အရှေ့အလယ်ပိုင်းစစ်ပွဲကြောင့် လေပိုင်နက် ပိတ်သိမ်းထားရသည့်အတွက် ပါကစ္စတန်က နေ့စဉ် ဒေါ်လာ ၈၀၀,၀၀၀ ရရှိ၊ မြန်မာ ဘယ်လိုရှိနိုင်လဲ (အတွေးအမြင် ဆောင်းပါး)

 179

HtayOung (NP News)-မတ် ၈
အမေရိကန် အစ္စရေး- အီရန် ပဋိပက္ခ အရှေ့အလယ်ပိုင်းဒေသတွင်း လောလောဆယ် ဖြစ်ပွား နေတဲ့ တင်းမာမှု တွေကြောင့် နိုင်ငံတကာ လေကြောင်း သွားလာမှုမှာ လမ်းကြောင်းပြောင်းလဲ ပျံသန်းဖို့ ဖြစ်လာရပါတယ်။ ဒီအ တွက် ပါကစ္စတန်ရဲ့ လေပိုင်နက်မှာ လေယာဉ်ပျံသန်းမှုအရေအတွက်ဟာ ၁၅% တိုးမြင့်လာကြောင်း တွေ့မြင် ရတယ်လို့ အစ္စလာမ်မာဘတ်အခြေစိုက် SAMAA TV ဒစ်ဂျစ်တယ်မီဒီယာက (6 March 2026) ရေးပါတယ်။

(သင်္ဘော-လေယာဉ်စတဲ့ သယ်ယူပို့ဆောင်ရေး ယာဉ်များဟာ မော်တော်ကား- မီးရထားလို လမ်းရှိမှ သွားလာ နိုင်တာမျိုး မဟုတ်ပါဘူး၊ ဒါပေမဲ့ ရာသီဥတုနဲ့ ဘေးကင်းလုံခြုံရေးအတွက် သင့်လျော်ကြောင်း အကြံပြုလမ်း ကြောင်းများ ရှိတတ်ပါတယ်။ အဲ့ဒီလမ်းကြောင်းများကို အသုံးမပြုပဲ သွားလာနိုင်ပေမယ့် မတော်တဆမှု တစ် စုံတစ်ရာဖြစ်ပွားတဲ့အခါ လျော်ကြေးရဖို့ အခက်အခဲဖြစ်ရပါလိမ့်မယ်။ ဘန်ကောက်-စင်္ကာပူ-ကွာလာလမ်ပူစတဲ့ အရှေ့တောင်အာရှမြို့ကြီးများမှ အနောက်ဖက် လေလမ်းကြောင်းအတိုင်း ဥရောပကို သွားရောက်လိုတဲ့ ခရီး သည်တင်လေယာဉ်တွေဟာ အိန္ဒိယသမုဒ္ဒရာကိုဖြတ်သန်းပြီး အာရှတိုက် တောင်ဖက်အစွန်းနဲ့ အရှေ့အ လယ် ပိုင်းဒေသပေါ်ကို မလွဲမသွေ ပျံသန်းရတယ်။

မြန်မာနိုင်ငံဝေဟင်အလွန်မှာ ဘင်္ဂလားပင်လယ်အော်မှတဆင့် အိန္ဒိယနိုင်ငံ အရှေ့ပိုင်း သို့မဟုတ် အလယ် ပိုင်းကို ဖြတ်သန်းသွားရပါတယ်။ တိုက်ရိုက်ပျံသန်းတဲ့ လေကြောင်းလိုင်းများရှိပေမယ့် ကုန်ကျစရိတ်သက်သာတဲ့ လေ ကြောင်းလိုင်းတွေကတော့ ယူအေအီးနိုင်ငံ ဒူဘိုင်း-အဘူဒါဘီ၊ ကာတာနိုင်ငံ ဒိုဟာမြို့တွေမှာ တစ် ထောက်နားပြီး ဆီဖြည့်/လေယာဉ်အမှုထမ်း လဲလှယ်လေ့ရှိ‌ကြောင်း လေကြောင်းခရီးနဲ့ ဥရောပကို သွား ရောက်ဖူးသူတိုင်း သိရှိကြပါလိမ့်မယ်။ ဘာသာပြန်သူ )

