လွှတ်တော်အမတ် လစာ ကျပ်သိန်း(၁၀ဝ)ပေးသင့်သလား

 2296

မျိုးမင်း(မကျည်းလဟာ) - မတ်လ ၆

ပြည်ထောင်စုအဆင့် လွှတ်တော်အမတ် လစာ သိန်း (၁၀ဝ)ကျပ် ပေးသင့်သည်။
ထိုအမတ်တစ်ဦး အတွက် နိုင်ငံတော်နှင့် လူထုက (၅)နှစ်စာ ကျပ် သိန်း (၆၀ဝဝ) ရင်းနှီးမြှုပ်နှံသင့်၏။ ထို့အတူ ကိုယ်ပိုင်ရုံးခန်းတစ်ခန်းနှင့် အနီးကပ် ဝန်ထမ်းသုံးဦးထက်မနည်း ထားပေးသင့်၏။

ထိုသို့ရရှိစေရန်အတွက် လာမည့် လွှတ်တော်၌ အဆိုတင်သွင်းရဲသူ မရှိသေးလျှင် ယခု ဆောင်းပါး အား ကိုးကားပါလေ။

လွှတ်တော်အမတ်လစာ ကျပ်သိန်း(၁၀ဝ)
မည်သည့်အတွက်ကြောင့် လွှတ်တော်အမတ် လစာ ကျပ်သိန်း(၁၀ဝ) ပေးရမည်နည်းဟု မေးခွန်း ထုတ်စရာရှိသည်။ အထူးသဖြင့် နိုင်ငံတော်သမ္မတပင် လျှင် ကျပ်သိန်း (၅၀)သာ လစာ ရယူခွင့်ရှိနေချိန်၌ နိုင်ငံတော်သမ္မတထက် နိုင်ငံတော်အင်္ဂါစဉ်အဆင့် များစွာ နိမ့်ပါးသော ပြည်သူ့လွှတ်တော်အမတ်၊ အမျိုး သားလွှတ်တော်အမတ်တို့ကို တစ်ဦးလျှင် ကျပ်သိန်း (၁၀ဝ) အထိ လစာပေးရန် တိုက်တွန်းနေခြင်းသည် မိုက်ရူးရဲဆန်ရာကျသည်ဟု ကဲ့ရဲ့ခနဲ့ပါက ခံရုံသာ ရှိ၏။ တိုင်းပြည်လည်းဆင်းရဲနေသည်၊ ပြန်လည် ထူ ထောင်ရေးအတွက် ငွေကြေးဘီလျံသောင်းချီ လိုအပ် နေသည်။
ထိုအချိန်တွင် ရူးနှမ်းသောစကားမျိုး ဆိုလာခြင်း က မိုက်မဲသည်ဟုလည်း ဆိုရမည်ပင်။ သို့သော် အ များပြည်သူအကျိုးစီးပွားအတွက် တစ်ကြိမ်တစ်ခါမက မိုက်မဲသင့်ပါက မိုက်မဲရမည်ဟုယုံကြည်၏။ ထို့ ကြောင့် ဤသို့ ဆိုချင်သည်။ မတ်လ (၁၆) ရက်နှင့် (၁၈)ရက်တို့တွင် ပြည်သူ့လွှတ်တော်နှင့် အမျိုးသား လွှတ်တော်အစည်းအဝေးများ စတင်မည်ဖြစ်သည်။ ထိုလွှတ်တော်နှစ်ရပ်လုံးအတွက် တက်ရောက်ခွင့်ရ သူ ရွေးကောက်ခံ လွှတ်တော်ကိုယ်စားလှယ်ဦးရေ (၄၂၀) ဦးရှိသည်။
လက်ရှိ လစာခံစားခွင့်က ကျပ်(၁၀)သိန်းဖြစ် ၏။ (၄၂၀)ဦးဖြင့် တွက်ချက်မည်ဆိုပါက လစဉ် ကျပ် သိန်း (၄၂၀ဝ) နှုန်းဖြင့် တစ်နှစ်လျှင် သိန်း (၅၀ဝဝဝ)ကျော် ပေးချေနေရခြင်းဖြစ်သည်။ လွှတ်တော်ကိုယ် စားလှယ် အင်အားအပြည့်ဆိုပါက နှစ်စဉ် ကျပ်သိန်း ပေါင်း (၆၀ဝဝဝ)ကျော် သုံးစွဲနေခြင်းဖြစ်သည်။ လက် ရှိနှုန်းထားအရ လွှတ်တော်ကိုယ်စားလှယ်တစ်ဦးအ တွက် တစ်ရက်တာလုပ်အားခသည် ကျပ်(၃၀ဝဝဝ)ကျော်ဖြစ်၏။ တစ်နည်းအားဖြင့် မြို့နယ်တစ်ခုစာ အ လုပ်များနှင့် ဒေသခံပြည်သူလူထု၏အသံများ၊ နိုင်ငံ တော်က ပြုပြင်ပြောင်းလဲရမည့်ကဏ္ဍများ၊ လုပ်ထုံး လုပ်နည်း ဥပဒေများအပါအဝင် အခြေအနေအရပ် ရပ်များလုပ်ဆောင်ပေးရန်အတွက် တစ်ရက် ကျပ် (၃၀ဝဝဝ) ကျော်သာ ပေးရခြင်းမျိုးဖြစ်သည်။
လွှတ်တော်ကိုယ်စားလှယ်တစ်ဦး တစ်ရက်အ လုပ်လုပ်လျှင် ကျပ် (၃၀ဝဝဝ) ကျော်ရသည်ဟု မှတ် ယူရမည်ဖြစ်သကဲ့သို့ တစ်ရက်ပျမ်းမျှ ကျပ်(၃၀ဝဝဝ) ကျော်ကျော်သာ တန်ကြေးရှိသော ဈေးပေါသည့် အ လုပ်သမား လွှတ်တော်ကိုယ်စားလှယ်များ ဖြစ်နေခြင်း ပင်။ ထိုကိုယ်စားလှယ်များ အမှန်တကယ် အလုပ် လုပ်မလုပ်ကိုမူ သီးခြားစဉ်းစားရန်ဖြစ်သည်။ (၂၀၂၆) ခုနှစ်မတ်လ (၁၆) တွင် စတင်မည့် လွှတ်တော်အခင်း အကျင်းသည် ယခင်လွှတ်တော်နှစ်ဆက်ထက်ပို၍ လုပ်ငန်းဆောင်တာများ များပြားနိုင်ပြီး တာဝန်လည်း ကြီး၏။ ပေါ့လျော့၍ မရ။ လွှတ်တော်တက် ဆယ်လ် ဖီဆွဲ၍ အလှပြဂုဏ်ဆာပြခြင်းမျိုး အဆင့်ထက်သာ လွန်ရမည်ဖြစ်သည်။ (၂၁) နိုင်ငံရေးအခင်းအကျင်းနှင့် အတူ လူထုဖြတ်သန်းခဲ့ရသော ငါးနှစ်တာကာလဆိုး ကို လာမည့်လွှတ်တော်က နှစ်သိမ့်ပေးနိုင်ရန်လို၏။ ထို့ကြောင့် အလုပ်များများလုပ်ရမည့် လွှတ်တော်ဟု ဆိုလိုခြင်းပင်။ လွှတ်တော်အမတ်များကို တန်ရာတန် ကြေးပေး၍ ခိုင်းရမည့်လွှတ်တော်လည်း ဖြစ်သည်။
ခေါင်းပေါင်းဝတ် အခန့်သားထိုင်၍ ဇိမ်ခံ အိပ် ငိုက်ခိုင်းရမည့်လွှတ်တော်လည်း မဖြစ်သင့်ပေ။ လူထု အား လက်အုပ်ချီရမည့်လွှတ်တော်မျိုးဖြစ်ပြီး လူထု နှင့်ကင်းကွာရမည့် လွှတ်တော်မျိုးဖြစ်ရန် မသင့်ပေ။ ပြည်သူလူထုက လွှတ်တော်အတွင်းသို့ ရွေးချယ်ပေး ပို့လိုက်ခြင်းသည် သိန်း (၁၀ဝဝဝ) ပေး၍ ဖြေရှင်း မရသော ပြဿနာများကို သိန်း (၁၀ဝ) ပေး၍ လွှတ် တော်တွင်း ကိုယ်စားပြုစေခြင်းမျိုးလည်းဖြစ်၏။
ဥပမာအားဖြင့် ပြည်သူလူထုအတွက် အကျိုးဖြစ် ထွန်းသော ဥပဒေတစ်ရပ်ကို လစာသိန်း(၁၀ဝ)ရသည့် လွှတ်တော်ကိုယ်စားလှယ်တစ်ဦးက အဆိုတင်သွင်း ၍ ပြုပြင်ပြောင်းလဲစေနိုင်ခဲ့မည်ဆိုပါက ပေးရသော လစာသည် ထိုက်တန်၏။ လွှတ်တော်ကိုယ်စားပြုခွင့် သည် ပရဟိတနိုင်ငံရေးတစ်မျိုးဖြစ်သော်လည်း ဝမ်း ဟောင်းလောင်းဖြစ်နေ၍ မရပေ။ ဝမ်း ဟောင်းလောင်း ဖြစ်နေသောကိုယ်စားလှယ်သည် ပါးစပ်ပါ၏။ ပါ သော ပါးစပ်သည် အငြိမ်မနေခဲ့ပါက သိန်း (၁၀ဝ)ထက်ပို၍ တိုင်းပြည်နစ်နာဖွယ်ရာရှိသည်။ သိန်း (၁၀ဝ)အထိ ပေးထားပါလျက် ပါးစပ်အငြိမ်မနေခဲ့ပါ က Right to recall ကိုအသက်သွင်း၍ လွှတ်တော် တွင်းမှ မောင်းထုတ်ရမည်လည်း ဖြစ်သည်။
ကုမ္ပဏီကြီးတစ်ခု၏ GM လစာသည် ကျပ်သိန်း (၁၀ဝ) ခန့် ရရှိနေ၏။ သာမန်စက်ရုံလုပ်သားတစ်ဦး၏ တစ်လတာဝင်ငွေ သည် (၅)သိန်းကျပ် အထက်တွင် ရှိနေသည်။ လမ်း ဘေးတွင် တောင်းရမ်းစားသောက်နေ သူများ၏ တစ်လတာဝင်ငွေသည် ကျပ်သိန်း(၁၀ဝ)ထက်မနည်း ရရှိသည်များလည်းရှိ၏။ ပြည့်တန်ဆာ တစ်ဦး၏ တစ်လဝင်ငွေသည် ကျပ်သိန်း(၁၀ဝ) ထက် ပိုများသည့် ကာလများလည်း ရှိ၏။ လွှတ်တော်ကိုယ် စားလှယ်သည် သူတောင်းစားမဟုတ်၊ ပြည့်တန်ဆာ မဟုတ်၊ သာမန်စက်ရုံဝန်ထမ်းလည်း မဟုတ်ပေ။ ကုမ္ပဏီတစ်ခု၏ GM ထက်လည်း အဆများစွာ မြင့်မား၏။

