အမျိုးသမီးများအကြမ်းဖက်မှုကြုံတွေ့ရပါက Helpline ဖုန်း ၁၅၆၆ ဖြင့် ၂၄ နာရီ သတင်းပို့တိုင်ကြားနိုင်

213

Pearl (NP News) - မတ် ၉
အမျိုးသမီးများအကြမ်းဖက်မှုကြုံတွေ့ရပါက Helpline ဖုန်း ၁၅၆၆ ဖြင့် ၂၄ နာရီ သတင်းပို့တိုင်ကြားနိုင်ကြောင်း ယမန်နေ့ (မတ်လ ၈ရက်) က နေပြည်တော်၌ ကျင်းပခဲ့သည့် ၂၀၂၆ ခုနှစ် အပြည်ပြည်ဆိုင်ရာအမျိုးသမီးများနေ့ အခမ်းအနားတွင် မြန်မာနိုင်ငံလုံးဆိုင်ရာ အမျိုးသမီးကော်မတီဒုတိယဥက္ကဋ္ဌ၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာသန်းစိုးက ပြောသည်။
အဆိုပါ အခမ်းအနားတွင် မြန်မာအမျိုးသမီးများသည် ရှေးအစဉ်အလာကတည်းက အမျိုးသားများနည်းတူ သာတူညီမျှလူ့အခွင့်အရေးများကို ယနေ့အထိ နိုင်ငံတကာ စံချိန်စံညွှန်းများနှင့်ကိုက်ညီစွာ ခံစား နေရပြီး ကျား၊ မ တန်းတူညီမျှမှုနှင့် အမျိုးသမီးများအားလုံး စွမ်းပကားမြင့်မားရေး ဆောင်ရွက်ချက်များကို ထိရောက်အောင်မြင်နိုင်ရန် အမျိုးသမီးများအပေါ် အကြမ်းဖက်မှုပုံစံအားလုံးကို အဆုံးသတ်စေရေး လုပ်ငန်းစဉ်များသည်လည်း အဓိကအရေးပါကြောင်း ဒေါက်တာသန်းစိုးက ပြောသည်။
ထို့ပြင် အကြမ်းဖက်မှုကြုံတွေ့ရပါက လိုအပ်သည့်ဝန်ဆောင်မှုများ လက်လှမ်းမီရရှိနိုင်ရေးအတွက် သတင်းပို့တိုင်ကြားနိုင်ရန် Helpline ဖုန်း ၁၅၆၆ ဖြင့် ၂၄ နာရီ ဝန်ဆောင်မှုပေးလျက်ရှိပါကြောင်းလည်း ထည့်သွင်းပြောကြားခဲ့သည်။
မြန်မာအမျိုးသမီးထုကြီးအားလုံး၏ အခွင့်အရေးများ အပြည့်အဝရရှိ ခံစားနိုင်စေရေးနှင့် နိုင်ငံတကာနှင့်ထားရှိသည့် ကတိကဝတ်များ၊ စီမံချက်များကို အကောင်အထည်ဖော်နိုင်ရန် ဆောင်ရွက်လျက်ရှိသည့်စီမံကိန်းများအလိုက် လုပ်ငန်းများ အကောင်အထည်ဖော် ဆောင်ရွက်ရာတွင် အမျိုးသမီးများ ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ နိုင်ငံတော်အဆင့် မဟာဗျူဟာစီမံကိန်း (NSPAW) ပါနယ်ပယ်များနှင့် ချိတ်ဆက်ဆောင်ရွက်သွားကြရမည်ဖြစ်ကြောင်းလည်း ဒေါက်တာသန်းစိုးက ပြောသည်။
၂၀၂၆ ခုနှစ် ကမ္ဘာ့လူဦးရေသည် သန်း ၈ ထောင်ကျော်ရှိသည့်အနက် အမျိုးသမီး ဦးရေသည် ၄၉ ဒသမ ၇၄ ရာခိုင်နှုန်းရှိပြီး မြန်မာနိုင်ငံတွင် ၂၀၂၄ ခုနှစ် လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်း ပြည်ထောင်စုအစီရင်ခံစာအရ မြန်မာနိုင်ငံ၏ စုစုပေါင်းလူဦးရေမှာ ၅၁ ဒသမ ၄ သန်းရှိကာ အမျိုးသမီးဦးရေသည် ၅၃ ရာခိုင်နှုန်းရှိကြောင်း သိရသည်။

