အမေရိကန်နှင့် ဗင်နီဇွဲလားနိုင်ငံကြား ရေနံတင်ပို့များ ပိုမိုလုပ်ဆောင်နေ

 2116

ဂျန်ဇက် (NP News) - မတ် ၉

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်သည် ဗင်နီဇွဲလားနိုင်ငံကို နှစ်ပေါင်းများစွာအုပ်ချုပ်ခဲ့သည့် သမ္မတဟောင်း နီကိုလပ် မာဒူရိုကို ဖမ်းဆီးလိုက်ပြီးနောက် အမေရိကန်နိုင်ငံအတွင်းသို့ ဗင်နီဇွဲလားနိုင်ငံ၏ ရေနံများ စီးဆင်းနေပြီ ဖြစ်ကြောင်း ထုတ်ဖော်ပြော ဆိုလိုက်သည်။ အမေရိကန်သမ္မတဒေါ်နယ်ထရမ့်နှင့် ဗင်နီဇွဲလား ကြားဖြတ်သမ္မတ ဒယ်လ်စီ ရိုဒရီ ဂွက်ဇ် (Delcy Rodríguez) တို့ကြားက ဆက်ဆံရေး ကောင်းမွန်ပုံရှိနေပြီး ပြီးခဲ့သည့်ရက်ပိုင်းက လူမူကွန် ရက်တွင် အပြန်အလှန် ချီးကျူးပြောဆိုမှုများရှိခဲ့ ကြောင်းသိရသည်။ အမေရိကန်သမ္မတက “ဗင်နီ ဇွဲလား သမ္မတဖြစ်သူ ဒယ်လ်စီ ရိုဒရီဂွက်ဇ်ဟာ အလုပ်တွေကို အလွန်ကောင်းမွန်စွာ လုပ်ဆောင်နေပြီး၊ အမေရိကန် ကိုယ်စားလှယ် တွေနဲ့လည်း အလွန်အဆင်ပြေစွာ လက်တွဲလုပ်ကိုင်နေပါတယ်။ ရေနံတွေလည်း စတင်စီးဆင်းနေပြီဖြစ် သလိုနှစ်နိုင်ငံ ကြားက ကျွမ်းကျင်ပိုင်နိုင်မှုနဲ့ မြှုပ်နှံထားမှုတွေကို မြင်တွေ့ရတာဟာ အလွန်ကြည် နူးစရာကောင်းပါတယ်” ဟုပြော ဆိုခဲ့သည်။ ထို့အပြင် ဗင်နီဇွဲလား ကြားဖြတ်သမ္မတဖြစ်သူ ဒယ်လ်စီ ရိုဒ ရီဂွက်ဇ်က “အမေရိကန်နဲ့ ဗင်နီဇွဲလား ပြည်သူတွေရဲ့ အကျိုးစီးပွားအတွက် နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်မှုကို ခိုင်မာစေမယ့် အစီအစဉ်တွေမှာ အတူတကွ လက်တွဲလုပ်ဆောင်ဖို့ သမ္မတ ဒေါ်နယ်ထရမ့် အစိုးရရဲ့ သဘောထားကြီးမားတဲ့ ဆန္ဒအတွက် ကျေးဇူးတင်ရှိပါ တယ်}}ဟု တုံ့ပြန်ထားသည်။ အမေရိကန်နိုင်ငံသည် (၂၀၂၆)ခု နှစ်ဇန်နဝါရီလတွင် သမ္မတဟောင်း မာဒူရိုကို ဖမ်းဆီးခဲ့ပြီးနောက် ဗင်နီဇွဲလားနိုင်ငံနှင့် အပြန်အလှန် ကုန်သွယ်ရေးနှင့် ဆက်ဆံရေးများပြန်လည်တည်ဆောက်ခဲ့ကြောင်းသိရသည်။ အမေရိကန် ပြည်ထဲရေးဝန်ကြီး ဒက်ဂ် ဘာဂမ်သည် ပြီးခဲ့သည့် ရက်ပိုင်းတွင် ဗင်နီဇွဲ လားမြို့တော် ကာရာကတ်စ်ကို ရောက်ရှိနေပြီး ကြားဖြတ်သမ္မတ ရိုဒရီဂွက်ဇ်နှင့် တွေ့ဆုံဆွေး နွေးခဲ့ရာအမေရိကန်နှင့် ဗင်နီဇွဲလားနိုင်ငံကြား သံတမန် ဆက်ဆံရေးပြန်လည်တည်ဆောက်ရန် သဘောတူညီခဲ့ကြောင်းသိရသည်။ (၂၀၁၉)ခုနှစ်က ပိတ်ပင်ခဲ့ရသည့် ဗင်နီဇွဲ လားနိုင်ငံကာရာကက်စ်မြို့ရှိ အမေရိကန်သံရုံးကို ပြန်လည်ဖွင့်လှစ်ခဲ့သလို ဗင်နီဇွဲလားရှိအမေရိကန်သံရုံးတွင် တာဝန် ထမ်းဆောင်ရန် သံတမန်အသစ်တစ်ဦးခန့်အပ်ခဲ့ကြောင်းသိရသည်။ အမေရိကန်သမ္မတဒေါ်နယ်ထရမ့်က အမေရိကန် နိုင်ငံအနေဖြင့် မိတ်ဆွေအသစ်နိုင်ငံဖြစ်သော ဗင်နီဇွဲလားနိုင်ငံထံမှ ရေနံစည်ပေါင်း သန်း (၈၀)ကိုတင်သွင်း လက်ခံ ရရှိထားကြောင်း ထုတ်ဖော် ပြောဆိုထားသည်။

