“ပင်လယ်ကွေ့ အီရန်စစ်ပွဲ” ဂယက် မြန်မာအပေါ် ဘယ်လောက်ရိုက်ခတ်နိုင်လဲ

 2612

HtayOung (NP News) - မတ် ၁ဝ

လွန်ခဲ့တဲ့ ဖေဖော်ဝါရီ (၂၈)ရက်မှာ အမေရိကန် နဲ့အစ္စရေးတို့ရဲ့ အီရန်အပေါ် ပူးတွဲတိုက်ခိုက်ခြင်း ဟာ နိုင်ငံတကာအကျပ်အတည်းတစ်ခုကို စတင်လိုက်ခြင်းပဲဖြစ်ပါတယ်။ တကယ်တော့ ဒီကိစ္စနဲ့ ပတ် သက်ပြီး “အမေရိကန်က အီရန်ကို စစ်တိုက်မည်လား၊ ပြည်တွင်းစစ် ကမ္ဘာ့နိုင်ငံများအတွက်သင်ခန်းစာ” ‌ခေါင်းစဉ်ဖြင့် (၁၉-၁-၂၀၂၆)ရက်ကထုတ်ဝေခဲ့တဲ့ Statesman ဂျာနယ် အတွဲ(၁)၊ အမှတ်(၉၉) စာမျက်နှာ (၁၇) မှာ ကျွန်တော်ရေးသားခဲ့ဖူးပါတယ်။ အဲဒီအ ချိန် အမေရိကန်က သူ စစ်ရေးခြိမ်းခြောက်နေတဲ့ အီရန် ကိုယ်စားလှယ်အဖွဲ့နဲ့ အိုမန်နိုင်ငံမှာ ဆွေးနွေးနေပါတယ်။ သမ္မတကလိုအပ်လျှင် ဆောင်ရွက်နိုင် မယ့်အင်အားတွေကို အသင့်ပြင်ဆင်ထားတယ်လို့ အမေရိကန် ပင်တာဂွန်စစ်ဌာနချုပ်ကပြောပေမယ့် အီရန်နိုင်ငံနဲ့ တိုက်ရိုက်စစ်ပွဲဖြစ်ပွားနေတယ်လို့ ပြောရမယ့်အထောက်အထား မရှိသေးကြောင်း၊ ဒါပေမဲ့ အနာဂတ်ကာလမှာ စစ်ခင်းရတဲ့အထိ အခြေအနေပြောင်းလဲမှုတွေရှိနေပြီး စစ်မီးတောက်လောင်နိုင်မယ့် အန္တရာယ်ကိုလျှော့ချနိုင်မယ့် သံတမန်လမ်းကြောင်းတွေလည်း ရှိနေသေးကြောင်းရေးသားခဲ့ပါတယ်။
အစ္စရေးက အီရန်ကို တိုက်ခိုက်သည့်တိုင် အမေရိကန်အနေနဲ့ ထပ်မံပါဝင်လိမ့်မယ်လို့ အဲ့ဒီအချိန် ထိ ကျွန်တော်ကိုယ်တိုင် မယုံကြည်ခြင်းကြောင့် ဖြစ်ပါတယ်။ အစ္စရေးနဲ့ အီရန်စစ်ပွဲမှာ အမေရိကန်က အတိအလင်းပါဝင်ခဲ့လျှင် ဒေသကြီးတစ်ခုလုံးရဲ့ စီး ပွားရေးနဲ့လုံခြုံရေးကိုဖျက်ဆီးရာ ရောက်ရှိနိုင်တဲ့အ ပြင် ကမ္ဘာကြီးတစ်ခုလုံးပါ အကျပ်အတည်းဆိုက်ရောက်သွားနိုင်တဲ့အတွက် သမ္မတထရမ့်အနေနဲ့ ချိန် ဆဖွယ်ရှိတယ်လို့ယူဆခဲ့မိပါတယ်။
စစ်ပွဲအတွင်း အမေရိကန်ဝင်ပါခဲ့လျှင် နောက်ပြန်ဆုတ်ရန်ခက်ခဲမယ်လို့ ထရမ့်ကိုယ်တိုင်မပြောခဲ့ ဖူးပေမယ့် အရှေ့အလယ်ပိုင်းမှ အမေရိကန်စစ်တပ် များကို ပြန်လည်ခေါ်ယူလိုကြောင်း၊ အဆုံးမရှိတဲ့စစ် ပွဲအတွင်းမှ အမေရိကန်ကိုဆွဲထုတ်လိုကြောင်း ပြော ဆိုခဲ့ဖူးတာတော့ရှိပါတယ်။ လွန်ခဲ့တဲ့ (၁၀)စုနှစ်အ တွင်း အမေရိကန်အစိုးရမှာ (သမ္မတထရမ့် ၂၀၁၇-၂၀၂၁) (သမ္မတဘိုင်ဒင် ၂၀၂၁-၂၀၂၅) နဲ့ သမ္မတ ထရမ့် (၂၀၂၅) ယခုထိတို့ဖြစ်ကြပါတယ်။ သမ္မတထ ရမ်ရဲ့ အီရန်ဆိုင်ရာပေါ်လစီမှာ အီရန်ကို စီးပွားရေးအရ ချုပ်ကိုင်ပြီး စစ်ရေးအရခြိမ်းခြောက်ခြင်းဖြင့် အစိုးရအပြောင်းအလဲဖြစ်အောင် အပြင်းအထန် ဖိအားပေး ရေးဖြစ်ပါတယ်။
သမ္မတဘိုင်ဒန်လက်ထက်မှာတော့ ထိပ်တိုက်တွေ့မှုကိုရှောင်ရှားပြီး သံတမန်နည်းလမ်းဖြင့် နျူကလီးယားသဘောတူညီချက်ရရှိအောင်ဆောင်ရွက်ရေး ဖြစ်ပါတယ်။ ဒါပေမဲ့ သမ္မတဘိုင်ဒင်ရဲ့ အီရန် ကို သံတမန်ရေးအရကြိုးပမ်းမှုတွေဟာ မအောင်မြင်ဘဲ ထရမ့် ပြန်လည်ရွေးကောက်ခံရတဲ့အခါ အီရန်မှာ အစိုးရအပြောင်းအလဲဖြစ်ရေးသာလျှင်ပဓာနအဖြစ် ပိုမိုပြင်းထန်တဲ့ချဉ်းကပ်မှုဆီကို ဦးတည်သွားခဲ့ပါ တယ်။
(၁၉၉၁)ခုနှစ်မှာ ဆိုဗီယက်ယူနီယံပြိုကွဲပြီး ကမ္ဘာ့အရှေ့အနောက် စစ်အေးတိုက်ပွဲပြီးဆုံးသွားပါ တယ်။ အမေရိကန်ရဲ့နိုင်ငံခြားရေးမူဝါဒဟာ ကွန်မြူနစ်ဝါဒ ပြန့်ပွားမှုဆန့်ကျင်ရေးမှ ဒီမိုကရေစီနဲ့ လူ့ အခွင့်အရေးကို ကာကွယ်စောင့်ရှောက်ရေးအဖြစ်ပြောင်လဲ သွားပါတယ်။ တစ်ပြိုင်တည်းမှာပဲ ပစ်မှတ် ထားတဲ့နိုင်ငံတွေအပေါ် စီးပွားရေး ဒဏ်ခတ်ပိတ်ဆို့မှုတွေကို ကြုံရင်ကြုံသလိုပြုလုပ်ပါတယ်။ ဒီအတွက် သက်ဆိုင် ရာနိုင်ငံမှာ စီးပွားရေးမတည်မငြိမ်ဖြစ်ပြီး အလုပ်လက်မဲ့ထူပြောခြင်း၊ ကုန်ဈေးနှုန်းကြီးမြင့် ခြင်း၊ ငွေကြေး ဖောင်းပွခြင်း၊ ငွေတန်ဖိုးကျဆင်းခြင်းတို့ကို ဖြစ်ပေါ်စေပါတယ်။ ဒီလိုနည်းနဲ့ ပြည်သူ လူထုရဲ့ စိတ်ပျက်ဒေါ သထွက်မှုကိုနှိုးဆွပေးခဲ့ပြီး အစိုးရစနစ် အဆုံးသတ်မှ ဖြစ်တော့မယ်လို့ သူတို့ပြည် သူအများကိုယ်တိုင် ယုံကြည်စေခဲ့တယ်။ အကြမ်းဖက်ဆန္ဒပြမှုတွေဖြစ်ပေါ်လာတဲ့အခါ အဲဒီနိုင်ငံအစိုးရ က ပြင်းထန်စွာ ဖြိုခွင်းနှိမ်နင်းရခြင်းဖြင့် အုပ်ချုပ်သူနဲ့လူထုအကြား