မန္တလေး၌ မြို့ပြဖွံ့ဖြိုးရေးစီမံကိန်းကြောင့် မြစ်ငယ်မြေဈေး တဟုန်ထိုးမြင့်တက်လာ

 222

ကိုဖြိုး(NP News) မတ်-၁
မြစ်ငယ်-ထုံးဘို မြို့ပြဖွံ့ဖြိုးရေးစီမံကိန်းကြောင့် အနီး၀န်းကျင်ကျေးရွာများရှိ မြေဈေးများ တဟုန်ထိုးမြင့်တက်သွားကြောင်း ဒေသခံများထံမှ သိရသည်။
ယခင်က ကျပ်သိန်း(၂၀၀)ခန့်ပင်မရှိသည့် ပေ(၄၀)ပတ်လည်ခန့် အိမ်ဝိုင်းတစ်ခုသည် လက်ရှိတွင် ကျပ်သိန်း (၄၅၀)၀န်းကျင် အထိ ဈေးမြင့်တက်လာကြောင်း ၎င်းတို့ကဆိုသည်။
“စီမံကိန်းနဲ့အတော်လေးဝေးတဲ့ရွာတွေကအစ ဈေးဆွဲတင်လာကြတယ်၊ အရင်သိန်း(၁၄၀)ဈေးပေါက်ခဲ့တဲ့ဝိုင်း (မြေကွက်)က၊ အခု (၄၅၀-၅၀၀)ကြား အရောင်းအ၀ယ်ဖြစ်တယ်၊ မြို့ပေါ်ဆိုရင်၊ သိန်းထောင်သောင်းဈေး ဖြစ်ကုန်ပြီ၊ အရင်က လူစိတ်ဝင်စားမှုသိပ်မရှိခဲ့တဲ့နေရာတွေဗျ၊ စီမံကိန်းကြောင့်ဈေးထိုးတက်သွားတာ” ဟု ဒေသခံ တစ်ဦးကပြောသည်။
မြေဈေးနှုန်းမြင့်တက်နေသော်လည်း စိတ်ဝင်စားသူများပြားသဖြင့် အရောင်းအ၀ယ်လိုက်နေကြောင်း သိရသည်။
မြစ်ငယ်-ထုံးဘို မြို့ပြဖွံ့ဖြိုးရေးစီမံကိန်းသည် မန္တလေးမြို့၏တောင်ဘက် အမရပူရမြို့နယ်အတွင်းတည်ရှိပြီး စက်မှုလက်မှုနှင့် လူနေအိမ်ရာကဏ္ဍနှစ်ရပ် ဖော်ဆောင်နေသည့်စီမံကိန်းတစ်ခုလည်း ဖြစ်သည်။
ရန်ကုန်-မန္တလေးလမ်းဟောင်းနှင့် အမြန်လမ်းမကြီးတို့၏အကြားတွင်တည်ရှိသောကြောင့် လမ်းပန်းဆက်သွယ်ရေး အချက်အချာကျပြီး ကုန်စည်စီးဆင်းမှုအတွက် အားသာချက်ရှိကြောင်း သိရသည်။

Zawgyi Version:
မႏၲေလး၌ ၿမိဳ႕ျပဖြံ႕ၿဖိဳးေရးစီမံကိန္းေၾကာင့္ ျမစ္ငယ္ေျမေဈး တဟုန္ထိုးျမင့္တက္လာ
ကိုၿဖိဳး(NP News) မတ္-၁
ျမစ္ငယ္-ထုံးဘို ၿမိဳ႕ျပဖြံ႕ၿဖိဳးေရးစီမံကိန္းေၾကာင့္ အနီး၀န္းက်င္ေက်း႐ြာမ်ားရွိ ေျမေဈးမ်ား တဟုန္ထိုးျမင့္တက္သြားေၾကာင္း ေဒသခံမ်ားထံမွ သိရသည္။
ယခင္က က်ပ္သိန္း(၂၀၀)ခန႔္ပင္မရွိသည့္ ေပ(၄၀)ပတ္လည္ခန႔္ အိမ္ဝိုင္းတစ္ခုသည္ လက္ရွိတြင္ က်ပ္သိန္း (၄၅၀)၀န္းက်င္ အထိ ေဈးျမင့္တက္လာေၾကာင္း ၎တို႔ကဆိုသည္။
“စီမံကိန္းနဲ႔အေတာ္ေလးေဝးတဲ့႐ြာေတြကအစ ေဈးဆြဲတင္လာၾကတယ္၊ အရင္သိန္း(၁၄၀)ေဈးေပါက္ခဲ့တဲ့ဝိုင္း (ေျမကြက္)က၊ အခု (၄၅၀-၅၀၀)ၾကား အေရာင္းအ၀ယ္ျဖစ္တယ္၊ ၿမိဳ႕ေပၚဆိုရင္၊ သိန္းေထာင္ေသာင္းေဈး ျဖစ္ကုန္ၿပီ၊ အရင္က လူစိတ္ဝင္စားမႈသိပ္မရွိခဲ့တဲ့ေနရာေတြဗ်၊ စီမံကိန္းေၾကာင့္ေဈးထိုးတက္သြားတာ” ဟု ေဒသခံ တစ္ဦးကေျပာသည္။
ေျမေဈးႏႈန္းျမင့္တက္ေနေသာ္လည္း စိတ္ဝင္စားသူမ်ားျပားသျဖင့္ အေရာင္းအ၀ယ္လိုက္ေနေၾကာင္း သိရသည္။
ျမစ္ငယ္-ထုံးဘို ၿမိဳ႕ျပဖြံ႕ၿဖိဳးေရးစီမံကိန္းသည္ မႏၲေလးၿမိဳ႕၏ေတာင္ဘက္ အမရပူရၿမိဳ႕နယ္အတြင္းတည္ရွိၿပီး စက္မႈလက္မႈႏွင့္ လူေနအိမ္ရာက႑ႏွစ္ရပ္ ေဖာ္ေဆာင္ေနသည့္စီမံကိန္းတစ္ခုလည္း ျဖစ္သည္။
ရန္ကုန္-မႏၲေလးလမ္းေဟာင္းႏွင့္ အျမန္လမ္းမႀကီးတို႔၏အၾကားတြင္တည္ရွိေသာေၾကာင့္ လမ္းပန္းဆက္သြယ္ေရး အခ်က္အခ်ာက်ၿပီး ကုန္စည္စီးဆင္းမႈအတြက္ အားသာခ်က္ရွိေၾကာင္း သိရသည္။

Related news

© 2021. All rights reserved.