အီရန်စစ်ပွဲကြောင့် အီရတ်ရေနံထုတ်လုပ်မှု ၇ဝ ရာခိုင်နှုန်းအထိ ကျဆင်းမှုနှင့်အတူ စီးပွားရေးထိခိုက်

122

ဂျန်ဇက် (NP News) - မတ် ၉
အီရတ်နိုင်ငံတောင်ပိုင်းရှိ အဓိကရေနံမြေကြီးများမှ ရေနံထုတ်လုပ်မှုသည် တစ်နေ့လျှင် စည် (၄ ဒသမ ၃) သန်းမှ (၁ ဒသမ ၃) သန်းအထိ ၇ဝ ရာခိုင်နှုန်းခန့် ရုတ်တရက် ထိုးကျသွားခဲ့ကြောင်းသိရသည်။
အီရန်ရေနံလုပ်ငန်းသည် နေ့ချင်းညချင်းဆိုသလို တစ်နေ့ကို ရေနံစည် ၃ သန်းခန့် ထုတ်လုပ်မှု ရပ်ဆိုင်းသွားခြင်း ဖြစ်ကြောင်းသိရသည်။ဒေသတွင်း ပဋိပက္ခများကြောင့် ကမ္ဘာ့ရေနံလမ်းကြောင်းအတွက် အရေးပါသော ဟော်မုဇ်ရေလက်ကြားတွင် ရေနံတင်သင်္ဘောများ လုံခြုံရေးအရ သွားလာနိုင်ခြင်း မရှိတော့ဘဲ ပိတ်ဆို့နေရာ နိုင်ငံတကာသို့ တင်ပို့မည့် သင်္ဘောများ အဝင်အထွက် မလုပ်နိုင်သဖြင့် မတ်လ ၈ရက်တွင် ရေနံတင်သင်္ဘော နှစ်စီးသာ တင်ဆောင်နိုင်ခဲ့ပြီး ရေနံပို့ကုန်ပမာဏသည် တစ်နေ့လျှင် ရေနံစည် ၈၀၀၀၀၀ အထိ ကျဆင်းသွားခဲ့ကြောင်း သိရသည်။
အီရတ်အစိုးရပိုင် Company က ရေနံများကို ပြည်ပသို့ တင်ပို့နိုင်ခြင်း မရှိသဖြင့် ရေနံသိုလှောင်ကန်များအားလုံး ပြည့်နေခဲ့ကြောင်း ပြောသည်။နောက်ဆက်တွဲပြဿနာများကို ရှောင်ရှားရန် ရေနံတူးဖော်ထုတ်လုပ်မှုကို မလွှဲမရှောင်သာ လျှော့ချလိုက်ရပြီး လက်ရှိထုတ်လုပ်နေသော ပမာဏကို ပြည်တွင်းရေနံချက်စက်ရုံများ အတွက်သာ အသုံးပြုနေရကြေင်းသတင်းများ ထွက်နေသည်။
နိုင်ငံတော်ဝင်ငွေနှင့် အစိုးရအသုံးစရိတ်၏ ၉၀ရာခိုင်နှုန်း ကျော်သည် ရေနံတင်ပို့ရောင်းချမှုအပေါ်တွင် မှီခိုနေရသောကြောင့် ယခုအခြေအနေသည် အီရတ်နိုင်ငံ၏ စီးပွားရေးအတွက် အလွန်ပြင်းထန်သည့် ထိုးနှက်ချက် တစ်ခု ဖြစ်လာကြောင်း သိရသည်။
အီရတ်ရေနံဝန်ကြီးဌာနမှ အဆင့်မြင့်အရာရှိတစ်ဦးကမူ "ဒါဟာ နှစ်ပေါင်း ၂၀ ကျော်အတွင်း အီရတ်နိုင်ငံ ရင်ဆိုင်ရ တဲ့ အဆိုးရွားဆုံး စစ်ဆင်ရေးဆိုင်ရာခြိမ်းခြောက်မှုကြီးပါပဲ" ဟု ပြောသည်။
အီရန်နိုင်ငံနှင့် အမေရိကန်ဦးဆောင်တဲ့ မဟာမိတ်နိုင်ငံများကြား စစ်ပွဲစတင်ခဲ့ပြီးနောက်အီရတ် အပါအဝင် အရှေ့ အလယ်ပိုင်းနိုင်ငံများကို စီးပွားရေး အရ သက်ရောက်မှုများစွာဖြစ်ခဲ့ကြောင်း သိရသည်။

