CEIR မှတ်ပုံတင်စနစ်ကို အခွန်ရှောင်သူများ၊ အကြမ်းဖက်သမားများနှင့် ရာဇဝတ်ကောင်များသာ ကြောက်ရွံ့

 191

သုတကျော် (NP News) - မတ် ၈

ဗဟိုမိုဘိုင်းစက်ပစ္စည်း သက်သေခံမှတ်ပုံ တင်စနစ် (CEIR)ကို ကြောက်ရမည့်သူများမှာ အခွန်ရှောင်သူများ၊ အကြမ်းဖက်သမားများနှင့် ရာဇဝတ်သားတို့သာဖြစ်ကြောင်း NP News က နည်းပညာကျွမ်းကျင်သူအချို့ထံ မေးမြန်း ထားချက်နှင့် လေ့လာထားချက်များအရ သိရသည်။
စံချိန်စံòန်းနှင့်ကိုက်ညီပြီး နိုင်ငံတော်သို့ ကျသင့်အခွန်များ ပေးဆောင်ထားသည့် မိုဘိုင်း လက်ကိုင်ဖုန်း (Handset)များကို ပြည်တွင်းတွင် ယုံကြည်စိတ်ချစွာ အသုံးပြုနိုင်ရန် (၂၀၂၆)ခုနှစ်၊ မတ်လပထမပတ်မှစ၍ ဗဟိုမိုဘိုင်း စက်ပစ္စည်း သက် သေခံမှတ်ပုံတင်စနစ်(CEIR)အား စတင်အသုံးပြု ဆောင်ရွက်ရန် စီစဉ်နေခြင်း ဖြစ်သည်။
လက်ရှိ အသုံးပြုနေသော မိုဘိုင်းဖုန်း များမှာ အခွန်ပေးဆောင်ရန်မလိုအပ်ဘဲ ဆက်လက် အသုံးပြုနိုင်ရန် CEIR စနစ်ရှိ ခွင့်ပြုစာရင်းတွင် အလိုအလျောက် ထည့်သွင်းပေးထားပြီး အဆိုပါ ခွင့်ပြုစာရင်းတွင်ပါနိုင်ရန် မတ်လ(၃၁)ရက် နောက် ဆုံးထားပြီး ဆက်သွယ်ရေးကွန်ရက် (MPT၊ ATOM၊ U9၊ Mytel) များ၏ SIM Card များကို မိုဘိုင်းလက်ကိုင်ဖုန်း (Handset)အတွင်း ထည့်သွင်း၍ ဖွင့်လှစ်အသုံးပြုထားရန် လိုအပ်မည်ဖြစ်သည်။ မိုဘိုင်းလက်ကိုင်ဖုန်း (Handset) များနှင့် မိုဘိုင်းကွန်ရက်သုံးဆက်သွယ်ရေးပစ္စည်းများကို ပြည်ပမှ တင်သွင်းလိုသည့်ကုမ္ပဏီများအနေဖြင့် လုပ် ထုံးလုပ် နည်းနှင့်အညီ လိုင်စင်လျှောက်ထား၍ တရားဝင် တင်သွင်းဆောင်ရွက်ကြရမည်ဖြစ်ပြီး ကျသင့် အခွန်များကို‌ပေး ဆောင်ပြီးပါက CEIR စနစ်ရှိ ခွင့်ပြု စာရင်းတွင် ထည့်သွင်းပေးသွားမည်ဖြစ်ကြောင်း သိရသည်။ အဆိုပါစနစ်၏ အဓိကအချက်မှာ ဖုန်းတွင် ပါဝင်သော IMEI နံပါတ်ကို မှတ်ပုံတင်ထား ရခြင်းဖြစ်ပြီး ယင်းနှင့်ပတ်သက်၍ တစ်ဦး တစ်ယောက် ချင်းစီ၏ လုံခြုံရေးကိုအစိုးရက စောင့်ကြည့်ခြင်း ဖြစ်သည်ဟု အချက်အလက် လွှဲမှားကာ ပြည်ပရောက် မီဒီယာများတွင် ဖော်ပြနေခြင်း ဖြစ်သည်။
