴးလြန္သူအား ေဖာ္ထုတ္ဖမ္းဆီးရမိေရး စုံစမ္းစစ္ေဆးလ်က္ရွိေၾကာင္း သိရသည္။