အီရန်က ပစ်ခတ်တဲ့ဒုံးကျည်နဲ့ ဒရုန်းအားလုံးရဲ့ (၉၂) ရာခိုင်နှုန်းကို ကာကွယ်နိုင်ခဲ့ဟု ယူအေအီး ပြော

103

ဂျန်ဇက် (NP News) - မတ် ၁ဝ
အီရန်နဲ့အမေရိကန်ဦးဆောင်တဲ့ မဟာမိတ်နိုင်ငံများဖြစ်နေတဲ့စစ်ပွဲအတွင်း ယူအေအီး နိုင်ငံက အီရန်က ပစ်ခတ်ခဲ့တဲ့ ဒရုန်းနဲ့ဒုံးကျည်တွေရဲ့ (၉၂) ရာခိုင်နှုန်းကနေ (၁ဝဝ) ရာခိုင်နှုန်းထိ ပစ်ချနိုင်ခဲ့ပါတယ်လို့ သိရပါတယ်။
ယူအေအီးနိုင်ငံကို တိုက်ခိုက်ခဲ့တဲ့ အီရန်ဒရုန်း စုစုပေါင်းအစင်း (၁၄၀၀) ကျော် မှာ (၈၁) ခုသာ နိုင်ငံတွင်းကျရောက်ခဲ့ပြီး အစင်း (၁၃၀၀) ကျော်ပစ်ချနိုင်ခဲ့ပါတယ်လို့ သိရပါတယ်။
ဒါ့အပြင် ယူအေအီးနိုင်ငံဟာ အီရန်ဘက်က ပစ်ခတ်တဲ့ Ballistic ဒုံးကျည် အစင်း ၂၅၃ စင်းမှာ ၂၃၃ စင်းကို ပစ်ချနိုင်ခဲ့ကာ (၁၈) စင်းမှာ ပင်လယ်ထဲကျရောက်ခဲ့ပြီး နှစ်စင်းသာ နိုင်ငံအတွင်း ကျရောက်ခဲ့တယ်လို့ သတင်းထုတ်ပြန်ထားပါတယ်။
ယူအေအီးဟာ အမေရိကန်နိုင်ငံထုတ် လေကြောင်းကာကွယ်ရေးစနစ်အပြင် တောင်ကိုရီးယားနိုင်ငံ ထုတ် လေကြောင်းရန်ကာကွယ်ရေးစနစ်များကို အဓိကထားအသုံးပြုခဲ့တယ်လို့ သိရပါတယ်။
စစ်ပွဲအတွင်း အီရန်ဟာ ဒုံးကျည်နဲ့ ဒရုန်းများကို အဓိကထားတိုက်ခိုက်ခဲ့ပေမယ့် လက်ရှိအချိန်မှာတော့ အီရန်ရဲ့ဒုံးကျည်တိုက်ခိုက်မှုများ ရုတ်တရက် ထိုးကျတယ်လို့ အစ္စရေးစစ်တပ်က ပြောပါတယ်။
အစ္စရေးနိုင်ငံအပေါ် အီရန်ရဲ့ ပဲ့ထိန်းဒုံးကျည်များနဲ့ အလုံးအရင်း ပစ်ခတ်တိုက်ခိုက်မှုများဟာ သိသိသာသာ လျော့ကျသွားခဲ့ပြီဖြစ်တယ်လို့ ဆိုပါတယ်။
ဖေဖော်ဝါရီ ၂၈ ရက်က စတင်ခဲ့သော ပဋိပက္ခအစပိုင်းမှာ အီရန်က အစ္စရေးဘက်ကို ဒုံးကျည်စင်းရေ (၉၅) စင်းမှ (၃၅၀) ကြားအထိ အမြင့်ဆုံးပစ်ခတ်ခဲ့ပေမယ့်မတ်လဆန်းပိုင်းမှစတင်ပြီး အီရန်က ပစ်တဲ့ ဒုံးကျည်ဟာ တစ်ရက်ကို ဒုံးကျည် အစင်းဆယ်ဂဏန်းအထိသာ ရှိတော့ပြီး၊ မတ်လ (၅) ရက် နဲ့ (၆) ရက်နေ့များမှာ တစ်ရက်လျှင် အစင်း (၂၀) အောက်သာ ပစ်ခတ်နိုင်ခဲ့တယ်လို့သိရပါတယ်။
နောက်ဆုံးရရှိထားသော မတ်လ (၉) ရက် အချက်အလက်များအရ အီရန်က အစ္စရေးကို ဒုံးကျည်ပစ်ခတ်နိုင်စွမ်းမှာ (၁၀) စင်းဝန်းကျင် (သို့) အဲဒီထက်နည်းပါးတဲ့အနေအထားသို့ရောက်ရှိသွားခဲ့ပြီဖြစ်တယ်လို့ သိရပါတယ်။

