စင်ကာပူမှာ အလုပ်သမားတွေကို သယ်ယူပို့ဆောင်ရာမှာ သံကွက်ကာထားတဲ့လော်ရီကား အသုံးပြုခြင်းကို ၂၀၂၇ ခုနှစ်မှစ ပိတ်ပင်မည်

 160

ရောင်နီ (NP News) - မတ် ၆

စင်ကာပူနိုင်ငံမှာ အလုပ်သမားတွေကို သယ်ယူပို့ဆောင်ရာမှာ သံကွက်ကာထားတဲ့ လော်ရီကားတွေ အသုံးပြုခြင်းကို လာမယ့်နှစ်မှစတင် ပိတ်ပင်တော့မှာဖြစ်တယ်လို့ သယ်ယူပို့ဆောင်ရေးဆိုင်ရာ အစိုးရဝန်ကြီး ဆန်ရှူလင် က ဗုဒ္ဓဟူးနေ့ (မတ်လ ၄ ရက်) မှာ ပြောကြားခဲ့ပါတယ်။
"ဥပမာအားဖြင့်၊ အပြင်ဘက်ကနေ ဂျပ်ထိုးထားတဲ့ ဒါမှမဟုတ် သော့ခတ်ထားတဲ့ သံကွက်တံခါးပါတဲ့ လော်ရီကားဟာ မတော်တဆမှုဖြစ်တာ ဒါမှမဟုတ် မီးလောင်တာမျိုး ကြုံရမယ်ဆိုရင် အလုပ်သမားတွေဟာ အပြင် ကို ထွက်ပြေးလွတ်မြောက်နိုင်မှာ မဟုတ်ပါဘူး” လို့ အစိုးရဝန်ကြီး ဆန်ရှူလင်က ဆိုပါတယ်။
သယ်ယူ ပို့ဆောင်ရေးဝန်ကြီးဌာန (MOT) နဲ့ ကုန်းလမ်းသယ်ယူ ပို့ဆောင်ရေးအာဏာပိုင်အဖွဲ့ (LTA) တို့ရဲ့ သတင်းထုတ်ပြန်ချက်အရ အဆိုပါပိတ်ပင်မှုကို လိုက်နာဖို့ ပျက်ကွက်တဲ့ကုမ္ပဏီတွေဟာ အပြစ်ဒဏ်တွေ ရင်ဆိုင်ရမှာဖြစ်ပြီး၊ အသေးစိတ်အချက်အလက်တွေကို ၂၀၂၇ ခုနှစ် နောက်ဆုံး သတ်မှတ်ရက် မတိုင်မီ ကြေညာ သွားမယ်လို့ သိရပါတယ်။
ဒီကာလအတွင်း ကုမ္ပဏီတွေအနေနဲ့ လော်ရီကား နောက်ခန်းပေါ်ကို အလုပ်သမားတွေ ဘေးကင်းစွာ တက်နိုင်၊ ဆင်းနိုင်ဖို့ သေချာ ဆောင်ရွက်ထားရမယ်လို့ အေဂျင်စီတွေက ပြောကြားခဲ့ပါတယ်။ အလုပ်သမားတွေကို သယ်ယူ ပို့ဆောင်ဖို့ သံကွက်ပါတဲ့လော်ရီကားတွေကို ဆက်လက်အသုံးပြုလိုတဲ့ ကုမ္ပဏီတွေအနေနဲ့ နောက်ခန်းရှိ သံကွက်ပုံစံကို ဖယ်ရှားပြီး မိုးကာအမိုးနဲ့ ဘေးဘောင်လက်ရန်းတွေ ပါဝင်တဲ့ပုံစံပြောင်းလဲတပ်ဆင်ရမယ်လို့ ဆိုပါတယ်။
"အစိုးရအနေနဲ့ အလုပ်သမားသယ်ယူပို့ဆောင်ရေး ဘေးကင်းလုံခြုံမှုအားကောင်းလာစေဖို့ လုပ်ငန်းရှင်တွေ၊ အစိုးရ မဟုတ်တဲ့ အဖွဲ့အစည်းတွေနဲ့ ဆက်လက်ပြီး နီးကပ်စွာ ပူးပေါင်းဆောင်ရွက်သွားမှာပါ” လို့ MOT နဲ့ LTA တို့က ပြောကြားခဲ့ပါတယ်။ လော်ရီကားတွေပေါ်မှာ အလုပ်သမားတွေ တင်ဆောင်ခြင်းမှာ ဘေးကင်းလုံခြုံမှုနဲ့ ပတ်သက် ပြီး စင်ကာပူမှာ နှစ်ပေါင်းများစွာ ငြင်းခုံဆွေးနွေးမှုတွေ ရှိခဲ့ပါတယ်။ ၂၀၂၅ ခုနှစ်ကလည်း ရွှေ့ပြောင်းအလုပ်သမား အခွင့်အရေးအဖွဲ့ HOME က ဘေးအန္တရာယ်တွေကို အကြောင်းပြပြီး အဲဒီကားတွေ ပိတ်ပင်ဖို့ တောင်းဆိုခဲ့ဖူးပါ တယ်။

