မသန်စွမ်းပုဂ္ဂိုလ်များနှင့် အောင်ဇမ္ဗူပရိသတ်တို့အကြား အပြန်အလှန်နားလည်မှုများ ရှိစေရန် ရွှေမင်းသားဖောင်ဒေးရှင်း(မြန်မာ) သတင်းစာရှင်း

656

သန့်မင်းအိမ် (NP News) - မတ် ၆
မသန်စွမ်းပုဂ္ဂိုလ်များနှင့် အောင်ဇမ္ဗူပရိသတ်တို့အကြား အပြန်အလှန်နားလည်မှုများ ရှိစေရန် ရွှေမင်းသားဖောင်ဒေးရှင်း (မြန်မာ) က ယနေ့ (မတ်လ ၆ ရက်) မွန်းလွဲ ၂ နာရီတွင် ရန်ကုန်မြို့ရှိ Summit Parkview Hotel ၌ သတင်းမီဒီယာများနှင့်တွေ့ဆုံကာ သတင်းစာရှင်းလင်းပွဲပြုလုပ်ခဲ့သည်။
"ဒီနေ့လုပ်တဲ့ပွဲရဲ့ရည်ရွယ်ချက်က အပြန်အလှန်နားလည်မှုလွဲနေတာတွေကို ကျွန်တော် ဖြေဖျောက်ချင်တယ်။ ပြီးတော့ ပပျောက်စေချင်တာဖြစ်ပါတယ်" ဟု ရွှေမင်းသားဖောင်ဒေးရှင်း (မြန်မာ) ဥက္ကဋ္ဌ ဦးမြတ်သူဝင်းက ပြောသည်။
ထို့ပြင် အောင်ဇမ္ဗူ၏ ပရိသတ်များအနေဖြင့် မသန်စွမ်းများအပေါ်ပြောဆိုခဲ့သည်များအား နောင်တွင် လုပ်ဆောင်ရန်နှင့် ပြောဆိုပြီးသည့်ကိစ္စများအား မသန်စွမ်းသူများဘက်က နားလည်ပေးကြောင်းလည်း ၎င်းက ဆိုသည်။
"မသန်စွမ်းသူတွေ သူတို့ Right အတွက် သူတို့ ဒါလုပ်ပါလား။ အဲဒီတော့ ငါတို့ ကိုယ့်ရဲ့မင်းသားလေးကို ချစ်မြတ်နိုးလို့ ငါတို့ပြောလိုက်တာတွေ ငါတို့လွဲသွားပြီ။ တကယ်သေချာတယ်၊ လွဲတာ သေချာသွားပြီနော်။ အဲဒီတော့ ငါတို့လည်း အိုကေ နောက်မလုပ်ဘူး၊ တောင်းပန်ဖို့ ပြောတာမဟုတ်ဘူး။ နောက်မလုပ်တော့ဘူးကွာ။ ကျွန်တော်တို့ မသန်စွမ်းသူတွေဘက်ကတော့ ပြန်ပြီးနားလည်ပေးပါ။ ကျွန်တော်တို့ ဘက်က နားလည်ပေးတယ်။ သို့လောသို့လောနဲ့ ဟိုပြောဒီပြောတွေနဲ့လည်မှုတွေ ပိုဝေးသွားမှာစိုးတယ်။ အခုကျွန်တော်တို့ပြေလည်သွားပြီ။ နောက်လည်း ဆက်မဖြစ်ဖို့နဲ့ (၂) ဦး နှစ်ဖက်က အပြန်ပြန်အလှန်လှန် နားလည်မှုရပြီးတော့ အကောင်းဆုံးသွားဖို့ ရည်ရွယ်တယ်" ဟု ဦးမြတ်သူဝင်းက ပြောသည်။
လတ်တလောတွင် ဖြစ်ပွားနေသည် ရွှေမင်းသားဖောင်ဒေးရှင်းနှင့် မင်းသားအောင်ဇမ္ဗူ၏ အဖွဲ့ကိစ္စနှင့်ပတ်သက်၍ ယမန်နေ့(မတ်လ ၅ ရက်) ညနေပိုင်းကလည်း ရွှေမင်းသားဖောင်ဒေးရှင်း (မြန်မာ) ဥက္ကဋ္ဌ ဦးမြတ်သူဝင်းနှင့်အဖွဲ့ထံ အောင်ဇမ္ဗူ အပါအဝင် ဇာတ်သဘင်အဖွဲ့တာဝန်ရှိသူများက လာရောက် တောင်းပန်သွားကြောင်း သိရသည်။