ဆန့်ကျင်ဝေးကွာမှု နက်ရှိုင်းစေခဲ့ တယ်။ ဒဏ် ခတ်ပိတ်ဆို့ မှုရည်ရွယ်ချက်တွေဟာ အဂတိလိုက်စားတဲ့ အုပ်ချုပ်သူတွေကို (၃၄%)သာ သက်ရောက်စေကြောင်း မက်ဆာချူးဆက်ပြည်နယ် “တတ်ဖ်တက္ကသိုလ်” သုတေသနစာတမ်းတွေက ဖော်ပြပါတယ်။ ဒဏ်ခတ် ပိတ်ဆို့မှုတွေဟာ ကျူးဘား-ဗီယက်နမ်-မြောက်ကိုရီးယားတို့မှာ အစိုးရ ပြောင်းလဲအောင် မဖန်တီးနိုင်ခဲ့ကြောင်း၊ အီရတ်ကိစ္စမှာတော့ သာမန် အများပြည်သူတို့ကို ပိုမိုထိခိုက် စေပြီး လူသားချင်းစာနာမှုဆိုင်ရာ အကျပ်အတည်းကိုဖြစ်ပေါ်စေတယ်လို့ အောက်စ်ဖို့ တက္ကသိုလ် သုတေသန အဘိဓာန်မှာ ဖော်ပြပါတယ်။
ဘယ်လိုပင် သုတေသနတွေ့ရှိသည်ဖြစ်စေ အမေရိကန်နဲ့ အီးယူနိုင်ငံတွေဟာ ပိတ်ဆို့အရေးယူမှု တွေကို ဆက်လက်ကျင့်သုံးနေတာဟာ ဒီမိုကရေစီနဲ့ လူ့အခွင့်အရေးပြုပြင်စေရန်ထက် သက်ဆိုင်ရာ နိုင်ငံအပေါ် စစ်ရေးအသာစီးရရှိရန် ရည်မှန်းချက်ပါဝင် တယ်လို့ဆိုရမှာဖြစ်ပါတယ်။ အမေရိကန် အစိုးရ အဆက်ဆက်ရဲ့ ဒဏ်ခတ်ပိတ်ဆို့ခြင်းဆိုတာ Hybrid warfare ခေါ် မတူညီတဲ့နည်းလမ်းတွေ ပေါင်းစပ် စစ် ခင်းခြင်းနည်းဗျူဟာဖြစ်နေပါတယ်။ ဒီအချက်ဟာ ဒဏ်ခတ်ပိတ်ဆို့မှု သက်တမ်းကြာမြင့်နေတဲ့ မြန်မာလိုတိုင်းပြည်တွေရဲ့ အစိုးရတွေ၊ တပ်မတော်တွေအတွက် သင်ခန်းစာဖြစ်ပါလိမ့်မယ်။
ဒဏ်ခတ်ပိတ်ဆို့မှုကြောင့် အထွေထွေ အကျပ်အတည်းဆိုက်ခဲ့ရတဲ့ အီရန်ဟာ (၁၉၇၉) ခုနှစ် “အစ္စလာမ္မစ်တော်လှန်ရေး”နောက်ပိုင်း တစ်နိုင်ငံလုံးအ တိုင်းအတာနဲ့ လူထုအုံကြွမှု (၇)ကြိမ်နဲ့ အသေး စား ကန့်ကွက်ဆန္ဒပြမှုတွေ အကြိမ်ကြိမ်ဖြစ်ပေါ်ခဲ့တယ်၊ ယခုနောက်ဆုံး (၂၀၂၅)ခုနှစ် ဒီဇင်ဘာမှ (၂၀၂၆) နှစ်ဆန်းပိုင်းအထိ အီရန်လူထုအုံကြွမှုကတော့ နိုင်ငံ့သမိုင်းတစ်လျှောက် အကြမ်းဖက်မှုနဲ့ ထိခိုက်သေ ဆုံးမှု အများဆုံး အဓိကရုဏ်းတွေကိုဖြစ်ပေါ်စေခဲ့ပြီး အများပြည်သူတို့က အစိုးရအပေါ် မကြည်ညို မနှစ် သက်နိုင်မှု အမြင့်ဆုံးအချိန်ဖြစ်နေပါတယ်။
တစ်ဖက်မှာလည်း ဒဏ်ခတ်ပိတ်ဆို့ခြင်း-စစ်ရေးခြိမ်းခြောက်ခဲ့ခြင်းတွေဟာ ပြန်လည်ရွေး ကောက်ခံရတဲ့ ဒေါ်နယ်ထရမ့်အတွက် “ဆုပ်စူး-စားရူး” အဖြစ်ကိုရောက်ရှိသွားစေပါတယ်။
(၂၀၂၀) ပြည့်နှစ်မှာ အီရန်ပြည်ပ အထူးတိုက်ခိုက်ရေးတပ်မှူး “ကာဆင်စူလမန်နီ”ကို လုပ်ကြံ သတ်ဖြတ်ရန် သမ္မတထရမ့်ကအမိန့်ပေးခဲ့ပါ့တယ်။ ဆီးရီးယားမှထွက်ခွာလာပြီး အီရန်သို့အပြန် ကာဆင် စူလမန်နီကို အီရတ်နိုင်ငံ ဘဂ္ဂဒက်လေဆိပ်မှာ ဒရုန်း အသုံးပြုလုပ်ကြံခြင်းဖြစ်ပါတယ်။ စုစုပေါင်း လူ (၁၀) ဦးသေဆုံးရမှုမှာ “စစ်ကြေညာထားခြင်းမရှိတဲ့ တိုင်း ပြည်တစ်ပြည်ရဲ့နိုင်ငံသားကို အကြောင်းမဲ့ သတ်ဖြတ်တဲ့ လူသတ်မှု- စစ်ရာဇဝတ်မှု” သာလျှင် ဖြစ်ပါတယ်။
ဒီအတွက် အီရန်က ကုလသမဂ္ဂလုံခြုံရေးကောင် စီကိုတင်ပြပေမယ့် အမေရိကန်ရဲ့ဗီတိုကြောင့် မအောင်မြင်ခဲ့ပါ၊ အလားတူ တရားခံများကို ဖမ်းဝရမ်း ထုတ်ပေးရန် Interpol “အင်တာပိုလ်” နိုင်ငံ တကာ ရဲတပ်ဖွဲ့ထံ အီရန်ကတိုင်ကြားခဲ့ပေမယ့် အဖွဲ့ကြီးရဲ့ ဖွဲ့စည်းပုံနဲ့စည်းမျဉ်းများအရ နိုင်ငံရေး/စစ် ရေး သဘောပါဝင်တဲ့ ကိစ္စရပ်တွေမှာ တရားခံကို ဖမ်းဝရမ်းထုတ်ပေးနိုင်ခြင်းမရှိကြောင်း ပယ်ချခံရပါ တယ်။ ထရမ့်ရဲ့ ပထမသက်တမ်းမှာပဲ အီရန်ရဲ့ ထိပ်တန်းနျူကလီးယားသိပ္ပံပညာရှင်တွေ လုပ်ကြံသတ် ဖြတ်ခံခဲ့ရာမှာ ကာဆင်စူလမန်နီနည်းတူ အီရန်ဦးသျှောင် အယာတိုလာ အလီခါမေနီရဲ့ ညာလက်ရုံးလို့ ဆိုနိုင် သူတွေဖြစ်ပါတယ်။ ဒါကြောင့် အီရန်အနေနဲ့ နျူကလီးယားလက်နက်မရှိလို့ အနိုင်ကျင့်ခံရတယ် လို့ မှတ်ယူသွားစေပြီး ဆွေးနွေးဝိုင်းတွေကို ကျောခိုင်းစေခဲ့ပါတယ်။
ပြီးခဲ့တဲ့ ဖေဖော်ဝါရီ (၂၈)ရက်တိုက်ခိုက်မှု စတင်ပြီး နာရီပိုင်းအတွင်း အီရန်ဘာသာရေးဦးသျှောင် အလီခါမေနီနဲ့ အကြီးတန်းခေါင်းဆောင် (၄၀)ခန့် ကျဆုံးသွားပါတယ်။ ဒီအတွက် အီရန်အသုံးပြုတဲ့ တရုတ်၊ ရုရှား လေကာစနစ်များ စွမ်းရည်ညံ့ဖျင်းပြီး အီရန်ခေါင်းဆောင်တို့က စီမံကွပ်ကဲမှုပေါ့ဆတယ်လို့ ဘယ်နိုင်ငံတကာ မီဒီယာ၊ ဘယ် စစ်ရေးလေ့လာသူမှ အပြစ်တင်ကြောင်းမတွေ့ရပါ။ အီရန်ဟာ စွမ်းရည် မြင့် တိုက်ခိုက်ရေးဒရုန်းများကိုထုတ်လုပ်နိုင်ပြီး ယူကရိန်း စစ်ပွဲမှာသုံးဖို့ ရုရှားကိုပင်ထောက်ပံ့နေပါ တယ်၊ ဒါပေမဲ့ ဒရုန်းတွေမှာသုံးဖို့ အဆင့်မြင့်မက္ကရိုချစ်ပ်တွေဟာ ဒဏ်ခတ်ပိတ်ဆို့မှုကြောင့် အလုံအ လောက်မရရှိ ခဲ့ပါဘူး။
