အသက်(၉၈)နှစ်အရွယ်ရှိပြီဖြစ်သည့် ကမ္ဘာ့အသက်အကြီးဆုံး ပရော်ဖက်ရှင်နယ်ဘိလိယက်ကစားသမား

 109

Pika (NP News) - မတ် ၈

အသက်(၉၄)နှစ်အရွယ်တွင် ကမ္ဘာ့အသက်အကြီးဆုံး ပရော်ဖက်ရှင်နယ်ဘိလိယက်ကစားသမားဖြစ်လာခဲ့သည့် အမေရိကန်နိုင်ငံ ဖလော်ရီဒါ ပြည်နယ်မှအမျိုးသမီးတစ်ဦးသည် အသက်(၉၈)နှစ်အရွယ်အထိ ဆက်လက်ကောင်း မွန်နေဆဲဖြစ်ပြီး လတ်စ်ဗီးဂက်စ်မြို့တွင်ကျင်းပမည့် ပြိုင်ပွဲတစ်ခုကို သွားရောက် ယှဉ်ပြိုင်တော့မည်ဖြစ်ကြောင်း သိရသည်။
ဂျန်ဆန်ကမ်းခြေတွင်နေထိုင်သည့် မက်ဂီ ကန်ဒီဆိုသည့်အမျိုးသမီးသည် (၂၀၂၁)ခုနှစ်တွင် ကမ္ဘာ့အသက် အကြီးဆုံး ပရော်ဖက်ရှင်နယ်ဘိလိ ယက်ကစားသမားအဖြစ် ဂင်းနစ်စံချိန်အဖွဲ့၏ အသိ အမှတ်ပြုခြင်းကို ခံခဲ့ရ ကြောင်းသိရသည်။
မက်ဂီကန်ဒီသည် ကမ္ဘာ့အသက်အကြီးဆုံးဘိလိယက်ကစား သမားအဖြစ် အသိအမှတ်ပြုခံရပြီးနောက် အချိန်(၅)နှစ် အကြာ (၂၀၂၅)ခုနှစ်တွင် ၎င်း၏အဖွဲ့ Sunday Funday နှင့်အတူ လတ်စ်ဗီးဂတ်စ်မြို့တွင်ကျင်းပမည့် BCA Nationals Pool League ပြိုင်ပွဲကို သွားရောက်ယှဉ်ပြိုင်မည်ဖြစ်ကြောင်းသိရသည်။ မက်ဂီ ကန်ဒီက ‘ကျွန်မတို့ လာမယ့်မတ်လ(၄) ရက်ကနေ (၈)ရက်အထိ နေ့တိုင်းကစားသွားကြမှာပါ။ ဒီပြိုင်ပွဲက အရမ်းကို ပျော်စရာကောင်းမယ်ဆိုတာ သေချာ ပါတယ်’ဟုပြောဆိုခဲ့သည်။ ထို့ပြင် ၎င်းကိုမြင်သည့် အချိန်တွင် ပြိုင်ဘက်အားလုံးက အံ့ဩတကြီးဖြစ်မှုများ လည်းရှိခဲ့ ကြောင်း မက်ဂီကန်ဒီက ပြောကြားခဲ့သည်။ မက်ဂီကန်ဒီက ‘ကျွန်မ ဒီဘိလိယက်အား ကစားကို တကယ်သဘောကျတာပါ။ ကျွန်မကို မြင်တိုင်း ပြိုင်ဘက်တွေက အမြဲတမ်း အံ့အားသင့်သွားကြလေ့ရှိပါတယ်’ ဟု ပြောခဲ့သည်။

Zawgyi Version;
အသက္(၉၈)ႏွစ္အ႐ြယ္ရွိၿပီျဖစ္သည့္ ကမာၻ႔အသက္အႀကီးဆုံး ပေရာ္ဖက္ရွင္နယ္ဘိလိယက္ကစားသမား
Pika (NP News) - မတ္ ၈
အသက္(၉၄)ႏွစ္အ႐ြယ္တြင္ ကမာၻ႔အသက္အႀကီးဆုံး ပေရာ္ဖက္ရွင္နယ္ဘိလိယက္ကစားသမားျဖစ္လာခဲ့သည့္ အေမရိကန္ႏိုင္ငံ ဖေလာ္ရီဒါ ျပည္နယ္မွအမ်ိဳးသမီးတစ္ဦးသည္ အသက္(၉၈)ႏွစ္အ႐ြယ္အထိ ဆက္လက္ေကာင္း မြန္ေနဆဲျဖစ္ၿပီး လတ္စ္ဗီးဂက္စ္ၿမိဳ႕တြင္က်င္းပမည့္ ၿပိဳင္ပြဲတစ္ခုကို သြားေရာက္ ယွဥ္ၿပိဳင္ေတာ့မည္ျဖစ္ေၾကာင္း သိရသည္။
ဂ်န္ဆန္ကမ္းေျခတြင္ေနထိုင္သည့္ မက္ဂီ ကန္ဒီဆိုသည့္အမ်ိဳးသမီးသည္ (၂၀၂၁)ခုႏွစ္တြင္ ကမာၻ႔အသက္ အႀကီးဆုံး ပေရာ္ဖက္ရွင္နယ္ဘိလိ ယက္ကစားသမားအျဖစ္ ဂင္းနစ္စံခ်ိန္အဖြဲ႕၏ အသိ အမွတ္ျပဳျခင္းကို ခံခဲ့ရ ေၾကာင္းသိရသည္။
မက္ဂီကန္ဒီသည္ ကမာၻ႔အသက္အႀကီးဆုံးဘိလိယက္ကစား သမားအျဖစ္ အသိအမွတ္ျပဳခံရၿပီးေနာက္ အခ်ိန္(၅)ႏွစ္ အၾကာ (၂၀၂၅)ခုႏွစ္တြင္ ၎၏အဖြဲ႕ Sunday Funday ႏွင့္အတူ လတ္စ္ဗီးဂတ္စ္ၿမိဳ႕တြင္က်င္းပမည့္ BCA Nationals Pool League ၿပိဳင္ပြဲကို သြားေရာက္ယွဥ္ၿပိဳင္မည္ျဖစ္ေၾကာင္းသိရသည္။ မက္ဂီ ကန္ဒီက ‘ကြၽန္မတို႔ လာမယ့္မတ္လ(၄) ရက္ကေန (၈)ရက္အထိ ေန႔တိုင္းကစားသြားၾကမွာပါ။ ဒီၿပိဳင္ပြဲက အရမ္းကို ေပ်ာ္စရာေကာင္းမယ္ဆိုတာ ေသခ်ာ ပါတယ္’ဟုေျပာဆိုခဲ့သည္။ ထို႔ျပင္ ၎ကိုျမင္သည့္ အခ်ိန္တြင္ ၿပိဳင္ဘက္အားလုံးက အံ့ဩတႀကီးျဖစ္မႈမ်ား လည္းရွိခဲ့ ေၾကာင္း မက္ဂီကန္ဒီက ေျပာၾကားခဲ့သည္။ မက္ဂီကန္ဒီက ‘ကြၽန္မ ဒီဘိလိယက္အား ကစားကို တကယ္သေဘာက်တာပါ။ ကြၽန္မကို ျမင္တိုင္း ၿပိဳင္ဘက္ေတြက အၿမဲတမ္း အံ့အားသင့္သြားၾကေလ့ရွိပါတယ္’ ဟု ေျပာခဲ့သည္။

Related news

© 2021. All rights reserved.