အထက်ရဲရွာရေအားလျှပ်စစ်စီမံကိန်း ပြန်စရန်အတွက် TNLA ဖျက်စီးခဲ့သည်များကို ပြန်လည်တည် ဆောက်ရဦးမည်

 768

သန့်ဇင် (NP News)-မတ် ၉
တည်ဆောက်မှု (၅၃)ရာခိုင်နှုန်းကျော်ပြီး စီးပြီးမှစစ်ကြောင့်ရပ်ခဲ့ရသည့် အထက်ရဲရွာရေအား လျှပ်စစ်စီမံကိန်းပြန်စရန်အတွက် TNLA ဖျက်ဆီးခဲ့သည်များကို ပြန်လည်တည်ဆောက်ရဦးမည်ဖြစ် ကြောင်း လျှပ်စစ်စွမ်းအားဝန်ကြီးဌာနနှင့်နီးစပ်သူ တစ်ဦးက NP Newsw သို့ပြောကြားချက်အရ သိရ သည်။
တပ်မတော်က ပြီးခဲ့သည့် (၂၀၂၅) ခုနှစ် အောက်တိုဘာလ (၁)ရက်တွင် TNLA အဖွဲ့ထိန်းချုပ် ထားသော ကျောက်မဲမြို့ကို ပြန်လည်တိုက်ခိုက် သိမ်းပိုက်နိုင်ခဲ့ပြီး လက်ရှိတွင် (၅) လကျော်အကြာသို့ ရောက်ရှိနေပြီဖြစ်ကြောင်း သိရသည်။
ထို့နောက် ကျောက်မဲမြို့တောင်ဘက် မိုင်(၂၀)ခန့်အကွာရှိ မြစ်ငယ်မြစ်ပေါ်တွင် အကောင် အထည်ဖော်ဆောင်ရွက်နေသည့် အထက်ရဲရွာ ရေအားလျှပ်စစ်စီမံကိန်းကိုမူ TNLA အဖွဲ့များ ဖျက်ဆီး သွားခဲ့သည့် စီမံကိန်းနယ်မြေအတွင်းမှ အဆောက်အအုံများပြန်လည်တည်ဆောက်ရေး ရန်ပုံငွေပြန် လည်ရရှိရန် ကနဦးလုပ်ဆောင်နေကြောင်း သိရသည်။
“အထက်ရဲရွာ စီမံကိန်းက သူပုန်မရှိတော့ပေမယ့် ပြန်စဖို့မလွယ်သေးဘူး။ ပြန်လည်ထူထောင် ရေးတွေ လုပ်နေတာ။ ရန်ပုံငွေပြန်ယူရဦးမှာ။ အဆောက်အအုံတွေမီးရှို့သွားလို့ပြန်လုပ်ရဦးမယ်။ စီမံ ကိန်းဆိုက်ထဲနဲ့ ကျောက်မဲမြို့ပေါ်ကရုံးတွေလည်း မီးရှို့သွားလို့ပြန်လုပ်ရဦးမယ်”ဟု ၎င်းကပြောသည်။
အထက်ရဲရွာရေအားလျှပ်စစ်စီမံကိန်းသည် တိုက်ပွဲများကြောင့် (၂) နှစ်ကျော်ကြာရပ်နားထားခဲ့ ရခြင်းဖြစ်ပြီး စီမံကိန်းရပ်နားခဲ့စဉ်က တည်ဆောက်မှု (၅၃) ရာခိုင်နှုန်းကျော်ပြီးစီးနေပြီဖြစ်ကြောင်း သိရ သည်။
“ပြန်လည်ထူထောင်ရေးတွေက တော်တော်ကျန်ပါသေးတယ်။ ကျွန်တော်ထင်တာတော့ (၂) နှစ် လောက်ကြာဦးမယ်ထင်တယ်။ တစ်ဝက်လောက်တော့ပြီးသွားပြီ။ ဒါပေမဲ့ အစိုးရရုံးတွေတော်တော်များ များမီးရှို့ခံလိုက်ရတာလည်းပါတာပေါ့။ အဲဒါကြောင့် တော်တော်ကိုအချိန်ယူရဦးမှာပါ” ဟု ကျောက်မဲ မြို့ခံတစ်ဦးက ပြောသည်။
ယင်းစီမံကိန်းပြီးစီးပါက နှစ်စဉ် ပျမ်းမျှ လျှပ်စစ်ဓာတ်အားကီလိုဝပ် နာရီသန်းပေါင်း (၁၄၀၉) သန်း ထုတ်လုပ်ပေးနိုင်မည်ဖြစ်ကြောင်းသိရသည်။ အဆိုပါစီမံကိန်းပြီးစီးပါက ထွက်ရှိလာမည့် လျှပ်စစ် ဓာတ်အားကို နိုင်ငံတော်ဓာတ်အားကွန်ရက်စနစ်မှ တစ်နိုင်ငံလုံးသို့ ဖြန့်ဖြူးပေးနိုင်မည်ဖြစ်ပြီး လူဦးရေ (၃ ဒသမ ၇)သန်း နှင့် နိုင်ငံ့လူဦးရေ စုစုပေါင်း၏ (၆ ဒသမ ၆)ရာခိုင်နှုန်းကို လျှပ်စစ်ဓာတ်အားတိုးတက် ဖြန့်ဖြူးပေးနိုင်မည်ဖြစ်ကြောင်း သိရသည်။