အလားတူ လွန်ခဲ့တဲ့နှစ် ဇွန်လ အစ္စရေးရဲ့ တိုက်ခိုက်မှုမှာ အီရန်ရဲ့ ရုရှားလုပ် S-300 Series လေကာ စနစ်တချို့ဖျက်ဆီးခံခဲ့ရပါတယ်၊ အမေရိကက ပျံတက် လာတဲ့ B-2 Spirit ကိုယ် ပျောက်ဗုံးကြဲ လေယာဉ် (၇)စီးလည်းပါဝင်ပြီး GBU-57 ဘန်ကာဖျက်ဗုံးတွေနဲ့ ကြဲချဖျက်ဆီးခံခဲ့ရခြင်းဖြစ်ပါတယ်။ တိုက်ခိုက်မှုဟာ (၁၂)ရက်သာကြာမြင့်ပေမယ့် အီရန်တို့ဘက်မှာ ရု ရှားလုပ် S-300 PMU-2 လေကာစနစ် အတော်များများ ဖျက်ဆီးခံခဲ့ရကြောင်း ဒီအတွက် ရုရှားလုပ် S-400 Series တွေနဲ့ ဖြည့်တင်းနေဆဲဖြစ် ကြောင်း၊ တရုတ်လုပ် HQ-9B, HQ-16, HQ-17AE လေ ကာစနစ်တချို့နဲ့ အီရန်ပြည်တွင်းထုတ် Baver-374, Khordad 15 စွမ်းရည်မြင့် လေကာစနစ်တချို့လည်း ဖျက်ဆီးခံရကြောင်းသိရှိရပါတယ်။
အီရန်ဟာ သူရဲ့ လေကြောင်းကာကွယ်ရေးစနစ် ကို ပြင်ဆင်ဖြည့်တင်းနေဆဲ ခုလိုတိုက်ခိုက်ခံရ ခြင်းဖြစ်ပါတယ်။ တကယ်တော့ အီရန်ဟာ (၂) နိုင်ငံကို (၁)နိုင်ငံတည်းကရင်ဆိုင်ရတာဖြစ်ပြီး အမေရိ ကန်-အစ္စ ရေးဆိုတာလည်း အီလက်ထရွန်နစ်စစ်ပွဲ၊ အလစ်အငိုက်စစ်ပွဲတွေမှာ အတွေ့အကြုံရှိသူများ ဖြစ်နေပါတယ်။ အီရန်ဘက်မှာလိုအပ်နေတာ “ပိုက်ဆံနဲ့အ ချိန်”ဖြစ်ပါတယ်။ ရေနံတင်ပို့ရောင်းချမှုကို အမေရိ ကန်က ဒဏ်ခတ်ပိတ်ဆို့ထားရာ ကမ္ဘာ့အကြီးဆုံးရေနံ သိုက်ကို ဖင်ခုထိုင်ထားတဲ့ ဗင်နီဇွဲလား ပင် လျှင် ငုတ် တုတ်မေ့ရကြောင်း ခါးသီးတဲ့သင်ခန်းစာတွေက ပူပူနွေးနွေးပဲရှိပါသေးတယ်။
အီရန်ရဲ့ ကာဆင်စူလမန်နီလို ထိပ်တန်းတိုက်ခိုက်ရေးခေါင်းဆောင်များ နျူကလီးယား သိပ္ပံ ပညာရှင်များလုပ်ကြံခံခဲ့ရတာ (၂၀၂၀) ပြည့်နှစ်တည်းကဖြစ်ပါတယ်။ ဒီအကြောင်း ဂျာနယ်နဲ့အွန်လိုင်းမှာ ကျွန် တော်ရေးခဲ့ပါတယ်။ အခြားသော တပ်မှူးများ၊ စစ်ဘက်ဆိုင်ရာပညာရှင်များလည်း တစ်ယောက် ပြီးတစ်ယောက်လုပ်ကြံခံနေရရာ အီရန်အနေနဲ့ ထိထိရောက် ရောက်မကာကွယ်နိုင်တဲ့အားနည်းချက်ရှိပါ တယ်။ ကာဆင်စူလမန်နီနဲ့ နျူကလီးယားသိပ္ပံပညာရှင်လို မျိုးလူတစ်ယောက်ရဖို့ ဘယ်တိုင်းပြည်မဆို (၁၅)နှစ် မကမွေးမြူယူရမှာဖြစ်ကြောင်း အလွယ်သိနိုင်ပါ တယ်။ ဒါကြောင့် အီရန်မှာ မဟာဗျူဟာပိုင်း အချိန်မီ တည်ဆောက်ရန် လစ်ဟာချက်ရှိနေပြီး အဲဒါကို အမေရိကန်အစ္စရေးက အချိန်ကိုက် အခွင့် ကောင်းယူသွားခြင်းဖြစ်ပါတယ်။ ဒါပေမဲ့ အီရန်စစ်ရှုံးပြီလို့ ပြော လို့မရသလို၊ ဖေဖော်ဝါရီ (၂၈)ရက်က စတင်တဲ့စစ် ပွဲဟာ အပြည့်အဝစစ်ကြေညာခြင်းဖြစ်ကြောင်း အမေ ရိကန်ရော အစ္စရေးပါ ကြေညာခြင်း မရှိသေးပါဘူး၊ တိုက်ခိုက်မှုများ၊ လက်တုံ့ပြန်မှုများ တုန့်ပြန်သည်ကို တန်ပြန်တိုက်ခိုက်ခြင်းများ၊ ကိုယ် စားပြုတိုက်ခိုက်ခြင်းများသာရှိသေးကြောင်း သတိပြုရပါလိမ့်မယ်။ တစ်နည်းအားဖြင့် နှစ်ဖက်စလုံးက အတိုင်းအတာတစ်ခု အတွင်းမှာသာ တုံ့ပြန်နေကြခြင်းဖြစ်ပါတယ်။
ရက်သတ္တ(၄)၊ (၅)ပတ်လောက်ကြာမယ်လို့ ဒေါ်နယ်ထရမ့်ပြောပေမယ့် နိုင်ငံတကာ ဖိအား ကြောင့် ဒီလောက်နဲ့ ရက်ပိုင်းအတွင်း ရပ်ချင်ရပ်တန့်သွားနိုင်ပါတယ်။ ဒါပေမဲ့ ဗင်နီဇွဲလား ဂရင်းလန်း ကျွန်းကိစ္စမှာ မြောင်းထဲရောက်သွားတဲ့ ကုလသမဂ္ဂကြီးဟာ ရန်ပုံငွေအများဆုံးထည့်ဝင်တဲ့ အမေရိကန် နုတ်ထွက်သွားလို့ အသက်ငင်နေပါတယ်။ ယခုစစ်ပွဲနဲ့ ဟော်မုဇ်ရေ လက်ကြားအရေးဟာ ကုလသမဂ္ဂ လုံခြုံရေးကောင်စီအတွင်း မကြုံစဖူးထိပ်တိုက်တွေ့ဖို့ဖြစ်နေပါတယ်။ အဆိုကြမ်းမှန်သမျှ ဗီတိုနဲ့ပယ်ချခံ ရပြီး ဘာဆုံးဖြတ် ချက်မှထွက်မလာဘဲ ရက်ကြာသွားတာလည်း ဖြစ်နိုင်ပါတယ်။
ဥရောပနိုင်ငံတွေနဲ့ တရုတ်-ရုရှားတို့က နှစ်ဖက် အသီးသီးအပေါ် နားလည်စာနာကြောင်းပြောဆို နေကြပေမယ့် စစ်ရေးအရ တရားဝင်ပါဝင်လာခြင်း ရှိ/ မရှိကို လက်ရှိသတင်းများတွင် အတည်ပြုချက် မတွေ့ ရသေးပါ။ ဒါပေမဲ့ အရှေ့အလယ်ပိုင်းဒေသဆိုတာ ရှုပ်ထွေးတဲ့ မဟာမိတ်စနစ်တွေရှိနေတဲ့အတွက် ပဋိပက္ခဆက်လက်ကျယ်ပြန့်နေမယ်ဆိုရင် နိုင်ငံအသီးသီးတို့ ပါဝင်လာနိုင်ခြေရှိပါတယ်။