Zawgyi Version:
အမ်ိဳးသမီးမ်ားအၾကမ္းဖက္မႈႀကဳံေတြ႕ရပါက Helpline ဖုန္း ၁၅၆၆ ျဖင့္ ၂၄ နာရီ သတင္းပို႔တိုင္ၾကားႏိုင္
Pearl (NP News) - မတ္ ၉
အမ်ိဳးသမီးမ်ားအၾကမ္းဖက္မႈႀကဳံေတြ႕ရပါက Helpline ဖုန္း ၁၅၆၆ ျဖင့္ ၂၄ နာရီ သတင္းပို႔တိုင္ၾကားႏိုင္ေၾကာင္း ယမန္ေန႔ (မတ္လ ၈ရက္) က ေနျပည္ေတာ္၌ က်င္းပခဲ့သည့္ ၂၀၂၆ ခုႏွစ္ အျပည္ျပည္ဆိုင္ရာအမ်ိဳးသမီးမ်ားေန႔ အခမ္းအနားတြင္ ျမန္မာႏိုင္ငံလုံးဆိုင္ရာ အမ်ိဳးသမီးေကာ္မတီဒုတိယဥကၠ႒၊ လူမႈဝန္ထမ္း၊ ကယ္ဆယ္ေရးႏွင့္ျပန္လည္ေနရာခ်ထားေရးဝန္ႀကီးဌာန ဒုတိယဝန္ႀကီး ေဒါက္တာသန္းစိုးက ေျပာသည္။
အဆိုပါ အခမ္းအနားတြင္ ျမန္မာအမ်ိဳးသမီးမ်ားသည္ ေရွးအစဥ္အလာကတည္းက အမ်ိဳးသားမ်ားနည္းတူ သာတူညီမွ်လူ႔အခြင့္အေရးမ်ားကို ယေန႔အထိ ႏိုင္ငံတကာ စံခ်ိန္စံၫႊန္းမ်ားႏွင့္ကိုက္ညီစြာ ခံစား ေနရၿပီး က်ား၊ မ တန္းတူညီမွ်မႈႏွင့္ အမ်ိဳးသမီးမ်ားအားလုံး စြမ္းပကားျမင့္မားေရး ေဆာင္႐ြက္ခ်က္မ်ားကို ထိေရာက္ေအာင္ျမင္ႏိုင္ရန္ အမ်ိဳးသမီးမ်ားအေပၚ အၾကမ္းဖက္မႈပုံစံအားလုံးကို အဆုံးသတ္ေစေရး လုပ္ငန္းစဥ္မ်ားသည္လည္း အဓိကအေရးပါေၾကာင္း ေဒါက္တာသန္းစိုးက ေျပာသည္။
ထို႔ျပင္ အၾကမ္းဖက္မႈႀကဳံေတြ႕ရပါက လိုအပ္သည့္ဝန္ေဆာင္မႈမ်ား လက္လွမ္းမီရရွိႏိုင္ေရးအတြက္ သတင္းပို႔တိုင္ၾကားႏိုင္ရန္ Helpline ဖုန္း ၁၅၆၆ ျဖင့္ ၂၄ နာရီ ဝန္ေဆာင္မႈေပးလ်က္ရွိပါေၾကာင္းလည္း ထည့္သြင္းေျပာၾကားခဲ့သည္။
ျမန္မာအမ်ိဳးသမီးထုႀကီးအားလုံး၏ အခြင့္အေရးမ်ား အျပည့္အဝရရွိ ခံစားႏိုင္ေစေရးႏွင့္ ႏိုင္ငံတကာႏွင့္ထားရွိသည့္ ကတိကဝတ္မ်ား၊ စီမံခ်က္မ်ားကို အေကာင္အထည္ေဖာ္ႏိုင္ရန္ ေဆာင္႐ြက္လ်က္ရွိသည့္စီမံကိန္းမ်ားအလိုက္ လုပ္ငန္းမ်ား အေကာင္အထည္ေဖာ္ ေဆာင္႐ြက္ရာတြင္ အမ်ိဳးသမီးမ်ား ဖြံ႕ၿဖိဳးတိုးတက္ေရးဆိုင္ရာ ႏိုင္ငံေတာ္အဆင့္ မဟာဗ်ဴဟာစီမံကိန္း (NSPAW) ပါနယ္ပယ္မ်ားႏွင့္ ခ်ိတ္ဆက္ေဆာင္႐ြက္သြားၾကရမည္ျဖစ္ေၾကာင္းလည္း ေဒါက္တာသန္းစိုးက ေျပာသည္။
၂၀၂၆ ခုႏွစ္ ကမာၻ႔လူဦးေရသည္ သန္း ၈ ေထာင္ေက်ာ္ရွိသည့္အနက္ အမ်ိဳးသမီး ဦးေရသည္ ၄၉ ဒသမ ၇၄ ရာခိုင္ႏႈန္းရွိၿပီး ျမန္မာႏိုင္ငံတြင္ ၂၀၂၄ ခုႏွစ္ လူဦးေရႏွင့္ အိမ္အေၾကာင္းအရာ သန္းေခါင္စာရင္း ျပည္ေထာင္စုအစီရင္ခံစာအရ ျမန္မာႏိုင္ငံ၏ စုစုေပါင္းလူဦးေရမွာ ၅၁ ဒသမ ၄ သန္းရွိကာ အမ်ိဳးသမီးဦးေရသည္ ၅၃ ရာခိုင္ႏႈန္းရွိေၾကာင္း သိရသည္။