Zawgyi Version;
အီရန္က ပစ္ခတ္တဲ့ဒုံးက်ည္နဲ႔ ဒ႐ုန္းအားလုံးရဲ႕ (၉၂) ရာခိုင္ႏႈန္းကို ကာကြယ္ႏိုင္ခဲ့ဟု ယူေအအီး ေျပာ
ဂ်န္ဇက္ (NP News) - မတ္ ၁ဝ
အီရန္နဲ႔အေမရိကန္ဦးေဆာင္တဲ့ မဟာမိတ္ႏိုင္ငံမ်ားျဖစ္ေနတဲ့စစ္ပြဲအတြင္း ယူေအအီး ႏိုင္ငံက အီရန္က ပစ္ခတ္ခဲ့တဲ့ ဒ႐ုန္းနဲ႔ဒုံးက်ည္ေတြရဲ႕ (၉၂) ရာခိုင္ႏႈန္းကေန (၁ဝဝ) ရာခိုင္ႏႈန္းထိ ပစ္ခ်ႏိုင္ခဲ့ပါတယ္လို႔ သိရပါတယ္။
ယူေအအီးႏိုင္ငံကို တိုက္ခိုက္ခဲ့တဲ့ အီရန္ဒ႐ုန္း စုစုေပါင္းအစင္း (၁၄၀၀) ေက်ာ္ မွာ (၈၁) ခုသာ ႏိုင္ငံတြင္းက်ေရာက္ခဲ့ၿပီး အစင္း (၁၃၀၀) ေက်ာ္ပစ္ခ်ႏိုင္ခဲ့ပါတယ္လို႔ သိရပါတယ္။
ဒါ့အျပင္ ယူေအအီးႏိုင္ငံဟာ အီရန္ဘက္က ပစ္ခတ္တဲ့ Ballistic ဒုံးက်ည္ အစင္း ၂၅၃ စင္းမွာ ၂၃၃ စင္းကို ပစ္ခ်ႏိုင္ခဲ့ကာ (၁၈) စင္းမွာ ပင္လယ္ထဲက်ေရာက္ခဲ့ၿပီး ႏွစ္စင္းသာ ႏိုင္ငံအတြင္း က်ေရာက္ခဲ့တယ္လို႔ သတင္းထုတ္ျပန္ထားပါတယ္။
ယူေအအီးဟာ အေမရိကန္ႏိုင္ငံထုတ္ ေလေၾကာင္းကာကြယ္ေရးစနစ္အျပင္ ေတာင္ကိုရီးယားႏိုင္ငံ ထုတ္ ေလေၾကာင္းရန္ကာကြယ္ေရးစနစ္မ်ားကို အဓိကထားအသုံးျပဳခဲ့တယ္လို႔ သိရပါတယ္။
စစ္ပြဲအတြင္း အီရန္ဟာ ဒုံးက်ည္နဲ႔ ဒ႐ုန္းမ်ားကို အဓိကထားတိုက္ခိုက္ခဲ့ေပမယ့္ လက္ရွိအခ်ိန္မွာေတာ့ အီရန္ရဲ႕ဒုံးက်ည္တိုက္ခိုက္မႈမ်ား ႐ုတ္တရက္ ထိုးက်တယ္လို႔ အစၥေရးစစ္တပ္က ေျပာပါတယ္။
အစၥေရးႏိုင္ငံအေပၚ အီရန္ရဲ႕ ပဲ့ထိန္းဒုံးက်ည္မ်ားနဲ႔ အလုံးအရင္း ပစ္ခတ္တိုက္ခိုက္မႈမ်ားဟာ သိသိသာသာ ေလ်ာ့က်သြားခဲ့ၿပီျဖစ္တယ္လို႔ ဆိုပါတယ္။
ေဖေဖာ္ဝါရီ ၂၈ ရက္က စတင္ခဲ့ေသာ ပဋိပကၡအစပိုင္းမွာ အီရန္က အစၥေရးဘက္ကို ဒုံးက်ည္စင္းေရ (၉၅) စင္းမွ (၃၅၀) ၾကားအထိ အျမင့္ဆုံးပစ္ခတ္ခဲ့ေပမယ့္မတ္လဆန္းပိုင္းမွစတင္ၿပီး အီရန္က ပစ္တဲ့ ဒုံးက်ည္ဟာ တစ္ရက္ကို ဒုံးက်ည္ အစင္းဆယ္ဂဏန္းအထိသာ ရွိေတာ့ၿပီး၊ မတ္လ (၅) ရက္ နဲ႔ (၆) ရက္ေန႔မ်ားမွာ တစ္ရက္လွ်င္ အစင္း (၂၀) ေအာက္သာ ပစ္ခတ္ႏိုင္ခဲ့တယ္လို႔သိရပါတယ္။
ေနာက္ဆုံးရရွိထားေသာ မတ္လ (၉) ရက္ အခ်က္အလက္မ်ားအရ အီရန္က အစၥေရးကို ဒုံးက်ည္ပစ္ခတ္ႏိုင္စြမ္းမွာ (၁၀) စင္းဝန္းက်င္ (သို႔) အဲဒီထက္နည္းပါးတဲ့အေနအထားသို႔ေရာက္ရွိသြားခဲ့ၿပီျဖစ္တယ္လို႔ သိရပါတယ္။