(၅)နှစ်အတွင်း ပြည်သူ့ဆေးရုံတိုင်းအတွက် သစ်လွင်ဆရာဝန် (၂၆၀၀)ကျော် ခန့်အပ်ပေးနိုင်ခဲ့

 104

သန့်ဇင်(NP News)-မတ် ၈
(၅)နှစ်အတွင်း ပြည်သူ့ဆေးရုံတိုင်းအတွက် သစ်လွင်ဆရာဝန် (၂၆၀၀)ကျော် ခန့်အပ်ပေးနိုင်ခဲ့ကြောင်း နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်း သာယာရေးကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောကြားခဲ့သည်။
ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ယမန်နေ့(မတ်လ ၇ ရက်)၊ နံနက်ပိုင်းက ၂၀၂၆ ခုနှစ် (၈၁)နှစ်မြောက် တပ်မတော်နေ့ကို ကြိုဆိုဂုဏ်ပြု သည့်အနေဖြင့် ရန်ကုန်တိုင်းဒေသကြီး ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်အမျိုးသားကင်ဆာကုသရေးဗဟိုဌာန (National Cancer Center - NCC) ဖွင့်ပွဲအခမ်းအနားတွင် အထက်ပါကဲ့သို့ပြောကြားခဲ့ကြောင်း သိရသည်။
မိမိတို့ တာဝန်ယူခဲ့သည့် (၅)နှစ်တာကာလအတွင်း ကျန်းမာရေးကဏ္ဍတွင် ကြီးမားသည့် စိန်ခေါ်မှုများစွာကို ရင်ဆိုင်ခဲ့ရသော်လည်း အောင်မြင်စွာဖြတ်သန်းနိုင်ခဲ့ကြသည်ကို အားလုံးအသိပင်ဖြစ်ကြောင်း ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ဆိုသည်။
ပထမတစ်နှစ် အတွင်းတွင် တစ်ကမ္ဘာလုံးရင်ဆိုင်ခဲ့ရသည့် ကိုဗစ်-၁၉ ရောဂါဆိုးကြီး ကို “လူ့အသက်ထက်အရေးကြီးတာ ဘာမှမရှိ” ဆိုသည့် မူဝါဒဖြင့် အစိုးရ၊ ဝန်ထမ်းများနှင့် ပြည်သူများစုပေါင်းအားဖြင့် အောင်မြင်စွာ ကျော်ဖြတ်နိုင်ခဲ့ကြောင်း ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောကြားခဲ့သည်။
ထို့အပြင် ၂၀၂၃ ခုနှစ် မိုခါမုန်တိုင်း၊ ၂၀၂၄ ခုနှစ် ရာဂီမုန်တိုင်းနှင့် ၂၀၂၅ ခုနှစ် မန္တလေးငလျင်စသည့် သဘာဝဘေးအန္တရာယ်များ ကြုံတွေ့ခဲ့ရချိန်တွင်လည်း ကျန်းမာရေးဝန်ထမ်းများသည် ကိုယ်ကျိုးစွန့်အနစ်နာခံပြီး တက်ညီလက်ညီဖြင့် ကျန်းမာရေးစောင့် ရှောက်မှုလုပ်ငန်းများကို ကြိုးပမ်းလုပ်ဆောင်ခဲ့ကြသည်ကို တွေ့မြင်ရမည်ဖြစ်ကြောင်းလည်း ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ဆိုသည်။
ထို့ကြောင့်လည်း အခက်အခဲများကြားက အောင်မြင်အောင်ဆောင်ရွက်နိုင်ခဲ့ပြီး နောက်ဆက်တွဲကျန်းမာရေး ပြဿနာများဖြစ်ပွားခြင်း မရှိခဲ့သဖြင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများကိုလည်း ထိရောက်လျင်မြန်စွာ ဆောင်ရွက်နိုင်ခဲ့ခြင်းဖြစ်ကြောင်းလည်း ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ဆိုသည်။
