ရန်ကုန်တွင် ရဲအယောင်ဆောင်ကာ ရွှေဆိုင်အတွင်းဝင်ရောက်လူယက်ရန်ကြံစည်မှုဖြစ်ပွား

 257

သန့်ဇင်(NP News)-မတ် ၈
ရန်ကုန်တိုင်းဒေသကြီး၊ တာမွေမြို့နယ်တွင် ရဲအယောင်ဆောင်ကာ ရွှေဆိုင်အတွင်းဝင်ရောက်လူယက်ရန်ကြံစည်မှုဖြစ်ပွားခဲ့ကြောင်း ဖြစ်စဉ်အားသိရှိသူတစ်ဦးက NP News ကိုပြောသည်။
ဖြစ်စဉ်မှာ ယနေ့(မတ်လ ၈ ရက်) နံနက် ၉ နာရီခွဲဝန်းကျင်အချိန်ခန့်က တာမွေမြို့နယ်၊ ဗညားဒလလမ်း၊ အောင်မင်္ဂလာလမ်းထိပ်၊ ယုဇန အိမ်ရာ၊ တိုက်အမှတ် (၀၀၈) A1၌ ဖွင့်လစ်ထားသည့် ချိန်ကင်းရာတနာရွှေဆိုင်တွင်ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
“ဖြစ်စဉ်ကတော့ မနက် (၉) နာရီခွဲလောက်မှာ အသက် (၂၀) အရွယ် အပေါ်က အင်္ကျီအမဲဝတ်ထားတယ်။ သူ့ကိုယ်သူ ရဲအုပ်အောင်ဗိုဗိုဆို ပြီး ရွှေအတုရောင်းတာနဲ့ပတ်သက်ပြီးဖမ်းစရာရှိလို့ဆိုပြီး ဆိုင်ကဝန်ထမ်းအမျိုးသမီးကို လက်ထိပ်ခတ်ဖမ်းဆီးတာပေါ့။ အဲဒီမှာရေချိုးခန်း ထဲမှာ ချုပ်ဖို့လုပ်တဲ့အချိန်မှာ ကောင်မလေးက လန့်ပြီးထွက်ပြေးတာပေါ့။ အဲဒီမှာ အော်ဟစ်အကူညီတောင်းတာပေါ့။ အဲဒီမှာ ဘေးနားက လူတွေ ဝိုင်းတဲ့အချိန်မှာပဲ ထွက်ပြေးသွားတယ်”ဟု သိရှိသူတစ်ဦးက ပြောသည်။
အဆိုပါ အယောင်ဆောင်လုယက်မှုကျူးလွန်သူမှာ ထွက်ပြေးသွားရာမှ ဖုန်းတစ်လုံးနှင့် လက်ထိပ်(၂) ခုကျန်ရှိခဲ့ပြီး လက်ရှိတွင် သက်ဆိုင်ရာနယ်မြေရဲစခန်းသို့အပ်နှံ့ကာ ရဲအယောင်ဆောင်မှုဖြင့် အမှုဖွင့်ထားရှိကြောင်း သိရသည်။
“ဖုန်းတစ်လုံးကျန်ခဲ့တယ်။ လက်ထိပ် (၂) ခုကျန်ခဲ့တယ်။ ရဲစခန်းကိုအကြောင်းကြားထားတယ်။ စခန်းကတော့ ရဲအယောင်ဆောင်မှုနဲ့ အမှုဖွင့်လို့ရတယ်ဆိုလို့ ရဲအယောင်ဆောင်မှုနဲ့တိုင်ကြားထားတယ်လို့ သိရတယ်။ လာလုတာပါ။ ရဲအယောင်ဆောင်ပြီးလာလုတာ။ ကောင်မလေးကိုလည်း လက်ထိပ်(၂) ခုခတ်တာပါ”ဟု ၎င်းကပြောသည်။