ဝါရှင်တန်ဟာ ဒေသတွင်း ဆယ်စုနှစ်အတွင်း အကြီးမားဆုံး စစ်ရေးအင်အား ဖြည့်တင်းထားပြီး လက်ဘနွန်ရှိ အမေရိကန်နိုင်ငံသားများကို ချက်ချင်း ထွက်ခွာရန်အမိန့်ပေးထားပါတယ်။ ဒါဟာ စစ်ပွဲ ကျယ်ပြန့်လာနိုင်တဲ့အလားအလာကို ပြသနေပါတယ်။ ဒါပေမဲ့ တစ်ဖက်မှာလည်း နျူကလီးယားကိစ္စ အီရန်နဲ့ ဆွေးနွေးလိုကြောင်းပြောဆိုနေပြီး ဟော်မုဇ်ရေလက် ကြားပိတ်ဆို့မှုကို စစ်ရေးနည်းနဲ့ဖယ်ရှား မယ်လို့ အမျိုးမျိုးပြောဆိုနေပါတယ်။
လက်ရှိဖြစ်ပွားနေတဲ့ စစ်ရေးတင်းမာမှုသည်ဒေသတွင်း စစ်ပွဲအဖြစ် ကျယ်ပြန့်လာနိုင်တဲ့ အလား အလာရှိပေမယ့် ကမ္ဘာ့အင်အားကြီးနိုင်ငံအားလုံးပါဝင်တဲ့ ကမ္ဘာစစ်ကြီးအဖြစ်ရောက်ရန် ရှိ မရှိ မသေချာ သေးပါဘူး။ နှစ်ဖက်စလုံးရဲ့ နောက်ထပ် စစ်ရေးဆုံးဖြတ်ချက်တွေနဲ့ နိုင်ငံတကာရဲ့တုံ့ပြန်မှုအပေါ်မှာ မူ တည်နေပါတယ်။ လောလောဆယ်မှာတော့ ဟော်မုဇ် ရေလက်ကြားပိတ်ဆို့သွားခြင်းဟာ မြန်မာ အပါ အဝင် ကမ္ဘာ့နိုင်ငံအားလုံးအတွက် စွမ်းအင်ကပ်ဘေးဆိုက် ဖို့ဖြစ်လာပါတယ်။
ကမ္ဘာ့ရေနံသယ်ပို့မှု (၂၀%)ကို ဖြည့်ဆည်းပေးနေတဲ့ ဟော်မုဇ်ရေလက်ကြားပိတ်ဆို့သွားခြင်းအ တွက် ထိုင်းက ရေနံထွက်ကုန်အားလုံး ပြည်ပတင်ပို့မှုကိုရပ်ဆိုင်းလိုက်တယ်လို့ နေးရှင်းသတင်းစာ (1 March 2026) ကရေးပါတယ်။ မြန်မာ၊ လာအိုနဲ့ ကမ္ဘောဒီးယားတို့ဟာ ထိုင်းနိုင်ငံထံမှ စက်သုံးဆီကို ဝယ်ယူသုံးစွဲနေကြတယ်လို့ပြောဆိုနေကြပေမယ့် မြန်မာက ပမာဏအများဆုံး တရားဝင်လောင်စာဆီ ရရှိနေမှုဟာ စင်ကာပူထံမှဖြစ်ပါတယ်။ တာချီလိတ်-မြဝတီ-ကော့သောင်း စတဲ့ မြန်မာနယ်စပ်မြို့များမှာ ထိုင်းလောင်စာဆီကိုမှီခိုနေကြပေမယ့် ကျန် မြန်မာ တစ်ပြည်လုံးမှာတော့ အနီရောင်- အပြာရောင်သမ်း နေတဲ့ ထိုင်းဓာတ်ဆီကို မြင်ပင်မမြင်ဖူးကြပါ။ ဒါပေမဲ့ အဲဒီသတင်းဂယက်ကြောင့် နယ်မြို့တချို့မှာ ဓာတ် ဆီ ဈေး (၁၃%)ခန့်၊ နယ်စပ်မြို့များမှာ (၅၀%)ကျော် မြင့်တက်သွားတယ်လို့ဆိုပါတယ်။
စက်သုံးဆီ ခြိုးခြံချွေတာသုံးစွဲရေးအတွက် ပြည် သူသို့အသိပေးကြေညာချက်ကို မတ်လ (၃)ရက် နေ့ ညမှာ အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ သတင်းထုတ်ပြန်ရေးအဖွဲ့က ထုတ်ပြန် ကြေ ညာကြောင်း၊ စက်သုံးဆီ ထိရောက်အကျိုးရှိစွာသုံးစွဲနိုင် ရေးအတွက် ပုဂ္ဂလိကနဲ့ အများသုံး မော်တော် ယာဉ်များ မောင်းနှင်ပြေးဆွဲနိုင်ရေး အသေးစိတ်အစီအမံများကို တွေ့ရှိရပါတယ်။ တစ်ပြိုင်နက်တည်း မှာပဲ (၄-၃-၂၀၂၆)နေ့ ရန်ကုန်မြို့နဲ့ မန္တလေးမြို့အတွက် ရည် ညွှန်းလက်ကားဈေးနှုန်းများ၊ ပြည်ထောင်စု နယ်မြေ၊ နေပြည်တော်၊ တိုင်းဒေသကြီး/ပြည်နယ် မြို့တော်များအတွက် ရည်ညွှန်းလက်လီ ဈေးနှုန်းများ ကို စက်သုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်း ကြီးကြပ်ရေးကော်မတီကကြေညာကြောင်း တွေ့ ရှိရပါတယ်။
မြန်မာအတွက် အထူးမျှော်လင့်စရာရှိတာက စက်သုံးဆီ အသည်းအသန်လိုအပ်နေတဲ့ တရုတ်နဲ့ အိန္ဒိယကြားမှာ နိုင်ငံရောက်ရှိနေခြင်းပဲဖြစ်ပါတယ်။ အဲဒီနိုင်ငံကြီးတွေရဲ့ ပြည်ပဝယ်ယူတင်သွင်းမှုများ အနက် ရာခိုင်နှုန်းအနည်းငယ်ခွဲတမ်းရလျှင်ပင် စွမ်းအင်ပြဿနာ အထိုက်အလျောက်ပြေလည်နိုင်ပါ တယ်။
အီရန်စစ်ပွဲကြောင့် ကမ္ဘာ့နိုင်ငံအားလုံး လောင်စာဆီ အကျပ်အတည်းဖြစ်ရာမှာ မြန်မာအနေနဲ့ လွတ် ကင်းနိုင်ခြေမရှိပါဘူး။ အထူးသဖြင့် ပူပြင်းခြောက်သွေ့တဲ့ရာသီဥတုမှာ စွမ်းအင်ပိုမိုလိုအပ်မှာ ဖြစ် ပြီး ကျောက်မီးသွေးနဲ့ ရေအားလျှပ်စစ်တို့ကို ပိုမိုသုံးစွဲရပါလိမ့်မယ်။ အမြန်ဆုံး အသုံးပြုနိုင်ရေးအတွက် ပုဂ္ဂလိကပိုင် အသေးစား၊ အလတ်စား ဓာတ်အားထုတ်လုပ်ရေးတွေနဲ့ ကျားကန်လို့ရနိုင်ပါတယ်။ ဒါပေမဲ့ အားလုံး အဆင်ပြေချောမွေ့နေမယ်တော့မထင်ပါဘူး၊ စက်သုံးဆီ အလွဲသုံးစားခြင်း၊ မှောင်ခိုသိုလှောင် ရောင်းဝယ်ခြင်း၊ သတင်းတု သတင်းမှားများထုတ်လွှင့်ပြီး လောင်စာဆီဈေးမတည်ငြိမ်စေရန် အဖျက်အ မှောက်လုပ်ရပ်များကို နိုင်ငံတော်ကစောင့်ကြည့်အရေးယူခြင်းဖြင့် အများပြည်သူမထိခိုက်အောင် ကာ ကွယ်ပေးနေရပါလိမ့်မယ်။