ကိုယ်ပိုင်ရုံးခန်းနှင့် ဝန်ထမ်းသုံးဦး ထားရှိစေခြင်း
နေပြည်တော် ပြည်ထောင်စုလွှတ်တော် (ပြည် သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော်) ၌ သိသာသော အားနည်းချက်တစ်ခု မြင်ရသည်။ လွှတ်တော်တက် ရောက်ကြသည့် ကိုယ်စားလှယ်များအတွက် ကိုယ် ပိုင်ရုံးခန်း ရှိမနေခြင်းနှင့် နိုင်ငံတော်က စီစဉ်ခန့်အပ် ပေးထားသော ဝန်ထမ်းမရှိခြင်းပင်။ ဂျပန်နှင့် အိန္ဒိယ တို့၏လွှတ်တော်များကို လေ့လာမိခဲ့သမျှ၌ သဘော ကျမိသည်များရှိ၏။ ဥပမာအားဖြင့် ဂျပန်လွှတ်တော်။ (၂၀၂၃) ခုနှစ်အတွင်းက နှစ်ကြိမ်ဆက်တိုက် ရောက် ရှိခဲ့သည့် လွှတ်တော်ခရီးစဉ်အတွင်း ဂျပန်လွှတ်တော် အမတ်တစ်ဦးချင်းစီ၌ ကိုယ်ပိုင်ရုံးခန်းများရှိနေသည်။ ကိုယ်ရေးအရာရှိသုံးဦးအထိ ရှိနေသည်။ ဧည့်သည် လက်ခံတွေ့ဆုံရန် အခန်းတစ်ခန်း သီးသန့်ရှိထားပြီး မည်သည့်ကိစ္စမဆို ကိုယ်ရေးအရာရှိတစ်ဦးက မှတ် တမ်းပြုစု၍ စနစ်တကျ စီစဉ်ပေးသည်။ ထို့အတွက် ကြောင့်လွှတ်တော်ကိုယ်စားလှယ်အား လမ်းဘေး လက်ဖက်ရည်ဆိုင်၌ ကြုံရာကျပန်းစကားပြောမည့်အဆင့်မျိုးမဟုတ်စေတော့ဘဲ အဆင့်အတန်း တစ်ခုတွင် ထားရှိစေ၏။ လွှတ်တော်အစည်းအဝေး များ ကျင်းပစဉ်ကာလအတွင်း၌ ကိုယ်စားလှယ်အသီး သီးက ゞင်းတို့၏ ရုံးခန်းတွင် နိုင်ငံ့ရေးရာကိစ္စများကို စိတ်အေးလက်အေး လေ့လာဆန်းစစ်သုံးသပ်ခြင်း၊ ဖတ်ရှုရမည့်စာများကို ဖတ်ကြားခြင်း၊ ရွေးကောက် တင်မြောက်ထားသော မဲဆန္ဒနယ်မြေမှ ပေးပို့လာ သော စာအသီးသီးကို ဆန်းစစ်ခြင်း၊ အစိုးရဝန်ကြီး ဌာနများအား ချိတ်ဆက်၍ လူထုအခက်အခဲများကို ကြားဝင်ကူညီဖြေရှင်းမေးမြန်းခြင်း၊ လွှတ်တော်၌တင် သွင်းမည့်အဆိုများကို ပြင်ဆင်ခြင်းတို့ လုပ်ဆောင် သည်။ လွှတ်တော်အစည်းအဝေးများ ခေတ္တရပ်နား စဉ်ကာလအတွင်း၌ မဲဆန္ဒနယ်များသို့ ကိုယ်တိုင် ကွင်းဆင်း၍ အလုပ်အကျွေးပြုသည်။ ရုံးဝန်ထမ်း သုံး ဦးကလည်း ゞင်းတို့ရုံးခန်းအမှတ် ( ဥပမာ-ဝ၀၇) တွင် တာဝန်ထမ်းဆောင်ခွင့်ရသည့် လွှတ်တော်ကိုယ် စားလှယ်အတွက် အစိုးရဌာနဆိုင်ရာ လုပ်ထုံးလုပ် နည်းများ၊ ဥပဒေများ၊ ယခင်လွှတ်တော်အမတ် လက် ထက်ကလုပ်ဆောင်၍ မပြီးပြတ်ခဲ့သော၊ ပြီးပြတ်ခဲ့ သော လုပ်ငန်းဆောင်တာများနှင့် အထွေထွေကိစ္စရပ် များကို အားဖြည့်ကူညီခြင်းများ လုပ်ဆောင်သည်။ ဂျပန်လွှတ်တော်သို့ သွားရောက်လေ့လာပါက ယခု ထက်ပို၍ သိရှိနိုင်မည်ဖြစ်၏။ မြန်မာ နေပြည်တော် လွှတ်တော်သည်ကား ကိုယ်စားလှယ်များအတွက် အ ခန်းမရှိပေ။
NLD လက်ထက် လွှတ်တော်ကာလ အတွင်းက ကိုယ်စားလှယ်အချို့အနေဖြင့် လွှတ်တော်၌တင်သွင်း မည့်အဆိုများအတွက် သပြေကုန်း၊ မြို့မဈေး အစရှိ သောနေရာများမှကွန်ပျူတာစာစီစာရိုက်ဆိုင်များတွင် ငုတ်တုတ်ထိုင်၍ စာရိုက်ရခြင်းများပင် ရှိခဲ့ဖူးသည်။ ကိုယ်စားလှယ်က လွှတ်တော်တွင် တင်သွင်းဖြစ်မဖြစ် မသေချာသော်လည်း ထိုစာများသည်ကား ကွန်ပျုတာ ဆိုင်မှတစ်ဆင့် နိုင်ငံတစ်ဝန်းသို့ မပျံ့နှံ့ဟု မဆိုနိုင် တော့ပေ။ သို့ဆိုလျှင် လုံခြုံရေးအဆင့်အတန်းသည် ကား ရှက်ဖွယ်ရာပင်။ လွှတ်တော်ကိုယ်စားလှယ်က လမ်းဘေးကွန်ပျူတာဆိုင်၌ စာစီစာရိုက်လုပ်နေရခြင်း သည် နိုင်ငံတော်၏အဆင့်အတန်းဖြစ်သွား၏။ ကန ဦးတွင် ထိုသို့လုပ်ခဲ့ခြင်းကြောင့် မသင့်လျော်ဟုဆိုကာ အမေရိကန်ကျောထောက်နောက်ခံ USAID ၏ အကူအညီဖြင့် စည်ပင်ရိပ်သာ၌ စာစီစာရိုက်ခြင်း လုပ်ငန်းများကို NLD လွှတ်တော်က ပြောင်းလဲလုပ် ဆောင်ခဲ့ဖူးပြန်သည်။ ယင်းအချက်သည်လည်း နိုင်ငံ တော်၏ဂုဏ်သိက္ခာနှင့် လုံခြုံရေးအဆင့်အတန်းက မေးခွန်းထုတ်စရာ မဖြစ်ပေလော။ မြန်မာလွှတ်တော် ကိုယ်စားလှယ်တို့၏အယူအဆအမြင် တင်သွင်းလို သောအချက်များကို အနောက်အုပ်စုက USAID မှ တစ်ဆင့်ခံ၍ အသင့်ရယူသွားမည်လည်း ဖြစ်သည်။
NLD ခေတ် လွှတ်တော်ကိုယ်စားလှယ်များထဲ တွင် ကွန်ပျူတာ မသုံးတတ်၊ ဖုန်းကို စနစ်တကျ မသုံး တတ်သော ဆယ်တန်းပင်မအောင်သည့်ပုဂ္ဂိုလ်များ ပါဝင်နေပြီး သက်ဆိုင်ရာမြို့နယ် ရပ်ကွက်အတွင်း၌ ပင်လျှင် လူမှုအရည်အသွေးနိမ့်ပါးလှသည့် အနေအ ထားမျိုးတွင်ရှိနေသူများ ပါခဲ့ဖူးသည်။ ထိုပုဂ္ဂိုလ်များ ဖြင့် နိုင်ငံတော်တည်ဆောက်ရန်ကြံစည်ခဲ့ခြင်းသည် ကား နိုင်ငံ့အနာဂတ်အတွက် ကြောက်စရာကောင်း လှ၏။ ထိုအဆင့်အတန်းပုဂ္ဂိုလ်များသည် နိုင်ငံတော် လုပ်ထုံးလုပ်နည်းများ၊ ဥပဒေများ၊ ဌာနဆိုင်ရာ လုပ် ငန်းစဉ်များနှင့် ကိုယ်စားလှယ်တစ်ဦး၏ လုပ်ငန်း တာဝန်ဝတ္တရာများကို မည်သို့ သိနိုင်ပါအံ့နည်း။ ထို့အ တွက်ကြောင့် ထိုပုဂ္ဂိုလ်များကို ထောက်ကူပေးရန် အုပ်ချုပ်ရေးလုပ်ငန်းစဉ် နားလည်သည့် ထွေအုပ် ဝန်ထမ်း၊ လွှတ်တော်လုပ်ငန်းစဉ် နားလည်သည့် လွှတ်တော်ဝန်ထမ်းနှင့် လူမှုဗေဒကိုနားလည်သည့် ကိုယ်စားလှယ်ကိုယ်တိုင်ခန့် ဝန်ထမ်းတို့ မလိုအပ်ဟု ဆိုနိုင်မည်လော။ ကံကောင်းသည်ကား လာမည့်လွှတ် တော်အတွင်း၌ ရှိခွင့်ရကြမည့် ပုဂ္ဂိုလ်များသည် NLD လွှတ်တော်ကာလ အမတ်များထက် ကိုယ်ရည် ကိုယ်သွေး၊ စိတ်နေစိတ်ထားနှင့် တစ်ဦးချင်း အရည် အချင်း များစွာသာလွန်နေခြင်းပင်။

