စက်သုံးဆီ အရေးနှင့် ပတ်သက်၍ အစိုးရကို ယုံကြည်ရန်လို (သတင်း ဆောင်းပါး)

 77

Photo Credit: CJ
သုတကျော်(NP News)-မတ် ၈

ဟောမုဇ် ရေလက်ကြားကို အီရန်က ပိတ်လိုက် ပြီးသည့်နောက် နိုင်ငံအများအပြားသည် မိမိတို့သိုလှောင် ထားသည့် အရန်ဆီကိုထုတ်ယူသုံးစွဲလာကြရသည်။
မြန်မာနိုင်ငံကဲ့သို့ ပြည်တွင်းပဋိပက္ခရှိနေသောနိုင်ငံ မျိုးတွင် သတင်းမှားများကို အင်တာနက်စာမျက်နှာများ ထက်တွင် ဖော်ပြရေးသားခြင်းများရှိနေရာ ယင်း၏ နောက်ဆက်တွဲအဖြစ် ဆီဆိုင်များတွင် တန်းစီတိုး ဝှေ့ဝယ်ယူခြင်း များရှိလာသည်။ ယခုစက်သုံးဆီ အကျပ်အတည်းသည် ကမ္ဘာလုံးဆိုင်ရာ ကြုံတွေ့နေရသောအကျပ်အတည်းဖြစ်ပြီး အစိုးရတိုင်းကလည်း ဖြေရှင်းနေကြသည်။

တန်းစီခြင်းသည် အဖြေလော
တချို့က ကြိုစုဆောင်းထားရန်၊ တချို့က ဈေးကြီးပေးပြန်ရောင်းရန် စက်သုံးဆီဆိုင်များတွင် တန်း စီဝယ် ယူခဲ့ကြရာ ယင်းကဲ့သို့ ဖြစ်စဉ်များပြားလာလျှင် နောက်ဆက်တွဲအဖြစ် ဆီဆိုင်များတွင် ဆီလက်ကျန် ကုန်ခြင်းတို့ ဖြစ်ပေါ်လာနိုင်သည်။ အလွန်အကျွံဝယ်ယူစုဆောင်းခြင်းသည် ဈေးကွက်ကို ကမောက်ကမဖြစ်စေပြီး အမှန်တကယ် လိုအပ်သူ များအတွက် အခက်အခဲဖြစ်စေသည်။
ထို့ပြင် စနစ်တကျ ဖြန့်ဖြူးသုံးစွဲရေးဆောင်ရွက်နိုင်ရန် အစိုးရ၏ဆောင်ရွက်ချက်ကို အဟန့်အတား ဖြစ်စေမည် ဖြစ်သည်။ မတော်လောဘဖြင့် အချို့က ဝယ်ယူသိုလှောင်ပြီး ဈေးတင်ရောင်းခြင်းမျိုးလည်း ဖြစ်လာနိုင်သည်။ တန်းစီဝယ်ပြီး မရသည့်အခါ စက် သုံးဆီ ကုန်သွားပြီဖြစ်၍ မရောင်းတော့ခြင်းဟု အချို့ က အထင်မှားကြသော်လည်း အမှန်စင်စစ်အားဖြင့် ဆီပြတ်လပ်ခြင်းမဟုတ်ဘဲ ဆီဘောက်ဆာမလာမီ ဆိုင်များတွင် ဆီလက်ကျန် ကုန်သွား ခြင်းသာဖြစ်သည်။
ယင်းကိုအကြောင်းပြု၍ လူမှုကွန်ရက်ဖေ့စ် ဘွတ်ခ်စာမျက်နှာများထက်တွင် ဂါလန်ဝင်ပုံးများကို အာမခံ ချက်များဖြင့် ရောင်းချခြင်းများရှိလာခဲ့ ကြောင်းပင် တွေ့မြင်ရသည်။

စုံ/မ စနစ်နှင့် သတိပေးချက်
စက်သုံးဆီဆိုင်များတွင် တန်းစီတိုးဝှေ့ ဝယ်ယူနေသောဓာတ်ပုံများထွက်လာပြီး မကြာမီတွင် အမျိုး သားကာ ကွယ်ရေးနှင့်လုံခြုံရေးကောင်စီက စက်သုံးဆီ ခြိုးခြံချွေတာသုံးစွဲရေးအတွက် ပြည်သူသို့ အသိ ပေးကြေညာ ချက်ထွက်ပေါ်ခဲ့ရာ ယင်းတွင် လစဉ် “စုံ” ရက်များတွင် စုံနံပါတ်အက္ခရာပါသောယာဉ်များ၊ “မ” ရက်များတွင် “မ” နံပါတ်အက္ခရာပါသောယာဉ်များ စသည့် ပုဂ္ဂလိကပိုင်ယာဉ်များကို မောင်းနှင်အသုံး ပြုရန်နှင့် ယင်းအချက်တွင် EV မော်တော်ယာဉ်နှင့် EV မော်တော်ဆိုင်ကယ်များမပါဝင်ကြောင်း ထုတ် ပြန်ခဲ့သည်။