Zawgyi Version:
အထက္ရဲ႐ြာေရအားလွ်ပ္စစ္စီမံကိန္း ျပန္စရန္အတြက္ TNLA ဖ်က္စီးခဲ့သည္မ်ားကို ျပန္လည္တည္ ေဆာက္ရဦးမည္
သန႔္ဇင္ (NP News)-မတ္ ၉
တည္ေဆာက္မႈ (၅၃)ရာခိုင္ႏႈန္းေက်ာ္ၿပီး စီးၿပီးမွစစ္ေၾကာင့္ရပ္ခဲ့ရသည့္ အထက္ရဲ႐ြာေရအား လွ်ပ္စစ္စီမံကိန္းျပန္စရန္အတြက္ TNLA ဖ်က္ဆီးခဲ့သည္မ်ားကို ျပန္လည္တည္ေဆာက္ရဦးမည္ျဖစ္ ေၾကာင္း လွ်ပ္စစ္စြမ္းအားဝန္ႀကီးဌာနႏွင့္နီးစပ္သူ တစ္ဦးက NP Newsw သို႔ေျပာၾကားခ်က္အရ သိရ သည္။
တပ္မေတာ္က ၿပီးခဲ့သည့္ (၂၀၂၅) ခုႏွစ္ ေအာက္တိုဘာလ (၁)ရက္တြင္ TNLA အဖြဲ႕ထိန္းခ်ဳပ္ ထားေသာ ေက်ာက္မဲၿမိဳ႕ကို ျပန္လည္တိုက္ခိုက္ သိမ္းပိုက္ႏိုင္ခဲ့ၿပီး လက္ရွိတြင္ (၅) လေက်ာ္အၾကာသို႔ ေရာက္ရွိေနၿပီျဖစ္ေၾကာင္း သိရသည္။
ထို႔ေနာက္ ေက်ာက္မဲၿမိဳ႕ေတာင္ဘက္ မိုင္(၂၀)ခန႔္အကြာရွိ ျမစ္ငယ္ျမစ္ေပၚတြင္ အေကာင္ အထည္ေဖာ္ေဆာင္႐ြက္ေနသည့္ အထက္ရဲ႐ြာ ေရအားလွ်ပ္စစ္စီမံကိန္းကိုမူ TNLA အဖြဲ႕မ်ား ဖ်က္ဆီး သြားခဲ့သည့္ စီမံကိန္းနယ္ေျမအတြင္းမွ အေဆာက္အအုံမ်ားျပန္လည္တည္ေဆာက္ေရး ရန္ပုံေငြျပန္ လည္ရရွိရန္ ကနဦးလုပ္ေဆာင္ေနေၾကာင္း သိရသည္။
“အထက္ရဲ႐ြာ စီမံကိန္းက သူပုန္မရွိေတာ့ေပမယ့္ ျပန္စဖို႔မလြယ္ေသးဘူး။ ျပန္လည္ထူေထာင္ ေရးေတြ လုပ္ေနတာ။ ရန္ပုံေငြျပန္ယူရဦးမွာ။ အေဆာက္အအုံေတြမီးရႈိ႕သြားလို႔ျပန္လုပ္ရဦးမယ္။ စီမံ ကိန္းဆိုက္ထဲနဲ႔ ေက်ာက္မဲၿမိဳ႕ေပၚက႐ုံးေတြလည္း မီးရႈိ႕သြားလို႔ျပန္လုပ္ရဦးမယ္”ဟု ၎ကေျပာသည္။
