အာကာသသိပ္ပံနှင့်နည်းပညာလေ့လာရာတွင်ထောက်အကူပြုစေရန်ရည်ရွယ်၍ အခြေခံပညာအဆင့် အာကာသနည်းပညာအခြေခံ နွေရာသီသင်တန်းဖွင့်လှစ်မည်

 96

ထိုက်စံ (NP News)-မတ် ၈
အာကာသသိပ္ပံနှင့်နည်းပညာလေ့လာရာတွင်ထောက်အကူပြုစေရန်ရည်ရွယ်၍ အခြေခံပညာအဆင့် အာကာသနည်းပညာအခြေခံ နွေရာသီသင်တန်းဖွင့်လှစ် မည်ဖြစ်ကြောင်း မြန်မာအကာသအေဂျင်စီ(MSA) ၏ ထုတ်ပြန်ချက်အရ သိရသည်။
အနာဂါတ်မျိုးဆက်သစ် လူငယ်မောင်မယ် ကျောင်းသား၊ ကျောင်းသူများအနေဖြင့် အာကာသနည်းပညာဆိုင်ရာ အခြေခံသဘောတရားများကို နားလည်သဘောပေါက်စေရန် ၊ အာကာသသိပ္ပံနှင့် နည်းပညာဆိုင်ရာ စိတ်ဝင်စားမှုနှင့် စူးစမ်းလေ့လာလိုစိတ်ကို မြှင့်တင်ပေးရန် ၊ အနာဂတ်တွင် အာကာသသိပ္ပံနှင့် နည်းပညာဆိုင်ရာ ပညာရပ်များကို ဆက်လက်လေ့လာရာတွင် အထောက်အကူဖြစ်စေမည့် အခြေခံဗဟုသုတများ တည်ဆောက်ပေးရန် ရည်ရွယ်၍ ဖွင့်လှစ်သင်ကြားခြင်းဖြစ်ကြောင်း ထုတ်ပြန်ထားခြင်းဖြစ်သည်။
အဆိုပါ ဖွင့်လှစ်သင်ကြားမည့် အခြေခံပညာအဆင့် အာကာသနည်းပညာအခြေခံ နွေရာသီသင်တန်း ဖွင့်ပွဲအခမ်းအနားကို လည်း လာမည့် (မတ် ၉ ရက်) ၊ နံနက်ပိုင်း (၈) နာရီ အချိန်တွင် ရန်ကုန်မြို့ ၊ ပြည်သူ့ရင်ပြင် ရှိ အာကာသပြတိုက် တွင်ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။

Zawgyi Version:
အကာသသိပၸံႏွင့္နည္းပညာေလ့လာရာတြင္ေထာက္အကူျပဳေစရန္ရည္႐ြယ္၍ အေျခခံပညာအဆင့္ အာကာသနည္းပညာအေျခခံ ေႏြရာသီသင္တန္းဖြင့္လွစ္မည္
ထိုက္စံ (NP News)-မတ္ ၈
အကာသသိပၸံႏွင့္နည္းပညာေလ့လာရာတြင္ေထာက္အကူျပဳေစရန္ရည္႐ြယ္၍ အေျခခံပညာအဆင့္ အာကာသနည္းပညာအေျခခံ ေႏြရာသီသင္တန္းဖြင့္လွစ္ မည္ျဖစ္ေၾကာင္း ျမန္မာအကာသေအဂ်င္စီ(MSA) ၏ ထုတ္ျပန္ခ်က္အရ သိရသည္။
အနာဂါတ္မ်ိဳးဆက္သစ္ လူငယ္ေမာင္မယ္ ေက်ာင္းသား၊ ေက်ာင္းသူမ်ားအေနျဖင့္ အာကာသနည္းပညာဆိုင္ရာ အေျခခံသေဘာတရားမ်ားကို နားလည္သေဘာေပါက္ေစရန္ ၊ အာကာသသိပၸံႏွင့္ နည္းပညာဆိုင္ရာ စိတ္ဝင္စားမႈႏွင့္ စူးစမ္းေလ့လာလိုစိတ္ကို ျမႇင့္တင္ေပးရန္ ၊ အနာဂတ္တြင္ အာကာသသိပၸံႏွင့္ နည္းပညာဆိုင္ရာ ပညာရပ္မ်ားကို ဆက္လက္ေလ့လာရာတြင္ အေထာက္အကူျဖစ္ေစမည့္ အေျခခံဗဟုသုတမ်ား တည္ေဆာက္ေပးရန္ ရည္႐ြယ္၍ ဖြင့္လွစ္သင္ၾကားျခင္းျဖစ္ေၾကာင္း ထုတ္ျပန္ထားျခင္းျဖစ္သည္။
အဆိုပါ ဖြင့္လွစ္သင္ၾကားမည့္ အေျခခံပညာအဆင့္ အာကာသနည္းပညာအေျခခံ ေႏြရာသီသင္တန္း ဖြင့္ပြဲအခမ္းအနားကို လည္း လာမည့္ (မတ္ ၉ ရက္) ၊ နံနက္ပိုင္း (၈) နာရီ အခ်ိန္တြင္ ရန္ကုန္ၿမိဳ႕ ၊ ျပည္သူ႔ရင္ျပင္ ရွိ အာကာသျပတိုက္ တြင္က်င္းပသြားမည္ျဖစ္ေၾကာင္း သိရသည္။

Related news

© 2021. All rights reserved.