လွှတ်တော်ကိုယ်စားလှယ်များ၏ တာဝန်ဝတ္တရား
လွှတ်တော်ကိုယ်စားလှယ်သည် သက်ဆိုင်ရာ မြို့နယ်ဒေသ ပြည်သူလူထု၏ မဲအများဆုံးဖြင့် တင် မြှောက်ခံရသော ပြည်သူ့ကိုယ်စားပြု လွှတ်တော်ကိုယ် စားလှယ်ဖြစ်သည်။ ထို့အတွက် ပြည်သူလူထု၏ အ ကျိုးစီးပွားကိုသာ ကိုယ်စားပြုရမည်ဖြစ်သည်။ ပြည် သူလူထုဟုဆိုရာတွင် မဲမပေးခဲ့သော ပြည်သူများကို လည်း ထည့်သွင်းစဉ်းစားရမည်ဖြစ်ပြီး ယှဉ်ပြိုင်ခဲ့ သော မြို့နယ်ဧရိယာထက် ပိုမိုကျယ်ပြန့်သော အမြင် မျိုးလည်း ရှိသင့်သည်။ အစိုးရဌာနဆိုင်ရာနှင့် ပြည် သူလူထုကြားတွင် ပိတ်မိသော အချည်အနှောင် အကျပ်အတည်းများကိုဖြေရှင်းပေးရန် တာဝန်ရှိ သကဲ့သို့ ဥပဒေပြုရေးမဏ္ဍိုင်၏ အဓိကတာဝန်များ ကိုလည်း ထမ်းဆောင်ရမည်ဖြစ်သည်။
ပြည်သူလူထုအတွက် အကျိုးရှိမည့် ဥပဒေများ ကိုအဆိုတင်သွင်းရမည်ဖြစ်သကဲ့သို့ ဖိစီးမှုဖြစ်နေ သော ဥပဒေများကိုလည်း ပယ်ဖျက်ဖြေလျှော့နိုင် စေရန် ကြိုးပမ်းအားထုတ်ရမည်ဖြစ်သည်။ ပြဋ္ဌာန်း ချက်ပါ လွှတ်တော်ကိုယ်စားလှယ်၏ တာဝန်ဝတ္တရား များကို လိုက်နာလုပ်ဆောင်ရမည့်အပြင် စိတ်နှလုံး သား အခြေခံကောင်းများ မဖြစ်မနေရှိရန်လို၏။
အဓိကအားဖြင့် ပြည်သူလူထုအပေါ်ထားရှိသည့် စိတ်နှလုံးသား ရေခံမြေခံ ဓာတ်ခံကောင်းမွန်ပြီး အနစ်နာခံလုပ်ဆောင်ပေးရဲသည့် သတ္တိသာလျှင်ဖြစ် သည်။ ထိုတာဝန်ဝတ္တရားများကို ကျေပွန်စွာ ထမ်း ဆောင်မည်ဆိုပါက သိန်း(၁၀ဝ)လည်း တန်သည်ဟု ဆိုရမည်ပင်။ သို့သော် တစ်နှစ်ပတ်လုံး အဆို၊ မေး ခွန်းတစ်ခုပင် မေးနိုင်ခဲ့ခြင်းမရှိ၊ လူထုအကျိုးပြုမှု ထိ တွေ့မှုနည်းပါး၊ မည်သည့်ပုဂ္ဂိုလ်အတွက်မှ အကျိုး မရှိသော လွှတ်တော်အမတ်မျိုးဖြစ်နေပါ နန်းတော်မှ မောင်းထုတ်ရမည့် နွားဟုဆိုရမည်ဖြစ်သည်။

