စက်သုံးဆီ အရေးနှင့်ပတ်သက်၍ အစိုးရကို ယုံကြည်ရန်လို

 714

သုတကျော် (NP News) - မတ် ၈

ဟောမုခ် ရေလက်ကြားကို အီရန် က ပိတ်လိုက်ပြီးသည့် နောက် နိုင်ငံအများအပြားတွင် သိုလောင်ထားသည့် အရန်ဆီကို ထုတ်ယူသုံးစွဲလာကြရသည်။
မြန်မာနိုင်ငံ ကဲ့သို့ ပဋိပက္ခ ရှိနေသော နိုင်ငံမျိုးတွင် သတင်းမှားများ အား အင်တာနက် စာမျက်နှာများ ထက်တွင် ဖော်ပြရေးသားခြင်းများ ရှိနေရာ ယင်း၏ နောက်ဆက်တွဲ အဖြစ် ဆီဆိုင်များတွင် တန်းဆီ တိုးဝှေ့ ဝယ်ယူခြင်းများ ရှိလာသည်။ ယခု စက်သုံးဆီ အကျပ်အတည်းသည် ကမ္ဘာလုံး ဆိုင်ရာ ကြုံတွေ့နေရသော အကျပ်အတည်း ဖြစ်ပြီး အစိုးရ တိုင်းကလည်း ဖြေရှင်းနေကြသည်။

တန်းစီခြင်းသည် အဖြေလော
အချို့က ကြိုစုဆောင်းထားရန်၊ အချို့က ဈေးကြီးပေး ပြန်ရောင်းရန် စက်သုံးဆီ ဆိုင်များတွင် တန်းစီ ဝယ်ယူခဲ့ကြရာ ယင်းနှင့် ပတ်သက်၍ ဖြစ်စဉ် များပြားလာလျှင် နောက်ဆက်တွဲ အဖြစ် ဆီဆိုင်များတွင် ဆီလက်ကျန် ကုန်ခြင်းတို့ ဖြစ်ပေါ်လာနိုင်သည်။
အလွန်အကျွံ ဝယ်ယူစုဆောင်းခြင်း သည် ဈေးကွက်ကို ကမောက်ကမ ဖြစ်စေပြီး အမှန်တကယ် လိုအပ်သူများ အတွက် အခက်အခဲ ဖြစ်စေသည်။ ထို့ပြင် စနစ်တကျ ဖြန့်ဖြူးသုံးစွဲရေး ဆောင်ရွက်နိုင်ရန် အစိုးရ ၏ ဆောင် ရွက်ချက်ကို အဟန့်အတား ဖြစ်စေမည် ဖြစ်သည်။ မတော်လောဘဖြင့် အချို့က ဝယ်ယူ သိုလှောင်ပြီး ဈေးတင်ရောင်းခြင်းမျိုးလည်း ဖြစ်လာနိုင်သည်။
တန်းစီဝယ်ပြီး မရသည့် အခါ စက်သုံးဆီ ကုန်သွားပြီ ဖြစ်၍ မရောင်းတော့ခြင်း ဟု အချို့က အထင်မှားကြ သော်လည်း အမှန်စင်စစ်အားဖြင့် ဆီပြတ်လပ်ခြင်း မဟုတ်ပဲ ဆိုင်များတွင် ဆီလက်ကျန် ကုန်သွားခြင်းသာ ဖြစ်သည်။
ယင်းကို အကြောင်းပြု၍ လူမှုကွန်ယက် ဖေ့စ်ဘွတ်ခ် စာမျက်နှာများထက်တွင် ဂါလံဝင် ပုံများကို အာမခံချက် များဖြင့် ရောင်းချခြင်းများ ရှိလာခဲ့ကြောင်းပင် တွေ့မြင်ရသည်။