လောလောဆယ် အရှေအလယ်ပိုင်း ပဋိပက္ခများကြောင့် တစ်ရက်လျှင် လေယာဉ်စီးရေ ၇၀၀ ကျော်ဟာ ပါကစ္စ တန်လေပိုင်နက်ကို ဖြတ်သန်းပျံသန်းနေရပြီး ဒါဟာ ပုံမှန်အခြေအနေကထက် ၁၅% တိုးလာတာ ဖြစ်ပါတယ်။ ပါကစ္စတန်လေဆိပ်အာဏာပိုင်အဖွဲ့ (PAA) ရဲ့ ဝင်ငွေမှာလည်း ပုံမှန်ထက် ဒေါ်လာ ၁၅၀,၀၀၀ ခန့် တိုးလာပြီး အမေရိကန်ဒေါ်လာ ၈၀၀,၀၀၀ ဝန်းကျင်ဖြစ်လာပါတယ်။ (တရားဝင်ငွေလဲနှုန်း ၁-ဒေါ်လာ ၃၇၀၀ ကျပ်ဖြစ်လျင် နေ့စဉ် မြန်မာငွေ ၂၉၆၀ ကုဋေ ရရှိနေခြင်းဖြစ်ပါတယ်။)

ဒီဝင်ငွေဟာ ပါကစ္စတန်လေပိုင်နက်ကို အသုံးပြုတဲ့အတွက် နိုင်ငံတကာလေကြောင်းလိုင်းတွေက ပေးဆောင်ရ တဲ့ လေကြောင်း လမ်းပြကြေး (navigation charges) နဲ့ လေပိုင်နက်ဖြတ်သန်းခ (overflight charges) တွေ ကနေ ရရှိလာတာဖြစ်ပါတယ်။

သာမန်အခြေအနေမှာ ပါကစ္စတန်လေပိုင်နက်ကို တစ်ရက်လျင် လေယာဉ်စီးရေ ၅၅၀ ကနေ ၆၀၀ ကြားသာ ဖြတ်သန်းလေ့ရှိပါတယ်။ လက်ရှိအခြေအနေကြောင့် ပုံမှန်ထက် လေယာဉ်အစီးရေ ၁၀၀ ကျော် ပိုများလာ တယ်လို့ ဆိုရမှာ ဖြစ်တယ်။

နိုင်ငံတကာ လေယာဉ်တွေ ပိုမိုဖြတ်သန်းခွင့်ရနေပေမယ့် ပါကစ္စတန်က သူ့ရဲ့လေပိုင်နက်ကို အိန္ဒိယလေ ကြောင်းလိုင်းတွေကိုတော့ ပြန်လည်ဖွင့်မပေးထားဘူးလို့ ဆိုပါတယ်။ ၂၀၂၅ ခုနှစ် ဧပြီလ ၂၂ ရက်နေ့ အိန္ဒိယ ပိုင် ဂျမူး နဲ့ ကက်ရှမီးယားဒေသ ပါဟယ်ဂမ်မြို့အနီးမှာ အကြမ်းဖက်တိုက်ခိုက်မှုတစ်ခု ဖြစ်ပွားခဲ့ပြီး ခရီးသွား ၂၆ ဦး သေဆုံးခဲ့ရပါတယ်။ ဒီတိုက်ခိုက်မှုအတွက် အိန္ဒိယက ပါကစ္စတန်ကို အပြစ်တင်ခဲ့ပြီး နယ်စပ်ဖြတ်ကျော် အကြမ်းဖက်မှုကို ထောက်ပံ့တယ်လို့ စွပ်စွဲခဲ့ပါတယ်။ ပါကစ္စတန်နဲ့ အိန္ဒုမြစ်ရေခွဲဝေမှုဆိုင်ရာ စာချုပ်ကို ရုပ်သိမ်း လိုက်ပြီး ပါကစ္စတန် သံတမန်တွေကို နှင်ထုတ်ခဲ့ပါတယ် ။

ပါကစ္စတန်က အိန္ဒိယရဲ့ စွပ်စွဲချက်တွေကို ပြင်းထန်စွာ ငြင်းဆိုခဲ့ပြီး နှစ်နိုင်ငံဆက်ဆံရေးကို ဖြတ်တောက်ရန် ဆုံးဖြတ်ခဲ့ပါတယ်၊ ၂၀၂၅ ခုနှစ်၊ ဧပြီလ ၂၃ ရက်နေ့ကတည်းက အိန္ဒိယလေကြောင်းလိုင်းတွေအတွက် သူ့ရဲ့ လေပိုင်နက်ကို ပိတ်ပင်ထားတာဖြစ်ပြီး ယခုချိန်ထိ ဆက်လက်ပိတ်ပင်ထားဆဲဖြစ်ပါတယ်။