Zawgyi Version;
မသန္စြမ္းပုဂၢိဳလ္မ်ားႏွင့္ ေအာင္ဇမၺဴပရိသတ္တို႔အၾကား အျပန္အလွန္နားလည္မႈမ်ား ရွိေစရန္ ေ႐ႊမင္းသားေဖာင္ေဒးရွင္း(ျမန္မာ) သတင္းစာရွင္း
သန႔္မင္းအိမ္ (NP News) - မတ္ ၆
မသန္စြမ္းပုဂၢိဳလ္မ်ားႏွင့္ ေအာင္ဇမၺဴပရိသတ္တို႔အၾကား အျပန္အလွန္နားလည္မႈမ်ား ရွိေစရန္ ေ႐ႊမင္းသားေဖာင္ေဒးရွင္း (ျမန္မာ) က ယေန႔ (မတ္လ ၆ ရက္) မြန္းလြဲ ၂ နာရီတြင္ ရန္ကုန္ၿမိဳ႕ရွိ Summit Parkview Hotel ၌ သတင္းမီဒီယာမ်ားႏွင့္ေတြ႕ဆုံကာ သတင္းစာရွင္းလင္းပြဲျပဳလုပ္ခဲ့သည္။
"ဒီေန႔လုပ္တဲ့ပြဲရဲ႕ရည္႐ြယ္ခ်က္က အျပန္အလွန္နားလည္မႈလြဲေနတာေတြကို ကြၽန္ေတာ္ ေျဖေဖ်ာက္ခ်င္တယ္။ ၿပီးေတာ့ ပေပ်ာက္ေစခ်င္တာျဖစ္ပါတယ္" ဟု ေ႐ႊမင္းသားေဖာင္ေဒးရွင္း (ျမန္မာ) ဥကၠ႒ ဦးျမတ္သူဝင္းက ေျပာသည္။
ထို႔ျပင္ ေအာင္ဇမၺဴ၏ ပရိသတ္မ်ားအေနျဖင့္ မသန္စြမ္းမ်ားအေပၚေျပာဆိုခဲ့သည္မ်ားအား ေနာင္တြင္ လုပ္ေဆာင္ရန္ႏွင့္ ေျပာဆိုၿပီးသည့္ကိစၥမ်ားအား မသန္စြမ္းသူမ်ားဘက္က နားလည္ေပးေၾကာင္းလည္း ၎က ဆိုသည္။
"မသန္စြမ္းသူေတြ သူတို႔ Right အတြက္ သူတို႔ ဒါလုပ္ပါလား။ အဲဒီေတာ့ ငါတို႔ ကိုယ့္ရဲ႕မင္းသားေလးကို ခ်စ္ျမတ္ႏိုးလို႔ ငါတို႔ေျပာလိုက္တာေတြ ငါတို႔လြဲသြားၿပီ။ တကယ္ေသခ်ာတယ္၊ လြဲတာ ေသခ်ာသြားၿပီေနာ္။ အဲဒီေတာ့ ငါတို႔လည္း အိုေက ေနာက္မလုပ္ဘူး၊ ေတာင္းပန္ဖို႔ ေျပာတာမဟုတ္ဘူး။ ေနာက္မလုပ္ေတာ့ဘူးကြာ။ ကြၽန္ေတာ္တို႔ မသန္စြမ္းသူေတြဘက္ကေတာ့ ျပန္ၿပီးနားလည္ေပးပါ။ ကြၽန္ေတာ္တို႔ ဘက္က နားလည္ေပးတယ္။ သို႔ေလာသို႔ေလာနဲ႔ ဟိုေျပာဒီေျပာေတြနဲ႔လည္မႈေတြ ပိုေဝးသြားမွာစိုးတယ္။ အခုကြၽန္ေတာ္တို႔ေျပလည္သြားၿပီ။ ေနာက္လည္း ဆက္မျဖစ္ဖို႔နဲ႔ (၂) ဦး ႏွစ္ဖက္က အျပန္ျပန္အလွန္လွန္ နားလည္မႈရၿပီးေတာ့ အေကာင္းဆုံးသြားဖို႔ ရည္႐ြယ္တယ္" ဟု ဦးျမတ္သူဝင္းက ေျပာသည္။
လတ္တေလာတြင္ ျဖစ္ပြားေနသည္ ေ႐ႊမင္းသားေဖာင္ေဒးရွင္းႏွင့္ မင္းသားေအာင္ဇမၺဴ၏ အဖြဲ႕ကိစၥႏွင့္ပတ္သက္၍ ယမန္ေန႔(မတ္လ ၅ ရက္) ညေနပိုင္းကလည္း ေ႐ႊမင္းသားေဖာင္ေဒးရွင္း (ျမန္မာ) ဥကၠ႒ ဦးျမတ္သူဝင္းႏွင့္အဖြဲ႕ထံ ေအာင္ဇမၺဴ အပါအဝင္ ဇာတ္သဘင္အဖြဲ႕တာဝန္ရွိသူမ်ားက လာေရာက္ ေတာင္းပန္သြားေၾကာင္း သိရသည္။