စုံ/မ စနစ်နှင့် သတိပေးချက်
စက်သုံးဆီ ဆိုင်များတွင် တန်းစီ တိုးဝှေ့ ဝယ်ယူနေသော ဓာတ်ပုံများ ထွက်လာပြီး မကြာမီတွင် အမျိုးသားကာ ကွယ်ရေးနှင့်လုံခြုံရေးကောင်စီ က စက်သုံးဆီ ခြိုးခြံချွေတာသုံးစွဲရေးအတွက် ပြည်သူသို့ အသိပေးကြေ ညာချက် ထွက်ပေါ်ခဲ့ရာ ယင်းတွင် လစဉ် “စုံ” ရက်များတွင် စုံနံပါတ်အက္ခရာပါသောယာဉ်များ၊ “မ” ရက်များတွင် မနံပါတ်အက္ခရာပါသောယာဉ်များ စသည့် ပုဂ္ဂလိကပိုင်ယာဉ်များသာ မောင်းနှင်အသုံးပြုရန်နှင့် ယင်းအချက်တွင် EV မော်တော်ယာဉ် နှင့် EV မော်တော်ဆိုင်ကယ်များ မပါဝင်ကြောင်း ထုတ်ပြန်ခဲ့သည်။
ချွင်းချက်အနေဖြင့် နေ့စဉ် မောင်းနှင် အသုံးပြုနိုင်သော ယာဉ်အမျိုးအစားများကိုလည်း ထုတ်ပြန်ခဲ့ရာ အများပြည်သူသယ်ယူပို့ဆောင်ရေးမော်တော်ယာဉ်များ၊ အငှားယာဉ်များ (Taxi)၊ စက်သုံးဆီသယ်ယူပို့ဆောင်သည့်ယာဉ်များ၊ ဆောက်လုပ်ရေးလုပ်ငန်းသုံးယာဉ်များ၊ စက်ရုံ၊ အလုပ်ရုံ၊ အလုပ်ဌာနများအတွက်ရုံးလုပ်ငန်းအသုံးပြုသည့်ယာဉ်များ၊ ကျောင်းကြို/ပို့ယာဉ်များ စသည်ဖြင့် ပါဝင်ခဲ့သည်။
စက်သုံးဆီလုပ်ငန်းရှင်များသာမက အများပြည်သူအနေဖြင့် စက်သုံးဆီများ ဝယ်ယူ စုဆောင်းခြင်းနှင့် ဈေးနှုန်းမြှင့်တင်၍ ရောင်းချခြင်းများ လုံးဝမပြုလုပ်ရန်လည်း ဖော်ပြထားပြီး စည်းကမ်းချက် များကို ဖောက်ဖျက်ပါက အရေးယူမည်ဟု ဖော်ပြထားသည်။
ယင်းထုတ်ပြန်ချက်နှင့် ပတ်သက်၍ မြေပြင်တွင်လည်း ဆော်ဩမှုများ ပြုလုပ်ခဲ့သည်။ ယင်း စနစ် နှင့် ပတ်သက်၍ အချို့က လက်တလုံးခြား လုပ်လိုသူများကိုလည်း တွေ့ရသည်။ ဥပမာ အားဖြင့် ကျောင်း ကြို၊ ပို့ ကား ဆိုသည်မှာ ကျောင်းမှ ကားတည်းတင် မကပဲ အိမ်စီးကားကိုလည်း ကျောင်း ကြို၊ ပို့ ကားဖြစ်ကြောင်း ကျောင်းမှ ထောက်ခံချက် တောင်းလိုခြင်းမျိုး ဖြစ်သည်။
စည်းကမ်းနှင့် ပတ်သက်၍ ပြည်သူ့ပါတီက အကြံပြု တင်ပြချက် ထုတ်ပြန်ခဲ့ရာ စုံ၊ မ ရက် သတ်မှတ်မောင်းနှင်စေမည့် အစား စုံ၊ မကားများကို စက်သုံးဆီ အရောင်းဆိုင်များတွင် စုံရက် /မရက် ခွဲ၍ စက်သုံးဆီဝယ်ယူသုံးစွဲခွင့်ပေးရန်၊ စက်သုံးဆီဝယ်ယူရာ၌လည်း ငွေကြေးသတ်မှတ်ချက် (သို့မဟုတ်) Liter သတ်မှတ်ချက်ထားပြီး ရောင်းချပေးရန် အကြုံပြုထားသည်။

အရန်ဆီ အခြေအနေ
နိုင်ငံများတွင် ပုံစံမျိုးစုံဖြင့် အရန်ဆီ သိုလောင်ခြင်းများ ရှိနေရာ ဆားလိုဏ်ဂူ ရှိနေသော နိုင်ငံများက လိုဏ်ဂူများတွင် ထည့်သွင်းသိုလှောင်ခြင်း၊ ကျောက်လိုဏ်ဂူများတွင် ထည့်သွင်းသိုလှောင်ခြင်း နှင့် နိုင်ငံအများစုကမူ သံမဏိသိုလှောင်ကန်များကို အသုံးပြုကြသည်။
လက်ရှိ အရန်ဆီ သိုလှောင်မှု အများဆုံး နိုင်ငံများ စာရင်းတွင် အမေရိကန် က ထိပ်ဆုံးရှိနေပြီး ဒုတိယ တွင် တရုတ်နိုင်ငံ၊ ဂျပန်နိုင်ငံ၊ တောင်ကိုရီးယားနိုင်ငံ၊ အိန္ဒိယ နိုင်ငံ စသည်ဖြင့် ရှိနေသည်။
မြန်မာနိုင်ငံတွင် စက်သုံးဆီ သုံးစွဲမှု အနေဖြင့် တစ်ရက်လျှင် ဓာတ်ဆီ ဂါလန် ၁.၅ သန်း၊ ဒီဇယ်ဆီ ဂါလံ ၁.၇ သန်း ဖြစ်ပြီး အရန်ဆီ ခိုင်မာစွာ ရှိကြောင်း ဗိုလ်ချုပ်ဇော်မင်းထွန်းက ထုတ်ပြန်ပြောကြားထားသည်။
“ကျွန်တော်တို့ လက်ရှိ မြန်မာနိုင်ငံမှာ ဓာတ်ဆီ ဂါလန် သန်း ၆၀ ရှိပြီး စုပုံထားပြီး ဖြစ်ပါတယ်။ ဒီဇယ်ဆီ ဂါလန် သန်း ၇၀ နီးပါး စုပုံထားပြီး ဖြစ်ပါတယ်။ ဒါကြောင့်မလို့ မြန်မာနိုင်ငံအတွင်းမှာ အရန်ဆီအနေနဲ့ နောက်ထပ် ရက် ၄၀ စာရှိတယ်လို့ ခိုင်မာစွာပြောကြားလိုပါတယ်။ ဒါ့အပြင် ဆိပ်ကမ်းမှာ ယခုလက်ရှိ ဆီမချရသေးဘဲနဲ့ ကပ်ထားတဲ့ သင်္ဘော ၂ စင်းရောက်ရှိနေတာ ရှိပါတယ်။ ကျွန်တော်တို့ ဝယ်ယူထားပြီးသား လမ်းမှာ စက်သုံးဆီ သင်္ဘော ၁၄ စင်း ရှိပါတယ်။ အဲဒီ ၁၄ စင်းကလည်း ကျွန်တော်တို့ဆီကို ရက်ပိုင်းတွေအတွင်းမှာ ဆိုက်ကပ်လာနိုင်ပါတယ်။ ဘာအခက်အခဲမှ မရှိဘူးဆိုတာ ပြောလိုပါတယ်” ဟု ၎င်းက ပြောကြားထားသည်။
လက်ရှိ ကမ္ဘာပေါ်က နိုင်ငံများတွင် အရန်ဆီ သိုလောင်မှု အနေဖြင့် ရက်သတ္တပတ် တစ်ပတ်စာခန့်ပင် သိုလှောင်နိုင်သော နိုင်ငံများ ရှိသည်။ မြန်မာနိုင်ငံ ၏ ရက် ၄၀ စာ အရန်ဆီ သိုလှောင်ထားနိုင်သော ပမာဏ ဆိုသည်မှာ အနီးစပ်ဆုံး အနေဖြင့် အရှေ့တောင် အာရှ ဒေသတွင်း ဗီယက်နမ်၊ ဖိလစ်ပိုင် ကဲ့သို့ နိုင်ငံများ နှင့် များစွာ ကွာခြားခြင်း မရှိပေ။
ထို့ပြင် လက်ရှိ ဆီရောင်းချခြင်း နှင့် ပတ်သက်၍ စွမ်းအင်ဝန်ကြီးဌာနနှင့် ဆက်စပ်ဌာနများက ဆီဆိုင်များတွင် ဆီလက်ကျန် အမှန်တကယ် ရှိ/မရှိနှင့် သတ်မှတ်ဈေးနှုန်းအတိုင်း ရောင်းချခြင်း ရှိ/မရှိကို Real-Time စနစ်ဖြင့် စောင့်ကြည့်စစ်ဆေးလျက်ရှိကြောင်း သိရသည်။ ယင်းသို့ စစ်ဆေးရာတွင် Auto Tank Gauge (ATG) များဖြင့် တိကျစွာ တိုင်းတာခြင်း၊ ရှောင်တခင် စစ်ဆေးခြင်းများ ပြုလုပ်နေခြင်းက စက်သုံးဆီကို အမြတ်ထုတ်လိုသူများလက်ထဲ မရောက်စေရန် အတွက် တားဆီးခြင်းမျိုး တစ်မျိုး ဖြစ်သည်။

