တက္ကသိုလ်ဝင်ခွင့် စာမေးပွဲအတွက် ကျောင်း ကြို၊ ပို့ ယာဉ်များ အနေဖြင့် စာတင်ပါက စုံ၊ မ ကင်းလွတ် ခွင့် ရမည်

 442

သန့်မင်းအိမ်(NP News) - မတ် ၉
တက္ကသိုလ်ဝင်ခွင့် စာမေးပွဲ အတွက် ကျောင်း ကြို၊ ပို့ ယာဉ်များ အနေဖြင့် စာတင်ပါက စုံ၊ မ ကင်းလွတ် ခွင့် ရမည် ဖြစ်ကြောင်း သိရှိသူ တစ်ဦးက NP News သို့ပြောကြားသည်။
တက္ကသိုလ်ဝင် စာမေးပွဲ အတွက် ကျောင်းသား၊ ကြိုပို ယာဉ်များ အနေဖြင့် စာတင်ရာတွင် ရပ်ကွက်အုပ်ချုပ် ရေးမှူးရုံးသို့ တင်ပြရမည် ဖြစ်ကြောင်း သိရသည်။
“ရပ်ကွက်လိုက်လေ၊ ရပ်ကွက်လိုက်စာတင်ပေး။ ကျောင်းကားဖြစ်သုံးမယ့် ကလေးစာမေးပွဲအတွက်သုံးမယ့် ဟာလေးတွေ။ ဒါပေမဲ့ အချို့က မတင်လိုက်တဲ့ဟာမျိုးတွေကျရင်လည်း အဲဒီကားပေါ်မှာ ကလေးတွေပါတယ် ဆိုရင်တော့ ဒါကတော့ သူ့နားလည်မှုနဲ့သူကတော့ မောင်းခွင့်ပေးတာမျိုးလည်း ဖြစ်နိုင်တယ်။ ကလေးတွေအတွက် စာမေးပွဲဖြေမယ့် ကျောင်းကားဖြစ်သုံးမယ့်ဟာတွေကိုတော့ ဟို ကားနံပါတ်နဲ့ဘာနဲ့ စာတော့တင်ခိုင်းထားတယ်လို့ သိရတယ်ဗျ” ဟု ၎င်းက ဆိုသည်။
ထိုသို့ စာတင်ရာတွင် ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးသို့သာ စာတင်ရန် လိုပြီး ယင်းမှ တဆင့် အုပ်ချုပ်ရေး အရ အထက်သို့ အဆင့်ဆင့် ဆက်လက် တင်ပြပေးသွားမည် ဖြစ်ကြောင်း သိရသည်။

Zawgyi Version:
တကၠသိုလ္ဝင္ခြင့္ စာေမးပြဲအတြက္ ေက်ာင္း ႀကိဳ၊ ပို႔ ယာဥ္မ်ား အေနျဖင့္ စာတင္ပါက စုံ၊ မ ကင္းလြတ္ ခြင့္ ရမည္
သန႔္မင္းအိမ္(NP News) - မတ္ ၉
တကၠသိုလ္ဝင္ခြင့္ စာေမးပြဲ အတြက္ ေက်ာင္း ႀကိဳ၊ ပို႔ ယာဥ္မ်ား အေနျဖင့္ စာတင္ပါက စုံ၊ မ ကင္းလြတ္ ခြင့္ ရမည္ ျဖစ္ေၾကာင္း သိရွိသူ တစ္ဦးက NP News သို႔ေျပာၾကားသည္။
တကၠသိုလ္ဝင္ စာေမးပြဲ အတြက္ ေက်ာင္းသား၊ ႀကိဳပို ယာဥ္မ်ား အေနျဖင့္ စာတင္ရာတြင္ ရပ္ကြက္အုပ္ခ်ဳပ္ ေရးမႉး႐ုံးသို႔ တင္ျပရမည္ ျဖစ္ေၾကာင္း သိရသည္။
“ရပ္ကြက္လိုက္ေလ၊ ရပ္ကြက္လိုက္စာတင္ေပး။ ေက်ာင္းကားျဖစ္သုံးမယ့္ ကေလးစာေမးပြဲအတြက္သုံးမယ့္ ဟာေလးေတြ။ ဒါေပမဲ့ အခ်ိဳ႕က မတင္လိုက္တဲ့ဟာမ်ိဳးေတြက်ရင္လည္း အဲဒီကားေပၚမွာ ကေလးေတြပါတယ္ ဆိုရင္ေတာ့ ဒါကေတာ့ သူ႔နားလည္မႈနဲ႔သူကေတာ့ ေမာင္းခြင့္ေပးတာမ်ိဳးလည္း ျဖစ္ႏိုင္တယ္။ ကေလးေတြအတြက္ စာေမးပြဲေျဖမယ့္ ေက်ာင္းကားျဖစ္သုံးမယ့္ဟာေတြကိုေတာ့ ဟို ကားနံပါတ္နဲ႔ဘာနဲ႔ စာေတာ့တင္ခိုင္းထားတယ္လို႔ သိရတယ္ဗ်” ဟု ၎က ဆိုသည္။
ထိုသို႔ စာတင္ရာတြင္ ရပ္ကြက္အုပ္ခ်ဳပ္ေရးမႉး႐ုံးသို႔သာ စာတင္ရန္ လိုၿပီး ယင္းမွ တဆင့္ အုပ္ခ်ဳပ္ေရး အရ အထက္သို႔ အဆင့္ဆင့္ ဆက္လက္ တင္ျပေပးသြားမည္ ျဖစ္ေၾကာင္း သိရသည္။

Related news

© 2021. All rights reserved.