ဥရောပသမဂ္ဂသို့ စွမ်းအင်ထောက်ပံ့မှုများကို ချက်ချင်းရပ်တန့်ပစ်နိုင်ကြောင်း ရုရှားသမ္မတ သတိပေး

 780

Pika (NP News) - မတ် ၆

ရုရှားနိုင်ငံသည် ဥရောပသမဂ္ဂဓါတ်ငွေ့ဈေးကွက်မှ နှုတ်ထွက်ပြီး ၎င်း၏ထောက်ပံ့မှုများကို အခြားနေရာများသို့ လမ်းကြောင်းပြောင်းပို့ဆောင်နိုင်ကြောင်း ရုရှားသမ္မတပူတင်က ထုတ်ဖော်ပြောဆိုခဲ့သည်။
ဥရောပသမဂ္ဂ၏ ရုရှားထံမှ တင်သွင်းမှုများအပေါ် တားမြစ်ပိတ်ပင်မှု စတင်အသက်ဝင်မည့်ကာလနှင့်ပတ်သက်သည့်အစီရင်ခံစာများ ဆက်တိုက်ထွက်လာခဲ့ပြီးနောက် ပူတင်က ယခုကဲ့သို့မှတ်ချက်ပြုခဲ့ခြင်းဖြစ်သည်။

ပူတင်သည် ဟန်ဂေရီနိုင်ငံခြားရေးဝန်ကြီး Peter Szijjarto ကို ကရင်မလင်နန်းတော်တွင် လက်ခံတွေ့ဆုံစဉ်အချိန်အတွင်း ယင်းကဲ့သို့ထုတ်ဖော်ပြောဆိုခဲ့ခြင်းဖြစ်သည်။
ပူတင်က "ဒီလိုလုပ်တာက နိုင်ငံရေးရည်ရွယ်ချက် လုံးဝမပါပါဘူး။ အချိန်(၁)လ ဒါမှမဟုတ် (၂)လအတွင်း ပိတ်ဆို့မှုခံရမယ်ဆိုရင် လုပ်နေတာတွေကို ခုချက်ချင်းရပ်ပြီး ယုံကြည်စိတ်ချရတဲ့မိတ်ဖက်တွေရှိတဲ့နိုင်ငံတွေဆီကိုပဲ ပြောင်းရွှေ့လိုက်တာက ပိုကောင်းပါတယ်။ ဒါပေမယ့် အဲဒီဆုံးဖြတ်ချက်ကိုတော့ လုံးလုံးလျားလျားကြီး မချမှတ်ရသေးပါဘူး။ ဒီကိစ္စကို ကျွန်တော်တို့ရဲ့ကုမ္ပဏီတွေနဲ့ပူးပေါင်းဆောင်ရွက်ဖို့ အစိုးရကို ညွှန်ကြားသွားမှာပါ” ဟု ပြောခဲ့သည်။
ထို့ပြင် ဥရောပသမဂ္ဂက ရုရှား၏ အရင်းအမြစ်များကို လုံးဝ ဖယ်ရှားပစ်ရန် ရည်ရွယ်ချက်ကို အကြိမ်ကြိမ်ဖော်ပြခဲ့သောကြောင့် ရုရှားက စွမ်းအင်ထောက်ပံ့မှုများကို ထွန်းသစ်စ ဈေးကွက်များသို့ ပို့ဆောင်သွားနိုင်ကြောင်း ပူတင်က အကြံပြုပြောခဲ့သည်။
လက်ရှိအချိန်တွင် ဥရောပသမဂ္ဂက ကြုံတွေ့နေရသော စွမ်းအင်အကျပ်အတည်းသည် နှစ်ပေါင်းများစွာကြာအောင် ဥရောပသမဂ္ဂ၏အာဏာပိုင်များက လိုက်စားခဲ့သည့် မှားယွင်းသောမူဝါဒများ၏ ရလဒ်ဖြစ်ကြောင်း ပူတင်က မှတ်ချက်ပြောခဲ့သည်။

