CI စာအုပ်ဖိုးကုန်ကျစရိတ် ဘတ် ၂,၆၇၀ သာ ကုန်ကျမည်ဖြစ်ပြီး ကြားခံများမှတစ်ဆင့် ဆောင်ရွက်စေခြင်းများကို ရှောင်ရှားရန်သတိပေး

 484

Pearl (NP News) - မတ် ၉
CI စာအုပ်ဖိုးကုန်ကျစရိတ် ဘတ် ၂,၆၇၀ သာ ကုန်ကျမည်ဖြစ်ပြီး ကြားခံဆောင်ရွက်သူများမှတစ်ဆင့် ဆောင်ရွက်စေခြင်းများကို ရှောင်ရှားရန် အလုပ်သမားညွှန်ကြားရေးဦးစီးဌာနက သတိပေးထုတ်ပြန်ထားသည်။

ထိုင်းနိုင်ငံတွင် ရောက်ရှိနေသည့် အထောက်အထားမဲ့ မြန်မာအလုပ်သမားများအနေဖြင့် ထိုင်းနိုင်ငံတွင် လွတ်လပ်စွာနေထိုင်သွားလာလုပ်ကိုင်ခွင့်ရရှိစေရေးနှင့် ဥပဒေပါအကျိုးခံစားခွင့် များ ရရှိခံစားနိုင်စေရေးအတွက် စမုစခွန်၊ စမုပရာကန်၊ ဆူရတ်ဌာနီ၊ ချင်းမိုင်နှင့် ချွန်ဘူရီတို့တွင် မည်သူမည်ဝါဖြစ်ကြောင်းသက်သေခံလက်မှတ် (Certificate of Identity CI) ထုတ်ပေး ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

CI လျှောက်ထားလိုသည့် အလုပ်သမားများအနေဖြင့် နီးစပ်ရာ 7-Eleven စတိုးဆိုင်များ တွင် CI စာအုပ်ဖိုးကုန်ကျစရိတ် ဘတ် ၂,၆၇၀ ကို ပေးသွင်း၍ မိမိ CI လျှောက်ထားလိုသည့် စခန်းအမည်နှင့် နေ့ရက်တို့ကို ရွေးချယ်နိုင်မည်ဖြစ်ကြောင်း သိရသည်။

7-Eleven စတိုးဆိုင်များတွင် ငွေပေးသွင်းပြီးပါက ဆိုင်မှ ပြန်လည်ထုတ်ပေးသည့် ပြေစာနှင့်အတူ မိမိရွေးချယ်ထားသည့် စခန်းတွင် ရွေးချယ်ထားသည့် နေ့ရက်၌ CI သွားရောက် ပြုလုပ်နိုင်မည်ဖြစ်သောကြောင့် အပိုကုန်ကျစရိတ်များ ပေးဆောင်ရမှု မရှိစေရေးအတွက် အလုပ်သမားများအနေဖြင့် မိမိကိုယ်တိုင်သော်လည်းကောင်း၊ အလုပ်ရှင်အစီအစဉ်ဖြင့်သော် လည်းကောင်း CI သွားရောက်လျှောက်ထားနိုင်ကြပြီး ကြားခံဆောင်ရွက်သူများမှတစ်ဆင့် ဆောင်ရွက်စေခြင်းများကို ရှောင်ရှားရန်အသိပေးထားသည်။

အလုပ်သမားများအနေဖြင့် CI ပြုလုပ်သည့် လုပ်ငန်းစဉ်တစ်လျှောက် အဆင်မပြေမှုများ ကြုံတွေ့ပါက အလုပ်သမားသံအရာရှိရုံးသို့ ဆက်သွယ် အကူအညီတောင်းခံနိုင်ကြောင်းလည်း အသိပေးထားသည်။