အနှစ်ချုပ်သော်
ဤအတွေးအမြင်ဆောင်းပါးပါ အယူအဆများ သည် စိတ်နှလုံးသားတစ်ခုအပေါ်တွင်သာ အခြေခံ ထား၏။ ပြည်သူလူထု ကိုယ်စားပြုအလုပ်လုပ်ကြ မည့်ပုဂ္ဂိုလ် (လွှတ်တော်ကိုယ်စားလှယ်) များအား တန်ရာတန်ကြေး ပေးလိုခြင်းပင်။ တန်ရာတန်ကြေး ပေး၍အလုပ်ခိုင်းလိုခြင်းပင်။ လွှတ်တော်ကိုယ်စား လှယ်တစ်ဦးအတွက် ငါးနှစ်စာ ကျပ်သိန်း (၆၀ဝဝ) ခန့် ရင်းနှီးမြှုပ်နှံပေး၍ တိုင်းပြည်နှင့်ပြည်သူလူထုအား ကယ်တင်လိုခြင်းဖြစ်သည်။ တိုင်းပြည်ချမ်းသာ၍ ပြည်သူလူထု ဝမ်းသာရသည့်ခေတ်စနစ်မျိုးကို လာမည့်လွှတ်တော်အခင်းအကျင်းမှတစ်ဆင့် စတင်မြင် ခွင့်ရလိုခြင်းပင်။
လက်ရှိလွှတ်တော်ကိုယ်စားလှယ်များအား လစာ ကျပ်(၁၀)သိန်းပေးထားသည်။ ထို့ပြင် ဒေ သန္တရဖွံ့ဖြိုးရေးစရိတ် ကျပ် သိန်း(၁၀ဝဝ) သုံးခွင့် ပြုထားသည်။ ဒေသန္တရ ဖွံ့ဖြိုးရေးအတွက် သက်ဆိုင် ရာဝန်ကြီးဌာနနှင့် ဌာနဆိုင်ရာများ၏ တာဝန်သာ ဖြစ်ပြီး လွှတ်တော်ကိုယ်စားလှယ်များက စောင့်ကြည့် ထိန်းကျောင်းမောင်းနှင်ရန်သာ တာဝန်ရှိသည်။ ကိုယ် စားလှယ်ကိုယ်တိုင်က ကျပ် သိန်း (၁၀ဝဝ)ကိုင်၍ လမ်းခင်းခြင်း၊ တံတားဆောက်ခြင်း၊ ကျောင်း ဆောက်ခြင်း အစရှိသည့်အလုပ်များဖြင့် အချိန် မဖြုန်းသင့်ပေ။ အမှန်တကယ် အလုပ်လုပ်လိုသည့် လွှတ်တော်ကိုယ်စားလှယ်တစ်ဦးအတွက် မြို့နယ် တစ်မြို့နယ်စာ စောင့်ကြည့်ထိန်းကျောင်းလုပ် ဆောင်ပေးရမည့် တာဝန်များစွာက မအားလပ် အောင်ပင် ရှိနေသည်။ ဥပဒေပြုရမည်၊ ပြင်ရမည်၊ ဖျက်ရမည်၊ လူထုအသံနားထောင်ရမည်၊ လွှတ်တော် တွင် ပဲ့တင်ထပ်ရမည်၊ မြေပြင်တွင် အလုပ်ဖြစ်ရမည် ဆိုသည့် ရှုထောင့်ကသာလျှင် လွှတ်တော်အမတ် တစ်ဦး၏ အဓိကတာဝန်ဟုဆိုချင်သည်။
ခေတ်ကာလ ကုန်ဈေးနှုန်းနှင့် အဆင့်အတန်း တစ်ခုအရ ၎င်းတို့၏ အချိန်ကို ကျပ်သိန်း(၁၀ဝ)ပေး ဝယ်၍ လူထုအတွက်အလုပ်လုပ်စေလိုခြင်းဖြစ်သည်။ ဤနေရာတွင် တပ်မတော်သားကိုယ်စားလှယ်များအား အထူးအားနာမိသည်။ တပ်မတော်က ပေးသောလစာ ကိုသာ စား၍ လွှတ်တော်တွင်း၌ အချိန်များကို ပေး ထားရ၏။ ကျပ်သိန်း(၁၀)သိန်းဖြစ်စေ၊ သိန်း(၁၀ဝ)ဖြစ်စေ ၎င်းတို့တွင် ခံစားခွင့်မရှိစေခြင်းက ၎င်းတို့၏ တိုင်းပြည်ချစ်စိတ်ကို ငွေဖြင့်ဝယ်ယူ၍မရကြောင်း ပြသသည့်သက်သေဟု ဆိုချင်မိသည်။ (၂၅) ရာခိုင် နှုန်းယူထားခြင်းကြောင့် အပြစ်တင်ကြသော ပုဂ္ဂိုလ် အချို့နှင့် ယှဉ်လျှင် ထိုတပ်မတော်သားများအား အ ထူးအားနာလေးစားမိသည်။ သို့သော် ဥပဒေပါ ပြဋ္ဌာန်း ချက်ပေးထားချက်များအတိုင်း ဆက်လက် လေးစား လိုက်နာခြင်းဖြင့် တပ်မတော်၏ ဂုဏ်သိက္ခာ ကို ဆက် လက်ပြသလိမ့်မည်ဟု ယုံကြည်သည်။ အချုပ်အားဖြင့် ရွေးကောက်ခံလွှတ်တော်ကိုယ်စားလှယ်များအား ကျပ်သိန်း (၁၀ဝ) ပေးသင့် မသင့်ဆိုသည်ကိုမူ မည် သူမဆို လွတ်လပ်စွာကွဲလွဲခွင့်ပြုထားပါကြောင်း။

Zawgyi Version;
လႊတ္ေတာ္အမတ္ လစာ က်ပ္သိန္း(၁၀ဝ)ေပးသင့္သလား
မ်ိဳးမင္း(မက်ည္းလဟာ) - မတ္လ ၆

ျပည္ေထာင္စုအဆင့္ လႊတ္ေတာ္အမတ္ လစာ သိန္း (၁၀ဝ)က်ပ္ ေပးသင့္သည္။
ထိုအမတ္တစ္ဦး အတြက္ ႏိုင္ငံေတာ္ႏွင့္ လူထုက (၅)ႏွစ္စာ က်ပ္ သိန္း (၆၀ဝဝ) ရင္းႏွီးျမႇဳပ္ႏွံသင့္၏။ ထို႔အတူ ကိုယ္ပိုင္႐ုံးခန္းတစ္ခန္းႏွင့္ အနီးကပ္ ဝန္ထမ္းသုံးဦးထက္မနည္း ထားေပးသင့္၏။

ထိုသို႔ရရွိေစရန္အတြက္ လာမည့္ လႊတ္ေတာ္၌ အဆိုတင္သြင္းရဲသူ မရွိေသးလွ်င္ ယခု ေဆာင္းပါး အား ကိုးကားပါေလ။