“အများ အမှတ်မှားနေတာကို ပြောချင်တယ်။ ဒီဟာရဲ့ ကောင်းကျိုးတွေမှာ နံပါတ်တစ်က အခွန်ရှောင်၊ မှောင်ခိုဝင်လာတဲ့ ဖုန်းတွေကို တားဆီး နိုင်မှာဖြစ်လို့ တရားဝင် ကုမ္ပဏီတွေ အကျိုးကျေးဇူး ရှိတယ်။ အခွန်မဆောင်ရင် အဲဒီဖုန်း သုံးမရဘူးပေါ့။ အစိုးရက အခွန်ရမယ်။ နောက်တစ်ခုက ဖုန်းခိုးခံရရင် အကြောင်းကြားလိုက်ရုံနဲ့ အဲဒီ IMEI နံပါတ်ကို လှမ်း Block လိုက်ရင် ဘယ်ဆင်းကတ်မှ ထည့်မသုံးနိုင်တော့ဘူး။ နောက်တစ်ခုက ဖုန်းအမှတ်တံဆိပ် အတုဖုန်းတွေကို တားဆီးနိုင်မယ်။ ဒါက အများစု နားလည်အောင် ပြောပြတာပါ” ဟု မိုဘိုင်းဖုန်း နည်း ပညာနှင့် ပတ်သက်၍ သိရှိသူတစ်ဦးက ပြောသည်။
ယင်းသို့ ပြောင်းလဲလိုက်ခြင်းမှာ တရားဥပဒေကို လိုက်နာသော နိုင်ငံသားများအတွက် စိုးရိမ်ဖွယ် မလိုကြောင်း အခြားမိုဘိုင်းဖုန်း နည်းပညာရှင်တစ် ဦးက ဆိုသည်။
“သူရဲ့ သဘောက မှတ်ပုံတင်အမှတ်၊ ဆင်းကတ်နံပါတ်နဲ့သုံးတဲ့ ဖုန်းရဲ့ IMEI နံပါတ်က ဗဟိုဒေတာ စင်တာမှာရောက်သွားမယ်။ ဘယ်တာ ဝါတိုင်နဲ့ ချိတ်ဆက်ပြီး ဒီဖုန်းကိုသုံးတယ်ဆိုတာ သိ နိုင်မယ်ပေါ့။ အရင်လို ဆင်း ကတ်ဝယ်လိုက်၊ ချိုးပြီး လွှတ်ပစ်လိုက်၊ နောက်တစ်ကတ် ထပ်ထည့်ပြီး ရာဇဝတ်မှု ထပ်ကျူးလွန် ဒါတွေ လုပ်လို့မရတော့ဘူး။ ဒါက ဘာကိုပြသလဲဆိုတော့ ရာဇဝတ်သားတွေ၊ အကြမ်းဖက်သမားတွေ၊ အွန်လိုင်းလိမ်လည်မှု တွေကို ဖော်ထုတ်တဲ့အခါမှာ အထောက်အကူပြုမှာပါ။ တရားဥပဒေအတိုင်း လိုက်နာကျင့်သုံးနေထိုင်တဲ့ နိုင်ငံသား တွေအတွက်တော့ အေးအေးဆေးဆေးပါ။ အဓိက တော့ ရာဇဝတ်သားတွေပဲ ကြောက်ရမှာပါ” ဟု ၎င်းက ဆိုသည်။ မြန်မာနိုင်ငံ၏ အိမ်နီးချင်းနိုင်ငံများတွင် အဆိုပါစနစ်ကို ကျင့်သုံးသည်သာမက အခြား နိုင်ငံများတွင်လည်း ကျင့်သုံးခြင်း များရှိနေ ကြောင်းသိရသည်။
“တရားဥပဒေစိုးမိုးမှုအတွက် နောက် ခြေလှမ်းတစ်လှမ်း လှမ်းလိုက်တာလို့ မြင်ဖို့ လိုတယ်။ တစ်ခုပဲပေါ့နော်။ အချက်အလက်ပေါက်ကြားတာမျိုး မဖြစ်အောင်တော့ အစိုးရက အချက်အလက်မ ပေါက်ကြားအောင် ထိန်းချုပ်၊ လုံခြုံရေး အဆင့်တော့ မြှင့်ရမှာပေါ့” ဟု ၎င်းက ပြောသည်။