Zawgyi Version;
“ပင္လယ္ေကြ႕ အီရန္စစ္ပြဲ” ဂယက္ ျမန္မာအေပၚ ဘယ္ေလာက္႐ိုက္ခတ္ႏိုင္လဲ
HtayOung (NP News) - မတ္ ၁ဝ
လြန္ခဲ့တဲ့ ေဖေဖာ္ဝါရီ (၂၈)ရက္မွာ အေမရိကန္ နဲ႔အစၥေရးတို႔ရဲ႕ အီရန္အေပၚ ပူးတြဲတိုက္ခိုက္ျခင္း ဟာ ႏိုင္ငံတကာအက်ပ္အတည္းတစ္ခုကို စတင္လိုက္ျခင္းပဲျဖစ္ပါတယ္။ တကယ္ေတာ့ ဒီကိစၥနဲ႔ ပတ္ သက္ၿပီး “အေမရိကန္က အီရန္ကို စစ္တိုက္မည္လား၊ ျပည္တြင္းစစ္ ကမာၻ႔ႏိုင္ငံမ်ားအတြက္သင္ခန္းစာ” ‌ေခါင္းစဥ္ျဖင့္ (၁၉-၁-၂၀၂၆)ရက္ကထုတ္ေဝခဲ့တဲ့ Statesman ဂ်ာနယ္ အတြဲ(၁)၊ အမွတ္(၉၉) စာမ်က္ႏွာ (၁၇) မွာ ကြၽန္ေတာ္ေရးသားခဲ့ဖူးပါတယ္။ အဲဒီအ ခ်ိန္ အေမရိကန္က သူ စစ္ေရးၿခိမ္းေျခာက္ေနတဲ့ အီရန္ ကိုယ္စားလွယ္အဖြဲ႕နဲ႔ အိုမန္ႏိုင္ငံမွာ ေဆြးေႏြးေနပါတယ္။ သမၼတကလိုအပ္လွ်င္ ေဆာင္႐ြက္ႏိုင္ မယ့္အင္အားေတြကို အသင့္ျပင္ဆင္ထားတယ္လို႔ အေမရိကန္ ပင္တာဂြန္စစ္ဌာနခ်ဳပ္ကေျပာေပမယ့္ အီရန္ႏိုင္ငံနဲ႔ တိုက္႐ိုက္စစ္ပြဲျဖစ္ပြားေနတယ္လို႔ ေျပာရမယ့္အေထာက္အထား မရွိေသးေၾကာင္း၊ ဒါေပမဲ့ အနာဂတ္ကာလမွာ စစ္ခင္းရတဲ့အထိ အေျခအေနေျပာင္းလဲမႈေတြရွိေနၿပီး စစ္မီးေတာက္ေလာင္ႏိုင္မယ့္ အႏၲရာယ္ကိုေလွ်ာ့ခ်ႏိုင္မယ့္ သံတမန္လမ္းေၾကာင္းေတြလည္း ရွိေနေသးေၾကာင္းေရးသားခဲ့ပါတယ္။
အစၥေရးက အီရန္ကို တိုက္ခိုက္သည့္တိုင္ အေမရိကန္အေနနဲ႔ ထပ္မံပါဝင္လိမ့္မယ္လို႔ အဲ့ဒီအခ်ိန္ ထိ ကြၽန္ေတာ္ကိုယ္တိုင္ မယုံၾကည္ျခင္းေၾကာင့္ ျဖစ္ပါတယ္။ အစၥေရးနဲ႔ အီရန္စစ္ပြဲမွာ အေမရိကန္က အတိအလင္းပါဝင္ခဲ့လွ်င္ ေဒသႀကီးတစ္ခုလုံးရဲ႕ စီး ပြားေရးနဲ႔လုံၿခဳံေရးကိုဖ်က္ဆီးရာ ေရာက္ရွိႏိုင္တဲ့အ ျပင္ ကမာၻႀကီးတစ္ခုလုံးပါ အက်ပ္အတည္းဆိုက္ေရာက္သြားႏိုင္တဲ့အတြက္ သမၼတထရမ့္အေနနဲ႔ ခ်ိန္ ဆဖြယ္ရွိတယ္လို႔ယူဆခဲ့မိပါတယ္။
စစ္ပြဲအတြင္း အေမရိကန္ဝင္ပါခဲ့လွ်င္ ေနာက္ျပန္ဆုတ္ရန္ခက္ခဲမယ္လို႔ ထရမ့္ကိုယ္တိုင္မေျပာခဲ့ ဖူးေပမယ့္ အေရွ႕အလယ္ပိုင္းမွ အေမရိကန္စစ္တပ္ မ်ားကို ျပန္လည္ေခၚယူလိုေၾကာင္း၊ အဆုံးမရွိတဲ့စစ္ ပြဲအတြင္းမွ အေမရိကန္ကိုဆြဲထုတ္လိုေၾကာင္း ေျပာ ဆိုခဲ့ဖူးတာေတာ့ရွိပါတယ္။ လြန္ခဲ့တဲ့ (၁၀)စုႏွစ္အ တြင္း အေမရိကန္အစိုးရမွာ (သမၼတထရမ့္ ၂၀၁၇-၂၀၂၁) (သမၼတဘိုင္ဒင္ ၂၀၂၁-၂၀၂၅) နဲ႔ သမၼတ ထရမ့္ (၂၀၂၅) ယခုထိတို႔ျဖစ္ၾကပါတယ္။ သမၼတထ ရမ္ရဲ႕ အီရန္ဆိုင္ရာေပၚလစီမွာ အီရန္ကို စီးပြားေရးအရ ခ်ဳပ္ကိုင္ၿပီး စစ္ေရးအရၿခိမ္းေျခာက္ျခင္းျဖင့္ အစိုးရအေျပာင္းအလဲျဖစ္ေအာင္ အျပင္းအထန္ ဖိအားေပး ေရးျဖစ္ပါတယ္။
သမၼတဘိုင္ဒန္လက္ထက္မွာေတာ့ ထိပ္တိုက္ေတြ႕မႈကိုေရွာင္ရွားၿပီး သံတမန္နည္းလမ္းျဖင့္ န်ဴကလီးယားသေဘာတူညီခ်က္ရရွိေအာင္ေဆာင္႐ြက္ေရး ျဖစ္ပါတယ္။ ဒါေပမဲ့ သမၼတဘိုင္ဒင္ရဲ႕ အီရန္ ကို သံတမန္ေရးအရႀကိဳးပမ္းမႈေတြဟာ မေအာင္ျမင္ဘဲ ထရမ့္ ျပန္လည္ေ႐ြးေကာက္ခံရတဲ့အခါ အီရန္မွာ အစိုးရအေျပာင္းအလဲျဖစ္ေရးသာလွ်င္ပဓာနအျဖစ္ ပိုမိုျပင္းထန္တဲ့ခ်ဥ္းကပ္မႈဆီကို ဦးတည္သြားခဲ့ပါ တယ္။
(၁၉၉၁)ခုႏွစ္မွာ ဆိုဗီယက္ယူနီယံၿပိဳကြဲၿပီး ကမာၻ႔အေရွ႕အေနာက္ စစ္ေအးတိုက္ပြဲၿပီးဆုံးသြားပါ တယ္။ အေမရိကန္ရဲ႕ႏိုင္ငံျခားေရးမူဝါဒဟာ ကြန္ျမဴနစ္ဝါဒ ျပန႔္ပြားမႈဆန႔္က်င္ေရးမွ ဒီမိုကေရစီနဲ႔ လူ႔ အခြင့္အေရးကို ကာကြယ္ေစာင့္ေရွာက္ေရးအျဖစ္ေျပာင္လဲ သြားပါတယ္။ တစ္ၿပိဳင္တည္းမွာပဲ ပစ္မွတ္ ထားတဲ့ႏိုင္ငံေတြအေပၚ စီးပြားေရး ဒဏ္ခတ္ပိတ္ဆို႔မႈေတြကို ႀကဳံရင္ႀကဳံသလိုျပဳလုပ္ပါတယ္။ ဒီအတြက္ သက္ဆိုင္ ရာႏိုင္ငံမွာ စီးပြားေရးမတည္မၿငိမ္ျဖစ္ၿပီး အလုပ္လက္မဲ့ထူေျပာျခင္း၊ ကုန္ေဈးႏႈန္းႀကီးျမင့္ ျခင္း၊ ေငြေၾကး ေဖာင္းပြျခင္း၊ ေငြတန္ဖိုးက်ဆင္းျခင္းတို႔ကို ျဖစ္ေပၚေစပါတယ္။ ဒီလိုနည္းနဲ႔ ျပည္သူ လူထုရဲ႕ စိတ္ပ်က္ေဒါ သထြက္မႈကိုႏႈိးဆြေပးခဲ့ၿပီး အစိုးရစနစ္ အဆုံးသတ္မွ ျဖစ္ေတာ့မယ္လို႔ သူတို႔ျပည္ သူအမ်ားကိုယ္တိုင္ ယုံၾကည္ေစခဲ့တယ္။ အၾကမ္းဖက္ဆႏၵျပမႈေတြျဖစ္ေပၚလာတဲ့အခါ အဲဒီႏိုင္ငံအစိုးရ က ျပင္းထန္စြာ ၿဖိဳခြင္းႏွိမ္နင္းရျခင္းျဖင့္ အုပ္ခ်ဳပ္သူနဲ႔လူထုအၾကား ဆန႔္က်င္ေဝးကြာမႈ နက္ရႈိင္းေစခဲ့ တယ္။ ဒဏ္ ခတ္ပိတ္ဆို႔ မႈရည္႐ြယ္ခ်က္ေတြဟာ အဂတိလိုက္စားတဲ့ အုပ္ခ်ဳပ္သူေတြကို (၃၄%)သာ သက္ေရာက္ေစေၾကာင္း မက္ဆာခ်ဴးဆက္ျပည္နယ္ “တတ္ဖ္တကၠသိုလ္” သုေတသနစာတမ္းေတြက ေဖာ္ျပပါတယ္။ ဒဏ္ခတ္ ပိတ္ဆို႔မႈေတြဟာ က်ဴးဘား-ဗီယက္နမ္-ေျမာက္ကိုရီးယားတို႔မွာ အစိုးရ ေျပာင္းလဲေအာင္ မဖန္တီးႏိုင္ခဲ့ေၾကာင္း၊ အီရတ္ကိစၥမွာေတာ့ သာမန္ အမ်ားျပည္သူတို႔ကို ပိုမိုထိခိုက္ ေစၿပီး လူသားခ်င္းစာနာမႈဆိုင္ရာ အက်ပ္အတည္းကိုျဖစ္ေပၚေစတယ္လို႔ ေအာက္စ္ဖို႔ တကၠသိုလ္ သုေတသန အဘိဓာန္မွာ ေဖာ္ျပပါတယ္။
ဘယ္လိုပင္ သုေတသနေတြ႕ရွိသည္ျဖစ္ေစ အေမရိကန္နဲ႔ အီးယူႏိုင္ငံေတြဟာ ပိတ္ဆို႔အေရးယူမႈ ေတြကို ဆက္လက္က်င့္သုံးေနတာဟာ ဒီမိုကေရစီနဲ႔ လူ႔အခြင့္အေရးျပဳျပင္ေစရန္ထက္ သက္ဆိုင္ရာ ႏိုင္ငံအေပၚ စစ္ေရးအသာစီးရရွိရန္ ရည္မွန္းခ်က္ပါဝင္ တယ္လို႔ဆိုရမွာျဖစ္ပါတယ္။ အေမရိကန္ အစိုးရ အဆက္ဆက္ရဲ႕ ဒဏ္ခတ္ပိတ္ဆို႔ျခင္းဆိုတာ Hybrid warfare ေခၚ မတူညီတဲ့နည္းလမ္းေတြ ေပါင္းစပ္ စစ္ ခင္းျခင္းနည္းဗ်ဴဟာျဖစ္ေနပါတယ္။ ဒီအခ်က္ဟာ ဒဏ္ခတ္ပိတ္ဆို႔မႈ သက္တမ္းၾကာျမင့္ေနတဲ့ ျမန္မာလိုတိုင္းျပည္ေတြရဲ႕ အစိုးရေတြ၊ တပ္မေတာ္ေတြအတြက္ သင္ခန္းစာျဖစ္ပါလိမ့္မယ္။
ဒဏ္ခတ္ပိတ္ဆို႔မႈေၾကာင့္ အေထြေထြ အက်ပ္အတည္းဆိုက္ခဲ့ရတဲ့ အီရန္ဟာ (၁၉၇၉) ခုႏွစ္ “အစၥလာမၼစ္ေတာ္လွန္ေရး”ေနာက္ပိုင္း တစ္ႏိုင္ငံလုံးအ တိုင္းအတာနဲ႔ လူထုအုံႂကြမႈ (၇)ႀကိမ္နဲ႔ အေသး စား ကန႔္ကြက္ဆႏၵျပမႈေတြ အႀကိမ္ႀကိမ္ျဖစ္ေပၚခဲ့တယ္၊ ယခုေနာက္ဆုံး (၂၀၂၅)ခုႏွစ္ ဒီဇင္ဘာမွ (၂၀၂၆) ႏွစ္ဆန္းပိုင္းအထိ အီရန္လူထုအုံႂကြမႈကေတာ့ ႏိုင္ငံ့သမိုင္းတစ္ေလွ်ာက္ အၾကမ္းဖက္မႈနဲ႔ ထိခိုက္ေသ ဆုံးမႈ အမ်ားဆုံး အဓိက႐ုဏ္းေတြကိုျဖစ္ေပၚေစခဲ့ၿပီး အမ်ားျပည္သူတို႔က အစိုးရအေပၚ မၾကည္ညိဳ မႏွစ္ သက္ႏိုင္မႈ အျမင့္ဆုံးအခ်ိန္ျဖစ္ေနပါတယ္။
တစ္ဖက္မွာလည္း ဒဏ္ခတ္ပိတ္ဆို႔ျခင္း-စစ္ေရးၿခိမ္းေျခာက္ခဲ့ျခင္းေတြဟာ ျပန္လည္ေ႐ြး ေကာက္ခံရတဲ့ ေဒၚနယ္ထရမ့္အတြက္ “ဆုပ္စူး-စား႐ူး” အျဖစ္ကိုေရာက္ရွိသြားေစပါတယ္။
(၂၀၂၀) ျပည့္ႏွစ္မွာ အီရန္ျပည္ပ အထူးတိုက္ခိုက္ေရးတပ္မႉး “ကာဆင္စူလမန္နီ”ကို လုပ္ႀကံ သတ္ျဖတ္ရန္ သမၼတထရမ့္ကအမိန႔္ေပးခဲ့ပါ့တယ္။ ဆီးရီးယားမွထြက္ခြာလာၿပီး အီရန္သို႔အျပန္ ကာဆင္ စူလမန္နီကို အီရတ္ႏိုင္ငံ ဘဂၢဒက္ေလဆိပ္မွာ ဒ႐ုန္း အသုံးျပဳလုပ္ႀကံျခင္းျဖစ္ပါတယ္။ စုစုေပါင္း လူ (၁၀) ဦးေသဆုံးရမႈမွာ “စစ္ေၾကညာထားျခင္းမရွိတဲ့ တိုင္း ျပည္တစ္ျပည္ရဲ႕ႏိုင္ငံသားကို အေၾကာင္းမဲ့ သတ္ျဖတ္တဲ့ လူသတ္မႈ- စစ္ရာဇဝတ္မႈ” သာလွ်င္ ျဖစ္ပါတယ္။
ဒီအတြက္ အီရန္က ကုလသမဂၢလုံၿခဳံေရးေကာင္ စီကိုတင္ျပေပမယ့္ အေမရိကန္ရဲ႕ဗီတိုေၾကာင့္ မေအာင္ျမင္ခဲ့ပါ၊ အလားတူ တရားခံမ်ားကို ဖမ္းဝရမ္း ထုတ္ေပးရန္ Interpol “အင္တာပိုလ္” ႏိုင္ငံ တကာ ရဲတပ္ဖြဲ႕ထံ အီရန္ကတိုင္ၾကားခဲ့ေပမယ့္ အဖြဲ႕ႀကီးရဲ႕ ဖြဲ႕စည္းပုံနဲ႔စည္းမ်ဥ္းမ်ားအရ ႏိုင္ငံေရး/စစ္ ေရး သေဘာပါဝင္တဲ့ ကိစၥရပ္ေတြမွာ တရားခံကို ဖမ္းဝရမ္းထုတ္ေပးႏိုင္ျခင္းမရွိေၾကာင္း ပယ္ခ်ခံရပါ တယ္။ ထရမ့္ရဲ႕ ပထမသက္တမ္းမွာပဲ အီရန္ရဲ႕ ထိပ္တန္းန်ဴကလီးယားသိပၸံပညာရွင္ေတြ လုပ္ႀကံသတ္ ျဖတ္ခံခဲ့ရာမွာ ကာဆင္စူလမန္နီနည္းတူ အီရန္ဦးေသွ်ာင္ အယာတိုလာ အလီခါေမနီရဲ႕ ညာလက္႐ုံးလို႔ ဆိုႏိုင္ သူေတြျဖစ္ပါတယ္။ ဒါေၾကာင့္ အီရန္အေနနဲ႔ န်ဴကလီးယားလက္နက္မရွိလို႔ အႏိုင္က်င့္ခံရတယ္ လို႔ မွတ္ယူသြားေစၿပီး ေဆြးေႏြးဝိုင္းေတြကို ေက်ာခိုင္းေစခဲ့ပါတယ္။
ၿပီးခဲ့တဲ့ ေဖေဖာ္ဝါရီ (၂၈)ရက္တိုက္ခိုက္မႈ စတင္ၿပီး နာရီပိုင္းအတြင္း အီရန္ဘာသာေရးဦးေသွ်ာင္ အလီခါေမနီနဲ႔ အႀကီးတန္းေခါင္းေဆာင္ (၄၀)ခန႔္ က်ဆုံးသြားပါတယ္။ ဒီအတြက္ အီရန္အသုံးျပဳတဲ့ တ႐ုတ္၊ ႐ုရွား ေလကာစနစ္မ်ား စြမ္းရည္ညံ့ဖ်င္းၿပီး အီရန္ေခါင္းေဆာင္တို႔က စီမံကြပ္ကဲမႈေပါ့ဆတယ္လို႔ ဘယ္ႏိုင္ငံတကာ မီဒီယာ၊ ဘယ္ စစ္ေရးေလ့လာသူမွ အျပစ္တင္ေၾကာင္းမေတြ႕ရပါ။ အီရန္ဟာ စြမ္းရည္ ျမင့္ တိုက္ခိုက္ေရးဒ႐ုန္းမ်ားကိုထုတ္လုပ္ႏိုင္ၿပီး ယူကရိန္း စစ္ပြဲမွာသုံးဖို႔ ႐ုရွားကိုပင္ေထာက္ပံ့ေနပါ တယ္၊ ဒါေပမဲ့ ဒ႐ုန္းေတြမွာသုံးဖို႔ အဆင့္ျမင့္မကၠ႐ိုခ်စ္ပ္ေတြဟာ ဒဏ္ခတ္ပိတ္ဆို႔မႈေၾကာင့္ အလုံအ ေလာက္မရရွိ ခဲ့ပါဘူး။