အစိုးရ အာမခံချက်
အိမ်နီးချင်း ထိုင်းနိုင်ငံ အနေဖြင့် အရှေ့အလယ်ပိုင်း ပဋိပက္ခပြီးသည့် နောက် ပြင်ပသို့ ဆီတင်ပို့ခြင်း ပိတ်လိုက်ပြီ ဟု ပြောခဲ့သော်လည်း The Nation သတင်းဌာန၏ မတ်လ ၆ ရက် သတင်းတွင် ထိုင်းနိုင်ငံအနေဖြင့် လောင်စာဆီ တင်ပို့မှုများကို ရပ်ဆိုင်းထားသော်လည်း လာအိုနှင့် မြန်မာနိုင်ငံတို့မှာမူ ထိုင်းနိုင်ငံနှင့် အပြန်အလှန် စွမ်းအင်မှီခိုအားထားနေရမှု ရှိသည့်အတွက် အဆိုပါ နှစ်နိုင်ငံသို့ တင်ပို့မှုကိုမူ ချွင်းချက်အနေဖြင့် ဆက်လက်ခွင့်ပြုထားကြောင်း ထိုင်းနိုင်ငံ ၏ စွမ်းအင်ဝန်ကြီး Auttapol Rerkpiboon က ပြန်ပြောင်း ပြောကြားထားသည်။
ယင်း မတိုင်မီကပင် ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောကြားတွင် မြန်မာနိုင်ငံသည် စင်္ကာပူ နှင့် မလေးရှား နိုင်ငံတို့ မှ ဆီ တင်သွင်းနေခြင်း ဖြစ်ပြီး အဆိုပါ နိုင်ငံတို့တွင် ရေနံချက်စက်ရုံများ ရှိပြီး ဖြစ်ကြောင်းလည်း ပြည်သူသို့ အသိပေးထားသည်။
“သူတို့အနေနဲ့ အရှေ့အလယ်ပိုင်းက ရေနံမရလည်း ရတဲ့နိုင်ငံကနေ ရေနံသွင်းပြီးတော့ လည်ပတ်မှာဖြစ်ပါတယ်။ ဘာကြောင့်လဲဆိုတော့ သူတို့အနေနဲ့က ဒါသည် သူတို့ရဲ့လှုပ်ရှားရမယ့် စီးပွားရေးလုပ်ငန်းဖြစ်တဲ့အတွက်ကြောင့် လည်ပတ်မှုရပ်တန့်စရာမရှိပါဘူး။ ဒါကြောင့်မလို့ ကျွန်တော့်အနေနဲ့ ပြောချင်တာကတော့ ဒီစက်သုံးဆီနဲ့ပတ်သက်ပြီး ကျွန်တော်တို့နိုင်ငံမှာ ပြတ်လပ်သွားစရာ အကြောင်းမရှိပါဘူး” ဟု ပြောသည်။
မြန်မာနိုင်ငံစက်သုံးဆီတင်သွင်းရောင်းချဖြန့်ဖြူးရေးအသင်းကလည်း စက်သုံးဆီ အလုံအလောက် ရှိကြောင်း ထုတ်ပြန်ထားပြီး ပြည်သူလူထုအနေဖြင့် စက်သုံးဆီနှင့်ပတ်သက်၍ စိုးရိမ်ကြောင့် ကြမှုမရှိကြရန်၊ အတတ်နိုင်ဆုံးခြိုးခြံသုံးစွဲခြင်းဖြင့်အားလုံးလုံလောက်စွာသုံးစွဲနိုင်ရေး ကူညီ ပေးကြရန်၊ မိမိသုံးစွဲရန် လိုအပ်သလောက်သာဝယ်ယူကြရန် နှင့် စက်သုံးဆီများ အလုံအ လောက်ရှိသဖြင့် စိုးရိမ်စိတ်ကြောင့် မလိုအပ်ဘဲအချိန်ကုန်ခံ၍ တန်းစီဝယ်ယူခြင်း မပြုကြရန်ပါ အသိပေးထားသည်။
အစိုးရအနေဖြင့် စက်သုံးဆီ တင်သွင်းမှု၊ သိုလှောင်မှုနှင့် ဖြန့်ဖြူးမှု ကွင်းဆက်တစ်လျှောက်လုံးကို စနစ်တကျ စီမံနေသည်မှာ အထင်အရှား ဖြစ်ကြောင်းကား ထုတ်ပြန်ထားချက်များအရ တွေ့ပေလိမ့်မည်။ စက်သုံးဆီ ဖူလုံရေးအတွက် ရက်ပေါင်း (၄၀) ကျော်စာ အရန်ဆီများ သိုလှောင်ထားခြင်း၊ လမ်းခရီးတွင် သင်္ဘောများစွာ ရောက်ရှိလာရန် စီစဉ်ထားခြင်းနှင့် မျှတသော ဖြန့်ဖြူးမှုစနစ်ကို ကျင့်သုံးခြင်းတို့သည် အစိုးရ ၏ ပြည်သူသို့ အသိပေးထားသော အစီအမံများ ဖြစ်သည်။
အခြား အစိုးရ အနေဖြင့် စက်သုံးဆီ မပြတ်တောက်ရေး အတွက် အခြား လုပ်ဖွယ် ရှိသည်များကို ဆက်လက် လုပ်ဆောင်နေမည်ဟု နားလည်ရသည်။ တဖက်တွင်လည်း စက်သုံးဆီ ရောင်းချခြင်းကို ပိုမို စနစ် တကျ ကြပ်မတ်လာကြောင်း တွေ့ရသည်။
ဥပမာအားဖြင့် မွန်ပြည်နယ်၊ မော်လမြိုင်မြို့တွင် ဆိုလျှင် ကား၊ ဆိုင်ကယ်၊ သုံးဘီး စသည်ဖြင့် ယာဉ်များ အတွက် တနေ့တာ ဝယ်ယူနိုင်မည့် နှုန်းထားတို့ အပြင် အလေအလွင့် မရှိစေရန် အတွက် နည်းမျိုးစုံဖြင့် ဆောင်ရွက်နေကြောင်း တွေ့ရသည်။