Zawgyi Version;
CEIR မွတ္ပုံတင္စနစ္ကို အခြန္ေရွာင္သူမ်ား၊ အၾကမ္းဖက္သမားမ်ားႏွင့္ ရာဇဝတ္ေကာင္မ်ားသာ ေၾကာက္႐ြံ႕
သုတေက်ာ္ (NP News) - မတ္ ၈
ဗဟိုမိုဘိုင္းစက္ပစၥည္း သက္ေသခံမွတ္ပုံ တင္စနစ္ (CEIR)ကို ေၾကာက္ရမည့္သူမ်ားမွာ အခြန္ေရွာင္သူမ်ား၊ အၾကမ္းဖက္သမားမ်ားႏွင့္ ရာဇဝတ္သားတို႔သာျဖစ္ေၾကာင္း NP News က နည္းပညာကြၽမ္းက်င္သူအခ်ိဳ႕ထံ ေမးျမန္း ထားခ်က္ႏွင့္ ေလ့လာထားခ်က္မ်ားအရ သိရသည္။
စံခ်ိန္စံòန္းႏွင့္ကိုက္ညီၿပီး ႏိုင္ငံေတာ္သို႔ က်သင့္အခြန္မ်ား ေပးေဆာင္ထားသည့္ မိုဘိုင္း လက္ကိုင္ဖုန္း (Handset)မ်ားကို ျပည္တြင္းတြင္ ယုံၾကည္စိတ္ခ်စြာ အသုံးျပဳႏိုင္ရန္ (၂၀၂၆)ခုႏွစ္၊ မတ္လပထမပတ္မွစ၍ ဗဟိုမိုဘိုင္း စက္ပစၥည္း သက္ ေသခံမွတ္ပုံတင္စနစ္(CEIR)အား စတင္အသုံးျပဳ ေဆာင္႐ြက္ရန္ စီစဥ္ေနျခင္း ျဖစ္သည္။
လက္ရွိ အသုံးျပဳေနေသာ မိုဘိုင္းဖုန္း မ်ားမွာ အခြန္ေပးေဆာင္ရန္မလိုအပ္ဘဲ ဆက္လက္ အသုံးျပဳႏိုင္ရန္ CEIR စနစ္ရွိ ခြင့္ျပဳစာရင္းတြင္ အလိုအေလ်ာက္ ထည့္သြင္းေပးထားၿပီး အဆိုပါ ခြင့္ျပဳစာရင္းတြင္ပါႏိုင္ရန္ မတ္လ(၃၁)ရက္ ေနာက္ ဆုံးထားၿပီး ဆက္သြယ္ေရးကြန္ရက္ (MPT၊ ATOM၊ U9၊ Mytel) မ်ား၏ SIM Card မ်ားကို မိုဘိုင္းလက္ကိုင္ဖုန္း (Handset)အတြင္း ထည့္သြင္း၍ ဖြင့္လွစ္အသုံးျပဳထားရန္ လိုအပ္မည္ျဖစ္သည္။ မိုဘိုင္းလက္ကိုင္ဖုန္း (Handset) မ်ားႏွင့္ မိုဘိုင္းကြန္ရက္သုံးဆက္သြယ္ေရးပစၥည္းမ်ားကို ျပည္ပမွ တင္သြင္းလိုသည့္ကုမၸဏီမ်ားအေနျဖင့္ လုပ္ ထုံးလုပ္ နည္းႏွင့္အညီ လိုင္စင္ေလွ်ာက္ထား၍ တရားဝင္ တင္သြင္းေဆာင္႐ြက္ၾကရမည္ျဖစ္ၿပီး က်သင့္ အခြန္မ်ားကို‌ေပး ေဆာင္ၿပီးပါက CEIR စနစ္ရွိ ခြင့္ျပဳ စာရင္းတြင္ ထည့္သြင္းေပးသြားမည္ျဖစ္ေၾကာင္း သိရသည္။ အဆိုပါစနစ္၏ အဓိကအခ်က္မွာ ဖုန္းတြင္ ပါဝင္ေသာ IMEI နံပါတ္ကို မွတ္ပုံတင္ထား ရျခင္းျဖစ္ၿပီး ယင္းႏွင့္ပတ္သက္၍ တစ္ဦး တစ္ေယာက္ ခ်င္းစီ၏ လုံၿခဳံေရးကိုအစိုးရက ေစာင့္ၾကည့္ျခင္း ျဖစ္သည္ဟု အခ်က္အလက္ လႊဲမွားကာ ျပည္ပေရာက္ မီဒီယာမ်ားတြင္ ေဖာ္ျပေနျခင္း ျဖစ္သည္။
