ကမ္ဘာ့အသေးဆုံးဂိမ်းစက်ကို အိန္ဒိယအမျိုးသားတစ်ဦး တီထွင်

91

Pika (NP News) - မတ် ၈
အိန္ဒိယနိုင်ငံမှ အသက်(၂၄)နှစ်အရွယ် အီလက်ထရွန်နစ်ဝါသနာရှင်တစ်ဦးသည် Space Invaders ဂိမ်းကို ကစားနိုင်သည့် အမြင့် (ဝ ဒသမ ၉၈)လက်မသာရှိသော ကမ္ဘာ့အသေးဆုံး ဂိမ်းစက်ကို တည်ဆောက်ခဲ့ကြောင်းသိရသည်။ ကီရန်ပီ တေးဆိုသည့်အမျိုးသားက ၎င်းသည် ကလေးဘဝ ကတည်းက အီလက်ထရွန်းနစ်ပစ္စည်းများကို စိတ်ဝင်စားခဲ့ပြီး ယင်းစိတ်ပါဝင်စားမှုက မိုက်ခရိုအီလက်ထရွန်းနစ်ပရောဂျက်များစွာကို စမ်းသပ်ရန် ဦးတည်စေခဲ့ကြောင်း ပြောကြားခဲ့ သည်။ ကီရန်ပီတေးက ‘မိုက်ခရိုကွန်ထရိုလာတွေနဲ့ မျက်နှာပြင်တွေပါဝင်တဲ့ အီလက်ထရွန်နစ်ပရောဂျက်များစွာကို တည်ဆောက် ခဲ့ဖူးသော်လည်း ဒါက ကျွန်တော်ပထမဆုံး တည် ဆောက်ဖူးတဲ့ ကမ္ဘာ့အသေးဆုံးဂိမ်းစက်ပဲဖြစ်ပါတယ်’ ဟုပြောဆိုခဲ့သည်။ ကီရန်ပီတေး၏ ဂိမ်းစက်သည် အမြင့်(ဝ ဒသမ ၉၈)လက်မ၊ အရှည် (ဝ ဒသမ ၆)လက်မနှင့် အကျယ် (သုည ဒသမ ၅၉)လက်မသာရှိပြီး ခလုတ်လေးခုပါရှိကာ ဂန္တဝင်ဂိမ်း တစ်ခုဖြစ်သည့် Space Invaders ဂိမ်းဗားရှင်းကို ဆော့ကစား နိုင်ကြောင်းသိရသည်။ အဆိုပါ အကြံဉာဏ်ကို ကိုဗစ်(၁၉)ကပ်ရောဂါကာလအတွင်း ရရှိခဲ့ သော်လည်း အကြောင်းအမျိုးမျိုးကြောင့် ရပ်ဆိုင်း ထားခဲ့ရကြောင်းနှင့် (၂၀၂၅)ခုနှစ် နွေရာသီမှသာ အကောင်းဆုံးပုံဖော်နိုင်ခဲ့ကြောင်း ကီရန်ပီတေးက ပြောကြားခဲ့သည်။ ထို့နောက် ဂင်းနစ်စံချိန်မှတ်တမ်း အဖွဲ့က တရားဝင်စစ်ဆေးမှုများလုပ်ဆောင်ခဲ့ပြီး ကီရန်ပီတေးတည်ဆောက်ခဲ့သော ဂိမ်းစက်မှာ ကမ္ဘာ့အသေးဆုံးဂိမ်းစက်တစ်ခုဖြစ်ကြောင်း တရားဝင် အတည်ပြုပေးခဲ့သည်။

Zawgyi Version;
ကမာၻ႔အေသးဆုံးဂိမ္းစက္ကို အိႏၵိယအမ်ိဳးသားတစ္ဦး တီထြင္
Pika (NP News) - မတ္ ၈
အိႏၵိယႏိုင္ငံမွ အသက္(၂၄)ႏွစ္အ႐ြယ္ အီလက္ထ႐ြန္နစ္ဝါသနာရွင္တစ္ဦးသည္ Space Invaders ဂိမ္းကို ကစားႏိုင္သည့္ အျမင့္ (ဝ ဒသမ ၉၈)လက္မသာရွိေသာ ကမာၻ႔အေသးဆုံး ဂိမ္းစက္ကို တည္ေဆာက္ခဲ့ေၾကာင္းသိရသည္။ ကီရန္ပီ ေတးဆိုသည့္အမ်ိဳးသားက ၎သည္ ကေလးဘဝ ကတည္းက အီလက္ထ႐ြန္းနစ္ပစၥည္းမ်ားကို စိတ္ဝင္စားခဲ့ၿပီး ယင္းစိတ္ပါဝင္စားမႈက မိုက္ခ႐ိုအီလက္ထ႐ြန္းနစ္ပေရာဂ်က္မ်ားစြာကို စမ္းသပ္ရန္ ဦးတည္ေစခဲ့ေၾကာင္း ေျပာၾကားခဲ့ သည္။ ကီရန္ပီေတးက ‘မိုက္ခ႐ိုကြန္ထ႐ိုလာေတြနဲ႔ မ်က္ႏွာျပင္ေတြပါဝင္တဲ့ အီလက္ထ႐ြန္နစ္ပေရာဂ်က္မ်ားစြာကို တည္ေဆာက္ ခဲ့ဖူးေသာ္လည္း ဒါက ကြၽန္ေတာ္ပထမဆုံး တည္ ေဆာက္ဖူးတဲ့ ကမာၻ႔အေသးဆုံးဂိမ္းစက္ပဲျဖစ္ပါတယ္’ ဟုေျပာဆိုခဲ့သည္။ ကီရန္ပီေတး၏ ဂိမ္းစက္သည္ အျမင့္(ဝ ဒသမ ၉၈)လက္မ၊ အရွည္ (ဝ ဒသမ ၆)လက္မႏွင့္ အက်ယ္ (သုည ဒသမ ၅၉)လက္မသာရွိၿပီး ခလုတ္ေလးခုပါရွိကာ ဂႏၲဝင္ဂိမ္း တစ္ခုျဖစ္သည့္ Space Invaders ဂိမ္းဗားရွင္းကို ေဆာ့ကစား ႏိုင္ေၾကာင္းသိရသည္။ အဆိုပါ အႀကံဉာဏ္ကို ကိုဗစ္(၁၉)ကပ္ေရာဂါကာလအတြင္း ရရွိခဲ့ ေသာ္လည္း အေၾကာင္းအမ်ိဳးမ်ိဳးေၾကာင့္ ရပ္ဆိုင္း ထားခဲ့ရေၾကာင္းႏွင့္ (၂၀၂၅)ခုႏွစ္ ေႏြရာသီမွသာ အေကာင္းဆုံးပုံေဖာ္ႏိုင္ခဲ့ေၾကာင္း ကီရန္ပီေတးက ေျပာၾကားခဲ့သည္။ ထို႔ေနာက္ ဂင္းနစ္စံခ်ိန္မွတ္တမ္း အဖြဲ႕က တရားဝင္စစ္ေဆးမႈမ်ားလုပ္ေဆာင္ခဲ့ၿပီး ကီရန္ပီေတးတည္ေဆာက္ခဲ့ေသာ ဂိမ္းစက္မွာ ကမာၻ႔အေသးဆုံးဂိမ္းစက္တစ္ခုျဖစ္ေၾကာင္း တရားဝင္ အတည္ျပဳေပးခဲ့သည္။