နွေစပါးဧက (၅၀၀၀) ကျော်ရေပေးဝေပြီးသော ဆင်သေရေလှောင်တမံ အချိန်မီပြီးစီးရေး ညွှန်ကြားထား

 240

သန့်ဇင်(NP News)-မတ် ၁၀
၂၀၂၅-၂၀၂၆ နွေသီးနှံရာသီတွင် နွေစပါးဧက (၅၀၀၀) ကျော်ရေပေးဝေပြီးသော ဆင်သေရေလှောင်တမံ အချိန်မီပြီးစီးရေး အချိန်မီပြီးစီးရေးလုပ်ဆောင်ရန် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဗိုလ်ဗိုလ်ကျော်က မှာကြားခဲ့ကြောင်း သိရသည်။
ဒုတိယဝန်ကြီးက မတ်လ ၇ ရက်က တာဝန်ရှိသူများနှင့်အတူ မန္တလေးငလျင်ကြီးလှုပ်ခတ်မှုကြောင့် ထိခိုက်ခဲ့သည့် ပြည်ထောင်စုနယ်မြေ နေပြည်တော် တပ်ကုန်းမြို့နယ် မယ်ဇလီကျင်းကျေးရွာအနီးရှိ ဆင်သေရေလှောင် တမံအခိုင်အမာပြုပြင်နေမှုကို ကြည့်ရှုစစ်ဆေးစဉ် အထက်ပါကဲ့သို့ ပြောကြားခဲ့ကြောင်း သိရသည်။
ရေလှောင်တမံပြန်လည်ပြုပြင်ရာတွင် ပိုမိုခိုင်ခံ့ပြီး ရေရှည်လုံခြုံစိတ်ချနိုင်ရေးအတွက် သတ်မှတ်စံချိန်စံညွှန်းများအတိုင်း အရည်အသွေး ပြည့်မီရေး၊ အချိန်မီပြီးစီးရေးအထူးအလေးထားဆောင်ရွက်ကြရန် ဒုတိယဝန်ကြီးက မှာကြားခဲ့ကြောင်း သိရသည်။
ထို့ပြင် ရေလှောင်တမံနှင့် ရေပိုလွှဲတို့၏ ကြံ့ခိုင်ရေးကို Dam Monitoring စောင့်ကြည့်တိုင်းတာစစ်ဆေးမှုများ အမြဲမပြတ်ဆောင်ရွက် ကြရန်နှင့် နွေစပါးအပါအဝင် အခြားနွေသီးနှံလျာထား စိုက်ဧကများအတိုင်း လုံလောက်စွာ စိုက်ပျိုးရေပေးဝေနိုင်ရေးစီမံဆောင်ရွက် ကြရန် ပြောကြားခဲ့ကြောင်း သိရသည်။
ဆင်သေရေလှောင်တမံသည် ဒေသခံတောင်သူများ ရာသီအလိုက် နွေစပါး၊ မိုးစပါးနှင့် အခြားသီးနှံများ အချိန်မီအောင်မြင်ဖြစ်ထွန်းစွာ စိုက်ပျိုးနိုင်ရေးအတွက် နှစ်စဉ်စိုက်ပျိုးရေလုံလောက်စွာ ဖြန့်ဝေပေးလျက်ရှိသော ရေလှောင်တမံတစ်ခုဖြစ်ကြောင်း သိရသည်။
ထို့ပြင် ဆင်သေရေလှောင် တမံအနေဖြင့် ယခု ၂၀၂၅-၂၀၂၆ နွေသီးနှံရာသီတွင် နွေစပါးနှင့် နွေအခြားသီးနှံလျာထားဧကပေါင်း (၁၁၅၈၀) ရှိသည့်အနက် လက်ရှိအချိန်အထိ နွေစပါး (၅၃၇၉) ဧကကို စိုက်ပျိုးရေပေးဝေထားရှိပြီး ကျန်ဧကများကိုလည်း စိုက်ပျိုးရေဆက်လက် ပေးဝေလျက်ရှိကြောင်း သိရသည်။