ခြွင်းချက်အနေဖြင့် နေ့စဉ်မောင်းနှင်အသုံးပြု နိုင်သော ယာဉ်အမျိုးအစားများကိုလည်း ထုတ်ပြန်ခဲ့ရာ အများ ပြည်သူ သယ်ယူပို့ဆောင်ရေးမော်တော် ယာဉ်များ၊ အငှားယာဉ်များ (Taxi) ၊ စက်သုံးဆီသယ် ယူပို့ဆောင်သည့် ယာဉ်များ၊ ဆောက်လုပ်ရေးလုပ်ငန်း သုံးယာဉ်များ၊ စက်ရုံ၊ အလုပ်ရုံ၊ အလုပ်ဌာနများ အတွက် ရုံးလုပ်ငန်း အသုံးပြု သည့်ယာဉ်များ၊ ကျောင်း ကြို/ပို့ယာဉ်များ စသည်ဖြင့် ပါဝင်ခဲ့သည်။
စက်သုံးဆီလုပ်ငန်းရှင်များသာမက အများပြည် သူအနေဖြင့် စက်သုံးဆီများ ဝယ်ယူစုဆောင်းခြင်းနှင့် ဈေးနှုန်း မြှင့်တင်၍ ရောင်းချခြင်းများ လုံးဝမပြုလုပ်ရန် လည်းဖော်ပြထားပြီး စည်းကမ်းချက်များကို ဖောက်ဖျက်ပါက အရေးယူမည်ဟုဖော်ပြထားသည်။ ယင်းထုတ်ပြန်ချက်နှင့် ပတ်သက်၍ မြေပြင်တွင်လည်း ဆော်ဩမှုများပြုလုပ်ခဲ့သည်။ ယင်းစနစ်နှင့် ပတ်သက်၍ အချို့က လက်တစ်လုံးခြားလုပ်လိုသူများကို လည်းတွေ့ရသည်။ ဥပမာအားဖြင့် ကျောင်း ကြို၊ ပို့ ကား ဆိုသည်မှာ ကျောင်းကားတင်မကဘဲ အိမ်စီး ကားကိုလည်း ကျောင်းကြို၊ ပို့ ကားဖြစ်ကြောင်း ကျောင်းမှ ထောက်ခံချက်တောင်းလိုခြင်းမျိုးဖြစ်သည်။
စည်းကမ်းနှင့်ပတ်သက်၍ ပြည်သူ့ပါတီက အကြံပြုတင်ပြချက်ထုတ်ပြန်ခဲ့ရာ စုံ၊ မရက် သတ်မှတ် မောင်းနှင် စေမည့်အစား စုံ၊ မကားများကို စက်သုံးဆီ အရောင်းဆိုင်များတွင် စုံရက် /မရက် ခွဲ၍ စက်သုံးဆီ ဝယ်ယူသုံးစွဲခွင့်ပေးရန်၊ စက်သုံးဆီဝယ်ယူရာ၌လည်း ငွေကြေးသတ်မှတ်ချက် (သို့မဟုတ်) Liter သတ်မှတ်ချက်ထားပြီး ရောင်းချပေးရန် အကြုံပြုထားသည်။
အရန်ဆီ အခြေအနေ
နိုင်ငံများတွင် ပုံစံမျိုးစုံဖြင့် အရန်ဆီ သိုလောင် ခြင်းများရှိနေရာ ဆားကျောက်လိုဏ်ဂူရှိနေသော နိုင်ငံများက လိုဏ်ဂူများတွင် ထည့်သွင်းသိုလှောင်ခြင်း၊ ကျောက် လိုဏ်ဂူများတွင် ထည့်သွင်းသိုလှောင်ခြင်းနှင့် နိုင်ငံအများစုကမူ သံမဏိသိုလှောင်ကန်များကို အသုံးပြု ကြသည်။
လက်ရှိ အရန်ဆီ သိုလှောင်မှုအများဆုံး နိုင်ငံများစာရင်းတွင် အမေရိကန်က ထိပ်ဆုံးရှိနေပြီး ဒုတိ ယတွင် တရုတ်နိုင်ငံ၊ ဂျပန်နိုင်ငံ၊ တောင်ကိုရီးယား နိုင်ငံ၊ အိန္ဒိယ နိုင်ငံ စသည်ဖြင့် ရှိနေသည်။ မြန်မာနိုင်ငံတွင် စက်သုံးဆီ သုံးစွဲမှုအနေဖြင့် တစ်ရက်လျှင် ဓာတ်ဆီ ဂါလန် (၁.၅) သန်း၊ ဒီဇယ်ဆီဂါလန် (၁.၇) သန်းဖြစ်ပြီး အရန်ဆီ ခိုင်မာ စွာရှိကြောင်း ဗိုလ်ချုပ် ဇော်မင်းထွန်းက ထုတ်ပြန်ပြောကြားထားသည်။
“ကျွန်တော်တို့ လက်ရှိ မြန်မာနိုင်ငံမှာ ဓာတ်ဆီ ဂါလန် သန်း (၆၀) ရှိပြီး စုပုံထားပြီးဖြစ်ပါတယ်။ ဒီဇယ်ဆီ ဂါလန် သန်း (၇၀) နီးပါး စုပုံထားပြီးဖြစ် ပါတယ်။ ဒါကြောင့်မို့လို့ မြန်မာနိုင်ငံအတွင်းမှာ အရန် ဆီအနေနဲ့ နောက်ထပ် ရက် (၄၀) စာရှိတယ်လို့ ခိုင် မာစွာပြောကြားလိုပါတယ်။ ဒါ့အပြင် ဆိပ်ကမ်းမှာ ယခုလက်ရှိ ဆီမချရသေးဘဲနဲ့ ကပ်ထားတဲ့ သင်္ဘော (၂) စင်းရောက်ရှိနေတာ ရှိပါတယ်။ ကျွန်တော်တို့ ဝယ်ယူထားပြီးသား လမ်းမှာ စက်သုံးဆီသင်္ဘော (၁၄) စင်း ရှိပါတယ်။ အဲဒီ (၁၄) စင်းကလည်း ကျွန်တော်တို့ဆီကို ရက်ပိုင်းတွေအတွင်းမှာ ဆိုက်ကပ် လာနိုင်ပါတယ်။ ဘာအခက်အခဲမှ မရှိဘူးဆိုတာ ပြောလိုပါတယ်” ဟု ၎င်းက ပြောကြားထားသည်။
