မြန်မာသို့ ချစ်ကြည်ရေးခရီးလည်ပတ်ရန်ရောက်ရှိလာသည့် ရုရှားမှ သင်္ဘော (၃)စင်းထဲတွင် ဆီတင်သင်္ဘော (၁)စင်းပါဝင်

 639

ထိုက်စံ (NP News)- မတ် ၆
မြန်မာနိုင်ငံသို့ ချစ်ကြည်ရေးခရီးလည်ပတ်ရန်ရောက်ရှိလာသည့် ရုရှားနိုင်ငံမှ သင်္ဘော (၃) စီးထဲတွင် အလတ်စားဆီတင်သင်္ဘော (၁)စင်းပါဝင်ကြောင်း နိုင်ငံတော် လုံခြုံရေးနဲ့ အေးချမ်းသာယာရေးကော်မရှင်၏ ထုတ်ပြန်ချက်အရ သိရသည်။
ရုရှားရေတပ်ပစိဖိတ် စစ်ရေယာဉ်စုမှ ကော်ဗက်စစ်ရေယာဉ်များ ဖြစ်သည့် Sovershenyi ၊ Rezkiy၊ နှင့် အလတ်စားဆီတင်သင်္ဘော Pechenga တို့သည် မြန်မာနိုင်ငံသို့ ချစ်ကြည်ရေးခရီး ခရီးစဉ် အဖြစ် ယမန်နေ့( မတ် ၅ ရက်) ၊ ညနေပိုင်းက ရန်ကုန်မြို့ သီလဝါဆိပ်ကမ်း MITT တံတားသို့ ရောက်ရှိခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
ယခု ပါဝင်လာသည့် ဆီတင်သင်္ဘော မှာ အချက်အလက်အလက်များ အရ အရှည် (၁၃၀) မီတာ နှင့်အကျယ် (၂၀)မီတာ ရှိကာ တန်ချိန် (၆၅၀၀) တင်ဆောင်နိုင်ကြောင်း သိရသည်။
အဆိုပါ စစ်ရေယာဉ်အဖွဲ့ကို Captain 1st Rank Andrei Gaevoi ဦးစီးခြင်း ဖြစ်ပြီး အရာရှိ၊ စစ်သည်စုစုပေါင်း (၃၅၀) လိုက်ပါလာကာ မြန်မာနိုင်ငံတွင် လာမည့် (မတ် ၁၀ ရက်) အထိ နေထိုင်၊ လေ့လာ၊ လည်ပတ်သွားမည် ဖြစ်ပြီး နှစ်နိုင်ငံချစ်ကြည်ရေး အားကစားပြိုင်ပွဲများလည်း ပြုလုပ်သွားမည်ဖြစ်ကြောင်း ထုတ်ပြန်ထားခြင်း ဖြစ်သည်။

Zawgyi Version:
ျမန္မာသို႔ ခ်စ္ၾကည္ေရးခရီးလည္ပတ္ရန္ေရာက္ရွိလာသည့္ ႐ုရွားမွ သေဘၤာ (၃)စင္းထဲတြင္ ဆီတင္သေဘၤာ (၁)စင္းပါဝင္
ထိုက္စံ (NP News)- မတ္ ၆
ျမန္မာႏိုင္ငံသို႔ ခ်စ္ၾကည္ေရးခရီးလည္ပတ္ရန္ေရာက္ရွိလာသည့္ ႐ုရွားႏိုင္ငံမွ သေဘၤာ (၃) စီးထဲတြင္ အလတ္စားဆီတင္သေဘၤာ (၁)စင္းပါဝင္ေၾကာင္း ႏိုင္ငံေတာ္ လုံၿခဳံေရးနဲ႔ ေအးခ်မ္းသာယာေရးေကာ္မရွင္၏ ထုတ္ျပန္ခ်က္အရ သိရသည္။
႐ုရွားေရတပ္ပစိဖိတ္ စစ္ေရယာဥ္စုမွ ေကာ္ဗက္စစ္ေရယာဥ္မ်ား ျဖစ္သည့္ Sovershenyi ၊ Rezkiy၊ ႏွင့္ အလတ္စားဆီတင္သေဘၤာ Pechenga တို႔သည္ ျမန္မာႏိုင္ငံသို႔ ခ်စ္ၾကည္ေရးခရီး ခရီးစဥ္ အျဖစ္ ယမန္ေန႔( မတ္ ၅ ရက္) ၊ ညေနပိုင္းက ရန္ကုန္ၿမိဳ႕ သီလဝါဆိပ္ကမ္း MITT တံတားသို႔ ေရာက္ရွိခဲ့ျခင္း ျဖစ္ေၾကာင္း သိရသည္။
ယခု ပါဝင္လာသည့္ ဆီတင္သေဘၤာ မွာ အခ်က္အလက္အလက္မ်ား အရ အရွည္ (၁၃၀) မီတာ ႏွင့္အက်ယ္ (၂၀)မီတာ ရွိကာ တန္ခ်ိန္ (၆၅၀၀) တင္ေဆာင္ႏိုင္ေၾကာင္း သိရသည္။
အဆိုပါ စစ္ေရယာဥ္အဖြဲ႕ကို Captain 1st Rank Andrei Gaevoi ဦးစီးျခင္း ျဖစ္ၿပီး အရာရွိ၊ စစ္သည္စုစုေပါင္း (၃၅၀) လိုက္ပါလာကာ ျမန္မာႏိုင္ငံတြင္ လာမည့္ (မတ္ ၁၀ ရက္) အထိ ေနထိုင္၊ ေလ့လာ၊ လည္ပတ္သြားမည္ ျဖစ္ၿပီး ႏွစ္ႏိုင္ငံခ်စ္ၾကည္ေရး အားကစားၿပိဳင္ပြဲမ်ားလည္း ျပဳလုပ္သြားမည္ျဖစ္ေၾကာင္း ထုတ္ျပန္ထားျခင္း ျဖစ္သည္။

Related news

© 2021. All rights reserved.