ပါကစ္စတန်က လေပိုင်နက်အတွက် အဲ့ဒီလောက် ဝင်ငွေရရှိလျင် ပထဝီနိုင်ငံရေး မဟာဗျူဟာမြောက် မြန်မာက ပိုမို ရရှိလိမ့်မယ်လို့ ထင်မှတ်စရာရှိပေမယ့် လက်တွေ့မှာ အဲ့ဒီလို မဟုတ်ကြောင်း လက်လှမ်း မီသမျှ ရှာဖွေ တွေ့ရှိပါတယ်။ ပါကစ္စတန်ဝေဟင်ဟာ အာရှ-ဥရောပအတွက် မဖြစ်မနေဖြတ်သန်းဖို့လိုအပ်ပြီး ယခုအခါ အရေ အတွက် ပိုမိုလာပါတယ်။ အိန္ဒိယအတွက် ဖြတ်သန်းခွင့် ပိတ်ပင်ထားရလို့ သိသိသာသာ မထိခိုက်ပါဘူး၊

မြန်မာကတော ဒေသတွင်း အရှေ့အနောက်လေကြောင်းလိုင်းများအတွက် ပိုမိုအရေးကြီးပါတယ်။ လက်ရှိပြည် တွင်း လက်နက်ကိုင်ပဋိပက္ခတွေဟာ မြန်မာ့လေပိုင်နက်ကို အသုံးပြုရန် အတားအဆီးဖြစ်နေကြောင်း၊ လက်ရှိ အရှေအလယ်ပိုင်း စစ်ပွဲကြောင့် မြန်မာပြည်တွင်းအခြေစိုက် လေကြောင်းလိုင်းပင်လျင် ဒူဘိုင်းခရီးစဉ်ကို ရပ် ဆိုင်းလိုက်ရတဲ့အတွက် ဝင်ငွေ အနှုတ်လက္ခဏာပြသဖွယ်ရှိတယ်လို့ ဆိုပါတယ်။

Zawgyi Version:
အေရွ႕အလယ္ပိုင္းစစ္ပြဲေၾကာင့္ ေလပိုင္နက္ ပိတ္သိမ္းထားရသည့္အတြက္ ပါကစၥတန္က ေန႔စဥ္ ေဒၚလာ ၈၀၀,၀၀၀ ရရွိ၊ ျမန္မာ ဘယ္လိုရွိႏိုင္လဲ
(အေတြးအျမင္ ေဆာင္းပါး)
HtayOung (NP News)-မတ္ ၈
အေမရိကန္ အစၥေရး- အီရန္ ပဋိပကၡ အေရွ႕အလယ္ပိုင္းေဒသတြင္း ေလာေလာဆယ္ ျဖစ္ပြား ေနတဲ့ တင္းမာမႈ ေတြေၾကာင့္ ႏိုင္ငံတကာ ေလေၾကာင္း သြားလာမႈမွာ လမ္းေၾကာင္းေျပာင္းလဲ ပ်ံသန္းဖို႔ ျဖစ္လာရပါတယ္။ ဒီအ တြက္ ပါကစၥတန္ရဲ႕ ေလပိုင္နက္မွာ ေလယာဥ္ပ်ံသန္းမႈအေရအတြက္ဟာ ၁၅% တိုးျမင့္လာေၾကာင္း ေတြ႕ျမင္ ရတယ္လို႔ အစၥလာမ္မာဘတ္အေျခစိုက္ SAMAA TV ဒစ္ဂ်စ္တယ္မီဒီယာက (6 March 2026) ေရးပါတယ္။

(သေဘၤာ-ေလယာဥ္စတဲ့ သယ္ယူပို႔ေဆာင္ေရး ယာဥ္မ်ားဟာ ေမာ္ေတာ္ကား- မီးရထားလို လမ္းရွိမွ သြားလာ ႏိုင္တာမ်ိဳး မဟုတ္ပါဘူး၊ ဒါေပမဲ့ ရာသီဥတုနဲ႔ ေဘးကင္းလုံၿခဳံေရးအတြက္ သင့္ေလ်ာ္ေၾကာင္း အႀကံျပဳလမ္း ေၾကာင္းမ်ား ရွိတတ္ပါတယ္။ အဲ့ဒီလမ္းေၾကာင္းမ်ားကို အသုံးမျပဳပဲ သြားလာႏိုင္ေပမယ့္ မေတာ္တဆမႈ တစ္ စုံတစ္ရာျဖစ္ပြားတဲ့အခါ ေလ်ာ္ေၾကးရဖို႔ အခက္အခဲျဖစ္ရပါလိမ့္မယ္။ ဘန္ေကာက္-စကၤာပူ-ကြာလာလမ္ပူစတဲ့ အေရွ႕ေတာင္အာရွၿမိဳ႕ႀကီးမ်ားမွ အေနာက္ဖက္ ေလလမ္းေၾကာင္းအတိုင္း ဥေရာပကို သြားေရာက္လိုတဲ့ ခရီး သည္တင္ေလယာဥ္ေတြဟာ အိႏၵိယသမုဒၵရာကိုျဖတ္သန္းၿပီး အာရွတိုက္ ေတာင္ဖက္အစြန္းနဲ႔ အေရွ႕အ လယ္ ပိုင္းေဒသေပၚကို မလြဲမေသြ ပ်ံသန္းရတယ္။