လက်ရှိ ကမ္ဘာပေါ်ကနိုင်ငံများတွင် အရန်ဆီ သိုလောင်မှုအနေဖြင့် ရက်သတ္တပတ်စာခန့်ပင် သို လှောင် နိုင်သောနိုင်ငံများရှိသည်။ မြန်မာနိုင်ငံ၏ ရက် (၄၀) စာ အရန်ဆီ သိုလှောင်ထားနိုင်သောပမာဏ ဆိုသည်မှာ အနီးစပ်ဆုံး အနေဖြင့် အရှေ့တောင် အာရှဒေသတွင်း ဗီယက်နမ်၊ ဖိလစ်ပိုင်ကဲ့သို့ နိုင်ငံ များနှင့် များစွာကွာခြားခြင်း မရှိပေ။
ထို့ပြင် လက်ရှိ ဆီရောင်းချခြင်း နှင့်ပတ်သက်၍ စွမ်းအင်ဝန်ကြီးဌာနနှင့်ဆက်စပ်ဌာနများက ဆီဆိုင်များတွင် ဆီလက်ကျန် အမှန်တကယ် ရှိ/မရှိနှင့် သတ်မှတ်ဈေးနှုန်းအတိုင်း ရောင်းချခြင်း ရှိ/မရှိကို Real-Time စနစ်ဖြင့် စောင့်ကြည့်စစ်ဆေးလျက်ရှိ ကြောင်း သိရသည်။ ယင်းသို့စစ်ဆေးရာတွင် Auto Tank Gauge (ATG) များဖြင့် တိကျစွာ တိုင်းတာခြင်း၊ ရှောင်တခင် စစ်ဆေးခြင်းများပြုလုပ်နေခြင်းက စက်သုံးဆီကို အမြတ်ထုတ်လိုသူများလက်ထဲ မရောက်စေရန်အတွက် တားဆီးခြင်းမျိုးတစ်မျိုး ဖြစ် သည်။
အစိုးရ အာမခံချက်
အိမ်နီးချင်း ထိုင်းနိုင်ငံအနေဖြင့် အရှေ့အလယ်ပိုင်း ပဋိပက္ခပြီးသည့်နောက် ပြင်ပသို့ ဆီတင်ပို့ခြင်း ပိတ်လိုက် ပြီဟုပြောခဲ့သော်လည်း The Nation သတင်းဌာန၏ မတ်လ (၆)ရက် သတင်းတွင် ထိုင်းနိုင်ငံအနေဖြင့် လောင်စာဆီ တင်ပို့မှုများကို ရပ်ဆိုင်း ထားသော်လည်း လာအိုနှင့် မြန်မာနိုင်ငံတို့မှာမူ ထိုင်းနိုင်ငံနှင့် အပြန်အလှန် စွမ်းအင်မှီခို အားထားနေရမှု ရှိသည့်အတွက် အဆိုပါနှစ်နိုင်ငံသို့ တင်ပို့မှုကိုမူ ခြွင်းချက်အနေဖြင့် ဆက်လက်ခွင့်ပြုထားကြောင်း ထိုင်းနိုင်ငံ၏ စွမ်းအင်ဝန်ကြီး Auttapol Rerkpi- boon က ပြန်ပြောင်း ပြောကြားထားသည်။
ယင်း မတိုင်မီကပင် ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောကြားတွင် မြန်မာနိုင်ငံသည် စင်ကာပူနှင့် မလေး ရှားနိုင်ငံ တို့မှ ဆီတင်သွင်းနေခြင်းဖြစ်ပြီး အဆိုပါ နိုင်ငံတို့တွင် ရေနံချက်စက်ရုံများရှိပြီးဖြစ်ကြောင်း လည်း ပြည်သူသို့ အသိပေး ထားသည်။ “သူတို့အနေ နဲ့အရှေ့အလယ်ပိုင်းက ရေနံမရလည်း ရတဲ့နိုင်ငံကနေ ရေနံသွင်းပြီးတော့ လည်ပတ်မှာ ဖြစ်ပါတယ်။ ဘာကြောင့်လဲဆိုတော့ သူတို့အနေနဲ့က ဒါသည် သူတို့ ရဲ့လှုပ်ရှားရမယ့် စီးပွားရေးလုပ်ငန်းဖြစ်တဲ့အတွက် ကြောင့် လည်ပတ်မှုရပ်တန့်စရာမရှိပါဘူး။ ဒါကြောင့်မို့လို့ ကျွန်တော့်အနေနဲ့ပြောချင်တာကတော့ ဒီစက် သုံးဆီနဲ့ ပတ်သက်ပြီး ကျွန်တော်တို့နိုင်ငံမှာ ပြတ်လပ် သွားစရာအကြောင်းမရှိပါဘူး” ဟု ပြောသည်။
