‘ လူမှုထူးချွန်ဆုရ အနုပညာရှင်များ ’

 214

NP News ရဲ့အနုပညာအနှစ်ချုပ်ကဏ္ဍကနေ ဒီတစ်ပတ်အတွက် “လူမှုထူးချွန်ဆုရအနုပညာရှင်များ၊ ဇာတ် မင်းသားနှစ်ဦးအကြောင်း သဘင်ဥက္ကဋ္ဌက ဖွင့်ဟ” စတဲ့ အနုပညာနဲ့ ဆက်စပ်သတင်းတွေကိုဖော်ပြပေးပါမယ်။

သတင်းစာရှင်းလင်းပွဲအတွင်း ဇာတ်မင်းသားနှစ်ဦးအကြောင်း သဘင်ဥက္ကဋ္ဌ ဖွင့်ဟ
ဇာတ်သဘင်လောက တစ်ခေတ်ပြန်လည်ထိုးဖောက်လာပြီလို့ လူအများကမှတ်ယူလာချိန်မှာပဲ အပတ်စဉ် ဇာတ်မင်းသားနှစ်ဦးရဲ့ ဇာတ်ပွဲ ဖျော်ဖြေမှုတွင်း ပြဿနာသတင်းတွေက အကြောင်းအရာမထပ် ထွက်ပေါ်ခဲ့ပါတယ်။ လတ်တလော သဘင်လောကမှာ အောင်မြင်မှုထိပ်ဆုံးကိုရရှိနေပြီလို့ဆိုနိုင်တဲ့ ဇာတ်မင်းသား အောင်ဇမ္ဗူနဲ့ မင်းသားစမ်း ရေးမိုးတို့ရဲ့ပရိသတ်အင်အားကလည်းအပြိုင်ဖြစ်နေကြသလို အင်အားပြိုင်/အပုပ်ချမှုသတင်းစကားတွေကြောင့်လည်း မြန်မာနိုင်ငံသဘင်အ စည်းအရုံးက ကြားဝင်ဖြေရှင်းနေရတာကိုသတိပြုမိပါတယ်။
ဒီဖြစ်ရပ်တွေအတွင်း အောင်ဇမ္ဗူကို သာသနာရေးနဲ့ယဉ်ကျေးမှုဝန်ကြီးဌာနက ဇာတ်ကပြဖျော်ဖြေခွင့် တစ်နှစ် ပိတ်လိုက်ကြောင်းသတင်းတွေထွက်ပေါ်ခဲ့ ပြီးနောက် အခုလိုပိတ်ခြင်းက သဘင်ဥက္ကဋ္ဌ ဖိုးချစ်က တပည့်သား အပေါ်ကာကွယ်မှုမပြုဘဲ ပူးပေါင်းပါဝင်ခဲ့ကြောင်း စွပ်စွဲပြောဆိုမှုတွေထွက်ပေါ်ခဲ့တာပါ။ ဒါပေမဲ့ (၂၄)နာရီအတွင်း အပြောင်းအလဲဖြစ်ပေါ်ခဲ့ပြီး ညှိနှိုင်းဆောင်ရွက်မှုတွေကြောင့် ပြန်လည်ကပြဖျော်ဖြေခွင့်ပြုခဲ့တာကိုလည်း ပြန်လည် ကြားသိခဲ့ရပါတယ်။
သတင်းစာရှင်းလင်းပွဲအတွင်း သဘင်ဥက္ကဋ္ဌ ဖိုးချစ်ပြောကြားခဲ့တဲ့အကြောင်းအရာတွေကို အကျဉ်းချုံး ဖော်ပြရာမှာ သဘင်အစည်းအရုံးတာဝန်ရှိသူတွေကိုယ်တိုင်က အစည်းအရုံးထံ တိုင်ကြားစာတွေရရှိလာချိန်မှာ အချက် အလက် သေချာစွာမသိရှိရသေးပါက စုံစမ်းမေးမြန်းမှုတွေလုပ်ဆောင်မှာဖြစ်ကြောင်းနဲ့ သက်ဆိုင်ရာတာဝန်ရှိသူ တွေရဲ့ လမ်းòန်ချက်ရရှိချိန်မှာလည်း ထိန်းသိမ်းဆောင်ရွက်ခဲ့ကြောင်း၊ သဘင်အစည်းအရုံးအနေနဲ့ ဇာတ်သဘင် အဖွဲ့သား တွေကို ကပြဖျော်ဖြေခွင့်ပိတ်ကြောင်း ထုတ်ပြန်ပြောဆိုခဲ့ခြင်းမျိုးလည်းမရှိခဲ့ကြောင်း၊ ပထမတစ်ကြိမ် မသိလို့မှား ယွင်းခြင်းအပေါ် နောက်တစ်ကြိမ် ထပ်မံမကျူးလွန်ဖို့နဲ့ ထပ်မံကျူးလွန်ပါက အရေးယူမှုပြုလုပ်နိုင်ကြောင်း ကြိုတင် အသိပေးခြင်းများ၊ ဆုံးမစကားများပြောခဲ့ကြောင်း၊ ဒါပေမဲ့ ဇာတ်စင်မြင့်ထက်မှာ အစည်းအရုံးက သေချာမှာ ကြားခဲ့မှုအပေါ် ပြက်လုံးအဖြစ်သုံးကာ သရော်ခဲ့ကြောင်းအပါအဝင် သက်ဆိုင်ရာ ဝန်ကြီးဌာန ဘက်က ထုတ်ပြန် အကြောင်းကြားခဲ့တဲ့ထုတ်ပြန်စာအဓိပ္ပာယ်များအကြောင်းကို စာရွက်စာတမ်းအချက်အလက်များနဲ့တကွ မီဒီယာများ ရှေ့ ရှင်းလင်းပြောကြားခဲ့ပါတယ်။
