နောက်ထပ် အချိန်(၆)လလောက်အထိ စစ်ပွဲကို ဆက်လက်ဆင်နွှဲနိုင်တယ်လို့ အီရန်စစ်ဘက်ပြော

 422

Pika (NP News) - မတ် ၉

အီရန်က အမေရိကန်နဲ့အစ္စရေးတို့ကို ဆန့်ကျင်တဲ့ပြင်းထန်တဲ့စစ်ပွဲကို နောက်ထပ်အနည်းဆုံး အချိန်(၆)လ လောက်အထိ တိုက်ခိုက်နိုင်တယ်လို့ အီရန်စစ်တပ်က ထုတ်ပြန်ပြောကြားခဲ့ပါတယ်။
အီရန်စစ်တပ်ပြောရေးဆိုခွင့်ရှိသူ အလီမိုဟာမက်နာနီက “အီရန်နိုင်ငံရဲ့လက်နက်ကိုင်တပ်ဖွဲ့တွေဟာ လက်ရှိ လုပ်ဆောင်နေတဲ့ စစ်ဆင်ရေးအရှိန်အဟုန်နဲ့ နောက်ထပ်အချိန်(၆)လလောက်အထိကြာမြင့်မယ့် ပြင်းထန်တဲ့ စစ်ပွဲကို ဆက်လက်ဆင်နွှဲနိုင်ပါတယ်” လို့ ပြောခဲ့ပါတယ်။
ဒါ့ပြင် အီရန်စစ်တပ်ကလည်း ဒေသတွင်းမှာရှိတဲ့ အမေရိကန်နဲ့အစ္စရေးတို့ရဲ့ အခြေစိုက်စခန်းတွေ၊ အဆောက်အဦး တွေနဲ့ဆက်စပ်နဲ့ နေရာပေါင်း(၂၀၀)ကျော်ကို ပစ်မှတ်ထားခဲ့တယ်လို့လည်း အလီမိုဟာမက်နာနီက ပြောကြားခဲ့ပါ တယ်။ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ(၂၈)ရက်မှာ အမေရိကန်နဲ့အစ္စရေးတို့က အီရန်ကိုတိုက်ခိုက်မှုတွေ စတင်လုပ်ဆောင် ကာ အီရန်ထိပ်တန်းခေါင်းဆောင်အလီခါမေနီကို သတ်ပစ်ခဲ့ပြီးနောက် အရှေ့အလယ်ပိုင်းဒေသမှာ ကျယ်ပြန့်တဲ့ စစ်ပွဲတစ်ခု ပေါ်ပေါက်လာခဲ့တာလည်းဖြစ်ပါတယ်။
အမေရိကန်နဲ့အစ္စရေးတို့ရဲ့တိုက်ခိုက်မှုတွေကို လက်တုံ့ပြန်တဲ့အနေနဲ့ အီရန်က ဒေသတွင်းမှာရှိတဲ့ အမေရိကန်နဲ့အစ္စရေးတို့ရဲ့အခြေစိုက်စခန်းတွေကို ပြန်လည်ပစ်မှတ်ထားတိုက်ခိုက်ခဲ့ပြီး နှစ်ဖက်ကြား တင်းမာမှု တွေ အမြင့်ဆုံးအဆင့်ကိုရောက်ရှိလာခဲ့တယ်လို့ လည်း သိရပါတယ်။

Zawgyi Version;
ေနာက္ထပ္ အခ်ိန္(၆)လေလာက္အထိ စစ္ပြဲကို ဆက္လက္ဆင္ႏႊဲႏိုင္တယ္လို႔ အီရန္စစ္ဘက္ေျပာ
Pika (NP News) - မတ္ ၉
အီရန္က အေမရိကန္နဲ႔အစၥေရးတို႔ကို ဆန႔္က်င္တဲ့ျပင္းထန္တဲ့စစ္ပြဲကို ေနာက္ထပ္အနည္းဆုံး အခ်ိန္(၆)လ ေလာက္အထိ တိုက္ခိုက္ႏိုင္တယ္လို႔ အီရန္စစ္တပ္က ထုတ္ျပန္ေျပာၾကားခဲ့ပါတယ္။
အီရန္စစ္တပ္ေျပာေရးဆိုခြင့္ရွိသူ အလီမိုဟာမက္နာနီက “အီရန္ႏိုင္ငံရဲ႕လက္နက္ကိုင္တပ္ဖြဲ႕ေတြဟာ လက္ရွိ လုပ္ေဆာင္ေနတဲ့ စစ္ဆင္ေရးအရွိန္အဟုန္နဲ႔ ေနာက္ထပ္အခ်ိန္(၆)လေလာက္အထိၾကာျမင့္မယ့္ ျပင္းထန္တဲ့ စစ္ပြဲကို ဆက္လက္ဆင္ႏႊဲႏိုင္ပါတယ္” လို႔ ေျပာခဲ့ပါတယ္။
ဒါ့ျပင္ အီရန္စစ္တပ္ကလည္း ေဒသတြင္းမွာရွိတဲ့ အေမရိကန္နဲ႔အစၥေရးတို႔ရဲ႕ အေျခစိုက္စခန္းေတြ၊ အေဆာက္အဦး ေတြနဲ႔ဆက္စပ္နဲ႔ ေနရာေပါင္း(၂၀၀)ေက်ာ္ကို ပစ္မွတ္ထားခဲ့တယ္လို႔လည္း အလီမိုဟာမက္နာနီက ေျပာၾကားခဲ့ပါ တယ္။ ၿပီးခဲ့တဲ့ ေဖေဖာ္ဝါရီလ(၂၈)ရက္မွာ အေမရိကန္နဲ႔အစၥေရးတို႔က အီရန္ကိုတိုက္ခိုက္မႈေတြ စတင္လုပ္ေဆာင္ ကာ အီရန္ထိပ္တန္းေခါင္းေဆာင္အလီခါေမနီကို သတ္ပစ္ခဲ့ၿပီးေနာက္ အေရွ႕အလယ္ပိုင္းေဒသမွာ က်ယ္ျပန႔္တဲ့ စစ္ပြဲတစ္ခု ေပၚေပါက္လာခဲ့တာလည္းျဖစ္ပါတယ္။
အေမရိကန္နဲ႔အစၥေရးတို႔ရဲ႕တိုက္ခိုက္မႈေတြကို လက္တုံ႔ျပန္တဲ့အေနနဲ႔ အီရန္က ေဒသတြင္းမွာရွိတဲ့ အေမရိကန္နဲ႔အစၥေရးတို႔ရဲ႕အေျခစိုက္စခန္းေတြကို ျပန္လည္ပစ္မွတ္ထားတိုက္ခိုက္ခဲ့ၿပီး ႏွစ္ဖက္ၾကား တင္းမာမႈ ေတြ အျမင့္ဆုံးအဆင့္ကိုေရာက္ရွိလာခဲ့တယ္လို႔ လည္း သိရပါတယ္။

Related news

© 2021. All rights reserved.