အိန္ဒိယအစိုးရက အီရန်စစ်သင်္ဘောတစ်စီးကို ကမ်းကပ်ခွင့်ပြု

721
Pika (NP News) - မတ် ၉
လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ လုပ်ဆောင်ချက်တစ်ခုအနေနဲ့ အိန္ဒိယအစိုးရက အီရန်စစ်သင်္ဘော တစ်စီးကို ကမ်းကပ်ခွင့်ပြုခဲ့တယ်လို့ သိရပါတယ်။ အမေရိကန်ရေငုပ်သင်္ဘောတစ်စီးက အီရန်ဖရီးဂိတ်သင်္ဘော တစ်စီးကို အိမ်နီးချင်းသီရိလင်္ကာကမ်းလွန်မှာ တိုက်ခိုက်နှစ်မြှုပ်ပစ်ခဲ့ပြီးနောက် အိန္ဒိယအစိုးရရဲ့ကမ်းကပ်ဖို့ ခွင့်ပြုချက်တွေ ထွက်ပေါ်လာတာဖြစ်ပါတယ်။
အီရန်ဘက်က အရေးတကြီးတောင်းဆိုမှုတွေလုပ်ဆောင်ခဲ့ပြီးနောက် အီရန်ရဲ့ Lavan သင်္ဘောဟာ အိန္ဒိယနိုင်ငံ တောင်ပိုင်း ကိုချီဆိပ်ကမ်းမှာ ဆိုက်ကပ်ခဲ့တာဖြစ်တယ်လို့ သတင်းရင်းမြစ်တွေရဲ့ ပြောကြားချက်တွေအရ သိရပါတယ်။
အီရန်ရေတပ်ကို ဖျက်ဆီးတာက အမေရိကန်နဲ့အစ္စရေးတို့ လုပ်ဆောင်နေတဲ့အီရန်အပေါ်စစ်ပွဲရဲ့ ရည်ရွယ်ချက် တစ်ခုဖြစ်တယ်လို့လည်း အမေရိကန်သမ္မတဒေါ်နယ်ထရမ့်က ထုတ်ပြန်ပြောကြားခဲ့ပါတယ်။
အိန္ဒိယအစိုးရက “ဒီကိစ္စနဲ့ပတ်သက်ပြီးတော့ ကျွန်တော်တို့က ဥပဒေရေးရာပြဿနာတွေဘက်ကနေ မဟုတ်ဘဲ လူသားဆန်မှု ရှုထောင့်ကနေ ချဉ်းကပ်ခဲ့တယ်လို့ ထင်မိပါတယ်။ ကျွန်တော်တို့က မှန်ကန်တဲ့အရာကို လုပ်ခဲ့တယ်လို့ ထင်မိပါတယ်” လို့ ထုတ်ပြန်ပြောဆိုခဲ့ပါတယ်။
Zawgyi Version;
အိႏၵိယအစိုးရက အီရန္စစ္သေဘၤာတစ္စီးကို ကမ္းကပ္ခြင့္ျပဳ
Pika (NP News) - မတ္ ၉
လူသားခ်င္းစာနာေထာက္ထားမႈဆိုင္ရာ လုပ္ေဆာင္ခ်က္တစ္ခုအေနနဲ႔ အိႏၵိယအစိုးရက အီရန္စစ္သေဘၤာ တစ္စီးကို ကမ္းကပ္ခြင့္ျပဳခဲ့တယ္လို႔ သိရပါတယ္။ အေမရိကန္ေရငုပ္သေဘၤာတစ္စီးက အီရန္ဖရီးဂိတ္သေဘၤာ တစ္စီးကို အိမ္နီးခ်င္းသီရိလကၤာကမ္းလြန္မွာ တိုက္ခိုက္ႏွစ္ျမႇဳပ္ပစ္ခဲ့ၿပီးေနာက္ အိႏၵိယအစိုးရရဲ႕ကမ္းကပ္ဖို႔ ခြင့္ျပဳခ်က္ေတြ ထြက္ေပၚလာတာျဖစ္ပါတယ္။
အီရန္ဘက္က အေရးတႀကီးေတာင္းဆိုမႈေတြလုပ္ေဆာင္ခဲ့ၿပီးေနာက္ အီရန္ရဲ႕ Lavan သေဘၤာဟာ အိႏၵိယႏိုင္ငံ ေတာင္ပိုင္း ကိုခ်ီဆိပ္ကမ္းမွာ ဆိုက္ကပ္ခဲ့တာျဖစ္တယ္လို႔ သတင္းရင္းျမစ္ေတြရဲ႕ ေျပာၾကားခ်က္ေတြအရ သိရပါတယ္။
အီရန္ေရတပ္ကို ဖ်က္ဆီးတာက အေမရိကန္နဲ႔အစၥေရးတို႔ လုပ္ေဆာင္ေနတဲ့အီရန္အေပၚစစ္ပြဲရဲ႕ ရည္႐ြယ္ခ်က္ တစ္ခုျဖစ္တယ္လို႔လည္း အေမရိကန္သမၼတေဒၚနယ္ထရမ့္က ထုတ္ျပန္ေျပာၾကားခဲ့ပါတယ္။
အိႏၵိယအစိုးရက “ဒီကိစၥနဲ႔ပတ္သက္ၿပီးေတာ့ ကြၽန္ေတာ္တို႔က ဥပေဒေရးရာျပႆနာေတြဘက္ကေန မဟုတ္ဘဲ လူသားဆန္မႈ ရႈေထာင့္ကေန ခ်ဥ္းကပ္ခဲ့တယ္လို႔ ထင္မိပါတယ္။ ကြၽန္ေတာ္တို႔က မွန္ကန္တဲ့အရာကို လုပ္ခဲ့တယ္လို႔ ထင္မိပါတယ္” လို႔ ထုတ္ျပန္ေျပာဆိုခဲ့ပါတယ္။