လူအများသိရှိထားပြီးဖြစ်တဲ့ အောင်ဇမ္ဗူဇာတ်အဖွဲ့အနေနဲ့ ပထမအကြိမ် ကလေးသူငယ်လိင်ပိုင်း ဆိုင်ရာ စော်ကားမှုနဲ့ တိုင်ကြားခံခဲ့ရခြင်းဖြစ်ပြီး၊ ဒုတိယအကြိမ်အဖြစ် မသန်စွမ်းသူတွေရဲ့ဂုဏ်သိက္ခာကို ထိခိုက်စော် ကားမှုတို့ကြောင့် သက်ဆိုင်ရာအဖွဲ့အစည်းတွေက သဘင်အစည်းအရုံးအပါအဝင် သာသနာရေးနဲ့ယဉ်ကျေးမှု ဝန်ကြီး ဌာနတို့ထံ တိုင်ကြားမှုတွေလုပ်ဆောင်ခဲ့ပြီး အရေးယူအပြစ်ပေးစေလိုခဲ့ကြတာဖြစ်ပါတယ်။ ဒါ့အပြင် စမ်းရေးမိုး ဇာတ်ကလည်း ဇာတ်ဆရာဆိုသူက ‘ပွဲလာကြည့်ပရိသတ်ကို ငွေကျပ်တစ်သောင်းပြန်ပေးက ဒီဇာတ်ပွဲကို ဉာဏ်ရည်မြင့်မားသူတွေပဲကြည့်တာ။ ခင်ဗျားလို ဉာဏ်ရည်နိမ့်ပါးသူတွေ လက်မခံဘူး။ ခင်ဗျားပြန်’ဆိုပြီး တုံ့ပြန်ခဲ့တဲ့ အတွက် တိုင်ကြားခံခဲ့ရတယ်လို့သိရှိရကာ သဘင်အစည်းအရုံးက ခေါ်ယူသတိပေးခဲ့ရကြောင်းလည်း ကြားသိရပါတယ်။
စမ်းရေးမိုးဇာတ်ဆရာ ဦးအောင်ကျော်ထွန်းက “သဘင်တစ်ခေတ် အမြင်တင့်ဖို့ စမ်းရေမိုးဇာတ်ပွဲ ရေကိုမစုန် ရေကိုဆန်လို့ ကြိုးကြိုးစားစား ရိုးရိုးသားသား ဆက်လက်ချီတက်နေပါတယ်ခင်ဗျာ”လို့ မေတ္တာရပ်ခံထားပါတယ်။ ဖိုးချစ်က မြန်မာနိုင်ငံသဘင်အစည်းအရုံး(ဗဟို) ဥက္ကဋ္ဌ ရာထူးတာဝန်ကို (၂၀၁၅) ခုနှစ် အောက်တိုဘာလ (၁၅)ရက်က စတင်တာဝန်ယူခဲ့ခြင်းဖြစ်ပြီး (၂၀၂၁) ခုနှစ် နိုင်ငံရေးအပြောင်း အလဲ ဖြစ်စဉ်အတွင်း တပ်မတော်အာဏာထိန်းမှုကို ဆန့်ကျင်ကြောင်းပြသမှုအဖြစ် ဥက္ကဋ္ဌရာထူးကနေ ၎င်းကိုယ်တိုင် ဦးစွာနုတ်ထွက်ခဲ့ခြင်းဖြစ်ပါတယ်။ (၂၀၂၂) ခုနှစ် ဇွန်လ (၂၄ ရက်နဲ့ ၂၅ ရက်)မှာ သဘင်ခြံအတွင်း ရာထူးတာဝန်လွှဲပြောင်း၊ လက်ခံခြင်းကို တရားဝင်တင်ပြကာ အထူးအစည်း အဝေးကျင်းပြပြီး၊ အလင်္ကာကျော်စွာ ဦးစိန်မြအောင် ဦးဆောင်ကာ EC အဖွဲ့ဝင်တွေထံ လွှဲပြောင်း၊ လက်ခံခြင်းအစည်း အဝေးပြုလုပ်ခဲ့ ကြောင်း ဖိုးချစ်က သတင်းစာရှင်းလင်းပွဲအတွင်း ပြောပါတယ်။
အချိန် (၆)လကျော်ကြာပြီးနောက် (၂၀၂၃) ခုနှစ် ဇန်နဝါရီလ (၁၃) ရက်က အမျိုးသားယဉ်ကျေးမှုတက္ကသိုလ်မှာ မြန်မာနိုင်ငံသဘင်အစည်းအရုံးဥက္ကဋ္ဌ တာဝန်ကို ပြန်လည်ယူခဲ့ပြီး တည်ဆဲအစိုးရလက်အောက် ပြန်လည်ခိုလှုံခဲ့ တာဖြစ် ပါတယ်။ ဥက္ကဋ္ဌဖိုးချစ်အနေနဲ့ (၂၀၂၇)ခုနှစ် ဇန်နဝါရီလ (၁၃) ရက်ဆို ဥက္ကဋ္ဌ ရာထူးသက်တမ်းပြည့်မှာ ဖြစ်ပါတယ်။ သဘင်အစည်းအရုံးရဲ့စည်းမျဉ်းစည်းကမ်းအရ ဥက္ကဋ္ဌရာထူးသက်တမ်းက (၄)နှစ်ဖြစ်ပြီး၊ သက်တမ်းပြည့်ပြီး ရက်ပေါင်း (၉၀)နောက်၊ ရက်ပေါင်း (၉၀)ရှေ့အတွင်း ညီလာခံ (သို့မဟုတ်) အထူးအစည်းအဝေးကျင်းပပြီး သဘင် အစည်းအရုံး ဥက္ကဋ္ဌ ပြန်လည်ရွေးချယ်ခြင်းကို ဆောင်ရွက်ရမှာ ဖြစ်ကြောင်းနဲ့ သဘာဝ ဘေးနဲ့အခြားအထွေထွေကိစ္စရပ်များရှိပါက အထူးအစည်းအဝေးကျင်းပဆောင်ရွက်နိုင်ကြောင်းကို မြန်မာနိုင်ငံသဘင်အစည်းအရုံးရဲ့ ဖွဲ့စည်းပုံစည်းမျဉ်းစည်းကမ်း ဥပဒေအရ ပြဋ္ဌာန်းထားပြီးဖြစ် တယ်လို့သိရှိရပါတယ်။ မြန်မာနိုင်ငံသဘင်အစည်းအရုံးဥက္ကဋ္ဌ ဖိုးချစ်နဲ့ နာယက အဖွဲ့တွေရဲ့သတင်းစာရှင်းလင်းပွဲကို (၂၀၂၆) ခုနှစ် ဖေဖော်ဝါရီလ (၂၈) ရက်က ရန်ကုန်တိုင်းဒေသကြီး အင်းစိန်မြို့နယ်ရှိ မြန်မာနိုင်ငံ သဘင်အစည်းအရုံးမှာ ပြုလုပ်ခဲ့ခြင်းဖြစ်ပါတယ်။