အလားတူ လြန္ခဲ့တဲ့ႏွစ္ ဇြန္လ အစၥေရးရဲ႕ တိုက္ခိုက္မႈမွာ အီရန္ရဲ႕ ႐ုရွားလုပ္ S-300 Series ေလကာ စနစ္တခ်ိဳ႕ဖ်က္ဆီးခံခဲ့ရပါတယ္၊ အေမရိကက ပ်ံတက္ လာတဲ့ B-2 Spirit ကိုယ္ ေပ်ာက္ဗုံးႀကဲ ေလယာဥ္ (၇)စီးလည္းပါဝင္ၿပီး GBU-57 ဘန္ကာဖ်က္ဗုံးေတြနဲ႔ ႀကဲခ်ဖ်က္ဆီးခံခဲ့ရျခင္းျဖစ္ပါတယ္။ တိုက္ခိုက္မႈဟာ (၁၂)ရက္သာၾကာျမင့္ေပမယ့္ အီရန္တို႔ဘက္မွာ ႐ု ရွားလုပ္ S-300 PMU-2 ေလကာစနစ္ အေတာ္မ်ားမ်ား ဖ်က္ဆီးခံခဲ့ရေၾကာင္း ဒီအတြက္ ႐ုရွားလုပ္ S-400 Series ေတြနဲ႔ ျဖည့္တင္းေနဆဲျဖစ္ ေၾကာင္း၊ တ႐ုတ္လုပ္ HQ-9B, HQ-16, HQ-17AE ေလ ကာစနစ္တခ်ိဳ႕နဲ႔ အီရန္ျပည္တြင္းထုတ္ Baver-374, Khordad 15 စြမ္းရည္ျမင့္ ေလကာစနစ္တခ်ိဳ႕လည္း ဖ်က္ဆီးခံရေၾကာင္းသိရွိရပါတယ္။
အီရန္ဟာ သူရဲ႕ ေလေၾကာင္းကာကြယ္ေရးစနစ္ ကို ျပင္ဆင္ျဖည့္တင္းေနဆဲ ခုလိုတိုက္ခိုက္ခံရ ျခင္းျဖစ္ပါတယ္။ တကယ္ေတာ့ အီရန္ဟာ (၂) ႏိုင္ငံကို (၁)ႏိုင္ငံတည္းကရင္ဆိုင္ရတာျဖစ္ၿပီး အေမရိ ကန္-အစၥ ေရးဆိုတာလည္း အီလက္ထ႐ြန္နစ္စစ္ပြဲ၊ အလစ္အငိုက္စစ္ပြဲေတြမွာ အေတြ႕အႀကဳံရွိသူမ်ား ျဖစ္ေနပါတယ္။ အီရန္ဘက္မွာလိုအပ္ေနတာ “ပိုက္ဆံနဲ႔အ ခ်ိန္”ျဖစ္ပါတယ္။ ေရနံတင္ပို႔ေရာင္းခ်မႈကို အေမရိ ကန္က ဒဏ္ခတ္ပိတ္ဆို႔ထားရာ ကမာၻ႔အႀကီးဆုံးေရနံ သိုက္ကို ဖင္ခုထိုင္ထားတဲ့ ဗင္နီဇြဲလား ပင္ လွ်င္ ငုတ္ တုတ္ေမ့ရေၾကာင္း ခါးသီးတဲ့သင္ခန္းစာေတြက ပူပူေႏြးေႏြးပဲရွိပါေသးတယ္။
အီရန္ရဲ႕ ကာဆင္စူလမန္နီလို ထိပ္တန္းတိုက္ခိုက္ေရးေခါင္းေဆာင္မ်ား န်ဴကလီးယား သိပၸံ ပညာရွင္မ်ားလုပ္ႀကံခံခဲ့ရတာ (၂၀၂၀) ျပည့္ႏွစ္တည္းကျဖစ္ပါတယ္။ ဒီအေၾကာင္း ဂ်ာနယ္နဲ႔အြန္လိုင္းမွာ ကြၽန္ ေတာ္ေရးခဲ့ပါတယ္။ အျခားေသာ တပ္မႉးမ်ား၊ စစ္ဘက္ဆိုင္ရာပညာရွင္မ်ားလည္း တစ္ေယာက္ ၿပီးတစ္ေယာက္လုပ္ႀကံခံေနရရာ အီရန္အေနနဲ႔ ထိထိေရာက္ ေရာက္မကာကြယ္ႏိုင္တဲ့အားနည္းခ်က္ရွိပါ တယ္။ ကာဆင္စူလမန္နီနဲ႔ န်ဴကလီးယားသိပၸံပညာရွင္လို မ်ိဳးလူတစ္ေယာက္ရဖို႔ ဘယ္တိုင္းျပည္မဆို (၁၅)ႏွစ္ မကေမြးျမဴယူရမွာျဖစ္ေၾကာင္း အလြယ္သိႏိုင္ပါ တယ္။ ဒါေၾကာင့္ အီရန္မွာ မဟာဗ်ဴဟာပိုင္း အခ်ိန္မီ တည္ေဆာက္ရန္ လစ္ဟာခ်က္ရွိေနၿပီး အဲဒါကို အေမရိကန္အစၥေရးက အခ်ိန္ကိုက္ အခြင့္ ေကာင္းယူသြားျခင္းျဖစ္ပါတယ္။ ဒါေပမဲ့ အီရန္စစ္ရႈံးၿပီလို႔ ေျပာ လို႔မရသလို၊ ေဖေဖာ္ဝါရီ (၂၈)ရက္က စတင္တဲ့စစ္ ပြဲဟာ အျပည့္အဝစစ္ေၾကညာျခင္းျဖစ္ေၾကာင္း အေမ ရိကန္ေရာ အစၥေရးပါ ေၾကညာျခင္း မရွိေသးပါဘူး၊ တိုက္ခိုက္မႈမ်ား၊ လက္တုံ႔ျပန္မႈမ်ား တုန႔္ျပန္သည္ကို တန္ျပန္တိုက္ခိုက္ျခင္းမ်ား၊ ကိုယ္ စားျပဳတိုက္ခိုက္ျခင္းမ်ားသာရွိေသးေၾကာင္း သတိျပဳရပါလိမ့္မယ္။ တစ္နည္းအားျဖင့္ ႏွစ္ဖက္စလုံးက အတိုင္းအတာတစ္ခု အတြင္းမွာသာ တုံ႔ျပန္ေနၾကျခင္းျဖစ္ပါတယ္။
ရက္သတၱ(၄)၊ (၅)ပတ္ေလာက္ၾကာမယ္လို႔ ေဒၚနယ္ထရမ့္ေျပာေပမယ့္ ႏိုင္ငံတကာ ဖိအား ေၾကာင့္ ဒီေလာက္နဲ႔ ရက္ပိုင္းအတြင္း ရပ္ခ်င္ရပ္တန႔္သြားႏိုင္ပါတယ္။ ဒါေပမဲ့ ဗင္နီဇြဲလား ဂရင္းလန္း ကြၽန္းကိစၥမွာ ေျမာင္းထဲေရာက္သြားတဲ့ ကုလသမဂၢႀကီးဟာ ရန္ပုံေငြအမ်ားဆုံးထည့္ဝင္တဲ့ အေမရိကန္ ႏုတ္ထြက္သြားလို႔ အသက္ငင္ေနပါတယ္။ ယခုစစ္ပြဲနဲ႔ ေဟာ္မုဇ္ေရ လက္ၾကားအေရးဟာ ကုလသမဂၢ လုံၿခဳံေရးေကာင္စီအတြင္း မႀကဳံစဖူးထိပ္တိုက္ေတြ႕ဖို႔ျဖစ္ေနပါတယ္။ အဆိုၾကမ္းမွန္သမွ် ဗီတိုနဲ႔ပယ္ခ်ခံ ရၿပီး ဘာဆုံးျဖတ္ ခ်က္မွထြက္မလာဘဲ ရက္ၾကာသြားတာလည္း ျဖစ္ႏိုင္ပါတယ္။
ဥေရာပႏိုင္ငံေတြနဲ႔ တ႐ုတ္-႐ုရွားတို႔က ႏွစ္ဖက္ အသီးသီးအေပၚ နားလည္စာနာေၾကာင္းေျပာဆို ေနၾကေပမယ့္ စစ္ေရးအရ တရားဝင္ပါဝင္လာျခင္း ရွိ/ မရွိကို လက္ရွိသတင္းမ်ားတြင္ အတည္ျပဳခ်က္ မေတြ႕ ရေသးပါ။ ဒါေပမဲ့ အေရွ႕အလယ္ပိုင္းေဒသဆိုတာ ရႈပ္ေထြးတဲ့ မဟာမိတ္စနစ္ေတြရွိေနတဲ့အတြက္ ပဋိပကၡဆက္လက္က်ယ္ျပန႔္ေနမယ္ဆိုရင္ ႏိုင္ငံအသီးသီးတို႔ ပါဝင္လာႏိုင္ေျခရွိပါတယ္။