ကျန်းမာရေးကဏ္ဍ အခြေခံအဆောက်အအုံများ ဖြည့်ဆည်းမှုအနေဖြင့်လည်း (၅)နှစ်အတွင်း ပြည်သူ့ဆေးရုံပေါင်း ၂၅ ရုံကို အဆင့်မြှင့် တင် ပေးနိုင်ခဲ့ပြီး မြို့ပြနှင့် ကျေးလက်ကျန်းမာရေးစောင့်ရှောက်မှု ကွာဟချက်မရှိစေရန်၊ တန်းတူညီမျှရရှိစေရန်အတွက် ကျေးလက် ဒေသ များတွင် (၁၆) ခုတင်ဆံ့ ဆေးရုံ ၁၂ ရုံကို အသစ်တိုးချဲ့ဖွင့်လှစ်ပေးနိုင်ခဲ့ကြောင်း ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ဆိုသည်။
ဆေးရုံများတွင် ရှိသင့်ရှိထိုက်သည့် အရည်အသွေးမြင့် အဆောက်အအုံကောင်းများကို တည်ဆောက်ပေးခဲ့ရာတွင် (၅)နှစ်အတွင်း ဆေးရုံအဆောက်အအုံသစ် ၄၁ ခုနှင့် ဝန်ထမ်းအိမ်ရာများကိုလည်း တည်ဆောက်ပေးနိုင်ခဲ့ကြောင်းလည်း ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောကြားခဲ့သည်။
ကျန်းမာရေးကဏ္ဍ အဆင့် မြှင့်တင်ရာတွင် စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်မှုပန်းတိုင်များ (Sustainable Development Goals - SDG) ၏ ပန်းတိုင်(၃)ဖြစ်သည့် ကျွမ်းကျင်သောကျန်းမာရေး လူ့စွမ်းအားအရင်းအမြစ်များ ရေရှည်ဖွံ့ဖြိုးတိုးတက်စေရေး ဆိုသည့်ပန်းတိုင်ကို ပြည့်မီစေရန် အလေးထားဆောင်ရွက်ပေးလျက်ရှိနေကြောင်းလည်း ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ဆိုသည်။
“ဆေးရုံရှိ လျှင် ဆရာဝန်ရှိရမည်” ဆိုသည့် မူဝါဒချမှတ်ပြီး (၅)နှစ်တာကာလအတွင်း ပြည်သူ့ဆေးရုံတိုင်းအတွက် သစ်လွင်ဆရာဝန် (၂၆၄၉) ဦးအပါအဝင် သွားနှင့်ခံတွင်း ဆရာဝန်များ၊ သူနာပြုများ၊ ဆေးဘက်ကျွမ်းကျင်ဝန်ထမ်းများနှင့် ပြည်သူ့ကျန်းမာရေး ဝန်ထမ်းများကိုလည်း ခန့်အပ်ပေးနိုင်ခဲ့ကြောင်းလည်း ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ဆိုသည်။
ထို့အပြင် ဝန်ထမ်းများ၏ စွမ်းဆောင်ရည် မြှင့်တင်နိုင်ရန် ပြည်တွင်းပြည်ပ ဘွဲ့လွန်သင်တန်းများ တက်ရောက်ခွင့်ကို စီစဉ်ဆောင် ရွက်ပေးလျက်ရှိသကဲ့သို့ သူနာပြုများ၏ ရာထူးအဆင့်မြှင့်တင်ခြင်းနှင့် သူနာပြုသင်တန်းကျောင်းများကို သူနာပြုသိပ္ပံများအဖြစ် အဆင့်မြှင့်တင်ခြင်းတို့ကိုလည်း ဆောင်ရွက်ပေးခဲ့ကြောင်းလည်း ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောကြားခဲ့သည်။

Zawgyi Version:
(၅)ႏွစ္အတြင္း ျပည္သူ႔ေဆး႐ုံတိုင္းအတြက္ သစ္လြင္ဆရာဝန္ (၂၆၀၀)ေက်ာ္ ခန႔္အပ္ေပးႏိုင္ခဲ့
သန႔္ဇင္(NP News)-မတ္ ၈
(၅)ႏွစ္အတြင္း ျပည္သူ႔ေဆး႐ုံတိုင္းအတြက္ သစ္လြင္ဆရာဝန္ (၂၆၀၀)ေက်ာ္ ခန႔္အပ္ေပးႏိုင္ခဲ့ေၾကာင္း ႏိုင္ငံေတာ္လုံၿခဳံေရးႏွင့္ ေအးခ်မ္း သာယာေရးေကာ္မရွင္ဥကၠ႒ ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လႈိင္က ေျပာၾကားခဲ့သည္။
ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လႈိင္က ယမန္ေန႔(မတ္လ ၇ ရက္)၊ နံနက္ပိုင္းက ၂၀၂၆ ခုႏွစ္ (၈၁)ႏွစ္ေျမာက္ တပ္မေတာ္ေန႔ကို ႀကိဳဆိုဂုဏ္ျပဳ သည့္အေနျဖင့္ ရန္ကုန္တိုင္းေဒသႀကီး ဒဂုံၿမိဳ႕သစ္(ဆိပ္ကမ္း)ၿမိဳ႕နယ္အမ်ိဳးသားကင္ဆာကုသေရးဗဟိုဌာန (National Cancer Center - NCC) ဖြင့္ပြဲအခမ္းအနားတြင္ အထက္ပါကဲ့သို႔ေျပာၾကားခဲ့ေၾကာင္း သိရသည္။
မိမိတို႔ တာဝန္ယူခဲ့သည့္ (၅)ႏွစ္တာကာလအတြင္း က်န္းမာေရးက႑တြင္ ႀကီးမားသည့္ စိန္ေခၚမႈမ်ားစြာကို ရင္ဆိုင္ခဲ့ရေသာ္လည္း ေအာင္ျမင္စြာျဖတ္သန္းႏိုင္ခဲ့ၾကသည္ကို အားလုံးအသိပင္ျဖစ္ေၾကာင္း ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လႈိင္က ဆိုသည္။
ပထမတစ္ႏွစ္ အတြင္းတြင္ တစ္ကမာၻလုံးရင္ဆိုင္ခဲ့ရသည့္ ကိုဗစ္-၁၉ ေရာဂါဆိုးႀကီး ကို “လူ႔အသက္ထက္အေရးႀကီးတာ ဘာမွမရွိ” ဆိုသည့္ မူဝါဒျဖင့္ အစိုးရ၊ ဝန္ထမ္းမ်ားႏွင့္ ျပည္သူမ်ားစုေပါင္းအားျဖင့္ ေအာင္ျမင္စြာ ေက်ာ္ျဖတ္ႏိုင္ခဲ့ေၾကာင္း ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လႈိင္က ေျပာၾကားခဲ့သည္။
ထို႔အျပင္ ၂၀၂၃ ခုႏွစ္ မိုခါမုန္တိုင္း၊ ၂၀၂၄ ခုႏွစ္ ရာဂီမုန္တိုင္းႏွင့္ ၂၀၂၅ ခုႏွစ္ မႏၲေလးငလ်င္စသည့္ သဘာဝေဘးအႏၲရာယ္မ်ား ႀကဳံေတြ႕ခဲ့ရခ်ိန္တြင္လည္း က်န္းမာေရးဝန္ထမ္းမ်ားသည္ ကိုယ္က်ိဳးစြန႔္အနစ္နာခံၿပီး တက္ညီလက္ညီျဖင့္ က်န္းမာေရးေစာင့္ ေရွာက္မႈလုပ္ငန္းမ်ားကို ႀကိဳးပမ္းလုပ္ေဆာင္ခဲ့ၾကသည္ကို ေတြ႕ျမင္ရမည္ျဖစ္ေၾကာင္းလည္း ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လႈိင္က ဆိုသည္။
ထို႔ေၾကာင့္လည္း အခက္အခဲမ်ားၾကားက ေအာင္ျမင္ေအာင္ေဆာင္႐ြက္ႏိုင္ခဲ့ၿပီး ေနာက္ဆက္တြဲက်န္းမာေရး ျပႆနာမ်ားျဖစ္ပြားျခင္း မရွိခဲ့သျဖင့္ ျပန္လည္ထူေထာင္ေရးလုပ္ငန္းမ်ားကိုလည္း ထိေရာက္လ်င္ျမန္စြာ ေဆာင္႐ြက္ႏိုင္ခဲ့ျခင္းျဖစ္ေၾကာင္းလည္း ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လႈိင္က ဆိုသည္။