လူမှုထူးချွန်ဆုရ အနုပညာရှင်များ
နိုင်ငံတော်ကပေးအပ်ချီးမြှင့်တဲ့ လူမှုထူးချွန်ဆု(တတိယအဆင့်)ကို အဆိုတော် မနော၊ J Fire ၊ မေသက်ထား ဆွေ၊ ဗီဗာဟိန်း၊ ဝိုင်းလမင်းအောင်၊ မေ့ချစ်သက်၊ စိုးသီဟ၊ သရုပ်ဆောင်များဖြစ်ကြတဲ့ နက္ခတ်၊ နေထူးနိုင်၊ ဗညားရဲရင့်၊ ဇော်ဝင်းနိုင် (မန်း)၊ ဆင်မ၊ ခင်လှိုင်တို့ ရရှိခဲ့ကြတာပါ။ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် အမျိုးသားကာကွယ်ရေးနဲ့ လုံခြုံရေးကောင်စီက နိုင်ငံတော်တည်ဆောက်ရာမှာ သက်ဆိုင်ရာလုပ်ငန်းနယ်ပယ်အလိုက် စွမ်းစွမ်းတမံဆောင် ရွက်ခဲ့ကြတဲ့ပုဂ္ဂိုလ်တွေကို ဂုဏ်ထူးဆောင်ဘွဲ့များ ဂုဏ်ထူးဆောင်တံဆိပ်များကို ချီးမြှင့်အပ်နှင်းလိုက်ကြောင်းကို (၂၀၂၆) ခုနှစ်၊ မတ်လ (၂) ရက်က တရားဝင် ထုတ်ပြန်အသိပေးကြေညာခဲ့ခြင်းဖြစ်ပါတယ်။ မင်းသားနေထူးနိုင်က “(၂၀၁၉) ခုနှစ်မှာစပြီး သစ်ပင်စိုက်ပျိုးကြဖို့ နှိုးဆော်ပေးခဲ့လို့ရခဲ့တဲ့ ဆုလဒ်ပါ။ သစ်ပင်များ စိုက်ပျိုးဖို့လှူဒါန်း‌ပေးကြတဲ့ တစ်‌ယောက်စီတိုင်းနဲ့ သစ်ပင်များ ရှင်သန်အောင်ပြုစုပေးကြတဲ့ တစ်ဦး တစ်ယောက်ချင်းကို လည်းကောင်း၊ မီဒီယာများ-ဆု‌ပေးသူများနဲ့ ဆုပေးနိုင်ဖို့ အကြံ‌ပေး ပြောကြား‌‌ပေးကြ‌သူများ အားလုံးကို အထူးကျေးဇူးတင်ပါကြောင်း}} ၎င်းရဲ့ဖေ့ဘွတ်အကောင့်မှာ မှတ်တမ်းတင်‌ ဖော်ပြထားတာကို တွေ့ရပါတယ်။
ပြည်ပြေးမီဒီယာတွေက အဆိုပါ ဂုဏ်ပြုထူးချွန်ဆုများကို ဂုဏ်သိက္ခာကျဆင်း၊ ညှိုးနွမ်းအောင် နည်းလမ်းပေါ င်းစုံ ပုံဖျက်ရေးသားနေပါစေ နိုင်ငံတော်ကပေးအပ်ချီးမြှင့်တဲ့ ဂုဏ်ပြုထူးချွန်ဆုတံဆိပ်ဖြစ်တာမို့ တိုင်းပြည်ကိုချစ်၊ နိုင်ငံကိုချစ်တဲ့ အမျိုးဘာသာသနာကို စောင့်ထိန်းကြတဲ့ နိုင်ငံသားတိုင်းအတွက်ကတော့ နိုင်ငံတော်ရဲ့မှတ်တမ်း ဝင်ဂုဏ်ပြုဆုဖြစ်တဲ့အတွက် ဂုဏ်ယူမဆုံးပေ။ အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီရုံး အမှုဆောင်ချုပ် ဦးအောင်လင်းဒွေး၊ တွဲဖက်အမှုဆောင်ချုပ် ဗိုလ်ချုပ်ကြီး ရဲဝင်းဦး၊ နိုင်ငံတော်သမ္မတရုံးဝန်ကြီးဌာန (၁) ပြည်ထောင်စု ဝန်ကြီး ဦးတင်အောင်စန်း၊ ပို့ဆောင်ရေးနှင့် ဆက် သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြထွန်းဦးအပါအဝင် (၁၁) ဦးကို သရေစည်သူဘွဲ့၊ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌ ဦးသန်းစိုး၊ နိုင်ငံတော်သမ္မတရုံးဝန်ကြီးဌာန (၂) ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလှိုင်နဲ့ ဥပဒေရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးနှင့် ပြည်ထောင်စုရှေ့နေချုပ် ဒေါက်တာသီတာဦး အပါအဝင် (၁၀) ဦးကို စည်သူဘွဲ့များ ချီးမြှင့် အပ်နှင်းခဲ့ပါတယ်။