Zawgyi Version;
စင္ကာပူမွာ အလုပ္သမားေတြကို သယ္ယူပို႔ေဆာင္ရာမွာ သံကြက္ကာထားတဲ့ေလာ္ရီကား အသုံးျပဳျခင္းကို ၂၀၂၇ ခုႏွစ္မွစ ပိတ္ပင္မည္
ေရာင္နီ (NP News) - မတ္ ၆
စင္ကာပူႏိုင္ငံမွာ အလုပ္သမားေတြကို သယ္ယူပို႔ေဆာင္ရာမွာ သံကြက္ကာထားတဲ့ ေလာ္ရီကားေတြ အသုံးျပဳျခင္းကို လာမယ့္ႏွစ္မွစတင္ ပိတ္ပင္ေတာ့မွာျဖစ္တယ္လို႔ သယ္ယူပို႔ေဆာင္ေရးဆိုင္ရာ အစိုးရဝန္ႀကီး ဆန္ရႉလင္ က ဗုဒၶဟူးေန႔ (မတ္လ ၄ ရက္) မွာ ေျပာၾကားခဲ့ပါတယ္။
"ဥပမာအားျဖင့္၊ အျပင္ဘက္ကေန ဂ်ပ္ထိုးထားတဲ့ ဒါမွမဟုတ္ ေသာ့ခတ္ထားတဲ့ သံကြက္တံခါးပါတဲ့ ေလာ္ရီကားဟာ မေတာ္တဆမႈျဖစ္တာ ဒါမွမဟုတ္ မီးေလာင္တာမ်ိဳး ႀကဳံရမယ္ဆိုရင္ အလုပ္သမားေတြဟာ အျပင္ ကို ထြက္ေျပးလြတ္ေျမာက္ႏိုင္မွာ မဟုတ္ပါဘူး” လို႔ အစိုးရဝန္ႀကီး ဆန္ရႉလင္က ဆိုပါတယ္။
သယ္ယူ ပို႔ေဆာင္ေရးဝန္ႀကီးဌာန (MOT) နဲ႔ ကုန္းလမ္းသယ္ယူ ပို႔ေဆာင္ေရးအာဏာပိုင္အဖြဲ႕ (LTA) တို႔ရဲ႕ သတင္းထုတ္ျပန္ခ်က္အရ အဆိုပါပိတ္ပင္မႈကို လိုက္နာဖို႔ ပ်က္ကြက္တဲ့ကုမၸဏီေတြဟာ အျပစ္ဒဏ္ေတြ ရင္ဆိုင္ရမွာျဖစ္ၿပီး၊ အေသးစိတ္အခ်က္အလက္ေတြကို ၂၀၂၇ ခုႏွစ္ ေနာက္ဆုံး သတ္မွတ္ရက္ မတိုင္မီ ေၾကညာ သြားမယ္လို႔ သိရပါတယ္။
ဒီကာလအတြင္း ကုမၸဏီေတြအေနနဲ႔ ေလာ္ရီကား ေနာက္ခန္းေပၚကို အလုပ္သမားေတြ ေဘးကင္းစြာ တက္ႏိုင္၊ ဆင္းႏိုင္ဖို႔ ေသခ်ာ ေဆာင္႐ြက္ထားရမယ္လို႔ ေအဂ်င္စီေတြက ေျပာၾကားခဲ့ပါတယ္။ အလုပ္သမားေတြကို သယ္ယူ ပို႔ေဆာင္ဖို႔ သံကြက္ပါတဲ့ေလာ္ရီကားေတြကို ဆက္လက္အသုံးျပဳလိုတဲ့ ကုမၸဏီေတြအေနနဲ႔ ေနာက္ခန္းရွိ သံကြက္ပုံစံကို ဖယ္ရွားၿပီး မိုးကာအမိုးနဲ႔ ေဘးေဘာင္လက္ရန္းေတြ ပါဝင္တဲ့ပုံစံေျပာင္းလဲတပ္ဆင္ရမယ္လို႔ ဆိုပါတယ္။
"အစိုးရအေနနဲ႔ အလုပ္သမားသယ္ယူပို႔ေဆာင္ေရး ေဘးကင္းလုံၿခဳံမႈအားေကာင္းလာေစဖို႔ လုပ္ငန္းရွင္ေတြ၊ အစိုးရ မဟုတ္တဲ့ အဖြဲ႕အစည္းေတြနဲ႔ ဆက္လက္ၿပီး နီးကပ္စြာ ပူးေပါင္းေဆာင္႐ြက္သြားမွာပါ” လို႔ MOT နဲ႔ LTA တို႔က ေျပာၾကားခဲ့ပါတယ္။ ေလာ္ရီကားေတြေပၚမွာ အလုပ္သမားေတြ တင္ေဆာင္ျခင္းမွာ ေဘးကင္းလုံၿခဳံမႈနဲ႔ ပတ္သက္ ၿပီး စင္ကာပူမွာ ႏွစ္ေပါင္းမ်ားစြာ ျငင္းခုံေဆြးေႏြးမႈေတြ ရွိခဲ့ပါတယ္။ ၂၀၂၅ ခုႏွစ္ကလည္း ေ႐ႊ႕ေျပာင္းအလုပ္သမား အခြင့္အေရးအဖြဲ႕ HOME က ေဘးအႏၲရာယ္ေတြကို အေၾကာင္းျပၿပီး အဲဒီကားေတြ ပိတ္ပင္ဖို႔ ေတာင္းဆိုခဲ့ဖူးပါ တယ္။

Related news

© 2021. All rights reserved.