မြန်မာနိုင်ငံ စက်သုံးဆီ တင်သွင်းရောင်းချဖြန့် ဖြူးရေးအသင်းကလည်း စက်သုံးဆီ အလုံအလောက် ရှိကြောင်း ထုတ်ပြန်ထားပြီး ပြည်သူလူထုအနေဖြင့် စက်သုံးဆီနှင့်ပတ်သက်၍ စိုးရိမ်ကြောင့်ကြမှု မရှိကြ ရန်၊ အတတ်နိုင်ဆုံး ခြိုးခြံသုံးစွဲခြင်းဖြင့် အားလုံးလုံ လောက်စွာသုံးစွဲနိုင်ရေးကူညီပေးကြရန်၊ မိမိသုံးစွဲရန် လိုအပ်သလောက်သာ ဝယ်ယူ ကြရန်နှင့် စက်သုံးဆီများ အလုံအလောက်ရှိသဖြင့် စိုးရိမ်စိတ်ကြောင့် မလိုအပ်ဘဲ အချိန်ကုန်ခံ၍တန်းစီ ဝယ်ယူခြင်း မပြုကြရန် ပါ အသိပေးထားသည်။
အစိုးရအနေဖြင့် စက်သုံးဆီ တင်သွင်းမှု၊ သိုလှောင်မှုနှင့် ဖြန့်ဖြူးမှု ကွင်းဆက်တစ်လျှောက်လုံး ကို စနစ်တကျ စီမံနေသည်မှာ အထင်အရှားဖြစ် ကြောင်းကား ထုတ်ပြန်ထားချက်များအရ တွေ့ပေလိမ့်မည်။ စက်သုံးဆီ ဖူလုံရေး အတွက် ရက်ပေါင်း (၄၀) ကျော်စာ အရန်ဆီများ သိုလှောင်ထားခြင်း၊ လမ်းခရီးတွင် သင်္ဘောများစွာ ရောက်ရှိလာရန် စီစဉ်ထားခြင်းနှင့် မျှတသောဖြန့်ဖြူးမှုစနစ်ကို ကျင့်သုံး ခြင်းတို့သည် အစိုးရ ၏ ပြည်သူသို့ အသိပေးထားသော အစီအမံများ ဖြစ်သည်။ အစိုးရအနေဖြင့် စက်သုံးဆီ မပြတ်တောက်ရေးအတွက် အခြားလုပ်ဖွယ် ရှိသည်များကို ဆက်လက်လုပ်ဆောင်နေမည်ဟု နားလည်ရသည်။ တစ်ဖက်တွင်လည်း စက်သုံးဆီ ရောင်းချခြင်းကို ပိုမို စနစ် တကျ ကြပ်မတ်လာကြောင်း တွေ့ရသည်။
ဥပမာအားဖြင့် မွန်ပြည်နယ် မော်လမြိုင်မြို့တွင် ဆိုလျှင် ကား၊ ဆိုင်ကယ်၊ သုံးဘီး စသည်ဖြင့် ယာဉ် များအတွက် တစ်နေ့တာဝယ်ယူနိုင်မည့်နှုန်းထားတို့ အပြင် အလေအလွင့်မရှိစေရန်အတွက် နည်းမျိုးစုံဖြင့် ဆောင်ရွက်နေကြောင်း တွေ့ရသည်။

ယုံကြည်မှုရှိပေးရန်လို
လက်ရှိ စက်သုံးဆီအရေးနှင့်ပတ်သက်၍ ကျော်လွှားရန်အတွက် လိုအပ်ခြင်းမှာ ယုံကြည်မှုဖြစ်သည်။ အရှေ့ အလယ်ပိုင်း ပဋိပက္ခအခြေအနေ မည်မျှကြာ မည်ဆိုခြင်းကို မသိရသေးပါ။ ထို့ပြင် အခြားနိုင်ငံ များကလည်း ယင်းအခြေအနေကို ကြည့်၍ အရန်ဆီ စုနေကြကြောင်း တွေ့ရသည်။ အလွန်အကျွံ ဝယ်ယူ ခြင်းသည် အဖြေဟုမည်သူမျှ ယူဆလိမ့်မည် မထင်ပါ။ လောင်စာဆီဈေးကိုလည်း စုဆောင်းထားသူများထံက ဈေးကြီးပေးဝယ်လိုလိမ့်မည်ဟု မသုံးသပ်မိပါ။ တစ်ဖက်တွင် စက်သုံးဆီကို ချွေတာသုံးစွဲခြင်း ဖြင့်လည်း ယခုပြဿနာကိုကျော်လွှားရာတွင် အထောက်အကူပြုနိုင်ပေလိမ့်မည်။ လိုအပ်သူများကို မျှဝေသည့်အနေဖြင့် လိုအပ်သလောက်သာ ဝယ်ယူ ခြင်းသည် အလှူအတန်း ရက်ရောသော မြန်မာနိုင်ငံ သားများအတွက် ကုသိုလ်ကောင်းမှုပြုခြင်း တစ်မျိုး ဖြစ်ပါသည်။ တစ်ဖက်တွင် အစိုးရကို ယုံကြည်မှု အပြည့်အဝထား တာဝန်ပေးရန်လိုပြီး အစိုးရကလည်း လိုအပ်သည့်ထုတ်ပြန်ချက်များ ကိုထုတ်ပြန်ထားပြီး ဖြစ်သည်။ စီမံခန့်ခွဲမှုများကို ယုံကြည်စွာဖြင့် ပူးပေါင်းဆောင်ရွက်ခြင်းသည်သာ အကျပ်အတည်း စိန်ခေါ်မှုများကို အောင်မြင်စွာ ကျော်ဖြတ်နိုင်မည့်အကောင်း ဆုံးနည်းလမ်းဖြစ်ပေလိမ့်မည်။