လႊတ္ေတာ္အမတ္လစာ က်ပ္သိန္း(၁၀ဝ)
မည္သည့္အတြက္ေၾကာင့္ လႊတ္ေတာ္အမတ္ လစာ က်ပ္သိန္း(၁၀ဝ) ေပးရမည္နည္းဟု ေမးခြန္း ထုတ္စရာရွိသည္။ အထူးသျဖင့္ ႏိုင္ငံေတာ္သမၼတပင္ လွ်င္ က်ပ္သိန္း (၅၀)သာ လစာ ရယူခြင့္ရွိေနခ်ိန္၌ ႏိုင္ငံေတာ္သမၼတထက္ ႏိုင္ငံေတာ္အဂၤါစဥ္အဆင့္ မ်ားစြာ နိမ့္ပါးေသာ ျပည္သူ႔လႊတ္ေတာ္အမတ္၊ အမ်ိဳး သားလႊတ္ေတာ္အမတ္တို႔ကို တစ္ဦးလွ်င္ က်ပ္သိန္း (၁၀ဝ) အထိ လစာေပးရန္ တိုက္တြန္းေနျခင္းသည္ မိုက္႐ူးရဲဆန္ရာက်သည္ဟု ကဲ့ရဲ႕ခနဲ႔ပါက ခံ႐ုံသာ ရွိ၏။ တိုင္းျပည္လည္းဆင္းရဲေနသည္၊ ျပန္လည္ ထူ ေထာင္ေရးအတြက္ ေငြေၾကးဘီလ်ံေသာင္းခ်ီ လိုအပ္ ေနသည္။
ထိုအခ်ိန္တြင္ ႐ူးႏွမ္းေသာစကားမ်ိဳး ဆိုလာျခင္း က မိုက္မဲသည္ဟုလည္း ဆိုရမည္ပင္။ သို႔ေသာ္ အ မ်ားျပည္သူအက်ိဳးစီးပြားအတြက္ တစ္ႀကိမ္တစ္ခါမက မိုက္မဲသင့္ပါက မိုက္မဲရမည္ဟုယုံၾကည္၏။ ထို႔ ေၾကာင့္ ဤသို႔ ဆိုခ်င္သည္။ မတ္လ (၁၆) ရက္ႏွင့္ (၁၈)ရက္တို႔တြင္ ျပည္သူ႔လႊတ္ေတာ္ႏွင့္ အမ်ိဳးသား လႊတ္ေတာ္အစည္းအေဝးမ်ား စတင္မည္ျဖစ္သည္။ ထိုလႊတ္ေတာ္ႏွစ္ရပ္လုံးအတြက္ တက္ေရာက္ခြင့္ရ သူ ေ႐ြးေကာက္ခံ လႊတ္ေတာ္ကိုယ္စားလွယ္ဦးေရ (၄၂၀) ဦးရွိသည္။
လက္ရွိ လစာခံစားခြင့္က က်ပ္(၁၀)သိန္းျဖစ္ ၏။ (၄၂၀)ဦးျဖင့္ တြက္ခ်က္မည္ဆိုပါက လစဥ္ က်ပ္ သိန္း (၄၂၀ဝ) ႏႈန္းျဖင့္ တစ္ႏွစ္လွ်င္ သိန္း (၅၀ဝဝဝ)ေက်ာ္ ေပးေခ်ေနရျခင္းျဖစ္သည္။ လႊတ္ေတာ္ကိုယ္ စားလွယ္ အင္အားအျပည့္ဆိုပါက ႏွစ္စဥ္ က်ပ္သိန္း ေပါင္း (၆၀ဝဝဝ)ေက်ာ္ သုံးစြဲေနျခင္းျဖစ္သည္။ လက္ ရွိႏႈန္းထားအရ လႊတ္ေတာ္ကိုယ္စားလွယ္တစ္ဦးအ တြက္ တစ္ရက္တာလုပ္အားခသည္ က်ပ္(၃၀ဝဝဝ)ေက်ာ္ျဖစ္၏။ တစ္နည္းအားျဖင့္ ၿမိဳ႕နယ္တစ္ခုစာ အ လုပ္မ်ားႏွင့္ ေဒသခံျပည္သူလူထု၏အသံမ်ား၊ ႏိုင္ငံ ေတာ္က ျပဳျပင္ေျပာင္းလဲရမည့္က႑မ်ား၊ လုပ္ထုံး လုပ္နည္း ဥပေဒမ်ားအပါအဝင္ အေျခအေနအရပ္ ရပ္မ်ားလုပ္ေဆာင္ေပးရန္အတြက္ တစ္ရက္ က်ပ္ (၃၀ဝဝဝ) ေက်ာ္သာ ေပးရျခင္းမ်ိဳးျဖစ္သည္။
လႊတ္ေတာ္ကိုယ္စားလွယ္တစ္ဦး တစ္ရက္အ လုပ္လုပ္လွ်င္ က်ပ္ (၃၀ဝဝဝ) ေက်ာ္ရသည္ဟု မွတ္ ယူရမည္ျဖစ္သကဲ့သို႔ တစ္ရက္ပ်မ္းမွ် က်ပ္(၃၀ဝဝဝ) ေက်ာ္ေက်ာ္သာ တန္ေၾကးရွိေသာ ေဈးေပါသည့္ အ လုပ္သမား လႊတ္ေတာ္ကိုယ္စားလွယ္မ်ား ျဖစ္ေနျခင္း ပင္။ ထိုကိုယ္စားလွယ္မ်ား အမွန္တကယ္ အလုပ္ လုပ္မလုပ္ကိုမူ သီးျခားစဥ္းစားရန္ျဖစ္သည္။ (၂၀၂၆) ခုႏွစ္မတ္လ (၁၆) တြင္ စတင္မည့္ လႊတ္ေတာ္အခင္း အက်င္းသည္ ယခင္လႊတ္ေတာ္ႏွစ္ဆက္ထက္ပို၍ လုပ္ငန္းေဆာင္တာမ်ား မ်ားျပားႏိုင္ၿပီး တာဝန္လည္း ႀကီး၏။ ေပါ့ေလ်ာ့၍ မရ။ လႊတ္ေတာ္တက္ ဆယ္လ္ ဖီဆြဲ၍ အလွျပဂုဏ္ဆာျပျခင္းမ်ိဳး အဆင့္ထက္သာ လြန္ရမည္ျဖစ္သည္။ (၂၁) ႏိုင္ငံေရးအခင္းအက်င္းႏွင့္ အတူ လူထုျဖတ္သန္းခဲ့ရေသာ ငါးႏွစ္တာကာလဆိုး ကို လာမည့္လႊတ္ေတာ္က ႏွစ္သိမ့္ေပးႏိုင္ရန္လို၏။ ထို႔ေၾကာင့္ အလုပ္မ်ားမ်ားလုပ္ရမည့္ လႊတ္ေတာ္ဟု ဆိုလိုျခင္းပင္။ လႊတ္ေတာ္အမတ္မ်ားကို တန္ရာတန္ ေၾကးေပး၍ ခိုင္းရမည့္လႊတ္ေတာ္လည္း ျဖစ္သည္။
ေခါင္းေပါင္းဝတ္ အခန႔္သားထိုင္၍ ဇိမ္ခံ အိပ္ ငိုက္ခိုင္းရမည့္လႊတ္ေတာ္လည္း မျဖစ္သင့္ေပ။ လူထု အား လက္အုပ္ခ်ီရမည့္လႊတ္ေတာ္မ်ိဳးျဖစ္ၿပီး လူထု ႏွင့္ကင္းကြာရမည့္ လႊတ္ေတာ္မ်ိဳးျဖစ္ရန္ မသင့္ေပ။ ျပည္သူလူထုက လႊတ္ေတာ္အတြင္းသို႔ ေ႐ြးခ်ယ္ေပး ပို႔လိုက္ျခင္းသည္ သိန္း (၁၀ဝဝဝ) ေပး၍ ေျဖရွင္း မရေသာ ျပႆနာမ်ားကို သိန္း (၁၀ဝ) ေပး၍ လႊတ္ ေတာ္တြင္း ကိုယ္စားျပဳေစျခင္းမ်ိဳးလည္းျဖစ္၏။
ဥပမာအားျဖင့္ ျပည္သူလူထုအတြက္ အက်ိဳးျဖစ္ ထြန္းေသာ ဥပေဒတစ္ရပ္ကို လစာသိန္း(၁၀ဝ)ရသည့္ လႊတ္ေတာ္ကိုယ္စားလွယ္တစ္ဦးက အဆိုတင္သြင္း ၍ ျပဳျပင္ေျပာင္းလဲေစႏိုင္ခဲ့မည္ဆိုပါက ေပးရေသာ လစာသည္ ထိုက္တန္၏။ လႊတ္ေတာ္ကိုယ္စားျပဳခြင့္ သည္ ပရဟိတႏိုင္ငံေရးတစ္မ်ိဳးျဖစ္ေသာ္လည္း ဝမ္း ေဟာင္းေလာင္းျဖစ္ေန၍ မရေပ။ ဝမ္း ေဟာင္းေလာင္း ျဖစ္ေနေသာကိုယ္စားလွယ္သည္ ပါးစပ္ပါ၏။ ပါ ေသာ ပါးစပ္သည္ အၿငိမ္မေနခဲ့ပါက သိန္း (၁၀ဝ)ထက္ပို၍ တိုင္းျပည္နစ္နာဖြယ္ရာရွိသည္။ သိန္း (၁၀ဝ)အထိ ေပးထားပါလ်က္ ပါးစပ္အၿငိမ္မေနခဲ့ပါ က Right to recall ကိုအသက္သြင္း၍ လႊတ္ေတာ္ တြင္းမွ ေမာင္းထုတ္ရမည္လည္း ျဖစ္သည္။
ကုမၸဏီႀကီးတစ္ခု၏ GM လစာသည္ က်ပ္သိန္း (၁၀ဝ) ခန႔္ ရရွိေန၏။ သာမန္စက္႐ုံလုပ္သားတစ္ဦး၏ တစ္လတာဝင္ေငြ သည္ (၅)သိန္းက်ပ္ အထက္တြင္ ရွိေနသည္။ လမ္း ေဘးတြင္ ေတာင္းရမ္းစားေသာက္ေန သူမ်ား၏ တစ္လတာဝင္ေငြသည္ က်ပ္သိန္း(၁၀ဝ)ထက္မနည္း ရရွိသည္မ်ားလည္းရွိ၏။ ျပည့္တန္ဆာ တစ္ဦး၏ တစ္လဝင္ေငြသည္ က်ပ္သိန္း(၁၀ဝ) ထက္ ပိုမ်ားသည့္ ကာလမ်ားလည္း ရွိ၏။ လႊတ္ေတာ္ကိုယ္ စားလွယ္သည္ သူေတာင္းစားမဟုတ္၊ ျပည့္တန္ဆာ မဟုတ္၊ သာမန္စက္႐ုံဝန္ထမ္းလည္း မဟုတ္ေပ။ ကုမၸဏီတစ္ခု၏ GM ထက္လည္း အဆမ်ားစြာ ျမင့္မား၏။

