အီရန်အဓိပတိသစ် ခန့်အပ်မှုအပေါ် မှတ်ချက်ပေးရန် အမေရိကန်သမ္မတထရမ့် ငြင်းဆန်
298
ဂျန်ဇက် (NP News) - မတ် ၉
အမေရိကန်သမ္မတဒေါ်နယ်ထရမ့်သည် အီရန်၏ အဆင့်မြင့်ဆုံးဘာသာရေးခေါင်းဆောင် ရွေးချယ်မှုကို မှတ်ချက် ပေးရန် ငြင်းဆိုခဲ့ပြီးစောင့်ကြည့်ရမည်ဟု တုံ့ပြန်ခဲ့သည်။
ဖေဖော်ဝါရီလ ၂၈ ရက်က အမေရိကန် နှင့် အစ္စရေးတို့၏ ပူးပေါင်းလေကြောင်းတိုက်ခိုက်မှုအတွင်း ယခင် အီရန်အဓိပတိ အယာတိုလာ အလီခါမေနီ သေဆုံးသွားခဲ့ပြီးနောက်၊ ၎င်း၏သားဖြစ်သူ အသက် ၅၆ နှစ်အရွယ် မို့ဂျ်တာဘာ ခါမေနီကို နိုင်ငံတော်၏ အမြင့်ဆုံးခေါင်းဆောင်အဖြစ် အီရန်ကျွမ်းကျင်သူများကောင်စီက မတ်လ ၈ ရက်) တွင် ရွေးချယ်ခန့်အပ်လိုက်ခြင်းဖြစ်ကြောင်း သိရသည်။
မို့ဂျ်တာဘာသည် လက်ရှိအချိန်တွင် အီရန်စစ်တပ်၊ အစ္စလာမ္မစ် တော်လှန်ရေးအစောင့်တပ်ဖွဲ့ (IRGC) နှင့် နျူကလီးယားလက်နက် ထုတ်လုပ်နိုင်စွမ်းရှိသည့် ယူရေနီယမ်သန့်စင်မှုအစီအစဉ်များ အပါအဝင် နိုင်ငံ၏ အရေး အကြီးဆုံး ကဏ္ဍအားလုံးကို အပြည့်အဝ ထိန်းချုပ်ခွင့်ရရှိသွာခဲ့ကြောင်း သိရသည်။
အနေရိကန်သမ္မတကမို့ဂျ်တာဘာအား အဓိပတိအဖြစ် ခန့်အပ်ခြင်းမပြုမီကတည်းက ဝေဖန်ခဲ့သူဖြစ်ပြီးး မို့ဂျ်တာဘာကို အချိန်မစီးသူနှင့် "လက်ခံနိုင်စရာမရှိသူ” ဟု ဝေဖန်ခဲ့သည်။ ထိုပြင် သမ္မတထရမ့်က အမေရိကန် အနေဖြင့် အီရန်ခေါင်းဆောင်သစ် ရွေးချယ်မှုလုပ်ငန်းစဉ်တွင် ပါဝင်ခွင့်ရရမည်ဟု ဆိုခဲ့သည်။
ထို့အပြင် "အမေရိကန်၏ သဘောတူညီချက်မပါဘဲ အီရန်ခေါင်းဆောင်သစ် သက်တမ်းရှည်မည်မဟုတ်" ဟုလည်း အမေရိကန်သမ္မတ က သတိပေးပြောဆိုခဲ့ဖူးသည်။
Zawgyi Version;
ဂျန်ဇက် (NP News) - မတ် ၉
ဖေဖော်ဝါရီလ ၂၈ ရက်က အမေရိကန် နှင့် အစ္စရေးတို့၏ ပူးပေါင်းလေကြောင်းတိုက်ခိုက်မှုအတွင်း ယခင် အီရန်အဓိပတိ အယာတိုလာ အလီခါမေနီ သေဆုံးသွားခဲ့ပြီးနောက်၊ ၎င်း၏သားဖြစ်သူ အသက် ၅၆ နှစ်အရွယ် မို့ဂ်ျတာဘာ ခါမေနီကို နိုင်ငံတော်၏ အမြင့်ဆုံးခေါင်းဆောင်အဖြစ် အီရန်ကျွမ်းကျင်သူများကောင်စီက မတ်လ ၈ ရက်) တွင် ရွေးချယ်ခန့်အပ်လိုက်ခြင်းဖြစ်ကြောင်း သိရသည်။
မို့ဂ်ျတာဘာသည် လက်ရှိအချိန်တွင် အီရန်စစ်တပ်၊ အစ္စလာမ္မစ် တော်လှန်ရေးအစောင့်တပ်ဖွဲ့ (IRGC) နှင့် နျူကလီးယားလက်နက် ထုတ်လုပ်နိုင်စွမ်းရှိသည့် ယူရေနီယမ်သန့်စင်မှုအစီအစဉ်များ အပါအဝင် နိုင်ငံ၏ အရေး အကြီးဆုံး ကဏ္ဍအားလုံးကို အပြည့်အဝ ထိန်းချုပ်ခွင့်ရရှိသွာခဲ့ကြောင်း သိရသည်။