Zawgyi Version:
ရန္ကုန္တြင္ ရဲအေယာင္ေဆာင္ကာ ေ႐ႊဆိုင္အတြင္းဝင္ေရာက္လူယက္ရန္ႀကံစည္မႈျဖစ္ပြား
သန႔္ဇင္(NP News)-မတ္ ၈
ရန္ကုန္တိုင္းေဒသႀကီး၊ တာေမြၿမိဳ႕နယ္တြင္ ရဲအေယာင္ေဆာင္ကာ ေ႐ႊဆိုင္အတြင္းဝင္ေရာက္လူယက္ရန္ႀကံစည္မႈျဖစ္ပြားခဲ့ေၾကာင္း ျဖစ္စဥ္အားသိရွိသူတစ္ဦးက NP News ကိုေျပာသည္။
ျဖစ္စဥ္မွာ ယေန႔(မတ္လ ၈ ရက္) နံနက္ ၉ နာရီခြဲဝန္းက်င္အခ်ိန္ခန႔္က တာေမြၿမိဳ႕နယ္၊ ဗညားဒလလမ္း၊ ေအာင္မဂၤလာလမ္းထိပ္၊ ယုဇန အိမ္ရာ၊ တိုက္အမွတ္ (၀၀၈) A1၌ ဖြင့္လစ္ထားသည့္ ခ်ိန္ကင္းရာတနာေ႐ႊဆိုင္တြင္ျဖစ္ပြားခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။
“ျဖစ္စဥ္ကေတာ့ မနက္ (၉) နာရီခြဲေလာက္မွာ အသက္ (၂၀) အ႐ြယ္ အေပၚက အက်ႌအမဲဝတ္ထားတယ္။ သူ႔ကိုယ္သူ ရဲအုပ္ေအာင္ဗိုဗိုဆို ၿပီး ေ႐ႊအတုေရာင္းတာနဲ႔ပတ္သက္ၿပီးဖမ္းစရာရွိလို႔ဆိုၿပီး ဆိုင္ကဝန္ထမ္းအမ်ိဳးသမီးကို လက္ထိပ္ခတ္ဖမ္းဆီးတာေပါ့။ အဲဒီမွာေရခ်ိဳးခန္း ထဲမွာ ခ်ဳပ္ဖို႔လုပ္တဲ့အခ်ိန္မွာ ေကာင္မေလးက လန႔္ၿပီးထြက္ေျပးတာေပါ့။ အဲဒီမွာ ေအာ္ဟစ္အကူညီေတာင္းတာေပါ့။ အဲဒီမွာ ေဘးနားက လူေတြ ဝိုင္းတဲ့အခ်ိန္မွာပဲ ထြက္ေျပးသြားတယ္”ဟု သိရွိသူတစ္ဦးက ေျပာသည္။
အဆိုပါ အေယာင္ေဆာင္လုယက္မႈက်ဴးလြန္သူမွာ ထြက္ေျပးသြားရာမွ ဖုန္းတစ္လုံးႏွင့္ လက္ထိပ္(၂) ခုက်န္ရွိခဲ့ၿပီး လက္ရွိတြင္ သက္ဆိုင္ရာနယ္ေျမရဲစခန္းသို႔အပ္ႏွံ႔ကာ ရဲအေယာင္ေဆာင္မႈျဖင့္ အမႈဖြင့္ထားရွိေၾကာင္း သိရသည္။
“ဖုန္းတစ္လုံးက်န္ခဲ့တယ္။ လက္ထိပ္ (၂) ခုက်န္ခဲ့တယ္။ ရဲစခန္းကိုအေၾကာင္းၾကားထားတယ္။ စခန္းကေတာ့ ရဲအေယာင္ေဆာင္မႈနဲ႔ အမႈဖြင့္လို႔ရတယ္ဆိုလို႔ ရဲအေယာင္ေဆာင္မႈနဲ႔တိုင္ၾကားထားတယ္လို႔ သိရတယ္။ လာလုတာပါ။ ရဲအေယာင္ေဆာင္ၿပီးလာလုတာ။ ေကာင္မေလးကိုလည္း လက္ထိပ္(၂) ခုခတ္တာပါ”ဟု ၎ကေျပာသည္။

Related news

© 2021. All rights reserved.