ကိုယ္ပိုင္႐ုံးခန္းႏွင့္ ဝန္ထမ္းသုံးဦး ထားရွိေစျခင္း
ေနျပည္ေတာ္ ျပည္ေထာင္စုလႊတ္ေတာ္ (ျပည္ သူ႔လႊတ္ေတာ္၊ အမ်ိဳးသားလႊတ္ေတာ္) ၌ သိသာေသာ အားနည္းခ်က္တစ္ခု ျမင္ရသည္။ လႊတ္ေတာ္တက္ ေရာက္ၾကသည့္ ကိုယ္စားလွယ္မ်ားအတြက္ ကိုယ္ ပိုင္႐ုံးခန္း ရွိမေနျခင္းႏွင့္ ႏိုင္ငံေတာ္က စီစဥ္ခန႔္အပ္ ေပးထားေသာ ဝန္ထမ္းမရွိျခင္းပင္။ ဂ်ပန္ႏွင့္ အိႏၵိယ တို႔၏လႊတ္ေတာ္မ်ားကို ေလ့လာမိခဲ့သမွ်၌ သေဘာ က်မိသည္မ်ားရွိ၏။ ဥပမာအားျဖင့္ ဂ်ပန္လႊတ္ေတာ္။ (၂၀၂၃) ခုႏွစ္အတြင္းက ႏွစ္ႀကိမ္ဆက္တိုက္ ေရာက္ ရွိခဲ့သည့္ လႊတ္ေတာ္ခရီးစဥ္အတြင္း ဂ်ပန္လႊတ္ေတာ္ အမတ္တစ္ဦးခ်င္းစီ၌ ကိုယ္ပိုင္႐ုံးခန္းမ်ားရွိေနသည္။ ကိုယ္ေရးအရာရွိသုံးဦးအထိ ရွိေနသည္။ ဧည့္သည္ လက္ခံေတြ႕ဆုံရန္ အခန္းတစ္ခန္း သီးသန႔္ရွိထားၿပီး မည္သည့္ကိစၥမဆို ကိုယ္ေရးအရာရွိတစ္ဦးက မွတ္ တမ္းျပဳစု၍ စနစ္တက် စီစဥ္ေပးသည္။ ထို႔အတြက္ ေၾကာင့္လႊတ္ေတာ္ကိုယ္စားလွယ္အား လမ္းေဘး လက္ဖက္ရည္ဆိုင္၌ ႀကဳံရာက်ပန္းစကားေျပာမည့္အဆင့္မ်ိဳးမဟုတ္ေစေတာ့ဘဲ အဆင့္အတန္း တစ္ခုတြင္ ထားရွိေစ၏။ လႊတ္ေတာ္အစည္းအေဝး မ်ား က်င္းပစဥ္ကာလအတြင္း၌ ကိုယ္စားလွယ္အသီး သီးက ゞင္းတို႔၏ ႐ုံးခန္းတြင္ ႏိုင္ငံ့ေရးရာကိစၥမ်ားကို စိတ္ေအးလက္ေအး ေလ့လာဆန္းစစ္သုံးသပ္ျခင္း၊ ဖတ္ရႈရမည့္စာမ်ားကို ဖတ္ၾကားျခင္း၊ ေ႐ြးေကာက္ တင္ေျမာက္ထားေသာ မဲဆႏၵနယ္ေျမမွ ေပးပို႔လာ ေသာ စာအသီးသီးကို ဆန္းစစ္ျခင္း၊ အစိုးရဝန္ႀကီး ဌာနမ်ားအား ခ်ိတ္ဆက္၍ လူထုအခက္အခဲမ်ားကို ၾကားဝင္ကူညီေျဖရွင္းေမးျမန္းျခင္း၊ လႊတ္ေတာ္၌တင္ သြင္းမည့္အဆိုမ်ားကို ျပင္ဆင္ျခင္းတို႔ လုပ္ေဆာင္ သည္။ လႊတ္ေတာ္အစည္းအေဝးမ်ား ေခတၱရပ္နား စဥ္ကာလအတြင္း၌ မဲဆႏၵနယ္မ်ားသို႔ ကိုယ္တိုင္ ကြင္းဆင္း၍ အလုပ္အေကြၽးျပဳသည္။ ႐ုံးဝန္ထမ္း သုံး ဦးကလည္း ゞင္းတို႔႐ုံးခန္းအမွတ္ ( ဥပမာ-ဝ၀၇) တြင္ တာဝန္ထမ္းေဆာင္ခြင့္ရသည့္ လႊတ္ေတာ္ကိုယ္ စားလွယ္အတြက္ အစိုးရဌာနဆိုင္ရာ လုပ္ထုံးလုပ္ နည္းမ်ား၊ ဥပေဒမ်ား၊ ယခင္လႊတ္ေတာ္အမတ္ လက္ ထက္ကလုပ္ေဆာင္၍ မၿပီးျပတ္ခဲ့ေသာ၊ ၿပီးျပတ္ခဲ့ ေသာ လုပ္ငန္းေဆာင္တာမ်ားႏွင့္ အေထြေထြကိစၥရပ္ မ်ားကို အားျဖည့္ကူညီျခင္းမ်ား လုပ္ေဆာင္သည္။ ဂ်ပန္လႊတ္ေတာ္သို႔ သြားေရာက္ေလ့လာပါက ယခု ထက္ပို၍ သိရွိႏိုင္မည္ျဖစ္၏။ ျမန္မာ ေနျပည္ေတာ္ လႊတ္ေတာ္သည္ကား ကိုယ္စားလွယ္မ်ားအတြက္ အ ခန္းမရွိေပ။
NLD လက္ထက္ လႊတ္ေတာ္ကာလ အတြင္းက ကိုယ္စားလွယ္အခ်ိဳ႕အေနျဖင့္ လႊတ္ေတာ္၌တင္သြင္း မည့္အဆိုမ်ားအတြက္ သေျပကုန္း၊ ၿမိဳ႕မေဈး အစရွိ ေသာေနရာမ်ားမွကြန္ပ်ဴတာစာစီစာ႐ိုက္ဆိုင္မ်ားတြင္ ငုတ္တုတ္ထိုင္၍ စာ႐ိုက္ရျခင္းမ်ားပင္ ရွိခဲ့ဖူးသည္။ ကိုယ္စားလွယ္က လႊတ္ေတာ္တြင္ တင္သြင္းျဖစ္မျဖစ္ မေသခ်ာေသာ္လည္း ထိုစာမ်ားသည္ကား ကြန္ပ်ဳတာ ဆိုင္မွတစ္ဆင့္ ႏိုင္ငံတစ္ဝန္းသို႔ မပ်ံ႕ႏွံ႔ဟု မဆိုႏိုင္ ေတာ့ေပ။ သို႔ဆိုလွ်င္ လုံၿခဳံေရးအဆင့္အတန္းသည္ ကား ရွက္ဖြယ္ရာပင္။ လႊတ္ေတာ္ကိုယ္စားလွယ္က လမ္းေဘးကြန္ပ်ဴတာဆိုင္၌ စာစီစာ႐ိုက္လုပ္ေနရျခင္း သည္ ႏိုင္ငံေတာ္၏အဆင့္အတန္းျဖစ္သြား၏။ ကန ဦးတြင္ ထိုသို႔လုပ္ခဲ့ျခင္းေၾကာင့္ မသင့္ေလ်ာ္ဟုဆိုကာ အေမရိကန္ေက်ာေထာက္ေနာက္ခံ USAID ၏ အကူအညီျဖင့္ စည္ပင္ရိပ္သာ၌ စာစီစာ႐ိုက္ျခင္း လုပ္ငန္းမ်ားကို NLD လႊတ္ေတာ္က ေျပာင္းလဲလုပ္ ေဆာင္ခဲ့ဖူးျပန္သည္။ ယင္းအခ်က္သည္လည္း ႏိုင္ငံ ေတာ္၏ဂုဏ္သိကၡာႏွင့္ လုံၿခဳံေရးအဆင့္အတန္းက ေမးခြန္းထုတ္စရာ မျဖစ္ေပေလာ။ ျမန္မာလႊတ္ေတာ္ ကိုယ္စားလွယ္တို႔၏အယူအဆအျမင္ တင္သြင္းလို ေသာအခ်က္မ်ားကို အေနာက္အုပ္စုက USAID မွ တစ္ဆင့္ခံ၍ အသင့္ရယူသြားမည္လည္း ျဖစ္သည္။
NLD ေခတ္ လႊတ္ေတာ္ကိုယ္စားလွယ္မ်ားထဲ တြင္ ကြန္ပ်ဴတာ မသုံးတတ္၊ ဖုန္းကို စနစ္တက် မသုံး တတ္ေသာ ဆယ္တန္းပင္မေအာင္သည့္ပုဂၢိဳလ္မ်ား ပါဝင္ေနၿပီး သက္ဆိုင္ရာၿမိဳ႕နယ္ ရပ္ကြက္အတြင္း၌ ပင္လွ်င္ လူမႈအရည္အေသြးနိမ့္ပါးလွသည့္ အေနအ ထားမ်ိဳးတြင္ရွိေနသူမ်ား ပါခဲ့ဖူးသည္။ ထိုပုဂၢိဳလ္မ်ား ျဖင့္ ႏိုင္ငံေတာ္တည္ေဆာက္ရန္ႀကံစည္ခဲ့ျခင္းသည္ ကား ႏိုင္ငံ့အနာဂတ္အတြက္ ေၾကာက္စရာေကာင္း လွ၏။ ထိုအဆင့္အတန္းပုဂၢိဳလ္မ်ားသည္ ႏိုင္ငံေတာ္ လုပ္ထုံးလုပ္နည္းမ်ား၊ ဥပေဒမ်ား၊ ဌာနဆိုင္ရာ လုပ္ ငန္းစဥ္မ်ားႏွင့္ ကိုယ္စားလွယ္တစ္ဦး၏ လုပ္ငန္း တာဝန္ဝတၱရာမ်ားကို မည္သို႔ သိႏိုင္ပါအံ့နည္း။ ထို႔အ တြက္ေၾကာင့္ ထိုပုဂၢိဳလ္မ်ားကို ေထာက္ကူေပးရန္ အုပ္ခ်ဳပ္ေရးလုပ္ငန္းစဥ္ နားလည္သည့္ ေထြအုပ္ ဝန္ထမ္း၊ လႊတ္ေတာ္လုပ္ငန္းစဥ္ နားလည္သည့္ လႊတ္ေတာ္ဝန္ထမ္းႏွင့္ လူမႈေဗဒကိုနားလည္သည့္ ကိုယ္စားလွယ္ကိုယ္တိုင္ခန႔္ ဝန္ထမ္းတို႔ မလိုအပ္ဟု ဆိုႏိုင္မည္ေလာ။ ကံေကာင္းသည္ကား လာမည့္လႊတ္ ေတာ္အတြင္း၌ ရွိခြင့္ရၾကမည့္ ပုဂၢိဳလ္မ်ားသည္ NLD လႊတ္ေတာ္ကာလ အမတ္မ်ားထက္ ကိုယ္ရည္ ကိုယ္ေသြး၊ စိတ္ေနစိတ္ထားႏွင့္ တစ္ဦးခ်င္း အရည္ အခ်င္း မ်ားစြာသာလြန္ေနျခင္းပင္။

