မိတ္ထီလာတွင် ဝါယာရှော့ကြောင့် လူနေအိမ် ၆ လုံး မီးလောင်ဆုံးရှုံးကာ ပြည်သူ ၃၈ ဦး အိုးမဲ့ အိမ်မဲ့ ဖြစ်

 269

သန့်မင်းအိမ် (NP News) - မတ် ၁၀
မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာမြို့တွင် ဝါယာရှော့ကြောင့် မီးလောင်ရာမှ နေအိမ် (၆) လုံး ဆုံးရှုံးကာ ပြည်သူ (၃၈) ဦး အိုးမဲ့ အိမ်မဲ့ ဖြစ်ခဲ့ရကြောင်း ဒေသခံ ပရဟိတ သမားတစ်ဦးက NP News သတင်းဌာနသို့ ပြောသည်။
အဆိုပါ မီးလောင်မှုမှာ ယနေ့ (မတ်လ ၁၀ရက်) နေ့လယ် ၁ နာရီ အချိန် က ဖြစ်ပွားခဲ့ခြင်း ဖြစ်ပြီး လျှပ်စစ် မီးပလတ်ပေါက်ခုံ အပူလွန်ကဲရာမှ မီးလောင်ရခြင်း ဖြစ်သည်ဟု တာဝန်ရှိသူများက သုံးသပ်ထားကာ လူ ထိခိုက်၊ ဒဏ်ရာရရှိမှု မရှိခဲ့ကြောင်း သိရသည်။
“ရပ်ကွက်က အိမ်တွေက သူက မိသားစု နှစ်စု။ သုံးစု အဲဒီလိုတွေ စုနေကြတာ များတော့လေ။ တစ်အိမ် တစ်အိမ်မှာ ၇ ယောက်၊ ၈ ယောက်၊ ၄၊ ၅၊ ၆ ယောက် အဲဒီလို နေကြတာကိုး” ဟု အဆိုပါဒေသခံ က ဆိုသည်။
မီးဘေးဒုက္ခသည်များကို ယာယီ အနေဖြင့် စာသင်ကျောင်းတွင် နေရာချထားပေးပြီး နေအိမ်များမှာ လုံးဝ မီးလောင်သွားသည့် အတွက် ပြန်လည် ထူထောင်ပေးရန် လိုအပ်နေကြောင်း ၎င်းက ဆိုသည်။
"ပြန်လည်ထူထောင်ဖို့ အချိန်တော့ ကြာမယ်ဗျ၊ ဘာလို့လဲဆိုတော့ အိမ်တွေက အကုန်လုံး ပြာကျသွားကြတာလေ။ ပြာကျသွားတယ်ဆိုတော့ အစကနေ တစ်ကနေ ပြန်စရမှာ ဒီလူတွေက။ နောက်တစ်ခုက ဒီအချိန်မှာ အိမ်ဆောက် တည်ဆောက်ရေး ပစ္စည်းတွေက ဈေးကြီးနေတယ်ဗျ။ ဈေးကြီးတဲ့ အပြင် ကုန်ဈေးနှုန်း တက်နေတဲ့အချိန်ဆိုတော့ တော်တော်တော့ သူတို့အတွက် ဒုက္ခရောက်မယ်လို့ ထင်တယ်ဗျ။ အဲဒီရပ်ကွက်က လက်လုပ်လက်စားတွေ များတယ်ပေါ့နော်။ အောက်ခြေ လူတန်းစားတွေ များတော့ ဒီခေတ်ဒီကာလ ငွေကြေးကျပ်တည်းနဲ့ စီးပွားရေးကျပ်တည်းနဲ့ ဆိုတော့ သူတို့အတွက်ကတော့ တော်တော်တော့ အချိန်ယူရမယ်ဗျ၊ အလှူရှင် မရှိရင်ပေါ့နော်" ဟု ၎င်းက ပြောသည်။