ျမန္မာႏိုင္ငံေဝဟင္အလြန္မွာ ဘဂၤလားပင္လယ္ေအာ္မွတဆင့္ အိႏၵိယႏိုင္ငံ အေရွ႕ပိုင္း သို႔မဟုတ္ အလယ္ ပိုင္းကို ျဖတ္သန္းသြားရပါတယ္။ တိုက္႐ိုက္ပ်ံသန္းတဲ့ ေလေၾကာင္းလိုင္းမ်ားရွိေပမယ့္ ကုန္က်စရိတ္သက္သာတဲ့ ေလ ေၾကာင္းလိုင္းေတြကေတာ့ ယူေအအီးႏိုင္ငံ ဒူဘိုင္း-အဘူဒါဘီ၊ ကာတာႏိုင္ငံ ဒိုဟာၿမိဳ႕ေတြမွာ တစ္ ေထာက္နားၿပီး ဆီျဖည့္/ေလယာဥ္အမႈထမ္း လဲလွယ္ေလ့ရွိ‌ေၾကာင္း ေလေၾကာင္းခရီးနဲ႔ ဥေရာပကို သြား ေရာက္ဖူးသူတိုင္း သိရွိၾကပါလိမ့္မယ္။ ဘာသာျပန္သူ )

ေလာေလာဆယ္ အေရွအလယ္ပိုင္း ပဋိပကၡမ်ားေၾကာင့္ တစ္ရက္လွ်င္ ေလယာဥ္စီးေရ ၇၀၀ ေက်ာ္ဟာ ပါကစၥ တန္ေလပိုင္နက္ကို ျဖတ္သန္းပ်ံသန္းေနရၿပီး ဒါဟာ ပုံမွန္အေျခအေနကထက္ ၁၅% တိုးလာတာ ျဖစ္ပါတယ္။ ပါကစၥတန္ေလဆိပ္အာဏာပိုင္အဖြဲ႕ (PAA) ရဲ႕ ဝင္ေငြမွာလည္း ပုံမွန္ထက္ ေဒၚလာ ၁၅၀,၀၀၀ ခန႔္ တိုးလာၿပီး အေမရိကန္ေဒၚလာ ၈၀၀,၀၀၀ ဝန္းက်င္ျဖစ္လာပါတယ္။ (တရားဝင္ေငြလဲႏႈန္း ၁-ေဒၚလာ ၃၇၀၀ က်ပ္ျဖစ္လ်င္ ေန႔စဥ္ ျမန္မာေငြ ၂၉၆၀ ကုေဋ ရရွိေနျခင္းျဖစ္ပါတယ္။)

ဒီဝင္ေငြဟာ ပါကစၥတန္ေလပိုင္နက္ကို အသုံးျပဳတဲ့အတြက္ ႏိုင္ငံတကာေလေၾကာင္းလိုင္းေတြက ေပးေဆာင္ရ တဲ့ ေလေၾကာင္း လမ္းျပေၾကး (navigation charges) နဲ႔ ေလပိုင္နက္ျဖတ္သန္းခ (overflight charges) ေတြ ကေန ရရွိလာတာျဖစ္ပါတယ္။

သာမန္အေျခအေနမွာ ပါကစၥတန္ေလပိုင္နက္ကို တစ္ရက္လ်င္ ေလယာဥ္စီးေရ ၅၅၀ ကေန ၆၀၀ ၾကားသာ ျဖတ္သန္းေလ့ရွိပါတယ္။ လက္ရွိအေျခအေနေၾကာင့္ ပုံမွန္ထက္ ေလယာဥ္အစီးေရ ၁၀၀ ေက်ာ္ ပိုမ်ားလာ တယ္လို႔ ဆိုရမွာ ျဖစ္တယ္။