သူရဲကောင်းမှတ်တမ်းဝင် တံဆိပ် ၊ ရဲဗလတံဆိပ်၊ ရဲသူရိန်တံဆိပ်၊ ရဲကျော်စွာတံဆိပ်၊ စီမံထူးချွန်တံဆိပ် (ပထမဆင့်) ၊ စီမံထူးချွန်တံဆိပ် (ဒုတိယဆင့်) ၊ စီမံထူးချွန်တံဆိပ် (တတိယဆင့်) ၊ လူမှုထူးချွန်တံဆိပ် (ပထမဆင့်)၊ လူမှုထူးချွန်တံဆိပ်(ဒုတိယဆင့်)၊ လူမှုထူးချွန်တံဆိပ်(တတိယဆင့်)၊ လယ်ယာစီးပွားထူးချွန်တံဆိပ် (တတိယဆင့်)၊ စက်မှုစီးပွားထူးချွန်တံဆိပ် (တတိယဆင့်)၊ ဝန်ဆောင်စီးပွားထူးချွန်တံဆိပ် (ပထမဆင့်)၊ ဝန်ဆောင်စီးပွားထူးချွန်တံဆိပ် (တတိယဆင့်)၊ ဝိဇ္ဇာပညာထူးချွန် (ပထမဆင့်)၊ နည်းပညာထူးချွန်တံဆိပ် (ဒုတိယဆင့်)၊ နည်းပညာထူးချွန်တံဆိပ် (တတိယဆင့်) ၊ အနုပညာထူးချွန်တံဆိပ် (ပထမဆင့်)၊ အနုပညာထူးချွန်တံဆိပ် (ဒုတိယဆင့်) ၊ စာပေပညာထူး ချွန်တံဆိပ် (တတိယဆင့်) အပါအဝင် လူပုဂ္ဂိုလ် (၃၀ဝ) ကျော်ကို ပေးအပ်ချီးမြှင့်ခဲ့ခြင်းဖြစ်ပါတယ်။

Miss Universe Myanmar 2026 ပြိုင်ပွဲဝင်ဖြစ်လာတဲ့ မော်ဒယ် သရုပ်ဆောင် မေဂရေ့စ်
မော်ဒယ်သရုပ်ဆောင် မေဂရေ့စ်က Miss Universe Myanmar 2026 ပြိုင်ပွဲကို ဝင်ရောက်ယှဉ်ပြိုင်မှာ ဖြစ်ကြောင်း မတ်လ (၃) ရက်က တရားဝင်အသိပေးကြေညာလိုက်ပါတယ်။
သူ့ကို အားပေးသူများပြားလျက်ရှိပြီး Miss Universe Myanmar 2026 ပြိုင်ပွဲမှာလည်း တခြားပြိုင်ပွဲဝင် တွေအဖြစ် ဘယ်အနုပညာရှင်တွေ၊ မော်ဒယ်တွေက ထပ်မံပါဝင်လာဦးမလဲဆိုတာ ပရိသတ်စိတ်ဝင်စားမှု စတင်လာပြီ ဖြစ်ပါတယ်။ သူ့ရဲ့ထူးခြားတဲ့ရုပ်ရည်သွင်ပြင်နဲ့အလှအပကြောင့် Photo Model လောကမှာ လူကြိုက်များအောင်မြင် သူဖြစ်ပါတယ်။ မေဂရေ့စ်ရဲ့ဖခင်ဟာ အင်္ဂလိပ် (British) လူမျိုးဖြစ်ပြီး၊ မိခင်က ဗမာလူမျိုးဖြစ်တာမို့ သူဟာ မြန်မာ-အင်္ဂလိပ် (Myanmar-British) ကပြားမလေး တစ်ဦးဖြစ်ပါတယ်။ အင်္ဂလိပ်ဘာသာစကားကို မိခင်ဘာသာစကားထက် ပိုမိုကျွမ်းကျင်စွာ ပြောဆိုနိုင်သူဖြစ်ပြီး၊ အချင်းရော အဆင်းပါ ပြည့်စုံသူဖြစ်တာမို့ သူ့ပရိသတ်တွေက 2026 Miss Universe ပြိုင်ပွဲကို အားပေးဖို့ အသင့်ဖြစ်နေပြီဖြစ်ကြောင်း ဆိုထားကြပါတယ်။
Miss Universe Myanmar Organization ကို (၂၀၂၆) ခုနှစ်ကစတင်ပြီး နေရှင်နယ်ဒါရိုက်တာအဖြစ် တာဝန်ယူ ဆောင်ရွက်မယ့် ထူးအံ့လွင်က မေဂရေ့စ် ပါဝင်ယှဉ်ပြိုင်မှာကို သိရတဲ့အတွက်လည်း ဝမ်းသာကြောင်းနဲ့ အလှအပပြည့်စုံ ပေမယ့် လိုအပ်ချက်တွေတော့ ရှိနေသေးကြောင်းကိုလည်း ပွင့်ပွင့်လင်းလင်းပြောပြထားပြီး၊ သူ့အနေနဲ့ Miss Universe 2026 ပြိုင်ပွဲကို ဘယ်နိုင်ငံမှာပဲ ကျင်းပပါစေ၊ မြန်မာကိုယ်စားပြုသွားရောက် ယှဉ်ပြိုင်မယ့်အလှမယ်အတွက် တရားဝင် ဗီဇာရရှိဖို့ Miss Universe ပြိုင်ပွဲကျင်းပမယ့်နိုင်ငံအစိုးရနဲ့ပူးပေါင်းပြီး တရားဝင် Visa စီစဉ်ပေးမှာဖြစ်ကြောင်း ဆိုရှယ် ပလက်ဖောင်းကတစ်ဆင့် ကတိပြုထားပြီဖြစ်ပါတယ်။ Miss Universe 2025 ပြိုင်ပွဲမှာ မြန်မာကိုယ်စားပြုအဖြစ် အလှမယ် မြတ်ရတနာစိုးက သွားရောက်ယှဉ်ပြိုင်ခဲ့ ခြင်းဖြစ်ပြီး Unplaced ဖြစ်ခဲ့ပါတယ်။