က်န္းမာေရးက႑ အေျခခံအေဆာက္အအုံမ်ား ျဖည့္ဆည္းမႈအေနျဖင့္လည္း (၅)ႏွစ္အတြင္း ျပည္သူ႔ေဆး႐ုံေပါင္း ၂၅ ႐ုံကို အဆင့္ျမႇင့္ တင္ ေပးႏိုင္ခဲ့ၿပီး ၿမိဳ႕ျပႏွင့္ ေက်းလက္က်န္းမာေရးေစာင့္ေရွာက္မႈ ကြာဟခ်က္မရွိေစရန္၊ တန္းတူညီမွ်ရရွိေစရန္အတြက္ ေက်းလက္ ေဒသ မ်ားတြင္ (၁၆) ခုတင္ဆံ့ ေဆး႐ုံ ၁၂ ႐ုံကို အသစ္တိုးခ်ဲ႕ဖြင့္လွစ္ေပးႏိုင္ခဲ့ေၾကာင္း ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လႈိင္က ဆိုသည္။
ေဆး႐ုံမ်ားတြင္ ရွိသင့္ရွိထိုက္သည့္ အရည္အေသြးျမင့္ အေဆာက္အအုံေကာင္းမ်ားကို တည္ေဆာက္ေပးခဲ့ရာတြင္ (၅)ႏွစ္အတြင္း ေဆး႐ုံအေဆာက္အအုံသစ္ ၄၁ ခုႏွင့္ ဝန္ထမ္းအိမ္ရာမ်ားကိုလည္း တည္ေဆာက္ေပးႏိုင္ခဲ့ေၾကာင္းလည္း ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လႈိင္က ေျပာၾကားခဲ့သည္။
က်န္းမာေရးက႑ အဆင့္ ျမႇင့္တင္ရာတြင္ စဥ္ဆက္မျပတ္ဖြံ႕ၿဖိဳးတိုးတက္မႈပန္းတိုင္မ်ား (Sustainable Development Goals - SDG) ၏ ပန္းတိုင္(၃)ျဖစ္သည့္ ကြၽမ္းက်င္ေသာက်န္းမာေရး လူ႔စြမ္းအားအရင္းအျမစ္မ်ား ေရရွည္ဖြံ႕ၿဖိဳးတိုးတက္ေစေရး ဆိုသည့္ပန္းတိုင္ကို ျပည့္မီေစရန္ အေလးထားေဆာင္႐ြက္ေပးလ်က္ရွိေနေၾကာင္းလည္း ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လႈိင္က ဆိုသည္။
“ေဆး႐ုံရွိ လွ်င္ ဆရာဝန္ရွိရမည္” ဆိုသည့္ မူဝါဒခ်မွတ္ၿပီး (၅)ႏွစ္တာကာလအတြင္း ျပည္သူ႔ေဆး႐ုံတိုင္းအတြက္ သစ္လြင္ဆရာဝန္ (၂၆၄၉) ဦးအပါအဝင္ သြားႏွင့္ခံတြင္း ဆရာဝန္မ်ား၊ သူနာျပဳမ်ား၊ ေဆးဘက္ကြၽမ္းက်င္ဝန္ထမ္းမ်ားႏွင့္ ျပည္သူ႔က်န္းမာေရး ဝန္ထမ္းမ်ားကိုလည္း ခန႔္အပ္ေပးႏိုင္ခဲ့ေၾကာင္းလည္း ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လႈိင္က ဆိုသည္။
ထို႔အျပင္ ဝန္ထမ္းမ်ား၏ စြမ္းေဆာင္ရည္ ျမႇင့္တင္ႏိုင္ရန္ ျပည္တြင္းျပည္ပ ဘြဲ႕လြန္သင္တန္းမ်ား တက္ေရာက္ခြင့္ကို စီစဥ္ေဆာင္ ႐ြက္ေပးလ်က္ရွိသကဲ့သို႔ သူနာျပဳမ်ား၏ ရာထူးအဆင့္ျမႇင့္တင္ျခင္းႏွင့္ သူနာျပဳသင္တန္းေက်ာင္းမ်ားကို သူနာျပဳသိပၸံမ်ားအျဖစ္ အဆင့္ျမႇင့္တင္ျခင္းတို႔ကိုလည္း ေဆာင္႐ြက္ေပးခဲ့ေၾကာင္းလည္း ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လႈိင္က ေျပာၾကားခဲ့သည္။

Related news

© 2021. All rights reserved.