Zawgyi Version;
အေမရိကန္ႏွင့္ ဗင္နီဇြဲလားႏိုင္ငံၾကား ေရနံတင္ပို႔မ်ား ပိုမိုလုပ္ေဆာင္ေန
ဂ်န္ဇက္ (NP News) - မတ္ ၉
အေမရိကန္သမၼတ ေဒၚနယ္ထရမ့္သည္ ဗင္နီဇြဲလားႏိုင္ငံကို ႏွစ္ေပါင္းမ်ားစြာအုပ္ခ်ဳပ္ခဲ့သည့္ သမၼတေဟာင္း နီကိုလပ္ မာဒူ႐ိုကို ဖမ္းဆီးလိုက္ၿပီးေနာက္ အေမရိကန္ႏိုင္ငံအတြင္းသို႔ ဗင္နီဇြဲလားႏိုင္ငံ၏ ေရနံမ်ား စီးဆင္းေနၿပီ ျဖစ္ေၾကာင္း ထုတ္ေဖာ္ေျပာ ဆိုလိုက္သည္။ အေမရိကန္သမၼတေဒၚနယ္ထရမ့္ႏွင့္ ဗင္နီဇြဲလား ၾကားျဖတ္သမၼတ ဒယ္လ္စီ ႐ိုဒရီ ဂြက္ဇ္ (Delcy Rodríguez) တို႔ၾကားက ဆက္ဆံေရး ေကာင္းမြန္ပုံရွိေနၿပီး ၿပီးခဲ့သည့္ရက္ပိုင္းက လူမူကြန္ ရက္တြင္ အျပန္အလွန္ ခ်ီးက်ဴးေျပာဆိုမႈမ်ားရွိခဲ့ ေၾကာင္းသိရသည္။ အေမရိကန္သမၼတက “ဗင္နီ ဇြဲလား သမၼတျဖစ္သူ ဒယ္လ္စီ ႐ိုဒရီဂြက္ဇ္ဟာ အလုပ္ေတြကို အလြန္ေကာင္းမြန္စြာ လုပ္ေဆာင္ေနၿပီး၊ အေမရိကန္ ကိုယ္စားလွယ္ ေတြနဲ႔လည္း အလြန္အဆင္ေျပစြာ လက္တြဲလုပ္ကိုင္ေနပါတယ္။ ေရနံေတြလည္း စတင္စီးဆင္းေနၿပီျဖစ္ သလိုႏွစ္ႏိုင္ငံ ၾကားက ကြၽမ္းက်င္ပိုင္ႏိုင္မႈနဲ႔ ျမႇဳပ္ႏွံထားမႈေတြကို ျမင္ေတြ႕ရတာဟာ အလြန္ၾကည္ ႏူးစရာေကာင္းပါတယ္” ဟုေျပာ ဆိုခဲ့သည္။ ထို႔အျပင္ ဗင္နီဇြဲလား ၾကားျဖတ္သမၼတျဖစ္သူ ဒယ္လ္စီ ႐ိုဒ ရီဂြက္ဇ္က “အေမရိကန္နဲ႔ ဗင္နီဇြဲလား ျပည္သူေတြရဲ႕ အက်ိဳးစီးပြားအတြက္ ႏွစ္ႏိုင္ငံ ပူးေပါင္းေဆာင္႐ြက္မႈကို ခိုင္မာေစမယ့္ အစီအစဥ္ေတြမွာ အတူတကြ လက္တြဲလုပ္ေဆာင္ဖို႔ သမၼတ ေဒၚနယ္ထရမ့္ အစိုးရရဲ႕ သေဘာထားႀကီးမားတဲ့ ဆႏၵအတြက္ ေက်းဇူးတင္ရွိပါ တယ္}}ဟု တုံ႔ျပန္ထားသည္။ အေမရိကန္ႏိုင္ငံသည္ (၂၀၂၆)ခု ႏွစ္ဇန္နဝါရီလတြင္ သမၼတေဟာင္း မာဒူ႐ိုကို ဖမ္းဆီးခဲ့ၿပီးေနာက္ ဗင္နီဇြဲလားႏိုင္ငံႏွင့္ အျပန္အလွန္ ကုန္သြယ္ေရးႏွင့္ ဆက္ဆံေရးမ်ားျပန္လည္တည္ေဆာက္ခဲ့ေၾကာင္းသိရသည္။ အေမရိကန္ ျပည္ထဲေရးဝန္ႀကီး ဒက္ဂ္ ဘာဂမ္သည္ ၿပီးခဲ့သည့္ ရက္ပိုင္းတြင္ ဗင္နီဇြဲ လားၿမိဳ႕ေတာ္ ကာရာကတ္စ္ကို ေရာက္ရွိေနၿပီး ၾကားျဖတ္သမၼတ ႐ိုဒရီဂြက္ဇ္ႏွင့္ ေတြ႕ဆုံေဆြး ေႏြးခဲ့ရာအေမရိကန္ႏွင့္ ဗင္နီဇြဲလားႏိုင္ငံၾကား သံတမန္ ဆက္ဆံေရးျပန္လည္တည္ေဆာက္ရန္ သေဘာတူညီခဲ့ေၾကာင္းသိရသည္။ (၂၀၁၉)ခုႏွစ္က ပိတ္ပင္ခဲ့ရသည့္ ဗင္နီဇြဲ လားႏိုင္ငံကာရာကက္စ္ၿမိဳ႕ရွိ အေမရိကန္သံ႐ုံးကို ျပန္လည္ဖြင့္လွစ္ခဲ့သလို ဗင္နီဇြဲလားရွိအေမရိကန္သံ႐ုံးတြင္ တာဝန္ ထမ္းေဆာင္ရန္ သံတမန္အသစ္တစ္ဦးခန႔္အပ္ခဲ့ေၾကာင္းသိရသည္။ အေမရိကန္သမၼတေဒၚနယ္ထရမ့္က အေမရိကန္ ႏိုင္ငံအေနျဖင့္ မိတ္ေဆြအသစ္ႏိုင္ငံျဖစ္ေသာ ဗင္နီဇြဲလားႏိုင္ငံထံမွ ေရနံစည္ေပါင္း သန္း (၈၀)ကိုတင္သြင္း လက္ခံ ရရွိထားေၾကာင္း ထုတ္ေဖာ္ ေျပာဆိုထားသည္။

Related news

© 2021. All rights reserved.