Zawgyi Version;
ဥေရာပသမဂၢသို႔ စြမ္းအင္ေထာက္ပံ့မႈမ်ားကို ခ်က္ခ်င္းရပ္တန႔္ပစ္ႏိုင္ေၾကာင္း ႐ုရွားသမၼတ သတိေပး
Pika (NP News) - မတ္ ၆
႐ုရွားႏိုင္ငံသည္ ဥေရာပသမဂၢဓါတ္ေငြ႕ေဈးကြက္မွ ႏႈတ္ထြက္ၿပီး ၎၏ေထာက္ပံ့မႈမ်ားကို အျခားေနရာမ်ားသို႔ လမ္းေၾကာင္းေျပာင္းပို႔ေဆာင္ႏိုင္ေၾကာင္း ႐ုရွားသမၼတပူတင္က ထုတ္ေဖာ္ေျပာဆိုခဲ့သည္။
ဥေရာပသမဂၢ၏ ႐ုရွားထံမွ တင္သြင္းမႈမ်ားအေပၚ တားျမစ္ပိတ္ပင္မႈ စတင္အသက္ဝင္မည့္ကာလႏွင့္ပတ္သက္သည့္အစီရင္ခံစာမ်ား ဆက္တိုက္ထြက္လာခဲ့ၿပီးေနာက္ ပူတင္က ယခုကဲ့သို႔မွတ္ခ်က္ျပဳခဲ့ျခင္းျဖစ္သည္။

ပူတင္သည္ ဟန္ေဂရီႏိုင္ငံျခားေရးဝန္ႀကီး Peter Szijjarto ကို ကရင္မလင္နန္းေတာ္တြင္ လက္ခံေတြ႕ဆုံစဥ္အခ်ိန္အတြင္း ယင္းကဲ့သို႔ထုတ္ေဖာ္ေျပာဆိုခဲ့ျခင္းျဖစ္သည္။
ပူတင္က "ဒီလိုလုပ္တာက ႏိုင္ငံေရးရည္႐ြယ္ခ်က္ လုံးဝမပါပါဘူး။ အခ်ိန္(၁)လ ဒါမွမဟုတ္ (၂)လအတြင္း ပိတ္ဆို႔မႈခံရမယ္ဆိုရင္ လုပ္ေနတာေတြကို ခုခ်က္ခ်င္းရပ္ၿပီး ယုံၾကည္စိတ္ခ်ရတဲ့မိတ္ဖက္ေတြရွိတဲ့ႏိုင္ငံေတြဆီကိုပဲ ေျပာင္းေ႐ႊ႕လိုက္တာက ပိုေကာင္းပါတယ္။ ဒါေပမယ့္ အဲဒီဆုံးျဖတ္ခ်က္ကိုေတာ့ လုံးလုံးလ်ားလ်ားႀကီး မခ်မွတ္ရေသးပါဘူး။ ဒီကိစၥကို ကြၽန္ေတာ္တို႔ရဲ႕ကုမၸဏီေတြနဲ႔ပူးေပါင္းေဆာင္႐ြက္ဖို႔ အစိုးရကို ၫႊန္ၾကားသြားမွာပါ” ဟု ေျပာခဲ့သည္။
ထို႔ျပင္ ဥေရာပသမဂၢက ႐ုရွား၏ အရင္းအျမစ္မ်ားကို လုံးဝ ဖယ္ရွားပစ္ရန္ ရည္႐ြယ္ခ်က္ကို အႀကိမ္ႀကိမ္ေဖာ္ျပခဲ့ေသာေၾကာင့္ ႐ုရွားက စြမ္းအင္ေထာက္ပံ့မႈမ်ားကို ထြန္းသစ္စ ေဈးကြက္မ်ားသို႔ ပို႔ေဆာင္သြားႏိုင္ေၾကာင္း ပူတင္က အႀကံျပဳေျပာခဲ့သည္။
လက္ရွိအခ်ိန္တြင္ ဥေရာပသမဂၢက ႀကဳံေတြ႕ေနရေသာ စြမ္းအင္အက်ပ္အတည္းသည္ ႏွစ္ေပါင္းမ်ားစြာၾကာေအာင္ ဥေရာပသမဂၢ၏အာဏာပိုင္မ်ားက လိုက္စားခဲ့သည့္ မွားယြင္းေသာမူဝါဒမ်ား၏ ရလဒ္ျဖစ္ေၾကာင္း ပူတင္က မွတ္ခ်က္ေျပာခဲ့သည္။

Related news

© 2021. All rights reserved.