ဒီတစ်ပတ်အတွက် အနုပညာကဏ္ဍကို ဒီလောက်နဲ့ရပ်နားခွင့်ပြုပါ။

Zawgyi Version;
‘ လူမႈထူးခြၽန္ဆုရ အႏုပညာရွင္မ်ား ’

NP News ရဲ႕အႏုပညာအႏွစ္ခ်ဳပ္က႑ကေန ဒီတစ္ပတ္အတြက္ “လူမႈထူးခြၽန္ဆုရအႏုပညာရွင္မ်ား၊ ဇာတ္ မင္းသားႏွစ္ဦးအေၾကာင္း သဘင္ဥကၠ႒က ဖြင့္ဟ” စတဲ့ အႏုပညာနဲ႔ ဆက္စပ္သတင္းေတြကိုေဖာ္ျပေပးပါမယ္။

သတင္းစာရွင္းလင္းပြဲအတြင္း ဇာတ္မင္းသားႏွစ္ဦးအေၾကာင္း သဘင္ဥကၠ႒ ဖြင့္ဟ
ဇာတ္သဘင္ေလာက တစ္ေခတ္ျပန္လည္ထိုးေဖာက္လာၿပီလို႔ လူအမ်ားကမွတ္ယူလာခ်ိန္မွာပဲ အပတ္စဥ္ ဇာတ္မင္းသားႏွစ္ဦးရဲ႕ ဇာတ္ပြဲ ေဖ်ာ္ေျဖမႈတြင္း ျပႆနာသတင္းေတြက အေၾကာင္းအရာမထပ္ ထြက္ေပၚခဲ့ပါတယ္။ လတ္တေလာ သဘင္ေလာကမွာ ေအာင္ျမင္မႈထိပ္ဆုံးကိုရရွိေနၿပီလို႔ဆိုႏိုင္တဲ့ ဇာတ္မင္းသား ေအာင္ဇမၺဴနဲ႔ မင္းသားစမ္း ေရးမိုးတို႔ရဲ႕ပရိသတ္အင္အားကလည္းအၿပိဳင္ျဖစ္ေနၾကသလို အင္အားၿပိဳင္/အပုပ္ခ်မႈသတင္းစကားေတြေၾကာင့္လည္း ျမန္မာႏိုင္ငံသဘင္အ စည္းအ႐ုံးက ၾကားဝင္ေျဖရွင္းေနရတာကိုသတိျပဳမိပါတယ္။
ဒီျဖစ္ရပ္ေတြအတြင္း ေအာင္ဇမၺဴကို သာသနာေရးနဲ႔ယဥ္ေက်းမႈဝန္ႀကီးဌာနက ဇာတ္ကျပေဖ်ာ္ေျဖခြင့္ တစ္ႏွစ္ ပိတ္လိုက္ေၾကာင္းသတင္းေတြထြက္ေပၚခဲ့ ၿပီးေနာက္ အခုလိုပိတ္ျခင္းက သဘင္ဥကၠ႒ ဖိုးခ်စ္က တပည့္သား အေပၚကာကြယ္မႈမျပဳဘဲ ပူးေပါင္းပါဝင္ခဲ့ေၾကာင္း စြပ္စြဲေျပာဆိုမႈေတြထြက္ေပၚခဲ့တာပါ။ ဒါေပမဲ့ (၂၄)နာရီအတြင္း အေျပာင္းအလဲျဖစ္ေပၚခဲ့ၿပီး ညႇိႏႈိင္းေဆာင္႐ြက္မႈေတြေၾကာင့္ ျပန္လည္ကျပေဖ်ာ္ေျဖခြင့္ျပဳခဲ့တာကိုလည္း ျပန္လည္ ၾကားသိခဲ့ရပါတယ္။
သတင္းစာရွင္းလင္းပြဲအတြင္း သဘင္ဥကၠ႒ ဖိုးခ်စ္ေျပာၾကားခဲ့တဲ့အေၾကာင္းအရာေတြကို အက်ဥ္းခ်ဳံး ေဖာ္ျပရာမွာ သဘင္အစည္းအ႐ုံးတာဝန္ရွိသူေတြကိုယ္တိုင္က အစည္းအ႐ုံးထံ တိုင္ၾကားစာေတြရရွိလာခ်ိန္မွာ အခ်က္ အလက္ ေသခ်ာစြာမသိရွိရေသးပါက စုံစမ္းေမးျမန္းမႈေတြလုပ္ေဆာင္မွာျဖစ္ေၾကာင္းနဲ႔ သက္ဆိုင္ရာတာဝန္ရွိသူ ေတြရဲ႕ လမ္းòန္ခ်က္ရရွိခ်ိန္မွာလည္း ထိန္းသိမ္းေဆာင္႐ြက္ခဲ့ေၾကာင္း၊ သဘင္အစည္းအ႐ုံးအေနနဲ႔ ဇာတ္သဘင္ အဖြဲ႕သား ေတြကို ကျပေဖ်ာ္ေျဖခြင့္ပိတ္ေၾကာင္း ထုတ္ျပန္ေျပာဆိုခဲ့ျခင္းမ်ိဳးလည္းမရွိခဲ့ေၾကာင္း၊ ပထမတစ္ႀကိမ္ မသိလို႔မွား ယြင္းျခင္းအေပၚ ေနာက္တစ္ႀကိမ္ ထပ္မံမက်ဴးလြန္ဖို႔နဲ႔ ထပ္မံက်ဴးလြန္ပါက အေရးယူမႈျပဳလုပ္ႏိုင္ေၾကာင္း ႀကိဳတင္ အသိေပးျခင္းမ်ား၊ ဆုံးမစကားမ်ားေျပာခဲ့ေၾကာင္း၊ ဒါေပမဲ့ ဇာတ္စင္ျမင့္ထက္မွာ အစည္းအ႐ုံးက ေသခ်ာမွာ ၾကားခဲ့မႈအေပၚ ျပက္လုံးအျဖစ္သုံးကာ သေရာ္ခဲ့ေၾကာင္းအပါအဝင္ သက္ဆိုင္ရာ ဝန္ႀကီးဌာန ဘက္က ထုတ္ျပန္ အေၾကာင္းၾကားခဲ့တဲ့ထုတ္ျပန္စာအဓိပၸာယ္မ်ားအေၾကာင္းကို စာ႐ြက္စာတမ္းအခ်က္အလက္မ်ားနဲ႔တကြ မီဒီယာမ်ား ေရွ႕ ရွင္းလင္းေျပာၾကားခဲ့ပါတယ္။