Zawgyi Version:
စက္သုံးဆီ အေရးႏွင့္ ပတ္သက္၍ အစိုးရကို ယုံၾကည္ရန္လို
(သတင္း ေဆာင္းပါး)
သုတေက်ာ္(NP News)-မတ္ ၈

ေဟာမုဇ္ ေရလက္ၾကားကို အီရန္က ပိတ္လိုက္ ၿပီးသည့္ေနာက္ ႏိုင္ငံအမ်ားအျပားသည္ မိမိတို႔သိုေလွာင္ ထားသည့္ အရန္ဆီကိုထုတ္ယူသုံးစြဲလာၾကရသည္။
ျမန္မာႏိုင္ငံကဲ့သို႔ ျပည္တြင္းပဋိပကၡရွိေနေသာႏိုင္ငံ မ်ိဳးတြင္ သတင္းမွားမ်ားကို အင္တာနက္စာမ်က္ႏွာမ်ား ထက္တြင္ ေဖာ္ျပေရးသားျခင္းမ်ားရွိေနရာ ယင္း၏ ေနာက္ဆက္တြဲအျဖစ္ ဆီဆိုင္မ်ားတြင္ တန္းစီတိုး ေဝွ႔ဝယ္ယူျခင္း မ်ားရွိလာသည္။ ယခုစက္သုံးဆီ အက်ပ္အတည္းသည္ ကမာၻလုံးဆိုင္ရာ ႀကဳံေတြ႕ေနရေသာအက်ပ္အတည္းျဖစ္ၿပီး အစိုးရတိုင္းကလည္း ေျဖရွင္းေနၾကသည္။

တန္းစီျခင္းသည္ အေျဖေလာ
တခ်ိဳ႕က ႀကိဳစုေဆာင္းထားရန္၊ တခ်ိဳ႕က ေဈးႀကီးေပးျပန္ေရာင္းရန္ စက္သုံးဆီဆိုင္မ်ားတြင္ တန္း စီဝယ္ ယူခဲ့ၾကရာ ယင္းကဲ့သို႔ ျဖစ္စဥ္မ်ားျပားလာလွ်င္ ေနာက္ဆက္တြဲအျဖစ္ ဆီဆိုင္မ်ားတြင္ ဆီလက္က်န္ ကုန္ျခင္းတို႔ ျဖစ္ေပၚလာႏိုင္သည္။ အလြန္အကြၽံဝယ္ယူစုေဆာင္းျခင္းသည္ ေဈးကြက္ကို ကေမာက္ကမျဖစ္ေစၿပီး အမွန္တကယ္ လိုအပ္သူ မ်ားအတြက္ အခက္အခဲျဖစ္ေစသည္။
ထို႔ျပင္ စနစ္တက် ျဖန႔္ျဖဴးသုံးစြဲေရးေဆာင္႐ြက္ႏိုင္ရန္ အစိုးရ၏ေဆာင္႐ြက္ခ်က္ကို အဟန႔္အတား ျဖစ္ေစမည္ ျဖစ္သည္။ မေတာ္ေလာဘျဖင့္ အခ်ိဳ႕က ဝယ္ယူသိုေလွာင္ၿပီး ေဈးတင္ေရာင္းျခင္းမ်ိဳးလည္း ျဖစ္လာႏိုင္သည္။ တန္းစီဝယ္ၿပီး မရသည့္အခါ စက္ သုံးဆီ ကုန္သြားၿပီျဖစ္၍ မေရာင္းေတာ့ျခင္းဟု အခ်ိဳ႕ က အထင္မွားၾကေသာ္လည္း အမွန္စင္စစ္အားျဖင့္ ဆီျပတ္လပ္ျခင္းမဟုတ္ဘဲ ဆီေဘာက္ဆာမလာမီ ဆိုင္မ်ားတြင္ ဆီလက္က်န္ ကုန္သြား ျခင္းသာျဖစ္သည္။
ယင္းကိုအေၾကာင္းျပဳ၍ လူမႈကြန္ရက္ေဖ့စ္ ဘြတ္ခ္စာမ်က္ႏွာမ်ားထက္တြင္ ဂါလန္ဝင္ပုံးမ်ားကို အာမခံ ခ်က္မ်ားျဖင့္ ေရာင္းခ်ျခင္းမ်ားရွိလာခဲ့ ေၾကာင္းပင္ ေတြ႕ျမင္ရသည္။

စုံ/မ စနစ္ႏွင့္ သတိေပးခ်က္
စက္သုံးဆီဆိုင္မ်ားတြင္ တန္းစီတိုးေဝွ႔ ဝယ္ယူေနေသာဓာတ္ပုံမ်ားထြက္လာၿပီး မၾကာမီတြင္ အမ်ိဳး သားကာ ကြယ္ေရးႏွင့္လုံၿခဳံေရးေကာင္စီက စက္သုံးဆီ ၿခိဳးၿခံေခြၽတာသုံးစြဲေရးအတြက္ ျပည္သူသို႔ အသိ ေပးေၾကညာ ခ်က္ထြက္ေပၚခဲ့ရာ ယင္းတြင္ လစဥ္ “စုံ” ရက္မ်ားတြင္ စုံနံပါတ္အကၡရာပါေသာယာဥ္မ်ား၊ “မ” ရက္မ်ားတြင္ “မ” နံပါတ္အကၡရာပါေသာယာဥ္မ်ား စသည့္ ပုဂၢလိကပိုင္ယာဥ္မ်ားကို ေမာင္းႏွင္အသုံး ျပဳရန္ႏွင့္ ယင္းအခ်က္တြင္ EV ေမာ္ေတာ္ယာဥ္ႏွင့္ EV ေမာ္ေတာ္ဆိုင္ကယ္မ်ားမပါဝင္ေၾကာင္း ထုတ္ ျပန္ခဲ့သည္။
