စစ်ပွဲကြောင့် ရေနံဈေးနှုန်း အတက်အကျမှာ ခေတ္တသာဖြစ်ဟု အမေရိကန်သမ္မတ ပြော

258

ဂျန်ဇက် (NP News) - မတ် ၉
အမေရိကန်သမ္မတဒေါ်နယ်ထရမ့်က အီရန်နှင့်ဖြစ်ပွားနေသည့်စစ်ပွဲကြောင့် ရေနံဈေးနှုန်း အတက်အကျမှာ ခေတ္တ ခဏသာဖြစ်ပြီး ရေရှည်တွင် အကျိုးရှိမည်ဟု ထုတ်ဖော်ပြောဆိုလိုက်သည်။
လက်ရှိတွင် အရှေ့အလယ်ပိုင်းဒေသ၏ တင်းမာမှုများကြောင့် ကမ္ဘာ့စွမ်းအင်ဈေးကွက်သည် မရေရာမှုများနှင့် ရင်ဆိုင်နေရချိန်တွင် အမေရိကန်သမ္မတက ပြောဆိုလိုက်ခြင်းဖြစ်သည်။
အီရန်၏ နျူကလီးယားခြိမ်းခြောက်မှုကို အမြစ်ပြတ်ချေမှုန်းရေးသည် ကမ္ဘာ့ငြိမ်းချမ်းရေးနှင့် လုံခြုံရေးအတွက် ပေးဆပ်ရကျိုးနပ်သည့် ကိစ္စရပ်ဖြစ်ကြောင်း၊အီရန်၏ နျူကလီးယားခြိမ်းခြောက်မှုများကို ဖျက်ဆီးပစ်ခြင်းသည် အမေရိကန် နှင့် တစ်ကမ္ဘာလုံး၏ ဘေးကင်းလုံခြုံရေးအတွက် အလွန်အရေးကြီးကြောင်း အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ပြောသည်။
စစ်ပွဲကြောင့် ရေတိုတွင် ရေနံဈေးနှုန်းများ မြင့်တက်လာနိုင်သော်လည်း၊ ခြိမ်းခြောက်မှုများ ကုန်ဆုံးသွားပါက ဈေးနှုန်းများ အလျင်အမြန် ပြန်လည်ကျဆင်းသွားမည်ဖြစ်ကြောင်း အမေရိကန်သမ္မတက ပြောသည်။ အမေရိကန်သမ္မတက "ရေတို ရေနံဈေးနှုန်းမြင့်တက်မှုဟာ အမေရိကန်နဲ့ ကမ္ဘာကြီးရဲ့ဘေးကင်းလုံခြုံရေး၊ ငြိမ်းချမ်းရေးအတွက်ဆိုရင် ပေးဆပ်ရတာ အလွန်နည်းတဲ့ တန်ဖိုးတစ်ခုပဲ ဖစ်ပါတယ်" ဟု ဆိုသည်။ အဆိုပါ အချက်နှင့်ပတ်သက်ပြီး ကွဲလွဲစွာ တွေးတောသူများကိုလည်း "လူမိုက်များ" ဟု အမေရိကန်သမ္မတက ပြောသည်။
အီရန်၏ နျူကလီးယားအခြေခံအဆောက်အအုံများအပေါ် စစ်ရေးအရသော်လည်းကောင်း၊ ပြင်းထန်သော ပိတ်ဆို့မှုများဖြင့်သော်လည်းကောင်း အရေးယူမှုများပြုလုပ်ပါက ကမ္ဘာ့ရေနံတင်ပို့မှု လမ်းကြောင်းများ ထိခိုက်နိုင် သည်ဟု ကျွမ်းကျင်သူများက စိုးရိမ်နေသော်လည်းသမ္မတ ထရမ့်ကမူ စွမ်းအင်ဈေးကွက်တည်ငြိမ်ရေးထက် နျူကလီးယားအန္တရာယ် ကင်းစင်ရေးကို ပိုမို ဦးစားပေးသည့် မဟာဗျူဟာမြောက်သဘောထားကို ပြသလိုက်ခြင်း ဖြစ်သည်။ စစ်ပွဲကြောင့် အီရတ်နိုင်ငံ၏ အဓိကရေနံမြေကြီးများမှ ရေနံထုတ်လုပ်များ ကျဆင်းနေသလို ဒေသ အတွင်း ပို့ကုန် နှင့် စီးပွားရေးလုပ်ငန်းများ မရေမရာဖြစ်နေကြောင်း သိရသည်။