လူအမ်ားသိရွိထားၿပီးျဖစ္တဲ့ ေအာင္ဇမၺဴဇာတ္အဖြဲ႕အေနနဲ႔ ပထမအႀကိမ္ ကေလးသူငယ္လိင္ပိုင္း ဆိုင္ရာ ေစာ္ကားမႈနဲ႔ တိုင္ၾကားခံခဲ့ရျခင္းျဖစ္ၿပီး၊ ဒုတိယအႀကိမ္အျဖစ္ မသန္စြမ္းသူေတြရဲ႕ဂုဏ္သိကၡာကို ထိခိုက္ေစာ္ ကားမႈတို႔ေၾကာင့္ သက္ဆိုင္ရာအဖြဲ႕အစည္းေတြက သဘင္အစည္းအ႐ုံးအပါအဝင္ သာသနာေရးနဲ႔ယဥ္ေက်းမႈ ဝန္ႀကီး ဌာနတို႔ထံ တိုင္ၾကားမႈေတြလုပ္ေဆာင္ခဲ့ၿပီး အေရးယူအျပစ္ေပးေစလိုခဲ့ၾကတာျဖစ္ပါတယ္။ ဒါ့အျပင္ စမ္းေရးမိုး ဇာတ္ကလည္း ဇာတ္ဆရာဆိုသူက ‘ပြဲလာၾကည့္ပရိသတ္ကို ေငြက်ပ္တစ္ေသာင္းျပန္ေပးက ဒီဇာတ္ပြဲကို ဉာဏ္ရည္ျမင့္မားသူေတြပဲၾကည့္တာ။ ခင္ဗ်ားလို ဉာဏ္ရည္နိမ့္ပါးသူေတြ လက္မခံဘူး။ ခင္ဗ်ားျပန္’ဆိုၿပီး တုံ႔ျပန္ခဲ့တဲ့ အတြက္ တိုင္ၾကားခံခဲ့ရတယ္လို႔သိရွိရကာ သဘင္အစည္းအ႐ုံးက ေခၚယူသတိေပးခဲ့ရေၾကာင္းလည္း ၾကားသိရပါတယ္။
စမ္းေရးမိုးဇာတ္ဆရာ ဦးေအာင္ေက်ာ္ထြန္းက “သဘင္တစ္ေခတ္ အျမင္တင့္ဖို႔ စမ္းေရမိုးဇာတ္ပြဲ ေရကိုမစုန္ ေရကိုဆန္လို႔ ႀကိဳးႀကိဳးစားစား ႐ိုး႐ိုးသားသား ဆက္လက္ခ်ီတက္ေနပါတယ္ခင္ဗ်ာ”လို႔ ေမတၱာရပ္ခံထားပါတယ္။ ဖိုးခ်စ္က ျမန္မာႏိုင္ငံသဘင္အစည္းအ႐ုံး(ဗဟို) ဥကၠ႒ ရာထူးတာဝန္ကို (၂၀၁၅) ခုႏွစ္ ေအာက္တိုဘာလ (၁၅)ရက္က စတင္တာဝန္ယူခဲ့ျခင္းျဖစ္ၿပီး (၂၀၂၁) ခုႏွစ္ ႏိုင္ငံေရးအေျပာင္း အလဲ ျဖစ္စဥ္အတြင္း တပ္မေတာ္အာဏာထိန္းမႈကို ဆန႔္က်င္ေၾကာင္းျပသမႈအျဖစ္ ဥကၠ႒ရာထူးကေန ၎ကိုယ္တိုင္ ဦးစြာႏုတ္ထြက္ခဲ့ျခင္းျဖစ္ပါတယ္။ (၂၀၂၂) ခုႏွစ္ ဇြန္လ (၂၄ ရက္နဲ႔ ၂၅ ရက္)မွာ သဘင္ၿခံအတြင္း ရာထူးတာဝန္လႊဲေျပာင္း၊ လက္ခံျခင္းကို တရားဝင္တင္ျပကာ အထူးအစည္း အေဝးက်င္းျပၿပီး၊ အလကၤာေက်ာ္စြာ ဦးစိန္ျမေအာင္ ဦးေဆာင္ကာ EC အဖြဲ႕ဝင္ေတြထံ လႊဲေျပာင္း၊ လက္ခံျခင္းအစည္း အေဝးျပဳလုပ္ခဲ့ ေၾကာင္း ဖိုးခ်စ္က သတင္းစာရွင္းလင္းပြဲအတြင္း ေျပာပါတယ္။
အခ်ိန္ (၆)လေက်ာ္ၾကာၿပီးေနာက္ (၂၀၂၃) ခုႏွစ္ ဇန္နဝါရီလ (၁၃) ရက္က အမ်ိဳးသားယဥ္ေက်းမႈတကၠသိုလ္မွာ ျမန္မာႏိုင္ငံသဘင္အစည္းအ႐ုံးဥကၠ႒ တာဝန္ကို ျပန္လည္ယူခဲ့ၿပီး တည္ဆဲအစိုးရလက္ေအာက္ ျပန္လည္ခိုလႈံခဲ့ တာျဖစ္ ပါတယ္။ ဥကၠ႒ဖိုးခ်စ္အေနနဲ႔ (၂၀၂၇)ခုႏွစ္ ဇန္နဝါရီလ (၁၃) ရက္ဆို ဥကၠ႒ ရာထူးသက္တမ္းျပည့္မွာ ျဖစ္ပါတယ္။ သဘင္အစည္းအ႐ုံးရဲ႕စည္းမ်ဥ္းစည္းကမ္းအရ ဥကၠ႒ရာထူးသက္တမ္းက (၄)ႏွစ္ျဖစ္ၿပီး၊ သက္တမ္းျပည့္ၿပီး ရက္ေပါင္း (၉၀)ေနာက္၊ ရက္ေပါင္း (၉၀)ေရွ႕အတြင္း ညီလာခံ (သို႔မဟုတ္) အထူးအစည္းအေဝးက်င္းပၿပီး သဘင္ အစည္းအ႐ုံး ဥကၠ႒ ျပန္လည္ေ႐ြးခ်ယ္ျခင္းကို ေဆာင္႐ြက္ရမွာ ျဖစ္ေၾကာင္းနဲ႔ သဘာဝ ေဘးနဲ႔အျခားအေထြေထြကိစၥရပ္မ်ားရွိပါက အထူးအစည္းအေဝးက်င္းပေဆာင္႐ြက္ႏိုင္ေၾကာင္းကို ျမန္မာႏိုင္ငံသဘင္အစည္းအ႐ုံးရဲ႕ ဖြဲ႕စည္းပုံစည္းမ်ဥ္းစည္းကမ္း ဥပေဒအရ ျပ႒ာန္းထားၿပီးျဖစ္ တယ္လို႔သိရွိရပါတယ္။ ျမန္မာႏိုင္ငံသဘင္အစည္းအ႐ုံးဥကၠ႒ ဖိုးခ်စ္နဲ႔ နာယက အဖြဲ႕ေတြရဲ႕သတင္းစာရွင္းလင္းပြဲကို (၂၀၂၆) ခုႏွစ္ ေဖေဖာ္ဝါရီလ (၂၈) ရက္က ရန္ကုန္တိုင္းေဒသႀကီး အင္းစိန္ၿမိဳ႕နယ္ရွိ ျမန္မာႏိုင္ငံ သဘင္အစည္းအ႐ုံးမွာ ျပဳလုပ္ခဲ့ျခင္းျဖစ္ပါတယ္။

