စင်ကာပူမှာ နေအိမ်ထဲ ဖောက်ထွင်းဝင်ရောက်ပြီး ဒေါ်လာ (၄)သောင်းနီးပါး တန်ဖိုးရှိတဲ့ နာရီခိုးယူသူ ဖမ်းဆီးရမိ

384

ရောင်နီ (NP News) - မတ် ၆
စင်ကာပူနိုင်ငံ၊ ဘာတလေရှိ လူနေအိမ်ရာတစ်ခုအတွင်း ဖောက်ထွင်းဝင်ရောက်ကာ တန်ဖိုးကြီး လက်ပတ်နာရီ နဲ့ ငွေသားတွေ ခိုးယူခဲ့သူ အသက် ၆ဝ အရွယ် အမျိုးသားတစ်ဦးကို ရဲတပ်ဖွဲ့က ဖမ်းဆီးလိုက်ပါတယ်။
ဖြစ်စဉ်ဟာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၂၈ ရက်၊ ည ၉ နာရီကျော် အချိန်ခန့်က Upper Paya Lebar လမ်းအနီးရှိ How Sun Estate နေအိမ်တစ်ခုမှာ ဖြစ်ပွားခဲ့တာဖြစ်ပါတယ်။ အဆိုပါနေအိမ်မှာ စင်ကာပူဒေါ်လာ ၃၈,၉၀၀ တန်ဖိုးရှိ အမှတ်တံဆိပ် အမြင့်တန်းထဲက လက်ပတ်နာရီတစ်လုံးနဲ့ ငွေသား ဒေါ်လာ ၄၀၀ ခန့် ခိုးယူခံခဲ့ရတယ်လို့ သိရပါတယ်။ ဒီအမှုနဲ့ပတ်သက်ပြီး ရဲတပ်ဖွဲ့က နယ်မြေအတွင်း စုံစမ်းစစ်ဆေးမှုတွေ ပြုလုပ်ခြင်း၊ CCTV မှတ်တမ်း တွေကို စစ်ဆေးခြင်းနဲ့ တရားခံကို ဖော်ထုတ်နိုင်ခဲ့ပြီး မတ်လ ၃ ရက်မှာ ဖမ်းဆီးနိုင်ခဲ့ပါတယ်။
ဖမ်းဆီးစဉ်အတွင်း ခိုးယူခံခဲ့ရတဲ့ တန်ဖိုးကြီးနာရီကိုလည်း သက်သေခံပစ္စည်းအဖြစ် ပြန်လည်သိမ်းဆည်းရမိခဲ့ တယ်လို့ ဆိုပါတယ်။
ဖမ်းဆီးခံရသူ အမျိုးသားကို နေအိမ်ဖောက်ထွင်းမှုနဲ့ မတ်လ ၅ ရက်မှာ တရားစွဲဆိုသွားမှာဖြစ်ပြီး၊ ပြစ်မှု ထင်ရှားရင် ထောင်ဒဏ် (၁ဝ) နှစ်အထိ ချမှတ်ခံရနိုင်တဲ့အပြင် ငွေဒဏ်လည်း ကျခံရနိုင်တယ်လို့ သိရပါတယ်။

Zawgyi Version;
စင္ကာပူမွာ ေနအိမ္ထဲ ေဖာက္ထြင္းဝင္ေရာက္ၿပီး ေဒၚလာ (၄)ေသာင္းနီးပါး တန္ဖိုးရွိတဲ့ နာရီခိုးယူသူ ဖမ္းဆီးရမိ
ေရာင္နီ (NP News) - မတ္ ၆
စင္ကာပူႏိုင္ငံ၊ ဘာတေလရွိ လူေနအိမ္ရာတစ္ခုအတြင္း ေဖာက္ထြင္းဝင္ေရာက္ကာ တန္ဖိုးႀကီး လက္ပတ္နာရီ နဲ႔ ေငြသားေတြ ခိုးယူခဲ့သူ အသက္ ၆ဝ အ႐ြယ္ အမ်ိဳးသားတစ္ဦးကို ရဲတပ္ဖြဲ႕က ဖမ္းဆီးလိုက္ပါတယ္။
ျဖစ္စဥ္ဟာ ၿပီးခဲ့တဲ့ ေဖေဖာ္ဝါရီ ၂၈ ရက္၊ ည ၉ နာရီေက်ာ္ အခ်ိန္ခန႔္က Upper Paya Lebar လမ္းအနီးရွိ How Sun Estate ေနအိမ္တစ္ခုမွာ ျဖစ္ပြားခဲ့တာျဖစ္ပါတယ္။ အဆိုပါေနအိမ္မွာ စင္ကာပူေဒၚလာ ၃၈,၉၀၀ တန္ဖိုးရွိ အမွတ္တံဆိပ္ အျမင့္တန္းထဲက လက္ပတ္နာရီတစ္လုံးနဲ႔ ေငြသား ေဒၚလာ ၄၀၀ ခန႔္ ခိုးယူခံခဲ့ရတယ္လို႔ သိရပါတယ္။ ဒီအမႈနဲ႔ပတ္သက္ၿပီး ရဲတပ္ဖြဲ႕က နယ္ေျမအတြင္း စုံစမ္းစစ္ေဆးမႈေတြ ျပဳလုပ္ျခင္း၊ CCTV မွတ္တမ္း ေတြကို စစ္ေဆးျခင္းနဲ႔ တရားခံကို ေဖာ္ထုတ္ႏိုင္ခဲ့ၿပီး မတ္လ ၃ ရက္မွာ ဖမ္းဆီးႏိုင္ခဲ့ပါတယ္။
ဖမ္းဆီးစဥ္အတြင္း ခိုးယူခံခဲ့ရတဲ့ တန္ဖိုးႀကီးနာရီကိုလည္း သက္ေသခံပစၥည္းအျဖစ္ ျပန္လည္သိမ္းဆည္းရမိခဲ့ တယ္လို႔ ဆိုပါတယ္။
ဖမ္းဆီးခံရသူ အမ်ိဳးသားကို ေနအိမ္ေဖာက္ထြင္းမႈနဲ႔ မတ္လ ၅ ရက္မွာ တရားစြဲဆိုသြားမွာျဖစ္ၿပီး၊ ျပစ္မႈ ထင္ရွားရင္ ေထာင္ဒဏ္ (၁ဝ) ႏွစ္အထိ ခ်မွတ္ခံရႏိုင္တဲ့အျပင္ ေငြဒဏ္လည္း က်ခံရႏိုင္တယ္လို႔ သိရပါတယ္။