Zawgyi Version:
ေႏြစပါးဧက (၅၀၀၀) ေက်ာ္ေရေပးေဝၿပီးေသာ ဆင္ေသေရေလွာင္တမံ အခ်ိန္မီၿပီးစီးေရး ၫႊန္ၾကားထား
သန႔္ဇင္(NP News)-မတ္ ၁၀
၂၀၂၅-၂၀၂၆ ေႏြသီးႏွံရာသီတြင္ ေႏြစပါးဧက (၅၀၀၀) ေက်ာ္ေရေပးေဝၿပီးေသာ ဆင္ေသေရေလွာင္တမံ အခ်ိန္မီၿပီးစီးေရး အခ်ိန္မီၿပီးစီးေရးလုပ္ေဆာင္ရန္ စိုက္ပ်ိဳးေရး၊ ေမြးျမဴေရးႏွင့္ဆည္ေျမာင္းဝန္ႀကီးဌာန ဒုတိယဝန္ႀကီး ဦးဗိုလ္ဗိုလ္ေက်ာ္က မွာၾကားခဲ့ေၾကာင္း သိရသည္။
ဒုတိယဝန္ႀကီးက မတ္လ ၇ ရက္က တာဝန္ရွိသူမ်ားႏွင့္အတူ မႏၲေလးငလ်င္ႀကီးလႈပ္ခတ္မႈေၾကာင့္ ထိခိုက္ခဲ့သည့္ ျပည္ေထာင္စုနယ္ေျမ ေနျပည္ေတာ္ တပ္ကုန္းၿမိဳ႕နယ္ မယ္ဇလီက်င္းေက်း႐ြာအနီးရွိ ဆင္ေသေရေလွာင္ တမံအခိုင္အမာျပဳျပင္ေနမႈကို ၾကည့္ရႈစစ္ေဆးစဥ္ အထက္ပါကဲ့သို႔ ေျပာၾကားခဲ့ေၾကာင္း သိရသည္။
ေရေလွာင္တမံျပန္လည္ျပဳျပင္ရာတြင္ ပိုမိုခိုင္ခံ့ၿပီး ေရရွည္လုံၿခဳံစိတ္ခ်ႏိုင္ေရးအတြက္ သတ္မွတ္စံခ်ိန္စံၫႊန္းမ်ားအတိုင္း အရည္အေသြး ျပည့္မီေရး၊ အခ်ိန္မီၿပီးစီးေရးအထူးအေလးထားေဆာင္႐ြက္ၾကရန္ ဒုတိယဝန္ႀကီးက မွာၾကားခဲ့ေၾကာင္း သိရသည္။
ထို႔ျပင္ ေရေလွာင္တမံႏွင့္ ေရပိုလႊဲတို႔၏ ႀကံ့ခိုင္ေရးကို Dam Monitoring ေစာင့္ၾကည့္တိုင္းတာစစ္ေဆးမႈမ်ား အၿမဲမျပတ္ေဆာင္႐ြက္ ၾကရန္ႏွင့္ ေႏြစပါးအပါအဝင္ အျခားေႏြသီးႏွံလ်ာထား စိုက္ဧကမ်ားအတိုင္း လုံေလာက္စြာ စိုက္ပ်ိဳးေရေပးေဝႏိုင္ေရးစီမံေဆာင္႐ြက္ ၾကရန္ ေျပာၾကားခဲ့ေၾကာင္း သိရသည္။
ဆင္ေသေရေလွာင္တမံသည္ ေဒသခံေတာင္သူမ်ား ရာသီအလိုက္ ေႏြစပါး၊ မိုးစပါးႏွင့္ အျခားသီးႏွံမ်ား အခ်ိန္မီေအာင္ျမင္ျဖစ္ထြန္းစြာ စိုက္ပ်ိဳးႏိုင္ေရးအတြက္ ႏွစ္စဥ္စိုက္ပ်ိဳးေရလုံေလာက္စြာ ျဖန႔္ေဝေပးလ်က္ရွိေသာ ေရေလွာင္တမံတစ္ခုျဖစ္ေၾကာင္း သိရသည္။
ထို႔ျပင္ ဆင္ေသေရေလွာင္ တမံအေနျဖင့္ ယခု ၂၀၂၅-၂၀၂၆ ေႏြသီးႏွံရာသီတြင္ ေႏြစပါးႏွင့္ ေႏြအျခားသီးႏွံလ်ာထားဧကေပါင္း (၁၁၅၈၀) ရွိသည့္အနက္ လက္ရွိအခ်ိန္အထိ ေႏြစပါး (၅၃၇၉) ဧကကို စိုက္ပ်ိဳးေရေပးေဝထားရွိၿပီး က်န္ဧကမ်ားကိုလည္း စိုက္ပ်ိဳးေရဆက္လက္ ေပးေဝလ်က္ရွိေၾကာင္း သိရသည္။

Related news

© 2021. All rights reserved.