လႊတ္ေတာ္ကိုယ္စားလွယ္မ်ား၏ တာဝန္ဝတၱရား
လႊတ္ေတာ္ကိုယ္စားလွယ္သည္ သက္ဆိုင္ရာ ၿမိဳ႕နယ္ေဒသ ျပည္သူလူထု၏ မဲအမ်ားဆုံးျဖင့္ တင္ ေျမႇာက္ခံရေသာ ျပည္သူ႔ကိုယ္စားျပဳ လႊတ္ေတာ္ကိုယ္ စားလွယ္ျဖစ္သည္။ ထို႔အတြက္ ျပည္သူလူထု၏ အ က်ိဳးစီးပြားကိုသာ ကိုယ္စားျပဳရမည္ျဖစ္သည္။ ျပည္ သူလူထုဟုဆိုရာတြင္ မဲမေပးခဲ့ေသာ ျပည္သူမ်ားကို လည္း ထည့္သြင္းစဥ္းစားရမည္ျဖစ္ၿပီး ယွဥ္ၿပိဳင္ခဲ့ ေသာ ၿမိဳ႕နယ္ဧရိယာထက္ ပိုမိုက်ယ္ျပန႔္ေသာ အျမင္ မ်ိဳးလည္း ရွိသင့္သည္။ အစိုးရဌာနဆိုင္ရာႏွင့္ ျပည္ သူလူထုၾကားတြင္ ပိတ္မိေသာ အခ်ည္အေႏွာင္ အက်ပ္အတည္းမ်ားကိုေျဖရွင္းေပးရန္ တာဝန္ရွိ သကဲ့သို႔ ဥပေဒျပဳေရးမ႑ိဳင္၏ အဓိကတာဝန္မ်ား ကိုလည္း ထမ္းေဆာင္ရမည္ျဖစ္သည္။
ျပည္သူလူထုအတြက္ အက်ိဳးရွိမည့္ ဥပေဒမ်ား ကိုအဆိုတင္သြင္းရမည္ျဖစ္သကဲ့သို႔ ဖိစီးမႈျဖစ္ေန ေသာ ဥပေဒမ်ားကိုလည္း ပယ္ဖ်က္ေျဖေလွ်ာ့ႏိုင္ ေစရန္ ႀကိဳးပမ္းအားထုတ္ရမည္ျဖစ္သည္။ ျပ႒ာန္း ခ်က္ပါ လႊတ္ေတာ္ကိုယ္စားလွယ္၏ တာဝန္ဝတၱရား မ်ားကို လိုက္နာလုပ္ေဆာင္ရမည့္အျပင္ စိတ္ႏွလုံး သား အေျခခံေကာင္းမ်ား မျဖစ္မေနရွိရန္လို၏။
အဓိကအားျဖင့္ ျပည္သူလူထုအေပၚထားရွိသည့္ စိတ္ႏွလုံးသား ေရခံေျမခံ ဓာတ္ခံေကာင္းမြန္ၿပီး အနစ္နာခံလုပ္ေဆာင္ေပးရဲသည့္ သတၱိသာလွ်င္ျဖစ္ သည္။ ထိုတာဝန္ဝတၱရားမ်ားကို ေက်ပြန္စြာ ထမ္း ေဆာင္မည္ဆိုပါက သိန္း(၁၀ဝ)လည္း တန္သည္ဟု ဆိုရမည္ပင္။ သို႔ေသာ္ တစ္ႏွစ္ပတ္လုံး အဆို၊ ေမး ခြန္းတစ္ခုပင္ ေမးႏိုင္ခဲ့ျခင္းမရွိ၊ လူထုအက်ိဳးျပဳမႈ ထိ ေတြ႕မႈနည္းပါး၊ မည္သည့္ပုဂၢိဳလ္အတြက္မွ အက်ိဳး မရွိေသာ လႊတ္ေတာ္အမတ္မ်ိဳးျဖစ္ေနပါ နန္းေတာ္မွ ေမာင္းထုတ္ရမည့္ ႏြားဟုဆိုရမည္ျဖစ္သည္။