Zawgyi Version:
CI စာအုပ္ဖိုးကုန္က်စရိတ္ ဘတ္ ၂,၆၇၀ သာ ကုန္က်မည္ျဖစ္ၿပီး ၾကားခံမ်ားမွတစ္ဆင့္ ေဆာင္႐ြက္ေစျခင္းမ်ားကို ေရွာင္ရွားရန္သတိေပး
Pearl (NP News) - မတ္ ၉
CI စာအုပ္ဖိုးကုန္က်စရိတ္ ဘတ္ ၂,၆၇၀ သာ ကုန္က်မည္ျဖစ္ၿပီး ၾကားခံေဆာင္႐ြက္သူမ်ားမွတစ္ဆင့္ ေဆာင္႐ြက္ေစျခင္းမ်ားကို ေရွာင္ရွားရန္ အလုပ္သမားၫႊန္ၾကားေရးဦးစီးဌာနက သတိေပးထုတ္ျပန္ထားသည္။

ထိုင္းႏိုင္ငံတြင္ ေရာက္ရွိေနသည့္ အေထာက္အထားမဲ့ ျမန္မာအလုပ္သမားမ်ားအေနျဖင့္ ထိုင္းႏိုင္ငံတြင္ လြတ္လပ္စြာေနထိုင္သြားလာလုပ္ကိုင္ခြင့္ရရွိေစေရးႏွင့္ ဥပေဒပါအက်ိဳးခံစားခြင့္ မ်ား ရရွိခံစားႏိုင္ေစေရးအတြက္ စမုစခြန္၊ စမုပရာကန္၊ ဆူရတ္ဌာနီ၊ ခ်င္းမိုင္ႏွင့္ ခြၽန္ဘူရီတို႔တြင္ မည္သူမည္ဝါျဖစ္ေၾကာင္းသက္ေသခံလက္မွတ္ (Certificate of Identity CI) ထုတ္ေပး ေဆာင္႐ြက္လ်က္ရွိေၾကာင္း သိရသည္။

CI ေလွ်ာက္ထားလိုသည့္ အလုပ္သမားမ်ားအေနျဖင့္ နီးစပ္ရာ 7-Eleven စတိုးဆိုင္မ်ား တြင္ CI စာအုပ္ဖိုးကုန္က်စရိတ္ ဘတ္ ၂,၆၇၀ ကို ေပးသြင္း၍ မိမိ CI ေလွ်ာက္ထားလိုသည့္ စခန္းအမည္ႏွင့္ ေန႔ရက္တို႔ကို ေ႐ြးခ်ယ္ႏိုင္မည္ျဖစ္ေၾကာင္း သိရသည္။

7-Eleven စတိုးဆိုင္မ်ားတြင္ ေငြေပးသြင္းၿပီးပါက ဆိုင္မွ ျပန္လည္ထုတ္ေပးသည့္ ေျပစာႏွင့္အတူ မိမိေ႐ြးခ်ယ္ထားသည့္ စခန္းတြင္ ေ႐ြးခ်ယ္ထားသည့္ ေန႔ရက္၌ CI သြားေရာက္ ျပဳလုပ္ႏိုင္မည္ျဖစ္ေသာေၾကာင့္ အပိုကုန္က်စရိတ္မ်ား ေပးေဆာင္ရမႈ မရွိေစေရးအတြက္ အလုပ္သမားမ်ားအေနျဖင့္ မိမိကိုယ္တိုင္ေသာ္လည္းေကာင္း၊ အလုပ္ရွင္အစီအစဥ္ျဖင့္ေသာ္ လည္းေကာင္း CI သြားေရာက္ေလွ်ာက္ထားႏိုင္ၾကၿပီး ၾကားခံေဆာင္႐ြက္သူမ်ားမွတစ္ဆင့္ ေဆာင္႐ြက္ေစျခင္းမ်ားကို ေရွာင္ရွားရန္အသိေပးထားသည္။

အလုပ္သမားမ်ားအေနျဖင့္ CI ျပဳလုပ္သည့္ လုပ္ငန္းစဥ္တစ္ေလွ်ာက္ အဆင္မေျပမႈမ်ား ႀကဳံေတြ႕ပါက အလုပ္သမားသံအရာရွိ႐ုံးသို႔ ဆက္သြယ္ အကူအညီေတာင္းခံႏိုင္ေၾကာင္းလည္း အသိေပးထားသည္။

Related news

© 2021. All rights reserved.