လူမႈထူးခြၽန္ဆုရ အႏုပညာရွင္မ်ား
ႏိုင္ငံေတာ္ကေပးအပ္ခ်ီးျမႇင့္တဲ့ လူမႈထူးခြၽန္ဆု(တတိယအဆင့္)ကို အဆိုေတာ္ မေနာ၊ J Fire ၊ ေမသက္ထား ေဆြ၊ ဗီဗာဟိန္း၊ ဝိုင္းလမင္းေအာင္၊ ေမ့ခ်စ္သက္၊ စိုးသီဟ၊ သ႐ုပ္ေဆာင္မ်ားျဖစ္ၾကတဲ့ နကၡတ္၊ ေနထူးႏိုင္၊ ဗညားရဲရင့္၊ ေဇာ္ဝင္းႏိုင္ (မန္း)၊ ဆင္မ၊ ခင္လႈိင္တို႔ ရရွိခဲ့ၾကတာပါ။ ျပည္ေထာင္စုသမၼတ ျမန္မာႏိုင္ငံေတာ္ အမ်ိဳးသားကာကြယ္ေရးနဲ႔ လုံၿခဳံေရးေကာင္စီက ႏိုင္ငံေတာ္တည္ေဆာက္ရာမွာ သက္ဆိုင္ရာလုပ္ငန္းနယ္ပယ္အလိုက္ စြမ္းစြမ္းတမံေဆာင္ ႐ြက္ခဲ့ၾကတဲ့ပုဂၢိဳလ္ေတြကို ဂုဏ္ထူးေဆာင္ဘြဲ႕မ်ား ဂုဏ္ထူးေဆာင္တံဆိပ္မ်ားကို ခ်ီးျမႇင့္အပ္ႏွင္းလိုက္ေၾကာင္းကို (၂၀၂၆) ခုႏွစ္၊ မတ္လ (၂) ရက္က တရားဝင္ ထုတ္ျပန္အသိေပးေၾကညာခဲ့ျခင္းျဖစ္ပါတယ္။ မင္းသားေနထူးႏိုင္က “(၂၀၁၉) ခုႏွစ္မွာစၿပီး သစ္ပင္စိုက္ပ်ိဳးၾကဖို႔ ႏႈိးေဆာ္ေပးခဲ့လို႔ရခဲ့တဲ့ ဆုလဒ္ပါ။ သစ္ပင္မ်ား စိုက္ပ်ိဳးဖို႔လႉဒါန္း‌ေပးၾကတဲ့ တစ္‌ေယာက္စီတိုင္းနဲ႔ သစ္ပင္မ်ား ရွင္သန္ေအာင္ျပဳစုေပးၾကတဲ့ တစ္ဦး တစ္ေယာက္ခ်င္းကို လည္းေကာင္း၊ မီဒီယာမ်ား-ဆု‌ေပးသူမ်ားနဲ႔ ဆုေပးႏိုင္ဖို႔ အႀကံ‌ေပး ေျပာၾကား‌‌ေပးၾက‌သူမ်ား အားလုံးကို အထူးေက်းဇူးတင္ပါေၾကာင္း}} ၎ရဲ႕ေဖ့ဘြတ္အေကာင့္မွာ မွတ္တမ္းတင္‌ ေဖာ္ျပထားတာကို ေတြ႕ရပါတယ္။
ျပည္ေျပးမီဒီယာေတြက အဆိုပါ ဂုဏ္ျပဳထူးခြၽန္ဆုမ်ားကို ဂုဏ္သိကၡာက်ဆင္း၊ ညႇိဳးႏြမ္းေအာင္ နည္းလမ္းေပါ င္းစုံ ပုံဖ်က္ေရးသားေနပါေစ ႏိုင္ငံေတာ္ကေပးအပ္ခ်ီးျမႇင့္တဲ့ ဂုဏ္ျပဳထူးခြၽန္ဆုတံဆိပ္ျဖစ္တာမို႔ တိုင္းျပည္ကိုခ်စ္၊ ႏိုင္ငံကိုခ်စ္တဲ့ အမ်ိဳးဘာသာသနာကို ေစာင့္ထိန္းၾကတဲ့ ႏိုင္ငံသားတိုင္းအတြက္ကေတာ့ ႏိုင္ငံေတာ္ရဲ႕မွတ္တမ္း ဝင္ဂုဏ္ျပဳဆုျဖစ္တဲ့အတြက္ ဂုဏ္ယူမဆုံးေပ။ အမ်ိဳးသားကာကြယ္ေရးႏွင့္ လုံၿခဳံေရးေကာင္စီ႐ုံး အမႈေဆာင္ခ်ဳပ္ ဦးေအာင္လင္းေဒြး၊ တြဲဖက္အမႈေဆာင္ခ်ဳပ္ ဗိုလ္ခ်ဳပ္ႀကီး ရဲဝင္းဦး၊ ႏိုင္ငံေတာ္သမၼတ႐ုံးဝန္ႀကီးဌာန (၁) ျပည္ေထာင္စု ဝန္ႀကီး ဦးတင္ေအာင္စန္း၊ ပို႔ေဆာင္ေရးႏွင့္ ဆက္ သြယ္ေရးဝန္ႀကီးဌာန ျပည္ေထာင္စုဝန္ႀကီး ဦးျမထြန္းဦးအပါအဝင္ (၁၁) ဦးကို သေရစည္သူဘြဲ႕၊ ျပည္ေထာင္စုေ႐ြးေကာက္ပြဲေကာ္မရွင္ ဥကၠ႒ ဦးသန္းစိုး၊ ႏိုင္ငံေတာ္သမၼတ႐ုံးဝန္ႀကီးဌာန (၂) ျပည္ေထာင္စုဝန္ႀကီး ဦးကိုကိုလႈိင္နဲ႔ ဥပေဒေရးရာဝန္ႀကီးဌာန ျပည္ေထာင္စုဝန္ႀကီးႏွင့္ ျပည္ေထာင္စုေရွ႕ေနခ်ဳပ္ ေဒါက္တာသီတာဦး အပါအဝင္ (၁၀) ဦးကို စည္သူဘြဲ႕မ်ား ခ်ီးျမႇင့္ အပ္ႏွင္းခဲ့ပါတယ္။
