အီရန်စစ်တပ်ရဲ့စစ်သင်္ဘော ၃၂ စင်းလုံး အလုံးစုံပျက်စီးသွားခဲ့ဟု သမ္မတထရမ့်ပြော

 2288

ဂျန်ဇက် (NP News) - မတ် ၇

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က အီရန်နိုင်ငံကို တိုက်ခိုက်နေသည့် စစ်ဆင်ရေးများသည်အံ့မခန်းအောင်မြင်မှုရှိကြောင်းနှင့် အီရန်၏ ကြည်းတပ်၊ ရေတပ်၊ လေတပ် အပါအဝင် စစ်ရေးအဆောက်အအုံများ အလုံးစုံ ပျက်သုဉ်းသွားပြီဖြစ်ကြောင်းထုတ်ဖော်ပြောကြားလိုက်သည်။
သမ္မတထရမ့်က အီရန်စစ်ဆင်ရေးအပေါ်အမှတ်ပေးတွက်ချက်ရမည်ဆိုပါက အမှတ်(၁၀) ပြည့်အစား "၁၂ မှတ်မှ ၁၅ မှတ်အထိ" ပေးလိုကြောင်း ပြောကြားခဲ့သည်။
အမေရိကန်သမ္မတက ​“အီရန်ရဲ့စစ်တပ်၊ ရေတပ်နဲ့ဆက်သွယ်ရေးစနစ်တွေ အကုန်ပျက်စီးသွားပြီ။ အီရန်ခေါင်းဆောင်ပိုင်းဆိုရင်လည်း ရှင်းလင်းခံလိုက်ရလို့ အခုဆိုရင် တတိယအဆင့် ခေါင်းဆောင်တွေလောက်ပဲ ကျန်ပါတော့တယ်။ လေတပ်ဆိုရင်လည်း အလုံးစုံ ဖျက်ဆီးခံလိုက်ရပါပြီ။ စဉ်းစားသာကြည့်ပါ၊ သူတို့ဆီမှာ သင်္ဘော (၃၂) စီး ရှိတယ်၊ အခု အဲဒီ (၃၂) စီးစလုံး ပင်လယ်အောက်ခြေကို ရောက်သွားပါပြီ” ဟု ပြောသည်။
ထို့ပြင် အမေရိကန် သမ္မတက “အဲဒီလို ပျက်စီးသွားတာတွေကလွဲရင်တော့ အီရန်အခြေအနေ တော်တော်လေး ကောင်းပါတယ်” ဟုပြောသည်။အမေရိကန်တပ်မတော်၏ စွမ်းဆောင်ရည်မှာ အလွန်ထူးချွန်ပြောင်မြောက်ကြောင်း၊ တိုက်ခိုက်ခံရမှုများကို နှစ်ပေါင်းများစွာ သည်းခံနေမည့်အစားအရေးယူဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း သမ္မတ ထရမ့်က ပြောသည်။

Zawgyi Version;
အီရန္စစ္တပ္ရဲ႕စစ္သေဘၤာ ၃၂ စင္းလုံး အလုံးစုံပ်က္စီးသြားခဲ့ဟု သမၼတထရမ့္ေျပာ
ဂ်န္ဇက္ (NP News) - မတ္ ၇
အေမရိကန္သမၼတ ေဒၚနယ္ထရမ့္က အီရန္ႏိုင္ငံကို တိုက္ခိုက္ေနသည့္ စစ္ဆင္ေရးမ်ားသည္အံ့မခန္းေအာင္ျမင္မႈရွိေၾကာင္းႏွင့္ အီရန္၏ ၾကည္းတပ္၊ ေရတပ္၊ ေလတပ္ အပါအဝင္ စစ္ေရးအေဆာက္အအုံမ်ား အလုံးစုံ ပ်က္သုဥ္းသြားၿပီျဖစ္ေၾကာင္းထုတ္ေဖာ္ေျပာၾကားလိုက္သည္။
သမၼတထရမ့္က အီရန္စစ္ဆင္ေရးအေပၚအမွတ္ေပးတြက္ခ်က္ရမည္ဆိုပါက အမွတ္(၁၀) ျပည့္အစား "၁၂ မွတ္မွ ၁၅ မွတ္အထိ" ေပးလိုေၾကာင္း ေျပာၾကားခဲ့သည္။
အေမရိကန္သမၼတက ​“အီရန္ရဲ႕စစ္တပ္၊ ေရတပ္နဲ႔ဆက္သြယ္ေရးစနစ္ေတြ အကုန္ပ်က္စီးသြားၿပီ။ အီရန္ေခါင္းေဆာင္ပိုင္းဆိုရင္လည္း ရွင္းလင္းခံလိုက္ရလို႔ အခုဆိုရင္ တတိယအဆင့္ ေခါင္းေဆာင္ေတြေလာက္ပဲ က်န္ပါေတာ့တယ္။ ေလတပ္ဆိုရင္လည္း အလုံးစုံ ဖ်က္ဆီးခံလိုက္ရပါၿပီ။ စဥ္းစားသာၾကည့္ပါ၊ သူတို႔ဆီမွာ သေဘၤာ (၃၂) စီး ရွိတယ္၊ အခု အဲဒီ (၃၂) စီးစလုံး ပင္လယ္ေအာက္ေျခကို ေရာက္သြားပါၿပီ” ဟု ေျပာသည္။
ထို႔ျပင္ အေမရိကန္ သမၼတက “အဲဒီလို ပ်က္စီးသြားတာေတြကလြဲရင္ေတာ့ အီရန္အေျခအေန ေတာ္ေတာ္ေလး ေကာင္းပါတယ္” ဟုေျပာသည္။အေမရိကန္တပ္မေတာ္၏ စြမ္းေဆာင္ရည္မွာ အလြန္ထူးခြၽန္ေျပာင္ေျမာက္ေၾကာင္း၊ တိုက္ခိုက္ခံရမႈမ်ားကို ႏွစ္ေပါင္းမ်ားစြာ သည္းခံေနမည့္အစားအေရးယူေဆာင္႐ြက္ခဲ့ျခင္းျဖစ္ေၾကာင္း သမၼတ ထရမ့္က ေျပာသည္။

Related news

© 2021. All rights reserved.