အႏွစ္ခ်ဳပ္ေသာ္
ဤအေတြးအျမင္ေဆာင္းပါးပါ အယူအဆမ်ား သည္ စိတ္ႏွလုံးသားတစ္ခုအေပၚတြင္သာ အေျခခံ ထား၏။ ျပည္သူလူထု ကိုယ္စားျပဳအလုပ္လုပ္ၾက မည့္ပုဂၢိဳလ္ (လႊတ္ေတာ္ကိုယ္စားလွယ္) မ်ားအား တန္ရာတန္ေၾကး ေပးလိုျခင္းပင္။ တန္ရာတန္ေၾကး ေပး၍အလုပ္ခိုင္းလိုျခင္းပင္။ လႊတ္ေတာ္ကိုယ္စား လွယ္တစ္ဦးအတြက္ ငါးႏွစ္စာ က်ပ္သိန္း (၆၀ဝဝ) ခန႔္ ရင္းႏွီးျမႇဳပ္ႏွံေပး၍ တိုင္းျပည္ႏွင့္ျပည္သူလူထုအား ကယ္တင္လိုျခင္းျဖစ္သည္။ တိုင္းျပည္ခ်မ္းသာ၍ ျပည္သူလူထု ဝမ္းသာရသည့္ေခတ္စနစ္မ်ိဳးကို လာမည့္လႊတ္ေတာ္အခင္းအက်င္းမွတစ္ဆင့္ စတင္ျမင္ ခြင့္ရလိုျခင္းပင္။
လက္ရွိလႊတ္ေတာ္ကိုယ္စားလွယ္မ်ားအား လစာ က်ပ္(၁၀)သိန္းေပးထားသည္။ ထို႔ျပင္ ေဒ သႏၲရဖြံ႕ၿဖိဳးေရးစရိတ္ က်ပ္ သိန္း(၁၀ဝဝ) သုံးခြင့္ ျပဳထားသည္။ ေဒသႏၲရ ဖြံ႕ၿဖိဳးေရးအတြက္ သက္ဆိုင္ ရာဝန္ႀကီးဌာနႏွင့္ ဌာနဆိုင္ရာမ်ား၏ တာဝန္သာ ျဖစ္ၿပီး လႊတ္ေတာ္ကိုယ္စားလွယ္မ်ားက ေစာင့္ၾကည့္ ထိန္းေက်ာင္းေမာင္းႏွင္ရန္သာ တာဝန္ရွိသည္။ ကိုယ္ စားလွယ္ကိုယ္တိုင္က က်ပ္ သိန္း (၁၀ဝဝ)ကိုင္၍ လမ္းခင္းျခင္း၊ တံတားေဆာက္ျခင္း၊ ေက်ာင္း ေဆာက္ျခင္း အစရွိသည့္အလုပ္မ်ားျဖင့္ အခ်ိန္ မျဖဳန္းသင့္ေပ။ အမွန္တကယ္ အလုပ္လုပ္လိုသည့္ လႊတ္ေတာ္ကိုယ္စားလွယ္တစ္ဦးအတြက္ ၿမိဳ႕နယ္ တစ္ၿမိဳ႕နယ္စာ ေစာင့္ၾကည့္ထိန္းေက်ာင္းလုပ္ ေဆာင္ေပးရမည့္ တာဝန္မ်ားစြာက မအားလပ္ ေအာင္ပင္ ရွိေနသည္။ ဥပေဒျပဳရမည္၊ ျပင္ရမည္၊ ဖ်က္ရမည္၊ လူထုအသံနားေထာင္ရမည္၊ လႊတ္ေတာ္ တြင္ ပဲ့တင္ထပ္ရမည္၊ ေျမျပင္တြင္ အလုပ္ျဖစ္ရမည္ ဆိုသည့္ ရႈေထာင့္ကသာလွ်င္ လႊတ္ေတာ္အမတ္ တစ္ဦး၏ အဓိကတာဝန္ဟုဆိုခ်င္သည္။
ေခတ္ကာလ ကုန္ေဈးႏႈန္းႏွင့္ အဆင့္အတန္း တစ္ခုအရ ၎တို႔၏ အခ်ိန္ကို က်ပ္သိန္း(၁၀ဝ)ေပး ဝယ္၍ လူထုအတြက္အလုပ္လုပ္ေစလိုျခင္းျဖစ္သည္။ ဤေနရာတြင္ တပ္မေတာ္သားကိုယ္စားလွယ္မ်ားအား အထူးအားနာမိသည္။ တပ္မေတာ္က ေပးေသာလစာ ကိုသာ စား၍ လႊတ္ေတာ္တြင္း၌ အခ်ိန္မ်ားကို ေပး ထားရ၏။ က်ပ္သိန္း(၁၀)သိန္းျဖစ္ေစ၊ သိန္း(၁၀ဝ)ျဖစ္ေစ ၎တို႔တြင္ ခံစားခြင့္မရွိေစျခင္းက ၎တို႔၏ တိုင္းျပည္ခ်စ္စိတ္ကို ေငြျဖင့္ဝယ္ယူ၍မရေၾကာင္း ျပသသည့္သက္ေသဟု ဆိုခ်င္မိသည္။ (၂၅) ရာခိုင္ ႏႈန္းယူထားျခင္းေၾကာင့္ အျပစ္တင္ၾကေသာ ပုဂၢိဳလ္ အခ်ိဳ႕ႏွင့္ ယွဥ္လွ်င္ ထိုတပ္မေတာ္သားမ်ားအား အ ထူးအားနာေလးစားမိသည္။ သို႔ေသာ္ ဥပေဒပါ ျပ႒ာန္း ခ်က္ေပးထားခ်က္မ်ားအတိုင္း ဆက္လက္ ေလးစား လိုက္နာျခင္းျဖင့္ တပ္မေတာ္၏ ဂုဏ္သိကၡာ ကို ဆက္ လက္ျပသလိမ့္မည္ဟု ယုံၾကည္သည္။ အခ်ဳပ္အားျဖင့္ ေ႐ြးေကာက္ခံလႊတ္ေတာ္ကိုယ္စားလွယ္မ်ားအား က်ပ္သိန္း (၁၀ဝ) ေပးသင့္ မသင့္ဆိုသည္ကိုမူ မည္ သူမဆို လြတ္လပ္စြာကြဲလြဲခြင့္ျပဳထားပါေၾကာင္း။

Related news

© 2021. All rights reserved.