Zawgyi Version;
စစ္ပြဲေၾကာင့္ ေရနံေဈးႏႈန္း အတက္အက်မွာ ေခတၱသာျဖစ္ဟု အေမရိကန္သမၼတ ေျပာ
ဂ်န္ဇက္ (NP News) - မတ္ ၉
အေမရိကန္သမၼတေဒၚနယ္ထရမ့္က အီရန္ႏွင့္ျဖစ္ပြားေနသည့္စစ္ပြဲေၾကာင့္ ေရနံေဈးႏႈန္း အတက္အက်မွာ ေခတၱ ခဏသာျဖစ္ၿပီး ေရရွည္တြင္ အက်ိဳးရွိမည္ဟု ထုတ္ေဖာ္ေျပာဆိုလိုက္သည္။
လက္ရွိတြင္ အေရွ႕အလယ္ပိုင္းေဒသ၏ တင္းမာမႈမ်ားေၾကာင့္ ကမာၻ႔စြမ္းအင္ေဈးကြက္သည္ မေရရာမႈမ်ားႏွင့္ ရင္ဆိုင္ေနရခ်ိန္တြင္ အေမရိကန္သမၼတက ေျပာဆိုလိုက္ျခင္းျဖစ္သည္။
အီရန္၏ န်ဴကလီးယားၿခိမ္းေျခာက္မႈကို အျမစ္ျပတ္ေခ်မႈန္းေရးသည္ ကမာၻ႔ၿငိမ္းခ်မ္းေရးႏွင့္ လုံၿခဳံေရးအတြက္ ေပးဆပ္ရက်ိဳးနပ္သည့္ ကိစၥရပ္ျဖစ္ေၾကာင္း၊အီရန္၏ န်ဴကလီးယားၿခိမ္းေျခာက္မႈမ်ားကို ဖ်က္ဆီးပစ္ျခင္းသည္ အေမရိကန္ ႏွင့္ တစ္ကမာၻလုံး၏ ေဘးကင္းလုံၿခဳံေရးအတြက္ အလြန္အေရးႀကီးေၾကာင္း အေမရိကန္သမၼတ ေဒၚနယ္ထရမ့္က ေျပာသည္။
စစ္ပြဲေၾကာင့္ ေရတိုတြင္ ေရနံေဈးႏႈန္းမ်ား ျမင့္တက္လာႏိုင္ေသာ္လည္း၊ ၿခိမ္းေျခာက္မႈမ်ား ကုန္ဆုံးသြားပါက ေဈးႏႈန္းမ်ား အလ်င္အျမန္ ျပန္လည္က်ဆင္းသြားမည္ျဖစ္ေၾကာင္း အေမရိကန္သမၼတက ေျပာသည္။ အေမရိကန္သမၼတက "ေရတို ေရနံေဈးႏႈန္းျမင့္တက္မႈဟာ အေမရိကန္နဲ႔ ကမာၻႀကီးရဲ႕ေဘးကင္းလုံၿခဳံေရး၊ ၿငိမ္းခ်မ္းေရးအတြက္ဆိုရင္ ေပးဆပ္ရတာ အလြန္နည္းတဲ့ တန္ဖိုးတစ္ခုပဲ ဖစ္ပါတယ္" ဟု ဆိုသည္။ အဆိုပါ အခ်က္ႏွင့္ပတ္သက္ၿပီး ကြဲလြဲစြာ ေတြးေတာသူမ်ားကိုလည္း "လူမိုက္မ်ား" ဟု အေမရိကန္သမၼတက ေျပာသည္။
အီရန္၏ န်ဴကလီးယားအေျခခံအေဆာက္အအုံမ်ားအေပၚ စစ္ေရးအရေသာ္လည္းေကာင္း၊ ျပင္းထန္ေသာ ပိတ္ဆို႔မႈမ်ားျဖင့္ေသာ္လည္းေကာင္း အေရးယူမႈမ်ားျပဳလုပ္ပါက ကမာၻ႔ေရနံတင္ပို႔မႈ လမ္းေၾကာင္းမ်ား ထိခိုက္ႏိုင္ သည္ဟု ကြၽမ္းက်င္သူမ်ားက စိုးရိမ္ေနေသာ္လည္းသမၼတ ထရမ့္ကမူ စြမ္းအင္ေဈးကြက္တည္ၿငိမ္ေရးထက္ န်ဴကလီးယားအႏၲရာယ္ ကင္းစင္ေရးကို ပိုမို ဦးစားေပးသည့္ မဟာဗ်ဴဟာေျမာက္သေဘာထားကို ျပသလိုက္ျခင္း ျဖစ္သည္။ စစ္ပြဲေၾကာင့္ အီရတ္ႏိုင္ငံ၏ အဓိကေရနံေျမႀကီးမ်ားမွ ေရနံထုတ္လုပ္မ်ား က်ဆင္းေနသလို ေဒသ အတြင္း ပို႔ကုန္ ႏွင့္ စီးပြားေရးလုပ္ငန္းမ်ား မေရမရာျဖစ္ေနေၾကာင္း သိရသည္။