Zawgyi Version:
မိတၳီလာတြင္ ဝါယာေရွာ့ေၾကာင့္ လူေနအိမ္ ၆ လုံး မီးေလာင္ဆုံးရႈံးကာ ျပည္သူ ၃၈ ဦး အိုးမဲ့ အိမ္မဲ့ ျဖစ္
သန႔္မင္းအိမ္ (NP News) - မတ္ ၁၀
မႏၲေလးတိုင္းေဒသႀကီး၊ မိတၳီလာၿမိဳ႕တြင္ ဝါယာေရွာ့ေၾကာင့္ မီးေလာင္ရာမွ ေနအိမ္ (၆) လုံး ဆုံးရႈံးကာ ျပည္သူ (၃၈) ဦး အိုးမဲ့ အိမ္မဲ့ ျဖစ္ခဲ့ရေၾကာင္း ေဒသခံ ပရဟိတ သမားတစ္ဦးက NP News သတင္းဌာနသို႔ ေျပာသည္။
အဆိုပါ မီးေလာင္မႈမွာ ယေန႔ (မတ္လ ၁၀ရက္) ေန႔လယ္ ၁ နာရီ အခ်ိန္ က ျဖစ္ပြားခဲ့ျခင္း ျဖစ္ၿပီး လွ်ပ္စစ္ မီးပလတ္ေပါက္ခုံ အပူလြန္ကဲရာမွ မီးေလာင္ရျခင္း ျဖစ္သည္ဟု တာဝန္ရွိသူမ်ားက သုံးသပ္ထားကာ လူ ထိခိုက္၊ ဒဏ္ရာရရွိမႈ မရွိခဲ့ေၾကာင္း သိရသည္။
“ရပ္ကြက္က အိမ္ေတြက သူက မိသားစု ႏွစ္စု။ သုံးစု အဲဒီလိုေတြ စုေနၾကတာ မ်ားေတာ့ေလ။ တစ္အိမ္ တစ္အိမ္မွာ ၇ ေယာက္၊ ၈ ေယာက္၊ ၄၊ ၅၊ ၆ ေယာက္ အဲဒီလို ေနၾကတာကိုး” ဟု အဆိုပါေဒသခံ က ဆိုသည္။
မီးေဘးဒုကၡသည္မ်ားကို ယာယီ အေနျဖင့္ စာသင္ေက်ာင္းတြင္ ေနရာခ်ထားေပးၿပီး ေနအိမ္မ်ားမွာ လုံးဝ မီးေလာင္သြားသည့္ အတြက္ ျပန္လည္ ထူေထာင္ေပးရန္ လိုအပ္ေနေၾကာင္း ၎က ဆိုသည္။
"ျပန္လည္ထူေထာင္ဖို႔ အခ်ိန္ေတာ့ ၾကာမယ္ဗ်၊ ဘာလို႔လဲဆိုေတာ့ အိမ္ေတြက အကုန္လုံး ျပာက်သြားၾကတာေလ။ ျပာက်သြားတယ္ဆိုေတာ့ အစကေန တစ္ကေန ျပန္စရမွာ ဒီလူေတြက။ ေနာက္တစ္ခုက ဒီအခ်ိန္မွာ အိမ္ေဆာက္ တည္ေဆာက္ေရး ပစၥည္းေတြက ေဈးႀကီးေနတယ္ဗ်။ ေဈးႀကီးတဲ့ အျပင္ ကုန္ေဈးႏႈန္း တက္ေနတဲ့အခ်ိန္ဆိုေတာ့ ေတာ္ေတာ္ေတာ့ သူတို႔အတြက္ ဒုကၡေရာက္မယ္လို႔ ထင္တယ္ဗ်။ အဲဒီရပ္ကြက္က လက္လုပ္လက္စားေတြ မ်ားတယ္ေပါ့ေနာ္။ ေအာက္ေျခ လူတန္းစားေတြ မ်ားေတာ့ ဒီေခတ္ဒီကာလ ေငြေၾကးက်ပ္တည္းနဲ႔ စီးပြားေရးက်ပ္တည္းနဲ႔ ဆိုေတာ့ သူတို႔အတြက္ကေတာ့ ေတာ္ေတာ္ေတာ့ အခ်ိန္ယူရမယ္ဗ်၊ အလႉရွင္ မရွိရင္ေပါ့ေနာ္" ဟု ၎က ေျပာသည္။

Related news

© 2021. All rights reserved.