ႁခြင္းခ်က္အေနျဖင့္ ေန႔စဥ္ေမာင္းႏွင္အသုံးျပဳ ႏိုင္ေသာ ယာဥ္အမ်ိဳးအစားမ်ားကိုလည္း ထုတ္ျပန္ခဲ့ရာ အမ်ား ျပည္သူ သယ္ယူပို႔ေဆာင္ေရးေမာ္ေတာ္ ယာဥ္မ်ား၊ အငွားယာဥ္မ်ား (Taxi) ၊ စက္သုံးဆီသယ္ ယူပို႔ေဆာင္သည့္ ယာဥ္မ်ား၊ ေဆာက္လုပ္ေရးလုပ္ငန္း သုံးယာဥ္မ်ား၊ စက္႐ုံ၊ အလုပ္႐ုံ၊ အလုပ္ဌာနမ်ား အတြက္ ႐ုံးလုပ္ငန္း အသုံးျပဳ သည့္ယာဥ္မ်ား၊ ေက်ာင္း ႀကိဳ/ပို႔ယာဥ္မ်ား စသည္ျဖင့္ ပါဝင္ခဲ့သည္။
စက္သုံးဆီလုပ္ငန္းရွင္မ်ားသာမက အမ်ားျပည္ သူအေနျဖင့္ စက္သုံးဆီမ်ား ဝယ္ယူစုေဆာင္းျခင္းႏွင့္ ေဈးႏႈန္း ျမႇင့္တင္၍ ေရာင္းခ်ျခင္းမ်ား လုံးဝမျပဳလုပ္ရန္ လည္းေဖာ္ျပထားၿပီး စည္းကမ္းခ်က္မ်ားကို ေဖာက္ဖ်က္ပါက အေရးယူမည္ဟုေဖာ္ျပထားသည္။ ယင္းထုတ္ျပန္ခ်က္ႏွင့္ ပတ္သက္၍ ေျမျပင္တြင္လည္း ေဆာ္ဩမႈမ်ားျပဳလုပ္ခဲ့သည္။ ယင္းစနစ္ႏွင့္ ပတ္သက္၍ အခ်ိဳ႕က လက္တစ္လုံးျခားလုပ္လိုသူမ်ားကို လည္းေတြ႕ရသည္။ ဥပမာအားျဖင့္ ေက်ာင္း ႀကိဳ၊ ပို႔ ကား ဆိုသည္မွာ ေက်ာင္းကားတင္မကဘဲ အိမ္စီး ကားကိုလည္း ေက်ာင္းႀကိဳ၊ ပို႔ ကားျဖစ္ေၾကာင္း ေက်ာင္းမွ ေထာက္ခံခ်က္ေတာင္းလိုျခင္းမ်ိဳးျဖစ္သည္။
စည္းကမ္းႏွင့္ပတ္သက္၍ ျပည္သူ႔ပါတီက အႀကံျပဳတင္ျပခ်က္ထုတ္ျပန္ခဲ့ရာ စုံ၊ မရက္ သတ္မွတ္ ေမာင္းႏွင္ ေစမည့္အစား စုံ၊ မကားမ်ားကို စက္သုံးဆီ အေရာင္းဆိုင္မ်ားတြင္ စုံရက္ /မရက္ ခြဲ၍ စက္သုံးဆီ ဝယ္ယူသုံးစြဲခြင့္ေပးရန္၊ စက္သုံးဆီဝယ္ယူရာ၌လည္း ေငြေၾကးသတ္မွတ္ခ်က္ (သို႔မဟုတ္) Liter သတ္မွတ္ခ်က္ထားၿပီး ေရာင္းခ်ေပးရန္ အႀကဳံျပဳထားသည္။
အရန္ဆီ အေျခအေန
ႏိုင္ငံမ်ားတြင္ ပုံစံမ်ိဳးစုံျဖင့္ အရန္ဆီ သိုေလာင္ ျခင္းမ်ားရွိေနရာ ဆားေက်ာက္လိုဏ္ဂူရွိေနေသာ ႏိုင္ငံမ်ားက လိုဏ္ဂူမ်ားတြင္ ထည့္သြင္းသိုေလွာင္ျခင္း၊ ေက်ာက္ လိုဏ္ဂူမ်ားတြင္ ထည့္သြင္းသိုေလွာင္ျခင္းႏွင့္ ႏိုင္ငံအမ်ားစုကမူ သံမဏိသိုေလွာင္ကန္မ်ားကို အသုံးျပဳ ၾကသည္။
လက္ရွိ အရန္ဆီ သိုေလွာင္မႈအမ်ားဆုံး ႏိုင္ငံမ်ားစာရင္းတြင္ အေမရိကန္က ထိပ္ဆုံးရွိေနၿပီး ဒုတိ ယတြင္ တ႐ုတ္ႏိုင္ငံ၊ ဂ်ပန္ႏိုင္ငံ၊ ေတာင္ကိုရီးယား ႏိုင္ငံ၊ အိႏၵိယ ႏိုင္ငံ စသည္ျဖင့္ ရွိေနသည္။ ျမန္မာႏိုင္ငံတြင္ စက္သုံးဆီ သုံးစြဲမႈအေနျဖင့္ တစ္ရက္လွ်င္ ဓာတ္ဆီ ဂါလန္ (၁.၅) သန္း၊ ဒီဇယ္ဆီဂါလန္ (၁.၇) သန္းျဖစ္ၿပီး အရန္ဆီ ခိုင္မာ စြာရွိေၾကာင္း ဗိုလ္ခ်ဳပ္ ေဇာ္မင္းထြန္းက ထုတ္ျပန္ေျပာၾကားထားသည္။
“ကြၽန္ေတာ္တို႔ လက္ရွိ ျမန္မာႏိုင္ငံမွာ ဓာတ္ဆီ ဂါလန္ သန္း (၆၀) ရွိၿပီး စုပုံထားၿပီးျဖစ္ပါတယ္။ ဒီဇယ္ဆီ ဂါလန္ သန္း (၇၀) နီးပါး စုပုံထားၿပီးျဖစ္ ပါတယ္။ ဒါေၾကာင့္မို႔လို႔ ျမန္မာႏိုင္ငံအတြင္းမွာ အရန္ ဆီအေနနဲ႔ ေနာက္ထပ္ ရက္ (၄၀) စာရွိတယ္လို႔ ခိုင္ မာစြာေျပာၾကားလိုပါတယ္။ ဒါ့အျပင္ ဆိပ္ကမ္းမွာ ယခုလက္ရွိ ဆီမခ်ရေသးဘဲနဲ႔ ကပ္ထားတဲ့ သေဘၤာ (၂) စင္းေရာက္ရွိေနတာ ရွိပါတယ္။ ကြၽန္ေတာ္တို႔ ဝယ္ယူထားၿပီးသား လမ္းမွာ စက္သုံးဆီသေဘၤာ (၁၄) စင္း ရွိပါတယ္။ အဲဒီ (၁၄) စင္းကလည္း ကြၽန္ေတာ္တို႔ဆီကို ရက္ပိုင္းေတြအတြင္းမွာ ဆိုက္ကပ္ လာႏိုင္ပါတယ္။ ဘာအခက္အခဲမွ မရွိဘူးဆိုတာ ေျပာလိုပါတယ္” ဟု ၎က ေျပာၾကားထားသည္။
