စက်သုံးဆီချွေတာရေးအတွက် စည်းကမ်းချက်များသတ်မှတ်ပြီးနောက် EV ကားဈေး (၂၀) ရာခိုင်နှုန်း မြင့်တက်

 185

ထိုက်စံ(NP News)- မတ် ၈
စက်သုံးဆီချွေတာရေးအတွက် စည်းကမ်းချက်များသတ်မှတ်ပြီးနောက် EV ကားဈေးနှုန်း (၂၀) ရာခိုင်နှုန်းမြင့် တက်နေကြောင်း ကားဈေးကွက် သိရှိသူတစ်ဦးက NP News သို့ ပြောသည်။ အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေး ကောင်စီမှ စက်သုံးဆီ ခြိုးခြံချွေတာရေးနှင့် ဖူလုံမှုရှိစေရေးအတွက် ပြီးခဲ့သည့် မတ်လ (၃) ရက်က ယာဉ်များအတွက် စည်းကမ်းသတ်မှတ်ချက်များ ထုတ်ပြန်ခဲ့ပြီး အဆိုပါသတ်မှတ်ချက်တွင် EV မော်တော်ယာဉ်/EV မော်တော်ဆိုင်ကယ်များ နေ့စဉ်မောင်းနှင်နိုင်ကြောင်း ဖော်ပြထားသည့်အတွက် EV ကားများအား အဝယ်များလာခဲ့ကြောင်း သိရသည်။
“ပိုက်ဆံနည်းနည်းပဲတတ်နိုင်တဲ့သူတွေ ကလည်း အောက်ကားလေးတွေ ဝယ်ပေါ့နော်။ ကီလိုပါပြီးသား EV Used ကားပေါ့။ အဲ့ဒါကတော့ သိန်း (၈၀ဝ)၊ သိန်း(၉၀ဝ) ၊ သိန်း (၁၀ဝဝ) တန်ကားပေါ့။ ပိုက်ဆံရှိတဲ့လူကျတော့လည်း သိန်း (၁၅၀ဝ)၊ သိန်း (၂၀ဝဝ) ကစပြီး သိန်း (၃၀ဝဝ) အထိဝယ်ပေါ့။ သိန်း (၃၀ဝဝ)ကျော်တဲ့ အထိဝယ်တဲ့လူလည်း ရှိတာပဲလေ။ လက်ရှိကတော့ EV အားလုံးလိုလို တက်သွားတာလို့ ပဲပြောရမှာပေါ့။ ရာခိုင်နှုန်းနဲ့ပြောရင်တော့ ဘယ် လောက်တက်သလဲဆိုရင် အကြမ်းဖျင်းဆိုရင် (၁၀) ရာခိုင်နှုန်းကနေပြီးတော့ (၂၀) ရာခိုင်နှုန်းလောက် ထိတက်တယ်။ ကား(၁)စီးရဲ့ ရာခိုင်နှုန်းပေါ့။ ဒါက အကြမ်းဖျင်းပြောတာပေါ့နော်” ဟု၎င်းက ပြောသည်။
ထိုသို့ EV မော်တော်ယာဉ် နှင့် ဆိုင်ကယ်များ အဝယ်များလာသည့်အတွက် ဈေးနှုန်းများသည် လည်း ယခင်ထက် (၂၀) ရာခိုင်နှုန်းခန့် မြင့်တက်လာခဲ့ကြောင်း သိရသည်။ “တက်သွားတဲ့ ပမာဏများတာပေါ့။ EV က တကယ်တမ်းပြောရင် ဦးဆောင် ကုမ္ပဏီက (၂၀) ရာခိုင်နှုန်း အကျိုးအမြတ်ယူရင် တောင်မှ Invoice value အတွက် (၂၀) ရာခိုင်နှုန်း ထက် ပိုမယူအောင်တားထားတာပေါ့။ နဂိုက Inv- oice value နဲ့ပေါင်းပြီးသားဖြစ်ရင် အခုထပ်ပေါင်း သွားတဲ့အခါမျိုးကျတော့ သုံးစွဲသူတွေမှာ ဝန်ထုပ်ဝန် ပိုးဖြစ်သွားပါတယ်။ ဒီလိုပမာဏ တက်ရောင်းတာကို အစ်ကိုတို့အနေနဲ့လည်း မကြိုက်ဘူး။ ဖြစ်လည်း မဖြစ်သင့်ဘူး”ဟု အထက်ပါသိရှိသူကပြောသည်။