ယုံကြည်မှုရှိပေးရန် လို
လက်ရှိ စက်သုံးဆီ အရေး နှင့် ပတ်သက်၍ ကျော်လွှားရန် အတွက် လိုအပ်ခြင်းမှာ ယုံကြည်မှု ဖြစ်သည်။ အရှေ့ အလယ်ပိုင်း ပဋိပက္ခ အခြေအနေ မည်မျှ ကြာမည် ဆိုခြင်းကို မသိရသေးပါ။ ထို့ပြင် အခြား နိုင်ငံ များကလည်း ယင်း အခြေအနေကို ကြည့်၍ အရန်ဆီ စုနေကြကြောင်း တွေ့ရသည်။
အလွယ်အကျွံ ဝယ်ယူခြင်းသည် အဖြေဟု မည်သူမျှ ယူဆလိမ့်မည် မထင်ပါ။ လောင်စာဆီ ဈေးကိုလည်း စုဆောင်းထားသူများထံက ဈေးကြီးပေး ဝယ်လိုလိမ့်မည်ဟု မသုံးသပ်မိပါ။ တဖက်တွင် စက်သုံးဆီကို ချွေတာ သုံးစွဲခြင်းဖြင့်လည်း ယခု ပြဿနာကို ကျော်လွှားရာတွင် အထောက်အကူပြုနိုင်ပေလိမ့်မည်။
လိုအပ်သူများ ကို မျှဝေသည့် အနေဖြင့် လိုအပ်သလောက်သာ ဝယ်ယူခြင်းသည် အလှူအတန်း ရက်ရော သော မြန်မာနိုင်ငံသားများ အတွက် ကုသိုလ် ကောင်းမှု ပြုခြင်း တမျိုး ဖြစ်ပါသည်။ တဖက်တွင် အစိုးရကို ယုံကြည်မှု အပြည့်အဝ ထား တာဝန်ပေးရန် လိုပြီး အစိုးရကလည်း လိုအပ်သည့် ထုတ်ပြန်ချက်များကို ထုတ်ပြန်ထားပြီး ဖြစ်သည်။ စီမံခန့်ခွဲမှုများကို ယုံကြည်စွာဖြင့် ပူးပေါင်းဆောင်ရွက်ခြင်းသည်သာ စိန်ခေါ်မှုများကို အောင်မြင်စွာ ကျော်ဖြတ်နိုင်မည့် အကောင်းဆုံးနည်းလမ်း ဖြစ်ပေလိမ့်မည်။

Zawgyi Version;
စက္သုံးဆီ အေရးႏွင့္ပတ္သက္၍ အစိုးရကို ယုံၾကည္ရန္လို
သုတေက်ာ္ (NP News) - မတ္ ၈
ေဟာမုခ္ ေရလက္ၾကားကို အီရန္ က ပိတ္လိုက္ၿပီးသည့္ ေနာက္ ႏိုင္ငံအမ်ားအျပားတြင္ သိုေလာင္ထားသည့္ အရန္ဆီကို ထုတ္ယူသုံးစြဲလာၾကရသည္။
ျမန္မာႏိုင္ငံ ကဲ့သို႔ ပဋိပကၡ ရွိေနေသာ ႏိုင္ငံမ်ိဳးတြင္ သတင္းမွားမ်ား အား အင္တာနက္ စာမ်က္ႏွာမ်ား ထက္တြင္ ေဖာ္ျပေရးသားျခင္းမ်ား ရွိေနရာ ယင္း၏ ေနာက္ဆက္တြဲ အျဖစ္ ဆီဆိုင္မ်ားတြင္ တန္းဆီ တိုးေဝွ႔ ဝယ္ယူျခင္းမ်ား ရွိလာသည္။ ယခု စက္သုံးဆီ အက်ပ္အတည္းသည္ ကမာၻလုံး ဆိုင္ရာ ႀကဳံေတြ႕ေနရေသာ အက်ပ္အတည္း ျဖစ္ၿပီး အစိုးရ တိုင္းကလည္း ေျဖရွင္းေနၾကသည္။