လက္ရွိ ကမာၻေပၚကႏိုင္ငံမ်ားတြင္ အရန္ဆီ သိုေလာင္မႈအေနျဖင့္ ရက္သတၱပတ္စာခန႔္ပင္ သို ေလွာင္ ႏိုင္ေသာႏိုင္ငံမ်ားရွိသည္။ ျမန္မာႏိုင္ငံ၏ ရက္ (၄၀) စာ အရန္ဆီ သိုေလွာင္ထားႏိုင္ေသာပမာဏ ဆိုသည္မွာ အနီးစပ္ဆုံး အေနျဖင့္ အေရွ႕ေတာင္ အာရွေဒသတြင္း ဗီယက္နမ္၊ ဖိလစ္ပိုင္ကဲ့သို႔ ႏိုင္ငံ မ်ားႏွင့္ မ်ားစြာကြာျခားျခင္း မရွိေပ။
ထို႔ျပင္ လက္ရွိ ဆီေရာင္းခ်ျခင္း ႏွင့္ပတ္သက္၍ စြမ္းအင္ဝန္ႀကီးဌာနႏွင့္ဆက္စပ္ဌာနမ်ားက ဆီဆိုင္မ်ားတြင္ ဆီလက္က်န္ အမွန္တကယ္ ရွိ/မရွိႏွင့္ သတ္မွတ္ေဈးႏႈန္းအတိုင္း ေရာင္းခ်ျခင္း ရွိ/မရွိကို Real-Time စနစ္ျဖင့္ ေစာင့္ၾကည့္စစ္ေဆးလ်က္ရွိ ေၾကာင္း သိရသည္။ ယင္းသို႔စစ္ေဆးရာတြင္ Auto Tank Gauge (ATG) မ်ားျဖင့္ တိက်စြာ တိုင္းတာျခင္း၊ ေရွာင္တခင္ စစ္ေဆးျခင္းမ်ားျပဳလုပ္ေနျခင္းက စက္သုံးဆီကို အျမတ္ထုတ္လိုသူမ်ားလက္ထဲ မေရာက္ေစရန္အတြက္ တားဆီးျခင္းမ်ိဳးတစ္မ်ိဳး ျဖစ္ သည္။
အစိုးရ အာမခံခ်က္
အိမ္နီးခ်င္း ထိုင္းႏိုင္ငံအေနျဖင့္ အေရွ႕အလယ္ပိုင္း ပဋိပကၡၿပီးသည့္ေနာက္ ျပင္ပသို႔ ဆီတင္ပို႔ျခင္း ပိတ္လိုက္ ၿပီဟုေျပာခဲ့ေသာ္လည္း The Nation သတင္းဌာန၏ မတ္လ (၆)ရက္ သတင္းတြင္ ထိုင္းႏိုင္ငံအေနျဖင့္ ေလာင္စာဆီ တင္ပို႔မႈမ်ားကို ရပ္ဆိုင္း ထားေသာ္လည္း လာအိုႏွင့္ ျမန္မာႏိုင္ငံတို႔မွာမူ ထိုင္းႏိုင္ငံႏွင့္ အျပန္အလွန္ စြမ္းအင္မွီခို အားထားေနရမႈ ရွိသည့္အတြက္ အဆိုပါႏွစ္ႏိုင္ငံသို႔ တင္ပို႔မႈကိုမူ ႁခြင္းခ်က္အေနျဖင့္ ဆက္လက္ခြင့္ျပဳထားေၾကာင္း ထိုင္းႏိုင္ငံ၏ စြမ္းအင္ဝန္ႀကီး Auttapol Rerkpi- boon က ျပန္ေျပာင္း ေျပာၾကားထားသည္။
ယင္း မတိုင္မီကပင္ ဗိုလ္ခ်ဳပ္ေဇာ္မင္းထြန္းက ေျပာၾကားတြင္ ျမန္မာႏိုင္ငံသည္ စင္ကာပူႏွင့္ မေလး ရွားႏိုင္ငံ တို႔မွ ဆီတင္သြင္းေနျခင္းျဖစ္ၿပီး အဆိုပါ ႏိုင္ငံတို႔တြင္ ေရနံခ်က္စက္႐ုံမ်ားရွိၿပီးျဖစ္ေၾကာင္း လည္း ျပည္သူသို႔ အသိေပး ထားသည္။ “သူတို႔အေန နဲ႔အေရွ႕အလယ္ပိုင္းက ေရနံမရလည္း ရတဲ့ႏိုင္ငံကေန ေရနံသြင္းၿပီးေတာ့ လည္ပတ္မွာ ျဖစ္ပါတယ္။ ဘာေၾကာင့္လဲဆိုေတာ့ သူတို႔အေနနဲ႔က ဒါသည္ သူတို႔ ရဲ႕လႈပ္ရွားရမယ့္ စီးပြားေရးလုပ္ငန္းျဖစ္တဲ့အတြက္ ေၾကာင့္ လည္ပတ္မႈရပ္တန႔္စရာမရွိပါဘူး။ ဒါေၾကာင့္မို႔လို႔ ကြၽန္ေတာ့္အေနနဲ႔ေျပာခ်င္တာကေတာ့ ဒီစက္ သုံးဆီနဲ႔ ပတ္သက္ၿပီး ကြၽန္ေတာ္တို႔ႏိုင္ငံမွာ ျပတ္လပ္ သြားစရာအေၾကာင္းမရွိပါဘူး” ဟု ေျပာသည္။