Zawgyi Version:
စက္သုံးဆီေခြၽတာေရးအတြက္ စည္းကမ္းခ်က္မ်ားသတ္မွတ္ၿပီးေနာက္ EV ကားေဈး (၂၀) ရာခိုင္ႏႈန္း ျမင့္တက္
ထိုက္စံ(NP News)- မတ္ ၈
စက္သုံးဆီေခြၽတာေရးအတြက္ စည္းကမ္းခ်က္မ်ားသတ္မွတ္ၿပီးေနာက္ EV ကားေဈးႏႈန္း (၂၀) ရာခိုင္ႏႈန္းျမင့္ တက္ေနေၾကာင္း ကားေဈးကြက္ သိရွိသူတစ္ဦးက NP News သို႔ ေျပာသည္။ အမ်ိဳးသားကာကြယ္ေရးႏွင့္ လုံၿခဳံေရး ေကာင္စီမွ စက္သုံးဆီ ၿခိဳးၿခံေခြၽတာေရးႏွင့္ ဖူလုံမႈရွိေစေရးအတြက္ ၿပီးခဲ့သည့္ မတ္လ (၃) ရက္က ယာဥ္မ်ားအတြက္ စည္းကမ္းသတ္မွတ္ခ်က္မ်ား ထုတ္ျပန္ခဲ့ၿပီး အဆိုပါသတ္မွတ္ခ်က္တြင္ EV ေမာ္ေတာ္ယာဥ္/EV ေမာ္ေတာ္ဆိုင္ကယ္မ်ား ေန႔စဥ္ေမာင္းႏွင္ႏိုင္ေၾကာင္း ေဖာ္ျပထားသည့္အတြက္ EV ကားမ်ားအား အဝယ္မ်ားလာခဲ့ေၾကာင္း သိရသည္။
“ပိုက္ဆံနည္းနည္းပဲတတ္ႏိုင္တဲ့သူေတြ ကလည္း ေအာက္ကားေလးေတြ ဝယ္ေပါ့ေနာ္။ ကီလိုပါၿပီးသား EV Used ကားေပါ့။ အဲ့ဒါကေတာ့ သိန္း (၈၀ဝ)၊ သိန္း(၉၀ဝ) ၊ သိန္း (၁၀ဝဝ) တန္ကားေပါ့။ ပိုက္ဆံရွိတဲ့လူက်ေတာ့လည္း သိန္း (၁၅၀ဝ)၊ သိန္း (၂၀ဝဝ) ကစၿပီး သိန္း (၃၀ဝဝ) အထိဝယ္ေပါ့။ သိန္း (၃၀ဝဝ)ေက်ာ္တဲ့ အထိဝယ္တဲ့လူလည္း ရွိတာပဲေလ။ လက္ရွိကေတာ့ EV အားလုံးလိုလို တက္သြားတာလို႔ ပဲေျပာရမွာေပါ့။ ရာခိုင္ႏႈန္းနဲ႔ေျပာရင္ေတာ့ ဘယ္ ေလာက္တက္သလဲဆိုရင္ အၾကမ္းဖ်င္းဆိုရင္ (၁၀) ရာခိုင္ႏႈန္းကေနၿပီးေတာ့ (၂၀) ရာခိုင္ႏႈန္းေလာက္ ထိတက္တယ္။ ကား(၁)စီးရဲ႕ ရာခိုင္ႏႈန္းေပါ့။ ဒါက အၾကမ္းဖ်င္းေျပာတာေပါ့ေနာ္” ဟု၎က ေျပာသည္။
ထိုသို႔ EV ေမာ္ေတာ္ယာဥ္ ႏွင့္ ဆိုင္ကယ္မ်ား အဝယ္မ်ားလာသည့္အတြက္ ေဈးႏႈန္းမ်ားသည္ လည္း ယခင္ထက္ (၂၀) ရာခိုင္ႏႈန္းခန႔္ ျမင့္တက္လာခဲ့ေၾကာင္း သိရသည္။ “တက္သြားတဲ့ ပမာဏမ်ားတာေပါ့။ EV က တကယ္တမ္းေျပာရင္ ဦးေဆာင္ ကုမၸဏီက (၂၀) ရာခိုင္ႏႈန္း အက်ိဳးအျမတ္ယူရင္ ေတာင္မွ Invoice value အတြက္ (၂၀) ရာခိုင္ႏႈန္း ထက္ ပိုမယူေအာင္တားထားတာေပါ့။ နဂိုက Inv- oice value နဲ႔ေပါင္းၿပီးသားျဖစ္ရင္ အခုထပ္ေပါင္း သြားတဲ့အခါမ်ိဳးက်ေတာ့ သုံးစြဲသူေတြမွာ ဝန္ထုပ္ဝန္ ပိုးျဖစ္သြားပါတယ္။ ဒီလိုပမာဏ တက္ေရာင္းတာကို အစ္ကိုတို႔အေနနဲ႔လည္း မႀကိဳက္ဘူး။ ျဖစ္လည္း မျဖစ္သင့္ဘူး”ဟု အထက္ပါသိရွိသူကေျပာသည္။

Related news

© 2021. All rights reserved.