တန္းစီျခင္းသည္ အေျဖေလာ
အခ်ိဳ႕က ႀကိဳစုေဆာင္းထားရန္၊ အခ်ိဳ႕က ေစ်းႀကီးေပး ျပန္ေရာင္းရန္ စက္သုံးဆီ ဆိုင္မ်ားတြင္ တန္းစီ ဝယ္ယူခဲ့ၾကရာ ယင္းႏွင့္ ပတ္သက္၍ ျဖစ္စဥ္ မ်ားျပားလာလွ်င္ ေနာက္ဆက္တြဲ အျဖစ္ ဆီဆိုင္မ်ားတြင္ ဆီလက္က်န္ ကုန္ျခင္းတို႔ ျဖစ္ေပၚလာႏိုင္သည္။
အလြန္အကြၽံ ဝယ္ယူစုေဆာင္းျခင္း သည္ ေဈးကြက္ကို ကေမာက္ကမ ျဖစ္ေစၿပီး အမွန္တကယ္ လိုအပ္သူမ်ား အတြက္ အခက္အခဲ ျဖစ္ေစသည္။ ထို႔ျပင္ စနစ္တက် ျဖန႔္ျဖဴးသုံးစြဲေရး ေဆာင္႐ြက္ႏိုင္ရန္ အစိုးရ ၏ ေဆာင္ ႐ြက္ခ်က္ကို အဟန႔္အတား ျဖစ္ေစမည္ ျဖစ္သည္။ မေတာ္ေလာဘျဖင့္ အခ်ိဳ႕က ဝယ္ယူ သိုေလွာင္ၿပီး ေစ်းတင္ေရာင္းျခင္းမ်ိဳးလည္း ျဖစ္လာႏိုင္သည္။
တန္းစီဝယ္ၿပီး မရသည့္ အခါ စက္သုံးဆီ ကုန္သြားၿပီ ျဖစ္၍ မေရာင္းေတာ့ျခင္း ဟု အခ်ိဳ႕က အထင္မွားၾက ေသာ္လည္း အမွန္စင္စစ္အားျဖင့္ ဆီျပတ္လပ္ျခင္း မဟုတ္ပဲ ဆိုင္မ်ားတြင္ ဆီလက္က်န္ ကုန္သြားျခင္းသာ ျဖစ္သည္။
ယင္းကို အေၾကာင္းျပဳ၍ လူမႈကြန္ယက္ ေဖ့စ္ဘြတ္ခ္ စာမ်က္ႏွာမ်ားထက္တြင္ ဂါလံဝင္ ပုံမ်ားကို အာမခံခ်က္ မ်ားျဖင့္ ေရာင္းခ်ျခင္းမ်ား ရွိလာခဲ့ေၾကာင္းပင္ ေတြ႕ျမင္ရသည္။

စုံ/မ စနစ္ႏွင့္ သတိေပးခ်က္
စက္သုံးဆီ ဆိုင္မ်ားတြင္ တန္းစီ တိုးေဝွ႔ ဝယ္ယူေနေသာ ဓာတ္ပုံမ်ား ထြက္လာၿပီး မၾကာမီတြင္ အမ်ိဳးသားကာ ကြယ္ေရးႏွင့္လုံၿခဳံေရးေကာင္စီ က စက္သုံးဆီ ၿခိဳးၿခံေခြၽတာသုံးစြဲေရးအတြက္ ျပည္သူသို႔ အသိေပးေၾက ညာခ်က္ ထြက္ေပၚခဲ့ရာ ယင္းတြင္ လစဥ္ “စုံ” ရက္မ်ားတြင္ စုံနံပါတ္အကၡရာပါေသာယာဥ္မ်ား၊ “မ” ရက္မ်ားတြင္ မနံပါတ္အကၡရာပါေသာယာဥ္မ်ား စသည့္ ပုဂၢလိကပိုင္ယာဥ္မ်ားသာ ေမာင္းႏွင္အသုံးျပဳရန္ႏွင့္ ယင္းအခ်က္တြင္ EV ေမာ္ေတာ္ယာဥ္ ႏွင့္ EV ေမာ္ေတာ္ဆိုင္ကယ္မ်ား မပါဝင္ေၾကာင္း ထုတ္ျပန္ခဲ့သည္။
ခြၽင္းခ်က္အေနျဖင့္ ေန႔စဥ္ ေမာင္းႏွင္ အသုံးျပဳႏိုင္ေသာ ယာဥ္အမ်ိဳးအစားမ်ားကိုလည္း ထုတ္ျပန္ခဲ့ရာ အမ်ားျပည္သူသယ္ယူပို႔ေဆာင္ေရးေမာ္ေတာ္ယာဥ္မ်ား၊ အငွားယာဥ္မ်ား (Taxi)၊ စက္သုံးဆီသယ္ယူပို႔ေဆာင္သည့္ယာဥ္မ်ား၊ ေဆာက္လုပ္ေရးလုပ္ငန္းသုံးယာဥ္မ်ား၊ စက္႐ုံ၊ အလုပ္႐ုံ၊ အလုပ္ဌာနမ်ားအတြက္႐ုံးလုပ္ငန္းအသုံးျပဳသည့္ယာဥ္မ်ား၊ ေက်ာင္းႀကိဳ/ပို႔ယာဥ္မ်ား စသည္ျဖင့္ ပါဝင္ခဲ့သည္။
စက္သုံးဆီလုပ္ငန္းရွင္မ်ားသာမက အမ်ားျပည္သူအေနျဖင့္ စက္သုံးဆီမ်ား ဝယ္ယူ စုေဆာင္းျခင္းႏွင့္ ေဈးႏႈန္းျမႇင့္တင္၍ ေရာင္းခ်ျခင္းမ်ား လုံးဝမျပဳလုပ္ရန္လည္း ေဖာ္ျပထားၿပီး စည္းကမ္းခ်က္ မ်ားကို ေဖာက္ဖ်က္ပါက အေရးယူမည္ဟု ေဖာ္ျပထားသည္။
ယင္းထုတ္ျပန္ခ်က္ႏွင့္ ပတ္သက္၍ ေျမျပင္တြင္လည္း ေဆာ္ဩမႈမ်ား ျပဳလုပ္ခဲ့သည္။ ယင္း စနစ္ ႏွင့္ ပတ္သက္၍ အခ်ိဳ႕က လက္တလုံးျခား လုပ္လိုသူမ်ားကိုလည္း ေတြ႕ရသည္။ ဥပမာ အားျဖင့္ ေက်ာင္း ႀကိဳ၊ ပို႔ ကား ဆိုသည္မွာ ေက်ာင္းမွ ကားတည္းတင္ မကပဲ အိမ္စီးကားကိုလည္း ေက်ာင္း ႀကိဳ၊ ပို႔ ကားျဖစ္ေၾကာင္း ေက်ာင္းမွ ေထာက္ခံခ်က္ ေတာင္းလိုျခင္းမ်ိဳး ျဖစ္သည္။
စည္းကမ္းႏွင့္ ပတ္သက္၍ ျပည္သူ႔ပါတီက အႀကံျပဳ တင္ျပခ်က္ ထုတ္ျပန္ခဲ့ရာ စုံ၊ မ ရက္ သတ္မွတ္ေမာင္းႏွင္ေစမည့္ အစား စုံ၊ မကားမ်ားကို စက္သုံးဆီ အေရာင္းဆိုင္မ်ားတြင္ စုံရက္ /မရက္ ခြဲ၍ စက္သုံးဆီဝယ္ယူသုံးစြဲခြင့္ေပးရန္၊ စက္သုံးဆီဝယ္ယူရာ၌လည္း ေငြေၾကးသတ္မွတ္ခ်က္ (သို႔မဟုတ္) Liter သတ္မွတ္ခ်က္ထားၿပီး ေရာင္းခ်ေပးရန္ အႀကဳံျပဳထားသည္။