အထက္ရဲ႐ြာေရအားလွ်ပ္စစ္စီမံကိန္းသည္ တိုက္ပြဲမ်ားေၾကာင့္ (၂) ႏွစ္ေက်ာ္ၾကာရပ္နားထားခဲ့ ရျခင္းျဖစ္ၿပီး စီမံကိန္းရပ္နားခဲ့စဥ္က တည္ေဆာက္မႈ (၅၃) ရာခိုင္ႏႈန္းေက်ာ္ၿပီးစီးေနၿပီျဖစ္ေၾကာင္း သိရ သည္။
“ျပန္လည္ထူေထာင္ေရးေတြက ေတာ္ေတာ္က်န္ပါေသးတယ္။ ကြၽန္ေတာ္ထင္တာေတာ့ (၂) ႏွစ္ ေလာက္ၾကာဦးမယ္ထင္တယ္။ တစ္ဝက္ေလာက္ေတာ့ၿပီးသြားၿပီ။ ဒါေပမဲ့ အစိုးရ႐ုံးေတြေတာ္ေတာ္မ်ား မ်ားမီးရႈိ႕ခံလိုက္ရတာလည္းပါတာေပါ့။ အဲဒါေၾကာင့္ ေတာ္ေတာ္ကိုအခ်ိန္ယူရဦးမွာပါ” ဟု ေက်ာက္မဲ ၿမိဳ႕ခံတစ္ဦးက ေျပာသည္။
ယင္းစီမံကိန္းၿပီးစီးပါက ႏွစ္စဥ္ ပ်မ္းမွ် လွ်ပ္စစ္ဓာတ္အားကီလိုဝပ္ နာရီသန္းေပါင္း (၁၄၀၉) သန္း ထုတ္လုပ္ေပးႏိုင္မည္ျဖစ္ေၾကာင္းသိရသည္။ အဆိုပါစီမံကိန္းၿပီးစီးပါက ထြက္ရွိလာမည့္ လွ်ပ္စစ္ ဓာတ္အားကို ႏိုင္ငံေတာ္ဓာတ္အားကြန္ရက္စနစ္မွ တစ္ႏိုင္ငံလုံးသို႔ ျဖန႔္ျဖဴးေပးႏိုင္မည္ျဖစ္ၿပီး လူဦးေရ (၃ ဒသမ ၇)သန္း ႏွင့္ ႏိုင္ငံ့လူဦးေရ စုစုေပါင္း၏ (၆ ဒသမ ၆)ရာခိုင္ႏႈန္းကို လွ်ပ္စစ္ဓာတ္အားတိုးတက္ ျဖန႔္ျဖဴးေပးႏိုင္မည္ျဖစ္ေၾကာင္း သိရသည္။

Related news

© 2021. All rights reserved.