“အမ်ား အမွတ္မွားေနတာကို ေျပာခ်င္တယ္။ ဒီဟာရဲ႕ ေကာင္းက်ိဳးေတြမွာ နံပါတ္တစ္က အခြန္ေရွာင္၊ ေမွာင္ခိုဝင္လာတဲ့ ဖုန္းေတြကို တားဆီး ႏိုင္မွာျဖစ္လို႔ တရားဝင္ ကုမၸဏီေတြ အက်ိဳးေက်းဇူး ရွိတယ္။ အခြန္မေဆာင္ရင္ အဲဒီဖုန္း သုံးမရဘူးေပါ့။ အစိုးရက အခြန္ရမယ္။ ေနာက္တစ္ခုက ဖုန္းခိုးခံရရင္ အေၾကာင္းၾကားလိုက္႐ုံနဲ႔ အဲဒီ IMEI နံပါတ္ကို လွမ္း Block လိုက္ရင္ ဘယ္ဆင္းကတ္မွ ထည့္မသုံးႏိုင္ေတာ့ဘူး။ ေနာက္တစ္ခုက ဖုန္းအမွတ္တံဆိပ္ အတုဖုန္းေတြကို တားဆီးႏိုင္မယ္။ ဒါက အမ်ားစု နားလည္ေအာင္ ေျပာျပတာပါ” ဟု မိုဘိုင္းဖုန္း နည္း ပညာႏွင့္ ပတ္သက္၍ သိရွိသူတစ္ဦးက ေျပာသည္။
ယင္းသို႔ ေျပာင္းလဲလိုက္ျခင္းမွာ တရားဥပေဒကို လိုက္နာေသာ ႏိုင္ငံသားမ်ားအတြက္ စိုးရိမ္ဖြယ္ မလိုေၾကာင္း အျခားမိုဘိုင္းဖုန္း နည္းပညာရွင္တစ္ ဦးက ဆိုသည္။
“သူရဲ႕ သေဘာက မွတ္ပုံတင္အမွတ္၊ ဆင္းကတ္နံပါတ္နဲ႔သုံးတဲ့ ဖုန္းရဲ႕ IMEI နံပါတ္က ဗဟိုေဒတာ စင္တာမွာေရာက္သြားမယ္။ ဘယ္တာ ဝါတိုင္နဲ႔ ခ်ိတ္ဆက္ၿပီး ဒီဖုန္းကိုသုံးတယ္ဆိုတာ သိ ႏိုင္မယ္ေပါ့။ အရင္လို ဆင္း ကတ္ဝယ္လိုက္၊ ခ်ိဳးၿပီး လႊတ္ပစ္လိုက္၊ ေနာက္တစ္ကတ္ ထပ္ထည့္ၿပီး ရာဇဝတ္မႈ ထပ္က်ဴးလြန္ ဒါေတြ လုပ္လို႔မရေတာ့ဘူး။ ဒါက ဘာကိုျပသလဲဆိုေတာ့ ရာဇဝတ္သားေတြ၊ အၾကမ္းဖက္သမားေတြ၊ အြန္လိုင္းလိမ္လည္မႈ ေတြကို ေဖာ္ထုတ္တဲ့အခါမွာ အေထာက္အကူျပဳမွာပါ။ တရားဥပေဒအတိုင္း လိုက္နာက်င့္သုံးေနထိုင္တဲ့ ႏိုင္ငံသား ေတြအတြက္ေတာ့ ေအးေအးေဆးေဆးပါ။ အဓိက ေတာ့ ရာဇဝတ္သားေတြပဲ ေၾကာက္ရမွာပါ” ဟု ၎က ဆိုသည္။ ျမန္မာႏိုင္ငံ၏ အိမ္နီးခ်င္းႏိုင္ငံမ်ားတြင္ အဆိုပါစနစ္ကို က်င့္သုံးသည္သာမက အျခား ႏိုင္ငံမ်ားတြင္လည္း က်င့္သုံးျခင္း မ်ားရွိေန ေၾကာင္းသိရသည္။
“တရားဥပေဒစိုးမိုးမႈအတြက္ ေနာက္ ေျခလွမ္းတစ္လွမ္း လွမ္းလိုက္တာလို႔ ျမင္ဖို႔ လိုတယ္။ တစ္ခုပဲေပါ့ေနာ္။ အခ်က္အလက္ေပါက္ၾကားတာမ်ိဳး မျဖစ္ေအာင္ေတာ့ အစိုးရက အခ်က္အလက္မ ေပါက္ၾကားေအာင္ ထိန္းခ်ဳပ္၊ လုံၿခဳံေရး အဆင့္ေတာ့ ျမႇင့္ရမွာေပါ့” ဟု ၎က ေျပာသည္။

Picture

Nang Ywae

10/03/2026 07:08

IMEI1:861155062082334

Picture

Nang Ywae

10/03/2026 07:09

IMEI1:861155062082334

Related news

© 2021. All rights reserved.