အရန္ဆီ အေျခအေန
ႏိုင္ငံမ်ားတြင္ ပုံစံမ်ိဳးစုံျဖင့္ အရန္ဆီ သိုေလာင္ျခင္းမ်ား ရွိေနရာ ဆားလိုဏ္ဂူ ရွိေနေသာ ႏိုင္ငံမ်ားက လိုဏ္ဂူမ်ားတြင္ ထည့္သြင္းသိုေလွာင္ျခင္း၊ ေက်ာက္လိုဏ္ဂူမ်ားတြင္ ထည့္သြင္းသိုေလွာင္ျခင္း ႏွင့္ ႏိုင္ငံအမ်ားစုကမူ သံမဏိသိုေလွာင္ကန္မ်ားကို အသုံးျပဳၾကသည္။
လက္ရွိ အရန္ဆီ သိုေလွာင္မႈ အမ်ားဆုံး ႏိုင္ငံမ်ား စာရင္းတြင္ အေမရိကန္ က ထိပ္ဆုံးရွိေနၿပီး ဒုတိယ တြင္ တ႐ုတ္ႏိုင္ငံ၊ ဂ်ပန္ႏိုင္ငံ၊ ေတာင္ကိုရီးယားႏိုင္ငံ၊ အိႏၵိယ ႏိုင္ငံ စသည္ျဖင့္ ရွိေနသည္။
ျမန္မာႏိုင္ငံတြင္ စက္သုံးဆီ သုံးစြဲမႈ အေနျဖင့္ တစ္ရက္လွ်င္ ဓာတ္ဆီ ဂါလန္ ၁.၅ သန္း၊ ဒီဇယ္ဆီ ဂါလံ ၁.၇ သန္း ျဖစ္ၿပီး အရန္ဆီ ခိုင္မာစြာ ရွိေၾကာင္း ဗိုလ္ခ်ဳပ္ေဇာ္မင္းထြန္းက ထုတ္ျပန္ေျပာၾကားထားသည္။
“ကြၽန္ေတာ္တို႔ လက္ရွိ ျမန္မာႏိုင္ငံမွာ ဓာတ္ဆီ ဂါလန္ သန္း ၆၀ ရွိၿပီး စုပုံထားၿပီး ျဖစ္ပါတယ္။ ဒီဇယ္ဆီ ဂါလန္ သန္း ၇၀ နီးပါး စုပုံထားၿပီး ျဖစ္ပါတယ္။ ဒါေၾကာင့္မလို႔ ျမန္မာႏိုင္ငံအတြင္းမွာ အရန္ဆီအေနနဲ႔ ေနာက္ထပ္ ရက္ ၄၀ စာရွိတယ္လို႔ ခိုင္မာစြာေျပာၾကားလိုပါတယ္။ ဒါ့အျပင္ ဆိပ္ကမ္းမွာ ယခုလက္ရွိ ဆီမခ်ရေသးဘဲနဲ႔ ကပ္ထားတဲ့ သေဘၤာ ၂ စင္းေရာက္ရွိေနတာ ရွိပါတယ္။ ကြၽန္ေတာ္တို႔ ဝယ္ယူထားၿပီးသား လမ္းမွာ စက္သုံးဆီ သေဘၤာ ၁၄ စင္း ရွိပါတယ္။ အဲဒီ ၁၄ စင္းကလည္း ကြၽန္ေတာ္တို႔ဆီကို ရက္ပိုင္းေတြအတြင္းမွာ ဆိုက္ကပ္လာႏိုင္ပါတယ္။ ဘာအခက္အခဲမွ မရွိဘူးဆိုတာ ေျပာလိုပါတယ္” ဟု ၎က ေျပာၾကားထားသည္။
လက္ရွိ ကမာၻေပၚက ႏိုင္ငံမ်ားတြင္ အရန္ဆီ သိုေလာင္မႈ အေနျဖင့္ ရက္သတၱပတ္ တစ္ပတ္စာခန႔္ပင္ သိုေလွာင္ႏိုင္ေသာ ႏိုင္ငံမ်ား ရွိသည္။ ျမန္မာႏိုင္ငံ ၏ ရက္ ၄၀ စာ အရန္ဆီ သိုေလွာင္ထားႏိုင္ေသာ ပမာဏ ဆိုသည္မွာ အနီးစပ္ဆုံး အေနျဖင့္ အေရွ႕ေတာင္ အာရွ ေဒသတြင္း ဗီယက္နမ္၊ ဖိလစ္ပိုင္ ကဲ့သို႔ ႏိုင္ငံမ်ား ႏွင့္ မ်ားစြာ ကြာျခားျခင္း မရွိေပ။
ထို႔ျပင္ လက္ရွိ ဆီေရာင္းခ်ျခင္း ႏွင့္ ပတ္သက္၍ စြမ္းအင္ဝန္ႀကီးဌာနႏွင့္ ဆက္စပ္ဌာနမ်ားက ဆီဆိုင္မ်ားတြင္ ဆီလက္က်န္ အမွန္တကယ္ ရွိ/မရွိႏွင့္ သတ္မွတ္ေဈးႏႈန္းအတိုင္း ေရာင္းခ်ျခင္း ရွိ/မရွိကို Real-Time စနစ္ျဖင့္ ေစာင့္ၾကည့္စစ္ေဆးလ်က္ရွိေၾကာင္း သိရသည္။ ယင္းသို႔ စစ္ေဆးရာတြင္ Auto Tank Gauge (ATG) မ်ားျဖင့္ တိက်စြာ တိုင္းတာျခင္း၊ ေရွာင္တခင္ စစ္ေဆးျခင္းမ်ား ျပဳလုပ္ေနျခင္းက စက္သုံးဆီကို အျမတ္ထုတ္လိုသူမ်ားလက္ထဲ မေရာက္ေစရန္ အတြက္ တားဆီးျခင္းမ်ိဳး တစ္မ်ိဳး ျဖစ္သည္။