ဝါရွင္တန္ဟာ ေဒသတြင္း ဆယ္စုႏွစ္အတြင္း အႀကီးမားဆုံး စစ္ေရးအင္အား ျဖည့္တင္းထားၿပီး လက္ဘႏြန္ရွိ အေမရိကန္ႏိုင္ငံသားမ်ားကို ခ်က္ခ်င္း ထြက္ခြာရန္အမိန႔္ေပးထားပါတယ္။ ဒါဟာ စစ္ပြဲ က်ယ္ျပန႔္လာႏိုင္တဲ့အလားအလာကို ျပသေနပါတယ္။ ဒါေပမဲ့ တစ္ဖက္မွာလည္း န်ဴကလီးယားကိစၥ အီရန္နဲ႔ ေဆြးေႏြးလိုေၾကာင္းေျပာဆိုေနၿပီး ေဟာ္မုဇ္ေရလက္ ၾကားပိတ္ဆို႔မႈကို စစ္ေရးနည္းနဲ႔ဖယ္ရွား မယ္လို႔ အမ်ိဳးမ်ိဳးေျပာဆိုေနပါတယ္။
လက္ရွိျဖစ္ပြားေနတဲ့ စစ္ေရးတင္းမာမႈသည္ေဒသတြင္း စစ္ပြဲအျဖစ္ က်ယ္ျပန႔္လာႏိုင္တဲ့ အလား အလာရွိေပမယ့္ ကမာၻ႔အင္အားႀကီးႏိုင္ငံအားလုံးပါဝင္တဲ့ ကမာၻစစ္ႀကီးအျဖစ္ေရာက္ရန္ ရွိ မရွိ မေသခ်ာ ေသးပါဘူး။ ႏွစ္ဖက္စလုံးရဲ႕ ေနာက္ထပ္ စစ္ေရးဆုံးျဖတ္ခ်က္ေတြနဲ႔ ႏိုင္ငံတကာရဲ႕တုံ႔ျပန္မႈအေပၚမွာ မူ တည္ေနပါတယ္။ ေလာေလာဆယ္မွာေတာ့ ေဟာ္မုဇ္ ေရလက္ၾကားပိတ္ဆို႔သြားျခင္းဟာ ျမန္မာ အပါ အဝင္ ကမာၻ႔ႏိုင္ငံအားလုံးအတြက္ စြမ္းအင္ကပ္ေဘးဆိုက္ ဖို႔ျဖစ္လာပါတယ္။
ကမာၻ႔ေရနံသယ္ပို႔မႈ (၂၀%)ကို ျဖည့္ဆည္းေပးေနတဲ့ ေဟာ္မုဇ္ေရလက္ၾကားပိတ္ဆို႔သြားျခင္းအ တြက္ ထိုင္းက ေရနံထြက္ကုန္အားလုံး ျပည္ပတင္ပို႔မႈကိုရပ္ဆိုင္းလိုက္တယ္လို႔ ေနးရွင္းသတင္းစာ (1 March 2026) ကေရးပါတယ္။ ျမန္မာ၊ လာအိုနဲ႔ ကေမာၻဒီးယားတို႔ဟာ ထိုင္းႏိုင္ငံထံမွ စက္သုံးဆီကို ဝယ္ယူသုံးစြဲေနၾကတယ္လို႔ေျပာဆိုေနၾကေပမယ့္ ျမန္မာက ပမာဏအမ်ားဆုံး တရားဝင္ေလာင္စာဆီ ရရွိေနမႈဟာ စင္ကာပူထံမွျဖစ္ပါတယ္။ တာခ်ီလိတ္-ျမဝတီ-ေကာ့ေသာင္း စတဲ့ ျမန္မာနယ္စပ္ၿမိဳ႕မ်ားမွာ ထိုင္းေလာင္စာဆီကိုမွီခိုေနၾကေပမယ့္ က်န္ ျမန္မာ တစ္ျပည္လုံးမွာေတာ့ အနီေရာင္- အျပာေရာင္သမ္း ေနတဲ့ ထိုင္းဓာတ္ဆီကို ျမင္ပင္မျမင္ဖူးၾကပါ။ ဒါေပမဲ့ အဲဒီသတင္းဂယက္ေၾကာင့္ နယ္ၿမိဳ႕တခ်ိဳ႕မွာ ဓာတ္ ဆီ ေဈး (၁၃%)ခန႔္၊ နယ္စပ္ၿမိဳ႕မ်ားမွာ (၅၀%)ေက်ာ္ ျမင့္တက္သြားတယ္လို႔ဆိုပါတယ္။
စက္သုံးဆီ ၿခိဳးၿခံေခြၽတာသုံးစြဲေရးအတြက္ ျပည္ သူသို႔အသိေပးေၾကညာခ်က္ကို မတ္လ (၃)ရက္ ေန႔ ညမွာ အမ်ိဳးသားကာကြယ္ေရးႏွင့္ လုံၿခဳံေရးေကာင္စီ သတင္းထုတ္ျပန္ေရးအဖြဲ႕က ထုတ္ျပန္ ေၾက ညာေၾကာင္း၊ စက္သုံးဆီ ထိေရာက္အက်ိဳးရွိစြာသုံးစြဲႏိုင္ ေရးအတြက္ ပုဂၢလိကနဲ႔ အမ်ားသုံး ေမာ္ေတာ္ ယာဥ္မ်ား ေမာင္းႏွင္ေျပးဆြဲႏိုင္ေရး အေသးစိတ္အစီအမံမ်ားကို ေတြ႕ရွိရပါတယ္။ တစ္ၿပိဳင္နက္တည္း မွာပဲ (၄-၃-၂၀၂၆)ေန႔ ရန္ကုန္ၿမိဳ႕နဲ႔ မႏၲေလးၿမိဳ႕အတြက္ ရည္ ၫႊန္းလက္ကားေဈးႏႈန္းမ်ား၊ ျပည္ေထာင္စု နယ္ေျမ၊ ေနျပည္ေတာ္၊ တိုင္းေဒသႀကီး/ျပည္နယ္ ၿမိဳ႕ေတာ္မ်ားအတြက္ ရည္ၫႊန္းလက္လီ ေဈးႏႈန္းမ်ား ကို စက္သုံးဆီတင္သြင္းသိုေလွာင္ျဖန႔္ျဖဴးျခင္းလုပ္ငန္း ႀကီးၾကပ္ေရးေကာ္မတီကေၾကညာေၾကာင္း ေတြ႕ ရွိရပါတယ္။
ျမန္မာအတြက္ အထူးေမွ်ာ္လင့္စရာရွိတာက စက္သုံးဆီ အသည္းအသန္လိုအပ္ေနတဲ့ တ႐ုတ္နဲ႔ အိႏၵိယၾကားမွာ ႏိုင္ငံေရာက္ရွိေနျခင္းပဲျဖစ္ပါတယ္။ အဲဒီႏိုင္ငံႀကီးေတြရဲ႕ ျပည္ပဝယ္ယူတင္သြင္းမႈမ်ား အနက္ ရာခိုင္ႏႈန္းအနည္းငယ္ခြဲတမ္းရလွ်င္ပင္ စြမ္းအင္ျပႆနာ အထိုက္အေလ်ာက္ေျပလည္ႏိုင္ပါ တယ္။
အီရန္စစ္ပြဲေၾကာင့္ ကမာၻ႔ႏိုင္ငံအားလုံး ေလာင္စာဆီ အက်ပ္အတည္းျဖစ္ရာမွာ ျမန္မာအေနနဲ႔ လြတ္ ကင္းႏိုင္ေျခမရွိပါဘူး။ အထူးသျဖင့္ ပူျပင္းေျခာက္ေသြ႕တဲ့ရာသီဥတုမွာ စြမ္းအင္ပိုမိုလိုအပ္မွာ ျဖစ္ ၿပီး ေက်ာက္မီးေသြးနဲ႔ ေရအားလွ်ပ္စစ္တို႔ကို ပိုမိုသုံးစြဲရပါလိမ့္မယ္။ အျမန္ဆုံး အသုံးျပဳႏိုင္ေရးအတြက္ ပုဂၢလိကပိုင္ အေသးစား၊ အလတ္စား ဓာတ္အားထုတ္လုပ္ေရးေတြနဲ႔ က်ားကန္လို႔ရႏိုင္ပါတယ္။ ဒါေပမဲ့ အားလုံး အဆင္ေျပေခ်ာေမြ႕ေနမယ္ေတာ့မထင္ပါဘူး၊ စက္သုံးဆီ အလြဲသုံးစားျခင္း၊ ေမွာင္ခိုသိုေလွာင္ ေရာင္းဝယ္ျခင္း၊ သတင္းတု သတင္းမွားမ်ားထုတ္လႊင့္ၿပီး ေလာင္စာဆီေဈးမတည္ၿငိမ္ေစရန္ အဖ်က္အ ေမွာက္လုပ္ရပ္မ်ားကို ႏိုင္ငံေတာ္ကေစာင့္ၾကည့္အေရးယူျခင္းျဖင့္ အမ်ားျပည္သူမထိခိုက္ေအာင္ ကာ ကြယ္ေပးေနရပါလိမ့္မယ္။

Related news

© 2021. All rights reserved.