ျမန္မာႏိုင္ငံ စက္သုံးဆီ တင္သြင္းေရာင္းခ်ျဖန႔္ ျဖဴးေရးအသင္းကလည္း စက္သုံးဆီ အလုံအေလာက္ ရွိေၾကာင္း ထုတ္ျပန္ထားၿပီး ျပည္သူလူထုအေနျဖင့္ စက္သုံးဆီႏွင့္ပတ္သက္၍ စိုးရိမ္ေၾကာင့္ၾကမႈ မရွိၾက ရန္၊ အတတ္ႏိုင္ဆုံး ၿခိဳးၿခံသုံးစြဲျခင္းျဖင့္ အားလုံးလုံ ေလာက္စြာသုံးစြဲႏိုင္ေရးကူညီေပးၾကရန္၊ မိမိသုံးစြဲရန္ လိုအပ္သေလာက္သာ ဝယ္ယူ ၾကရန္ႏွင့္ စက္သုံးဆီမ်ား အလုံအေလာက္ရွိသျဖင့္ စိုးရိမ္စိတ္ေၾကာင့္ မလိုအပ္ဘဲ အခ်ိန္ကုန္ခံ၍တန္းစီ ဝယ္ယူျခင္း မျပဳၾကရန္ ပါ အသိေပးထားသည္။
အစိုးရအေနျဖင့္ စက္သုံးဆီ တင္သြင္းမႈ၊ သိုေလွာင္မႈႏွင့္ ျဖန႔္ျဖဴးမႈ ကြင္းဆက္တစ္ေလွ်ာက္လုံး ကို စနစ္တက် စီမံေနသည္မွာ အထင္အရွားျဖစ္ ေၾကာင္းကား ထုတ္ျပန္ထားခ်က္မ်ားအရ ေတြ႕ေပလိမ့္မည္။ စက္သုံးဆီ ဖူလုံေရး အတြက္ ရက္ေပါင္း (၄၀) ေက်ာ္စာ အရန္ဆီမ်ား သိုေလွာင္ထားျခင္း၊ လမ္းခရီးတြင္ သေဘၤာမ်ားစြာ ေရာက္ရွိလာရန္ စီစဥ္ထားျခင္းႏွင့္ မွ်တေသာျဖန႔္ျဖဴးမႈစနစ္ကို က်င့္သုံး ျခင္းတို႔သည္ အစိုးရ ၏ ျပည္သူသို႔ အသိေပးထားေသာ အစီအမံမ်ား ျဖစ္သည္။ အစိုးရအေနျဖင့္ စက္သုံးဆီ မျပတ္ေတာက္ေရးအတြက္ အျခားလုပ္ဖြယ္ ရွိသည္မ်ားကို ဆက္လက္လုပ္ေဆာင္ေနမည္ဟု နားလည္ရသည္။ တစ္ဖက္တြင္လည္း စက္သုံးဆီ ေရာင္းခ်ျခင္းကို ပိုမို စနစ္ တက် ၾကပ္မတ္လာေၾကာင္း ေတြ႕ရသည္။
ဥပမာအားျဖင့္ မြန္ျပည္နယ္ ေမာ္လၿမိဳင္ၿမိဳ႕တြင္ ဆိုလွ်င္ ကား၊ ဆိုင္ကယ္၊ သုံးဘီး စသည္ျဖင့္ ယာဥ္ မ်ားအတြက္ တစ္ေန႔တာဝယ္ယူႏိုင္မည့္ႏႈန္းထားတို႔ အျပင္ အေလအလြင့္မရွိေစရန္အတြက္ နည္းမ်ိဳးစုံျဖင့္ ေဆာင္႐ြက္ေနေၾကာင္း ေတြ႕ရသည္။

ယုံၾကည္မႈရွိေပးရန္လို
လက္ရွိ စက္သုံးဆီအေရးႏွင့္ပတ္သက္၍ ေက်ာ္လႊားရန္အတြက္ လိုအပ္ျခင္းမွာ ယုံၾကည္မႈျဖစ္သည္။ အေရွ႕ အလယ္ပိုင္း ပဋိပကၡအေျခအေန မည္မွ်ၾကာ မည္ဆိုျခင္းကို မသိရေသးပါ။ ထို႔ျပင္ အျခားႏိုင္ငံ မ်ားကလည္း ယင္းအေျခအေနကို ၾကည့္၍ အရန္ဆီ စုေနၾကေၾကာင္း ေတြ႕ရသည္။ အလြန္အကြၽံ ဝယ္ယူ ျခင္းသည္ အေျဖဟုမည္သူမွ် ယူဆလိမ့္မည္ မထင္ပါ။ ေလာင္စာဆီေဈးကိုလည္း စုေဆာင္းထားသူမ်ားထံက ေဈးႀကီးေပးဝယ္လိုလိမ့္မည္ဟု မသုံးသပ္မိပါ။ တစ္ဖက္တြင္ စက္သုံးဆီကို ေခြၽတာသုံးစြဲျခင္း ျဖင့္လည္း ယခုျပႆနာကိုေက်ာ္လႊားရာတြင္ အေထာက္အကူျပဳႏိုင္ေပလိမ့္မည္။ လိုအပ္သူမ်ားကို မွ်ေဝသည့္အေနျဖင့္ လိုအပ္သေလာက္သာ ဝယ္ယူ ျခင္းသည္ အလႉအတန္း ရက္ေရာေသာ ျမန္မာႏိုင္ငံ သားမ်ားအတြက္ ကုသိုလ္ေကာင္းမႈျပဳျခင္း တစ္မ်ိဳး ျဖစ္ပါသည္။ တစ္ဖက္တြင္ အစိုးရကို ယုံၾကည္မႈ အျပည့္အဝထား တာဝန္ေပးရန္လိုၿပီး အစိုးရကလည္း လိုအပ္သည့္ထုတ္ျပန္ခ်က္မ်ား ကိုထုတ္ျပန္ထားၿပီး ျဖစ္သည္။ စီမံခန႔္ခြဲမႈမ်ားကို ယုံၾကည္စြာျဖင့္ ပူးေပါင္းေဆာင္႐ြက္ျခင္းသည္သာ အက်ပ္အတည္း စိန္ေခၚမႈမ်ားကို ေအာင္ျမင္စြာ ေက်ာ္ျဖတ္ႏိုင္မည့္အေကာင္း ဆုံးနည္းလမ္းျဖစ္ေပလိမ့္မည္။

Related news

© 2021. All rights reserved.