Zawgyi Version;
အီရန္စစ္ပြဲေၾကာင့္ အီရတ္ေရနံထုတ္လုပ္မႈ ၇ဝ ရာခိုင္ႏႈန္းအထိ က်ဆင္းမႈႏွင့္အတူ စီးပြားေရးထိခိုက္
ဂ်န္ဇက္ (NP News) - မတ္ ၉
အီရတ္ႏိုင္ငံေတာင္ပိုင္းရွိ အဓိကေရနံေျမႀကီးမ်ားမွ ေရနံထုတ္လုပ္မႈသည္ တစ္ေန႔လွ်င္ စည္ (၄ ဒသမ ၃) သန္းမွ (၁ ဒသမ ၃) သန္းအထိ ၇ဝ ရာခိုင္ႏႈန္းခန႔္ ႐ုတ္တရက္ ထိုးက်သြားခဲ့ေၾကာင္းသိရသည္။
အီရန္ေရနံလုပ္ငန္းသည္ ေန႔ခ်င္းညခ်င္းဆိုသလို တစ္ေန႔ကို ေရနံစည္ ၃ သန္းခန႔္ ထုတ္လုပ္မႈ ရပ္ဆိုင္းသြားျခင္း ျဖစ္ေၾကာင္းသိရသည္။ေဒသတြင္း ပဋိပကၡမ်ားေၾကာင့္ ကမာၻ႔ေရနံလမ္းေၾကာင္းအတြက္ အေရးပါေသာ ေဟာ္မုဇ္ေရလက္ၾကားတြင္ ေရနံတင္သေဘၤာမ်ား လုံၿခဳံေရးအရ သြားလာႏိုင္ျခင္း မရွိေတာ့ဘဲ ပိတ္ဆို႔ေနရာ ႏိုင္ငံတကာသို႔ တင္ပို႔မည့္ သေဘၤာမ်ား အဝင္အထြက္ မလုပ္ႏိုင္သျဖင့္ မတ္လ ၈ရက္တြင္ ေရနံတင္သေဘၤာ ႏွစ္စီးသာ တင္ေဆာင္ႏိုင္ခဲ့ၿပီး ေရနံပို႔ကုန္ပမာဏသည္ တစ္ေန႔လွ်င္ ေရနံစည္ ၈၀၀၀၀၀ အထိ က်ဆင္းသြားခဲ့ေၾကာင္း သိရသည္။
အီရတ္အစိုးရပိုင္ Company က ေရနံမ်ားကို ျပည္ပသို႔ တင္ပို႔ႏိုင္ျခင္း မရွိသျဖင့္ ေရနံသိုေလွာင္ကန္မ်ားအားလုံး ျပည့္ေနခဲ့ေၾကာင္း ေျပာသည္။ေနာက္ဆက္တြဲျပႆနာမ်ားကို ေရွာင္ရွားရန္ ေရနံတူးေဖာ္ထုတ္လုပ္မႈကို မလႊဲမေရွာင္သာ ေလွ်ာ့ခ်လိုက္ရၿပီး လက္ရွိထုတ္လုပ္ေနေသာ ပမာဏကို ျပည္တြင္းေရနံခ်က္စက္႐ုံမ်ား အတြက္သာ အသုံးျပဳေနရေၾကင္းသတင္းမ်ား ထြက္ေနသည္။
ႏိုင္ငံေတာ္ဝင္ေငြႏွင့္ အစိုးရအသုံးစရိတ္၏ ၉၀ရာခိုင္ႏႈန္း ေက်ာ္သည္ ေရနံတင္ပို႔ေရာင္းခ်မႈအေပၚတြင္ မွီခိုေနရေသာေၾကာင့္ ယခုအေျခအေနသည္ အီရတ္ႏိုင္ငံ၏ စီးပြားေရးအတြက္ အလြန္ျပင္းထန္သည့္ ထိုးႏွက္ခ်က္ တစ္ခု ျဖစ္လာေၾကာင္း သိရသည္။
အီရတ္ေရနံဝန္ႀကီးဌာနမွ အဆင့္ျမင့္အရာရွိတစ္ဦးကမူ "ဒါဟာ ႏွစ္ေပါင္း ၂၀ ေက်ာ္အတြင္း အီရတ္ႏိုင္ငံ ရင္ဆိုင္ရ တဲ့ အဆိုး႐ြားဆုံး စစ္ဆင္ေရးဆိုင္ရာၿခိမ္းေျခာက္မႈႀကီးပါပဲ" ဟု ေျပာသည္။
အီရန္ႏိုင္ငံႏွင့္ အေမရိကန္ဦးေဆာင္တဲ့ မဟာမိတ္ႏိုင္ငံမ်ားၾကား စစ္ပြဲစတင္ခဲ့ၿပီးေနာက္အီရတ္ အပါအဝင္ အေရွ႕ အလယ္ပိုင္းႏိုင္ငံမ်ားကို စီးပြားေရး အရ သက္ေရာက္မႈမ်ားစြာျဖစ္ခဲ့ေၾကာင္း သိရသည္။