သူရဲေကာင္းမွတ္တမ္းဝင္ တံဆိပ္ ၊ ရဲဗလတံဆိပ္၊ ရဲသူရိန္တံဆိပ္၊ ရဲေက်ာ္စြာတံဆိပ္၊ စီမံထူးခြၽန္တံဆိပ္ (ပထမဆင့္) ၊ စီမံထူးခြၽန္တံဆိပ္ (ဒုတိယဆင့္) ၊ စီမံထူးခြၽန္တံဆိပ္ (တတိယဆင့္) ၊ လူမႈထူးခြၽန္တံဆိပ္ (ပထမဆင့္)၊ လူမႈထူးခြၽန္တံဆိပ္(ဒုတိယဆင့္)၊ လူမႈထူးခြၽန္တံဆိပ္(တတိယဆင့္)၊ လယ္ယာစီးပြားထူးခြၽန္တံဆိပ္ (တတိယဆင့္)၊ စက္မႈစီးပြားထူးခြၽန္တံဆိပ္ (တတိယဆင့္)၊ ဝန္ေဆာင္စီးပြားထူးခြၽန္တံဆိပ္ (ပထမဆင့္)၊ ဝန္ေဆာင္စီးပြားထူးခြၽန္တံဆိပ္ (တတိယဆင့္)၊ ဝိဇၨာပညာထူးခြၽန္ (ပထမဆင့္)၊ နည္းပညာထူးခြၽန္တံဆိပ္ (ဒုတိယဆင့္)၊ နည္းပညာထူးခြၽန္တံဆိပ္ (တတိယဆင့္) ၊ အႏုပညာထူးခြၽန္တံဆိပ္ (ပထမဆင့္)၊ အႏုပညာထူးခြၽန္တံဆိပ္ (ဒုတိယဆင့္) ၊ စာေပပညာထူး ခြၽန္တံဆိပ္ (တတိယဆင့္) အပါအဝင္ လူပုဂၢိဳလ္ (၃၀ဝ) ေက်ာ္ကို ေပးအပ္ခ်ီးျမႇင့္ခဲ့ျခင္းျဖစ္ပါတယ္။

Miss Universe Myanmar 2026 ၿပိဳင္ပြဲဝင္ျဖစ္လာတဲ့ ေမာ္ဒယ္ သ႐ုပ္ေဆာင္ ေမဂေရ႕စ္
ေမာ္ဒယ္သ႐ုပ္ေဆာင္ ေမဂေရ႕စ္က Miss Universe Myanmar 2026 ၿပိဳင္ပြဲကို ဝင္ေရာက္ယွဥ္ၿပိဳင္မွာ ျဖစ္ေၾကာင္း မတ္လ (၃) ရက္က တရားဝင္အသိေပးေၾကညာလိုက္ပါတယ္။
သူ႔ကို အားေပးသူမ်ားျပားလ်က္ရွိၿပီး Miss Universe Myanmar 2026 ၿပိဳင္ပြဲမွာလည္း တျခားၿပိဳင္ပြဲဝင္ ေတြအျဖစ္ ဘယ္အႏုပညာရွင္ေတြ၊ ေမာ္ဒယ္ေတြက ထပ္မံပါဝင္လာဦးမလဲဆိုတာ ပရိသတ္စိတ္ဝင္စားမႈ စတင္လာၿပီ ျဖစ္ပါတယ္။ သူ႔ရဲ႕ထူးျခားတဲ့႐ုပ္ရည္သြင္ျပင္နဲ႔အလွအပေၾကာင့္ Photo Model ေလာကမွာ လူႀကိဳက္မ်ားေအာင္ျမင္ သူျဖစ္ပါတယ္။ ေမဂေရ႕စ္ရဲ႕ဖခင္ဟာ အဂၤလိပ္ (British) လူမ်ိဳးျဖစ္ၿပီး၊ မိခင္က ဗမာလူမ်ိဳးျဖစ္တာမို႔ သူဟာ ျမန္မာ-အဂၤလိပ္ (Myanmar-British) ကျပားမေလး တစ္ဦးျဖစ္ပါတယ္။ အဂၤလိပ္ဘာသာစကားကို မိခင္ဘာသာစကားထက္ ပိုမိုကြၽမ္းက်င္စြာ ေျပာဆိုႏိုင္သူျဖစ္ၿပီး၊ အခ်င္းေရာ အဆင္းပါ ျပည့္စုံသူျဖစ္တာမို႔ သူ႔ပရိသတ္ေတြက 2026 Miss Universe ၿပိဳင္ပြဲကို အားေပးဖို႔ အသင့္ျဖစ္ေနၿပီျဖစ္ေၾကာင္း ဆိုထားၾကပါတယ္။
Miss Universe Myanmar Organization ကို (၂၀၂၆) ခုႏွစ္ကစတင္ၿပီး ေနရွင္နယ္ဒါ႐ိုက္တာအျဖစ္ တာဝန္ယူ ေဆာင္႐ြက္မယ့္ ထူးအံ့လြင္က ေမဂေရ႕စ္ ပါဝင္ယွဥ္ၿပိဳင္မွာကို သိရတဲ့အတြက္လည္း ဝမ္းသာေၾကာင္းနဲ႔ အလွအပျပည့္စုံ ေပမယ့္ လိုအပ္ခ်က္ေတြေတာ့ ရွိေနေသးေၾကာင္းကိုလည္း ပြင့္ပြင့္လင္းလင္းေျပာျပထားၿပီး၊ သူ႔အေနနဲ႔ Miss Universe 2026 ၿပိဳင္ပြဲကို ဘယ္ႏိုင္ငံမွာပဲ က်င္းပပါေစ၊ ျမန္မာကိုယ္စားျပဳသြားေရာက္ ယွဥ္ၿပိဳင္မယ့္အလွမယ္အတြက္ တရားဝင္ ဗီဇာရရွိဖို႔ Miss Universe ၿပိဳင္ပြဲက်င္းပမယ့္ႏိုင္ငံအစိုးရနဲ႔ပူးေပါင္းၿပီး တရားဝင္ Visa စီစဥ္ေပးမွာျဖစ္ေၾကာင္း ဆိုရွယ္ ပလက္ေဖာင္းကတစ္ဆင့္ ကတိျပဳထားၿပီျဖစ္ပါတယ္။ Miss Universe 2025 ၿပိဳင္ပြဲမွာ ျမန္မာကိုယ္စားျပဳအျဖစ္ အလွမယ္ ျမတ္ရတနာစိုးက သြားေရာက္ယွဥ္ၿပိဳင္ခဲ့ ျခင္းျဖစ္ၿပီး Unplaced ျဖစ္ခဲ့ပါတယ္။

ဒီတစ္ပတ္အတြက္ အႏုပညာက႑ကို ဒီေလာက္နဲ႔ရပ္နားခြင့္ျပဳပါ။

Related news

© 2021. All rights reserved.