ထွက်ရှိသည့်နေ့တွင်ပင် ကော်ပီ (၁ ဒသမ ၄၆)သန်းကျော် ရောင်းချခဲ့ရသည့် BLACKPINK ၏ မီနီအယ်လ်ဘမ် DEADLINE

 136

Pika (NP News) - မတ် ၇

တောင်ကိုရီးယားနာမည်ကျော် အမျိုးသမီး အဆိုတော်အဖွဲ့ BLACKPINK သည် ၎င်းတို့၏တတိယ မြောက်မီနီ အယ်လ်ဘမ် DEADLINE ဖြင့် စံချိန်သစ်များကို ထပ်တင်လိုက်ပြီဖြစ်ပြီး ထွက်ရှိသည့် ပထမဆုံးနေ့တွင်ပင် ကော်ပီ(၁ ဒသမ ၄၆)သန်းကျော် ရောင်းချနိုင်ခဲ့ကြောင်းသိရသည်။ အဆိုပါ အောင်မြင်မှုနှင့်အတူ BLACKPINK အဖွဲ့သည် အယ်လ် ဘမ်အသစ်ထွက်ရှိသည့်နေ့တွင်ပင် ကော်ပီ(၁)သန်းကျော် ရောင်းချနိုင်ခဲ့သည့် K-pop မိန်းကလေးအဖွဲ့အဖြစ် စံချိန်တင် နိုင်ခဲ့ခြင်းဖြစ် ကြောင်းသိရသည်။ YG Entertainment ၏ အဆိုအရ BLACKPINK အဖွဲ့၏ တတိယမြောက်မီနီ အယ်လ်ဘမ် DEA DLINE သည် ထွက်ရှိသည့်နေ့ ၌ပင် ကော်ပီ (၁၄၆၁၇၈၅)ချပ်အထိ ရောင်းချ နိုင်ခဲ့ကြောင်းသိရသည်။ အဆိုပါအယ်လ်ဘမ်သည် ထွက်ရှိသည့်နေ့၌ပင် ဒေသ(၃၂)ခုရှိ iTunes Album ဇယားများတွင် နံပါတ်(၁)နေရာသို့ ရောက်ရှိခဲ့ပြီး Worldwide iTunes Album Chart တွင်လည်း ထိပ်ဆုံးနေရာ၌ ရပ်တည်နိုင်ခဲ့ ကြောင်းသိရသည်။ ပြီးခဲ့သည့် ဖေဖော်ဝါရီလ(၂၇) ရက်တွင်ထွက်ရှိခဲ့သည့် BLACKPINK အဖွဲ့၏ Go သီချင်းသည်လည်း ကြည့်ရှုမှုစုစုပေါင်း (၂၇ ဒသမ ၆၅)သန်းခန့် ရရှိခဲ့ပြီး YouTube ၏ World wide Trending နှင့် Music Trending ဇယားများတွင် နံပါတ်(၁) နေရာကို ရရှိထားကြောင်းလည်းသိရသည်။ ပြီးခဲ့သည့်ရက်ပိုင်းအတွင်း BLACKPINK အဖွဲ့၏ YouTube ချန်နယ်သည် subscriber သန်း(၁၀ဝ)ကျော်သွားခဲ့ပြီး နောက်ထပ် သမိုင်း ဝင်စံချိန်သစ်တစ်ခုကို တင်နိုင်ခဲ့ကြောင်းလည်းသိရသည်။

Related news

© 2021. All rights reserved.