အထူးစီးပွားရေးဇုန်များအတွက် ကုန်စည်စီးဆင်မှုမြန်စေမည် ဂျိုင်း(ဇာသပြင်)တံတား နှင့် အတ္ထရံတံတား ဖွင့်

1044

ပီယ (NP News) - မတ် ၈
အထူးစီးပွားရေး ဇုန်များ အတွက် ကုန်စည်စီးဆင်မှု မြန်စေမည် ဂျိုင်း(ဇာသပြင်)တံတား နှင့် အတ္ထရံတံတား ကို ယနေ့ (မတ်လ ၈) ရက်တွင် ဖွင့်လှစ်ခဲ့သည
မြန်မာ - ဂျပန် နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်မှုဖြင့်တည်ဆောက်သော ကရင်ပြည်နယ်၊ ဘားအံမြို့၊ ဂျိုင်း(ဇာသပြင်) တံတားအသစ်နှင့် မွန်ပြည်နယ်၊ မော်လမြိုင်မြို့၊ အတ္တရံတံတားအသစ် ဖွင့်ပွဲအခမ်းအနားများသို့ နိုင်ငံတော်ဝန်ကြီးချုပ် ဦးညိုစော တက်ရောက်ဖွင့်လှစ်ပေးသည်။
ဦးစွာ ကရင်ပြည်နယ်၊ ဘားအံမြို့ရှိ၊ ဂျိုင်း(ဇာသပြင်)တံတားအသစ်ဖွင့်ပွဲအခမ်းအနားပြုလုပ်ပြီးနောက် မွန်ပြည်နယ်၊ မော်လမြိုင်မြို့ရှိ အတ္ထရံတံတားအသစ်ဖွင့်ပွဲအခမမ်းအနားပြုလုပ်ခဲ့ခြင်းဖြစ်သည်။
ဂျိုင်း(ဇာသပြင်)တံတားအသစ်သည် သံမဏိကြိုးဆိုင်းတံတားဖြစ်ပြီး တံတား၏ အရှည်မှာ ၂၆၁၅ ပေ၊ ယာဉ်သွားလမ်း အကျယ်လေးလမ်းသွား၊ ရေလမ်းကင်းလွတ် အကျယ် ၇၅၀ ပေနှင့် အမြင့် ၄၀ ပေ ရှိကာ တံတား၏ခံနိုင်ဝန်မှာ ယာဉ်တစ်စီးချင်း ၇၅ တန်ဖြစ်ကြောင်း၊ အတ္ထရံတံတားသစ်သည်လည်း သံမဏိကြိုးဆိုင်းတံတားဖြစ်ပြီး တံတား၏အရှည်မှာ ၁၅၇၅ ပေ၊ ယာဉ်သွားလမ်းအကျယ် လေးလမ်းသွား၊ ရေလမ်း ကင်းလွတ်အကျယ် ၄၀၀ ပေ၊ အမြင့် ၄၀ ပေရှိကာ တံတား၏ခံနိုင်ဝန်မှာ ယာဉ်တစ်စီးချင်း ၇၅ တန်ဖြစ်ကြောင်း သိရသည်။
အဆိုပါ ခေတ်မီသံမဏိကြိုးဆိုင်းတံတားကြီးများ တည်ဆောက်ပြီးစီးခဲ့ခြင်းကြောင့် နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်မှုနှင့်အတူ ဒေသတွင်းလူမှုစီးပွားဘဝများနှင့် ပြည်တွင်း /ပြည်ပ စီးပွားရေးလုပ်ငန်းများလည်း ဖွံ့ဖြိုးတိုးတက်လာမည်ဖြစ်၍ အလုပ်အကိုင်အခွင့်အလမ်း များလည်း ပိုမိုရရှိလာကြမည်ဖြစ်ကြောင်း၊ ယင်းတံတားများကို အသုံးပြု၍ မွန်ပြည်နယ်၊ မော်လမြိုင်မြို့မှတစ်ဆင့် တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့တွင် တည်ဆောက်မည့် အထူးစီးပွားရေးဇုန်၊ ရေနက်ဆိပ်ကမ်းနှင့် ရန်ကုန်မြို့ရှိ သီလဝါအထူးစီးပွားရေးဇုန်သို့ လည်း ကုန်စည်စီးဆင်းမှုများပိုမိုကောင်းမွန်မြန်ဆန်လာမည်ဖြစ်သကဲ့သို့ အရှေ့ - အနောက် စီးပွားရေးစင်္ကြံလမ်းပေါ်ရှိ ဗီယက်နမ်၊ လာအို၊ ထိုင်းနိုင်ငံများနှင့်ပါ ဆက်သွယ်သွားလာနိုင်မည်ဖြစ်ကြောင်း သိရသည်။