အစိုးရ အာမခံခ်က္
အိမ္နီးခ်င္း ထိုင္းႏိုင္ငံ အေနျဖင့္ အေရွ႕အလယ္ပိုင္း ပဋိပကၡၿပီးသည့္ ေနာက္ ျပင္ပသို႔ ဆီတင္ပို႔ျခင္း ပိတ္လိုက္ၿပီ ဟု ေျပာခဲ့ေသာ္လည္း The Nation သတင္းဌာန၏ မတ္လ ၆ ရက္ သတင္းတြင္ ထိုင္းႏိုင္ငံအေနျဖင့္ ေလာင္စာဆီ တင္ပို႔မႈမ်ားကို ရပ္ဆိုင္းထားေသာ္လည္း လာအိုႏွင့္ ျမန္မာႏိုင္ငံတို႔မွာမူ ထိုင္းႏိုင္ငံႏွင့္ အျပန္အလွန္ စြမ္းအင္မွီခိုအားထားေနရမႈ ရွိသည့္အတြက္ အဆိုပါ ႏွစ္ႏိုင္ငံသို႔ တင္ပို႔မႈကိုမူ ခြၽင္းခ်က္အေနျဖင့္ ဆက္လက္ခြင့္ျပဳထားေၾကာင္း ထိုင္းႏိုင္ငံ ၏ စြမ္းအင္ဝန္ႀကီး Auttapol Rerkpiboon က ျပန္ေျပာင္း ေျပာၾကားထားသည္။
ယင္း မတိုင္မီကပင္ ဗိုလ္ခ်ဳပ္ေဇာ္မင္းထြန္းက ေျပာၾကားတြင္ ျမန္မာႏိုင္ငံသည္ စကၤာပူ ႏွင့္ မေလးရွား ႏိုင္ငံတို႔ မွ ဆီ တင္သြင္းေနျခင္း ျဖစ္ၿပီး အဆိုပါ ႏိုင္ငံတို႔တြင္ ေရနံခ်က္စက္႐ုံမ်ား ရွိၿပီး ျဖစ္ေၾကာင္းလည္း ျပည္သူသို႔ အသိေပးထားသည္။
“သူတို႔အေနနဲ႔ အေရွ႕အလယ္ပိုင္းက ေရနံမရလည္း ရတဲ့ႏိုင္ငံကေန ေရနံသြင္းၿပီးေတာ့ လည္ပတ္မွာျဖစ္ပါတယ္။ ဘာေၾကာင့္လဲဆိုေတာ့ သူတို႔အေနနဲ႔က ဒါသည္ သူတို႔ရဲ႕လႈပ္ရွားရမယ့္ စီးပြားေရးလုပ္ငန္းျဖစ္တဲ့အတြက္ေၾကာင့္ လည္ပတ္မႈရပ္တန႔္စရာမရွိပါဘူး။ ဒါေၾကာင့္မလို႔ ကြၽန္ေတာ့္အေနနဲ႔ ေျပာခ်င္တာကေတာ့ ဒီစက္သုံးဆီနဲ႔ပတ္သက္ၿပီး ကြၽန္ေတာ္တို႔ႏိုင္ငံမွာ ျပတ္လပ္သြားစရာ အေၾကာင္းမရွိပါဘူး” ဟု ေျပာသည္။
ျမန္မာႏိုင္ငံစက္သုံးဆီတင္သြင္းေရာင္းခ်ျဖန႔္ျဖဴးေရးအသင္းကလည္း စက္သုံးဆီ အလုံအေလာက္ ရွိေၾကာင္း ထုတ္ျပန္ထားၿပီး ျပည္သူလူထုအေနျဖင့္ စက္သုံးဆီႏွင့္ပတ္သက္၍ စိုးရိမ္ေၾကာင့္ ၾကမႈမရွိၾကရန္၊ အတတ္ႏိုင္ဆုံးၿခိဳးၿခံသုံးစြဲျခင္းျဖင့္အားလုံးလုံေလာက္စြာသုံးစြဲႏိုင္ေရး ကူညီ ေပးၾကရန္၊ မိမိသုံးစြဲရန္ လိုအပ္သေလာက္သာဝယ္ယူၾကရန္ ႏွင့္ စက္သုံးဆီမ်ား အလုံအ ေလာက္ရွိသျဖင့္ စိုးရိမ္စိတ္ေၾကာင့္ မလိုအပ္ဘဲအခ်ိန္ကုန္ခံ၍ တန္းစီဝယ္ယူျခင္း မျပဳၾကရန္ပါ အသိေပးထားသည္။
အစိုးရအေနျဖင့္ စက္သုံးဆီ တင္သြင္းမႈ၊ သိုေလွာင္မႈႏွင့္ ျဖန႔္ျဖဴးမႈ ကြင္းဆက္တစ္ေလွ်ာက္လုံးကို စနစ္တက် စီမံေနသည္မွာ အထင္အရွား ျဖစ္ေၾကာင္းကား ထုတ္ျပန္ထားခ်က္မ်ားအရ ေတြ႕ေပလိမ့္မည္။ စက္သုံးဆီ ဖူလုံေရးအတြက္ ရက္ေပါင္း (၄၀) ေက်ာ္စာ အရန္ဆီမ်ား သိုေလွာင္ထားျခင္း၊ လမ္းခရီးတြင္ သေဘၤာမ်ားစြာ ေရာက္ရွိလာရန္ စီစဥ္ထားျခင္းႏွင့္ မွ်တေသာ ျဖန႔္ျဖဴးမႈစနစ္ကို က်င့္သုံးျခင္းတို႔သည္ အစိုးရ ၏ ျပည္သူသို႔ အသိေပးထားေသာ အစီအမံမ်ား ျဖစ္သည္။
အျခား အစိုးရ အေနျဖင့္ စက္သုံးဆီ မျပတ္ေတာက္ေရး အတြက္ အျခား လုပ္ဖြယ္ ရွိသည္မ်ားကို ဆက္လက္ လုပ္ေဆာင္ေနမည္ဟု နားလည္ရသည္။ တဖက္တြင္လည္း စက္သုံးဆီ ေရာင္းခ်ျခင္းကို ပိုမို စနစ္ တက် ၾကပ္မတ္လာေၾကာင္း ေတြ႕ရသည္။
ဥပမာအားျဖင့္ မြန္ျပည္နယ္၊ ေမာ္လၿမိဳင္ၿမိဳ႕တြင္ ဆိုလွ်င္ ကား၊ ဆိုင္ကယ္၊ သုံးဘီး စသည္ျဖင့္ ယာဥ္မ်ား အတြက္ တေန႔တာ ဝယ္ယူႏိုင္မည့္ ႏႈန္းထားတို႔ အျပင္ အေလအလြင့္ မရွိေစရန္ အတြက္ နည္းမ်ိဳးစုံျဖင့္ ေဆာင္႐ြက္ေနေၾကာင္း ေတြ႕ရသည္။