ႏိုင္ငံတကာ ေလယာဥ္ေတြ ပိုမိုျဖတ္သန္းခြင့္ရေနေပမယ့္ ပါကစၥတန္က သူ႔ရဲ႕ေလပိုင္နက္ကို အိႏၵိယေလ ေၾကာင္းလိုင္းေတြကိုေတာ့ ျပန္လည္ဖြင့္မေပးထားဘူးလို႔ ဆိုပါတယ္။ ၂၀၂၅ ခုႏွစ္ ဧၿပီလ ၂၂ ရက္ေန႔ အိႏၵိယ ပိုင္ ဂ်မူး နဲ႔ ကက္ရွမီးယားေဒသ ပါဟယ္ဂမ္ၿမိဳ႕အနီးမွာ အၾကမ္းဖက္တိုက္ခိုက္မႈတစ္ခု ျဖစ္ပြားခဲ့ၿပီး ခရီးသြား ၂၆ ဦး ေသဆုံးခဲ့ရပါတယ္။ ဒီတိုက္ခိုက္မႈအတြက္ အိႏၵိယက ပါကစၥတန္ကို အျပစ္တင္ခဲ့ၿပီး နယ္စပ္ျဖတ္ေက်ာ္ အၾကမ္းဖက္မႈကို ေထာက္ပံ့တယ္လို႔ စြပ္စြဲခဲ့ပါတယ္။ ပါကစၥတန္နဲ႔ အိႏၵဳျမစ္ေရခြဲေဝမႈဆိုင္ရာ စာခ်ဳပ္ကို ႐ုပ္သိမ္း လိုက္ၿပီး ပါကစၥတန္ သံတမန္ေတြကို ႏွင္ထုတ္ခဲ့ပါတယ္ ။

ပါကစၥတန္က အိႏၵိယရဲ႕ စြပ္စြဲခ်က္ေတြကို ျပင္းထန္စြာ ျငင္းဆိုခဲ့ၿပီး ႏွစ္ႏိုင္ငံဆက္ဆံေရးကို ျဖတ္ေတာက္ရန္ ဆုံးျဖတ္ခဲ့ပါတယ္၊ ၂၀၂၅ ခုႏွစ္၊ ဧၿပီလ ၂၃ ရက္ေန႔ကတည္းက အိႏၵိယေလေၾကာင္းလိုင္းေတြအတြက္ သူ႔ရဲ႕ ေလပိုင္နက္ကို ပိတ္ပင္ထားတာျဖစ္ၿပီး ယခုခ်ိန္ထိ ဆက္လက္ပိတ္ပင္ထားဆဲျဖစ္ပါတယ္။

ပါကစၥတန္က ေလပိုင္နက္အတြက္ အဲ့ဒီေလာက္ ဝင္ေငြရရွိလ်င္ ပထဝီႏိုင္ငံေရး မဟာဗ်ဴဟာေျမာက္ ျမန္မာက ပိုမို ရရွိလိမ့္မယ္လို႔ ထင္မွတ္စရာရွိေပမယ့္ လက္ေတြ႕မွာ အဲ့ဒီလို မဟုတ္ေၾကာင္း လက္လွမ္း မီသမွ် ရွာေဖြ ေတြ႕ရွိပါတယ္။ ပါကစၥတန္ေဝဟင္ဟာ အာရွ-ဥေရာပအတြက္ မျဖစ္မေနျဖတ္သန္းဖို႔လိုအပ္ၿပီး ယခုအခါ အေရ အတြက္ ပိုမိုလာပါတယ္။ အိႏၵိယအတြက္ ျဖတ္သန္းခြင့္ ပိတ္ပင္ထားရလို႔ သိသိသာသာ မထိခိုက္ပါဘူး၊

ျမန္မာကေတာ ေဒသတြင္း အေရွ႕အေနာက္ေလေၾကာင္းလိုင္းမ်ားအတြက္ ပိုမိုအေရးႀကီးပါတယ္။ လက္ရွိျပည္ တြင္း လက္နက္ကိုင္ပဋိပကၡေတြဟာ ျမန္မာ့ေလပိုင္နက္ကို အသုံးျပဳရန္ အတားအဆီးျဖစ္ေနေၾကာင္း၊ လက္ရွိ အေရွအလယ္ပိုင္း စစ္ပြဲေၾကာင့္ ျမန္မာျပည္တြင္းအေျခစိုက္ ေလေၾကာင္းလိုင္းပင္လ်င္ ဒူဘိုင္းခရီးစဥ္ကို ရပ္ ဆိုင္းလိုက္ရတဲ့အတြက္ ဝင္ေငြ အႏႈတ္လကၡဏာျပသဖြယ္ရွိတယ္လို႔ ဆိုပါတယ္။

Related news

© 2021. All rights reserved.