Zawgyi Version;
အထူးစီးပြားေရးဇုန္မ်ားအတြက္ ကုန္စည္စီးဆင္မႈျမန္ေစမည္ ဂ်ိဳင္း(ဇာသျပင္)တံတား ႏွင့္ အတၳရံတံတား ဖြင့္
ပီယ (NP News) - မတ္ ၈
အထူးစီးပြားေရး ဇုန္မ်ား အတြက္ ကုန္စည္စီးဆင္မႈ ျမန္ေစမည္ ဂ်ိဳင္း(ဇာသျပင္)တံတား ႏွင့္ အတၳရံတံတား ကို ယေန႔ (မတ္လ ၈) ရက္တြင္ ဖြင့္လွစ္ခဲ့သည
ျမန္မာ - ဂ်ပန္ ႏွစ္ႏိုင္ငံ ပူးေပါင္းေဆာင္႐ြက္မႈျဖင့္တည္ေဆာက္ေသာ ကရင္ျပည္နယ္၊ ဘားအံၿမိဳ႕၊ ဂ်ိဳင္း(ဇာသျပင္) တံတားအသစ္ႏွင့္ မြန္ျပည္နယ္၊ ေမာ္လၿမိဳင္ၿမိဳ႕၊ အတၱရံတံတားအသစ္ ဖြင့္ပြဲအခမ္းအနားမ်ားသို႔ ႏိုင္ငံေတာ္ဝန္ႀကီးခ်ဳပ္ ဦးညိဳေစာ တက္ေရာက္ဖြင့္လွစ္ေပးသည္။
ဦးစြာ ကရင္ျပည္နယ္၊ ဘားအံၿမိဳ႕ရွိ၊ ဂ်ိဳင္း(ဇာသျပင္)တံတားအသစ္ဖြင့္ပြဲအခမ္းအနားျပဳလုပ္ၿပီးေနာက္ မြန္ျပည္နယ္၊ ေမာ္လၿမိဳင္ၿမိဳ႕ရွိ အတၳရံတံတားအသစ္ဖြင့္ပြဲအခမမ္းအနားျပဳလုပ္ခဲ့ျခင္းျဖစ္သည္။
ဂ်ိဳင္း(ဇာသျပင္)တံတားအသစ္သည္ သံမဏိႀကိဳးဆိုင္းတံတားျဖစ္ၿပီး တံတား၏ အရွည္မွာ ၂၆၁၅ ေပ၊ ယာဥ္သြားလမ္း အက်ယ္ေလးလမ္းသြား၊ ေရလမ္းကင္းလြတ္ အက်ယ္ ၇၅၀ ေပႏွင့္ အျမင့္ ၄၀ ေပ ရွိကာ တံတား၏ခံႏိုင္ဝန္မွာ ယာဥ္တစ္စီးခ်င္း ၇၅ တန္ျဖစ္ေၾကာင္း၊ အတၳရံတံတားသစ္သည္လည္း သံမဏိႀကိဳးဆိုင္းတံတားျဖစ္ၿပီး တံတား၏အရွည္မွာ ၁၅၇၅ ေပ၊ ယာဥ္သြားလမ္းအက်ယ္ ေလးလမ္းသြား၊ ေရလမ္း ကင္းလြတ္အက်ယ္ ၄၀၀ ေပ၊ အျမင့္ ၄၀ ေပရွိကာ တံတား၏ခံႏိုင္ဝန္မွာ ယာဥ္တစ္စီးခ်င္း ၇၅ တန္ျဖစ္ေၾကာင္း သိရသည္။
အဆိုပါ ေခတ္မီသံမဏိႀကိဳးဆိုင္းတံတားႀကီးမ်ား တည္ေဆာက္ၿပီးစီးခဲ့ျခင္းေၾကာင့္ ႏိုင္ငံေတာ္ဖြံ႕ၿဖိဳးတိုးတက္မႈႏွင့္အတူ ေဒသတြင္းလူမႈစီးပြားဘဝမ်ားႏွင့္ ျပည္တြင္း /ျပည္ပ စီးပြားေရးလုပ္ငန္းမ်ားလည္း ဖြံ႕ၿဖိဳးတိုးတက္လာမည္ျဖစ္၍ အလုပ္အကိုင္အခြင့္အလမ္း မ်ားလည္း ပိုမိုရရွိလာၾကမည္ျဖစ္ေၾကာင္း၊ ယင္းတံတားမ်ားကို အသုံးျပဳ၍ မြန္ျပည္နယ္၊ ေမာ္လၿမိဳင္ၿမိဳ႕မွတစ္ဆင့္ တနသၤာရီတိုင္းေဒသႀကီး၊ ထားဝယ္ၿမိဳ႕တြင္ တည္ေဆာက္မည့္ အထူးစီးပြားေရးဇုန္၊ ေရနက္ဆိပ္ကမ္းႏွင့္ ရန္ကုန္ၿမိဳ႕ရွိ သီလဝါအထူးစီးပြားေရးဇုန္သို႔ လည္း ကုန္စည္စီးဆင္းမႈမ်ားပိုမိုေကာင္းမြန္ျမန္ဆန္လာမည္ျဖစ္သကဲ့သို႔ အေရွ႕ - အေနာက္ စီးပြားေရးစႀကႍလမ္းေပၚရွိ ဗီယက္နမ္၊ လာအို၊ ထိုင္းႏိုင္ငံမ်ားႏွင့္ပါ ဆက္သြယ္သြားလာႏိုင္မည္ျဖစ္ေၾကာင္း သိရသည္။