ယုံၾကည္မႈရွိေပးရန္ လို
လက္ရွိ စက္သုံးဆီ အေရး ႏွင့္ ပတ္သက္၍ ေက်ာ္လႊားရန္ အတြက္ လိုအပ္ျခင္းမွာ ယုံၾကည္မႈ ျဖစ္သည္။ အေရွ႕ အလယ္ပိုင္း ပဋိပကၡ အေျခအေန မည္မွ် ၾကာမည္ ဆိုျခင္းကို မသိရေသးပါ။ ထို႔ျပင္ အျခား ႏိုင္ငံ မ်ားကလည္း ယင္း အေျခအေနကို ၾကည့္၍ အရန္ဆီ စုေနၾကေၾကာင္း ေတြ႕ရသည္။
အလြယ္အကြၽံ ဝယ္ယူျခင္းသည္ အေျဖဟု မည္သူမွ် ယူဆလိမ့္မည္ မထင္ပါ။ ေလာင္စာဆီ ေစ်းကိုလည္း စုေဆာင္းထားသူမ်ားထံက ေစ်းႀကီးေပး ဝယ္လိုလိမ့္မည္ဟု မသုံးသပ္မိပါ။ တဖက္တြင္ စက္သုံးဆီကို ေခြၽတာ သုံးစြဲျခင္းျဖင့္လည္း ယခု ျပႆနာကို ေက်ာ္လႊားရာတြင္ အေထာက္အကူျပဳႏိုင္ေပလိမ့္မည္။
လိုအပ္သူမ်ား ကို မွ်ေဝသည့္ အေနျဖင့္ လိုအပ္သေလာက္သာ ဝယ္ယူျခင္းသည္ အလႉအတန္း ရက္ေရာ ေသာ ျမန္မာႏိုင္ငံသားမ်ား အတြက္ ကုသိုလ္ ေကာင္းမႈ ျပဳျခင္း တမ်ိဳး ျဖစ္ပါသည္။ တဖက္တြင္ အစိုးရကို ယုံၾကည္မႈ အျပည့္အဝ ထား တာဝန္ေပးရန္ လိုၿပီး အစိုးရကလည္း လိုအပ္သည့္ ထုတ္ျပန္ခ်က္မ်ားကို ထုတ္ျပန္ထားၿပီး ျဖစ္သည္။ စီမံခန႔္ခြဲမႈမ်ားကို ယုံၾကည္စြာျဖင့္ ပူးေပါင္းေဆာင္႐ြက္ျခင္းသည္သာ စိန္ေခၚမႈမ်ားကို ေအာင္ျမင္စြာ ေက်ာ္ျဖတ္ႏိုင္မည့္ အေကာင္းဆုံးနည္းလမ္း ျဖစ္ေပလိမ့္မည္။

Related news

© 2021. All rights reserved.